မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စိတ်တော်နှင့်တွေ့သော လှူဒါန်းမှုများ

ဘုရားသခင့်စိတ်တော်နှင့်တွေ့သော လှူဒါန်းမှုများ

ဘုရားသခင့်​စိတ်တော်နှင့်​တွေ့သော လှူဒါန်း​မှုများ

နှစ်သက်ဖွယ် ဇာတ်လမ်း​တစ်ပုဒ်​တော့ မဟုတ်​ချေ။ မိဖုရား​အာသလိ​သည် က​လိမ်​ဉာဏ်​ဆင်​၍ နန်း​မွေ​ခံ​များ​ကို ကွပ်မျက်ခြင်း​ဖြင့် ယုဒ​ထီးနန်း​ကို သိမ်းပိုက်​လိုက်​သည်။ နန်း​မွေ​ခံ​အားလုံး​ကို သုတ်သင်​ပယ်ရှင်း​ပြီး​အထင်​ဖြင့် သူ့ကိုယ်သူ ဘုရင်မ​အဖြစ်​တင်မြှောက်​ကာ စိုးစံ​လေ​၏။ ယေဟောဝါ​နှင့် ကိုယ်တော့်​ပညတ်​များ​ကို အလွန်​ချစ်​မြတ်နိုးသူ မင်းသမီး​ယောရှေဘ​သည် မင်းသား​ငယ်​လေး ယောရှ​ကို သတ္တိရှိရှိ ဝှက်ထား​လိုက်​သည်။ ယောရှေဘ​နှင့် သူ့​ခင်ပွန်း ယဇ်ပုရောဟိတ်မင်း​ယောယဒ​သည် နန်း​မွေ​ခံ​မင်းသားလေး​ကို ဝတ်ပြုရာ​အိမ်တော်​ဝင်း​ထဲ​တွင် ခြောက်​နှစ်​ကြာ ဝှက်ထား​ခဲ့​ကြသည်။—၄ ဓမ္မ​ရာဇဝင် ၁၁:၁-၃

ယောရှ​အသက် ခု​နစ်​နှစ်​ရှိ​သော် ယဇ်ပုရောဟိတ်မင်း​ယောယဒ​သည် က​လိမ်​က​ကျစ်​နည်းဖြင့် ထီးနန်း​လု​ထားသော မိဖုရား​အား ပယ်ရှား​ဖို့​အစီအစဉ်ကို အကောင်အထည်ဖော်​လေ​တော့​သည်။ သူငယ်​ကို ဝှက်ထား​ရာ​မှ​ထုတ်ပြီး ရှင်ဘုရင်​အရာ​၌ တရားဝင်​မင်းမြှောက်​ခဲ့​သည်။ နန်းတော်​စောင့်​များ​က မိဖုရား​ဆိုး​အာသလိ​ကို ဝတ်ပြုရာ​အိမ်တော်​ဝင်း​အပြင်​သို့ ဆွဲထုတ်​ပြီး ကွပ်မျက်​လိုက်​ကြ​ရာ လူတို့သည် စိတ်သက်သာရာ​ရပြီး ရွှင်လန်း​ဝမ်းမြောက်​ခဲ့​ကြသည်။ ယောယဒ​နှင့် ယောရှေဘ​တို့သည် ယုဒပြည်​တွင် စစ်မှန်သော​ဝတ်ပြုရေး ပြန်လည်​ထူထောင်​နိုင်​ဖို့ အားတက်သရော ပါဝင်​လုပ်ဆောင်ခဲ့​ကြသည်။ အရေး​အကြီးဆုံး​မှာ မေရှိယ​ပေါ်ထွန်း​လာ​မည့် ဒါဝိဒ်​မင်းမျိုး​မပြတ်​စေဖို့ သူတို့ ပံ့ပိုး​ကူညီ​ခဲ့​ကြသည်။—၄ ဓမ္မ​ရာဇဝင် ၁၁:၄-၂၁

နန်းတက်​ခါ​စ ရှင်ဘုရင်​သည်လည်း ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​စေဖို့ ပါဝင်​လုပ်ဆောင်​ရမည်​ဖြစ်သည်။ ယေဟောဝါ​၏​အိမ်တော်မှာ အကြီးအကျယ် ပြုပြင်​မွမ်းမံ​ဖို့​လို​နေ​၏။ ယုဒပြည်​ကို တစ်ဦးတည်း မင်းမူ​လို​သော​ဆန္ဒ​ကြောင့် ရည်မှန်းချက်​ကြီး​လွန်း​သူ အာသလိ​သည် ဝတ်ပြုရာ​အိမ်တော်ကို လျစ်လျူရှု​ထား​ရုံ​မျှ​မ​က ယင်းကို လုယူ​ဖျက်ဆီး​ခဲ့​သည်။ ထို့​ကြောင့် ယောရှ​သည် ဝတ်ပြုရာ​အိမ်တော်ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ရန် စိတ်ပိုင်းဖြတ်​ခဲ့​သည်။ ယေဟောဝါ​၏​အိမ်တော်ကို ပြုပြင်​မွမ်းမံ​ရန် လိုအပ်သော​ရန်ပုံငွေ​များ စုဆောင်း​ဖို့ ချက်ချင်း​အမိန့်ထုတ်​လိုက်​သည်။ “ဗိမာန်တော်​ထဲ​သို့​သွင်း​သော အလှူ​ဥစ္စာ​ကို ရော​င်း၍​ရသော​ငွေ၊ စာရင်း​ဝင်​သော​သူ​တိုင်း ကိုယ်​အတွက်​ပေး​သော​ငွေ၊ ကိုယ်​ဖိုး​ပြတ်​၍ ရသော​ငွေ၊ အလိုလို​လှူ​သော​ငွေ​ရှိသမျှကို ယဇ်ပုရောဟိတ်​တို့သည် မိမိတို့​အသိအကျွမ်း​လှူ​သည်​အတိုင်း ခံ​ယူ၍ ဗိမာန်တော်​ပြိုပျက်​ရာ​ရှိသမျှ​တို့ကို ပြုပြင်​ကြ​စေ” ဟု သူ​အမိန့်ထုတ်​ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၁၂:၄၊ ၅

လူတို့သည် စေတနာ​စိတ်ဖြင့် ထည့်ဝင်​လှူဒါန်းခဲ့​ကြသည်။ သို့သော် ယဇ်ပုရောဟိတ်​များ​မှာ​မူ ဝတ်ပြုရာ​အိမ်တော် ပြုပြင်​ဖို့​တာဝန်​ကို စိတ်​သိပ်​မပါ​ခဲ့​ကြ​ချေ။ ထို့​ကြောင့် ရှင်ဘုရင်​သည် သူကိုယ်တိုင်​ဦးစီး​ကြီးကြပ်​ဖို့ ဆုံးဖြတ်ပြီး​နောက် အလှူငွေ​အားလုံး​ကို သေတ္တာ​တစ်လုံး​ထဲ​ထည့်​ဖို့ မှာကြား​လေ​၏။ ယောယဒ​ကို တာဝန်​ပေးအပ်​ပြီး​နောက် မှတ်တမ်းက ဤသို့​ဆို​သည်– “ယဇ်ပုရောဟိတ်​ယောယဒ​သည် သေတ္တာ​ကို​ယူ၍ အဖုံး​ကို​ဖောက်​ပြီး​လျှင် ဗိမာန်တော်​အထဲ​သို့​ဝင်​သော​လမ်း လက်ယာဘက်​ယဇ်​ပလ္လင်​နား​မှာ ထား​လေ​၏။ ဗိမာန်တော်သို့​ဆောင်​ခဲ့​သော ငွေ​ရှိသမျှကို တံခါး​စောင့်​ယဇ်ပုရောဟိတ်​တို့သည် သေတ္တာ​ထဲမှာ​ထား​ကြ​၏။ ငွေ​များသည်​ကို သိ​မြင်လျှင် ရှင်ဘုရင်​၏​စာရေးတော်ကြီး​နှင့် ယဇ်ပုရောဟိတ်မင်း​သည်​လာ၍ ဗိမာန်တော်၌ စု​သော​ငွေ​ကို​ထုတ်​ထား​လျက် စာရင်း​ယူ​၏။ ထိုသို့​ချိန်ထား​သော​ငွေ​ကို ဗိမာန်တော်​အုပ် အမှုတော်​စောင့်​တို့​၌​အပ်​၍ ဗိမာန်တော်၌​အလုပ်လုပ်​သော လက်သမား၊ ပန်းရန်​သ​မား၊ ကျောက်ဆစ်​သ​မား​တို့အတွက် ဗိမာန်တော်​ပြိုပျက်​ရာ​ကို ပြုပြင်​စ​ရာ​ကျောက်​နှင့် သစ်သား​ကို​ဝယ်​၍ ကုန်​သမျှ​သော​အတွက် ပေးဝေ​ကြ​၏။”—၄ ဓမ္မ​ရာဇဝင် ၁၂:၉-၁၂

ဣသရေလ​လူမျိုး​တို့သည် စိတ်ရောကိုယ်ပါ တုံ့ပြန်​ခဲ့​ကြသည်။ ယေဟောဝါ​၏​ဝတ်ပြုရာ​အိမ်တော်ကို ပြန်လည်​ပြုပြင်​ခဲ့​ကြ​သည့်​အတွက် ကိုယ်တော်​အား သိက္ခာ​ရှိ​ရှိ ဆက်လက်​ဝတ်ပြု​နိုင်​ခဲ့​ကြသည်။ သို့ဖြင့် အလှူငွေ​အားလုံး​ကို သူ့​နေရာ​နှင့်​သူ သင့်လျော်​စွာ အသုံးချ​ခဲ့​ကြသည်။ ထိုသို့​ဖြစ်စေ​ဖို့ ယောရှ​မင်း အသေအချာ​စီစဉ်​ခဲ့​သည်။

ယနေ့ ယေဟောဝါ​၏​ဝတ်ပြုရေး တိုးတက်စေ​ဖို့ အလှူငွေ​အားလုံး​ကို အကျိုးရှိရှိ​အသုံးပြုရန် ယေဟောဝါ​၏​မျက်မြင်ရ​အဖွဲ့အစည်း​က အသေအချာ ဂရုပြု​လျက်​ရှိသည်။ စစ်မှန်သော​ခရစ်ယာန်​များ​က​လည်း ရှေးခေတ်​ဣသရေလလူ​မျိုး​များ​ကဲ့သို့ စိတ်ရောကိုယ်ပါ တုံ့ပြန်​ကြ​၏။ လွန်ခဲ့သော လုပ်ငန်းတော်နှစ်​များ​အတွင်း ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား တိုးတက်စေ​ဖို့ ထည့်ဝင်​သူများ​တွင် အသင်​လည်း တစ်ဦး​အပါအဝင်​ဖြစ်​ပေမည်။ သင်၏​အလှူငွေများ​အား အသုံးပြု​ခဲ့​သော​နည်း​အချို့​ကို ဂရုပြု​ကြ​စို့။

ပုံနှိပ်​ထုတ်ဝေ​ခြင်း

လေ့လာ​ရန်​နှင့်​ဝေငှ​ရန် အောက်ပါ​စာပေ​စာတမ်း​များ​ကို ကမ္ဘာ​တစ်ဝန်း ပုံနှိပ်​ထုတ်ဝေ​ခဲ့​သည်–

• စာအုပ်​များ– ၄၇,၄၉၀,၂၄၇

• စာအုပ်​ငယ်​များ– ၆,၈၃၄,၇၄၀

• ဘရိုရှာ​များ– ၁၆၇,၈၅၄,၄၆၂

• ပြက္ခဒိန်​များ– ၅,၄၀၅,၉၅၅

• မဂ္ဂဇင်း​များ– ၁,၁၇၅,၂၆၆,၃၄၈

• ဝေစာများ– ၄၄၀,၉၉၅,၇၄၀

• ဗီဒီယို​ခွေ​များ– ၃,၁၆၈,၆၁၁

ပုံနှိပ်​လုပ်ငန်း​ကို အာဖရိက၊ မြောက်​အမေရိက၊ ဗဟို​အမေရိက၊ တောင်​အမေရိက၊ အာရှ၊ ဥရောပ​နှင့် ပစိဖိတ်ကျွန်း​နိုင်ငံ​များ​အပါအဝင် စုစုပေါင်း ၁၉ နိုင်ငံ​၌ လုပ်ဆောင်​လျက်​ရှိသည်။

“ကျွန်မ​နာမည် ကေ​တလ​န်​မေ​ပါ။ အသက်​ရှစ်နှစ်​ရှိပါ​ပြီ။ ကျွန်မ​မှာ​ရှိတဲ့ ၂၈ ဒေါ်လာ​ကို ပုံနှိပ်​စက် ကုန်ကျ​စရိတ်​တွေ​အတွက် အသုံးပြု​စေ​ချင်​ပါ​တယ်။ သင်တို့၏​ညီအစ်မ​ငယ်၊ ကေ​တလ​န်။”

“ပုံနှိပ်​စက်​အသစ်တွေ​အကြောင်း ကျွန်တော်​တို့​မိသားစု ဆွေးနွေး​ခဲ့​ကြတယ်။ အသက် ၁၁ နှစ်​နဲ့ ၉ နှစ်အရွယ်​စီ​ရှိကြ​တဲ့ ကျွန်တော်​တို့​ကလေး​တွေ​က​လည်း သူတို့​စု​ထား​တဲ့​ငွေ​ကို လှူ​ချင်​ကြတယ်။ ကျွန်တော်​တို့​ရဲ့​အလှူငွေနဲ့​အတူ သူတို့လေးတွေ​ရဲ့​အလှူငွေကို ပေး​ပို့​ရတဲ့​အတွက် ဝမ်းသာ​မိ​ပါ​တယ်။”

ဆောက်လုပ်ရေး

ယေဟောဝါသက်သေ​များ​၏​လုပ်ငန်းများ​ကို ထောက်မ​ပေး​ရန် ဆောက်လုပ်​ခဲ့​သော အဆောက်အအုံ​တချို့​မှာ အောက်ပါ​အတိုင်း​ဖြစ်ပါ​သည်–

• ဆင်းရဲသော​နိုင်ငံ​များ​ရှိ ဘုရားသခင့် နိုင်ငံတော်​ခန်းမ​များ– ၂,၁၈၀

• အစည်းအဝေး​ခန်းမ​များ– ၁၅

• ဌာနခွဲ​များ– ၁၀

• အချိန်ပြည့်​လုပ်ငန်း​တွင် ပါဝင်​လျက်​ရှိသော အပြည်ပြည်ဆိုင်ရာ စေတနာ့​ဝန်ထမ်း​များ– ၂,၃၄၂

“ပြီး​ခဲ့​တဲ့​စ​နေ၊ တနင်္ဂနွေ​မှာ ကျွန်တော်​တို့​ရဲ့ နိုင်ငံတော်​ခန်းမ​အသစ်​မှာ ဦးဆုံး​အကြိမ် အစည်းအဝေး​ကျင်းပ​ခဲ့တယ်။ ကျွန်တော်​တို့​ရဲ့​ခမည်းတော် ယေဟောဝါ​ဘုရားသခင်​ကို ချီးမွမ်း​ဖို့ သင့်တော်​တဲ့​နေရာတစ်ခု ရရှိတဲ့​အတွက် ဝမ်းသာ​မဆုံး​ပါ​ဘူး။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွေ ဆောက်လုပ်​ခြင်း​ဖြင့် ကျွန်တော်​တို့​လိုအပ်​တာတွေကို ဂရုစိုက်​ပေး​တဲ့​အတွက် ယေဟောဝါ​ကို​ရော သင်တို့ကို​ပါ ကျေးဇူး​တင်​ပါ​တယ်။ ကျွန်တော်​တို့​ရဲ့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဟာ ရပ်ကွက်ကို တကယ်​တင့်တယ်လှ​ပ​စေ​တဲ့ နေရာတစ်ခု​ပဲ။”—ချီလီ​နိုင်ငံ။

“ယေဟောဝါ​ရဲ့​အဖွဲ့အစည်း​မှ​ရရှိတဲ့ အကူအညီ​တွေ​အတွက် ညီအစ်ကို၊ ညီအစ်မ​တွေ ကျေးဇူး​တင်​လို့​မဆုံး​ပါ​ဘူး။ ဆောက်လုပ်ရေး​အုပ်စု​နဲ့​အတူ ကျွန်တော်​တို့ ပျော်ရွှင်​ခဲ့​ရတဲ့​အချိန်ကို ဒီ​က​နေ့​အထိ ပြော​နေကြ​တုန်း​ပဲ။”—မော်လ်ဒိုဗာ။

“မကြာသေး​ခင်​က ၃၅ နှစ်​မြောက် မင်္ဂလာ​နှစ်ပတ်လည်​နေ့ကို ကျွန်တော်​တို့​ဇနီး​မောင်နှံ ကျင်းပ​ခဲ့​ကြတယ်။ အပြန်အလှန် ဘာ​ပေး​ရင်​ကောင်း​မလဲ​လို့ စဉ်းစား​ကြည့်​ပြီး​တဲ့​နောက် ယေဟောဝါ​နဲ့ ကိုယ်တော့်​အဖွဲ့အစည်း​ကို တစ်ခုခု​ပြန်ပေး​ဖို့ ဆုံးဖြတ်​ခဲ့​ကြတယ်။ ဘာကြောင့်​လည်း​ဆိုတော့ သူတို့ရဲ့​အကူအညီ​ကြောင့်​သာ​မဟုတ်​ရင် ကျွန်တော်​တို့​အိမ်ထောင်ရေး အောင်မြင်​နိုင်​မှာ​မဟုတ်ဘူး။ ကျွန်တော်​တို့​ပို့လိုက်​တဲ့​အလှူငွေကို ပို​ပြီး​ဆင်းရဲ​တဲ့ နိုင်ငံ​တစ်နိုင်ငံ​မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်လုံး ဆောက်လုပ်​တဲ့​အခါ အသုံးပြု​စေ​ချင်​ပါ​တယ်။”

“မကြာသေး​ခင်​က ကျွန်မ​အမွေ​ရခဲ့တယ်။ လိုချင်​တာ​တွေ သိပ်​မရှိ​သလို လိုအပ်​တာ​တွေ​လည်း မရှိတဲ့​အတွက် နိုင်ငံ​အတော်များများမှာ အကြီးအကျယ်​လိုအပ်​နေတဲ့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွေ ဆောက်လုပ်​ဖို့ ကျွန်မ​ရဲ့​အလှူငွေတွေကို လက်ခံ​စေ​ချင်​ပါ​တယ်။”

ကယ်ဆယ်​ရေး

ဤ​နောက်ဆုံး​ကာလ​တွင် ကပ်ဘေး​များ ရုတ်တရက်​ကျရောက်​တတ်​သည်။ ကပ်ဘေး​ဆိုက်ရောက်​သည့် ဒေသ​များ​ရှိ ညီအစ်ကို​များ​အား အကူအညီ​ပေး​နိုင်​ရန် ယေဟောဝါသက်သေ​များစွာ​သည် နောက်ထပ်​အလှူငွေများ ထည့်ဝင်​ကြသည်။ ကယ်ဆယ်​ရေး​အတွက် အလှူငွေများ​သည် ကမ္ဘာချီ​လုပ်ငန်း​၏​တစ်စိတ်​တစ်​ဒေသ​ဖြစ်​ကြောင်း သတိပေး​လို​ပါ​သည်။ အောက်ပါ​တို့​မှာ ဘေးဆိုး​ကြုံ​ရသူ​များ​အား ယေဟောဝါသက်သေ​များ အကူအညီ​ပေး​ခဲ့​သော ဒေသ​အချို့​ဖြစ်သည်–

• အာဖရိက

• အာရှ

• ကရစ်ဘီယံ​ဒေသ

• ပစိဖိတ်ကျွန်း​များ

“ဟာရီကိန်း​မုန်တိုင်း​ကြောင့် ပျက်စီး​ခဲ့​ရာ​များ​အတွက် ကယ်ဆယ်​ရေး​အကူအညီ​တွေ ပို့ပေး​တာ​ကို ကျွန်မ​တို့​ဇနီး​မောင်နှံ​က ကျေးဇူး​အများကြီး​တင်​ကြောင်း ပြော​ချင်​ပါ​တယ်။ ကျွန်မ​တို့​အိမ်ကို ခေါင်မိုး​ပြန်​မိုး​နိုင်​ခဲ့တယ်။ ဒီလောက်​မြန်မြန် ကူညီပေး​တဲ့​အတွက် အထူး​ကျေးဇူး​တင်​ပါ​တယ်။”

“ကျွန်တော့်​နာမည်​က ကော်​နာ၊ အသက်​က ၁၁ နှစ်​ပါ။ ဆူနာမီ​ဘေး​ကြောင့် ဖြစ်ပျက်​ခဲ့​တာတွေကို​မြင်ရ​တဲ့​အခါ ကျွန်တော်​အကူအညီ​ပေး​ချင်​တယ်။ ကျွန်တော့်​ရဲ့​ညီအစ်ကို၊ ညီအစ်မ​တွေ​ကို ဒီ​ငွေ​နဲ့​အကူအညီ​ပေး​နိုင်​မယ်​လို့ မျှော်လင့်​ပါ​တယ်။”

အထူး​အချိန်ပြည့်​အမှုထမ်းများ

ခရစ်ယာန်​အချို့​မှာ ဧဝံဂေလိတရား ဟောပြောခြင်း​လုပ်ငန်း​တွင် သို့​မဟုတ် ဗေသလ​အိမ်များတွင် အချိန်ပြည့်​အမှုထမ်း​နေကြပါ​သည်။ စေတနာအလျောက်​ထည့်ဝင်​သော အလှူငွေများ​ဖြင့် ထောက်ပံ့​ပေး​ထားသော အချိန်ပြည့်​စေတနာ့​ဝန်ထမ်း​အချို့​မှာ အောက်ပါ​အတိုင်း​ဖြစ်သည်–

• ခရစ်ယာန်​သာသနာပြု​များ– ၂,၆၃၅

• နယ်လှည့်​ကြီးကြပ်မှူး​များ– ၅,၃၂၅

• ဗေသလ​အိမ်သား​များ– ၂၀,၀၉၂

“အခု [ငါး​နှစ်​သား] ကျွန်တော် ဗေသလမှာ အမှု​မဆောင်နိုင်​သေး​လို့ ချစ်ခြင်း​မေတ္တာ​များစွာနဲ့ ဒီ​အလှူငွေကို ပို့လိုက်​ပါ​တယ်။ ကျွန်တော်​ကြီး​လာ​ရင် ဗေသလ​ကို​သွားပြီး အလုပ်​ကြိုးစား​လုပ်မယ်။”

ကျမ်းစာ​ပညာပေး​လုပ်ငန်း​ကို တိုးမြှင့်​ခြင်း

‘လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ’ ရန် နောက်လိုက်​များ​ကို ယေရှု​ခရစ်​တာဝန်​ပေး​ခဲ့​သည်။ (မဿဲ ၂၈:၁၉) ကိုယ်တော့်​စကား​ကို နာခံ​သည့်​အနေ​နှင့် ယေဟောဝါသက်သေ​များသည် နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် ကျမ်းစာ​သတင်းတရားကို ဟောပြော၊ သွန်သင်ခြင်း​လုပ်ငန်း​၌ အလုပ်များ​နေကြ၏။ ကျမ်းစာ,စာပေ​များ​ကို ဘာသာ​စကား ၄၁၃ မျိုး​ဖြင့် ပုံနှိပ်​ထုတ်ဝေ​နေကြ​သည်။

အမှန်​မှာ ဘုရားသခင်​နှင့် ကိုယ်တော့်​ရည်ရွယ်ချက်များ​အကြောင်း လူ​တို့​ပိုမို​သိရှိ​လာ​စေရန် ခရစ်ယာန်​တစ်ဦး ထည့်ဝင်​နိုင်သော အဖိုးအတန်ဆုံး​အရာ​မှာ သူ၏​အချိန်​ဖြစ်သည်။ ယေဟောဝါသက်သေ​များသည် အိမ်နီးချင်း​များ​ကို အကူအညီ​ပေးဖို့ မိမိတို့၏​အချိန်​နှင့် ခွန်အား​ကို အလျှံပယ်​ပေးဆက်​ကြသည်။ ငွေကြေး​အရ​လည်း ရက်ရော​စွာ ထည့်ဝင်​လှူဒါန်း​ကြ​၏။ သူတို့၏​အလှူငွေ​အားလုံး​သည် ကမ္ဘာ​တစ်ဝန်းလုံး​တွင် ယေဟောဝါ​၏​နာမတော် ထင်ရှား​စေရန်​နှင့် ကိုယ်တော့်​ရည်ရွယ်ချက်များ​ကို သိရှိ​စေရန် နည်း​အမျိုးမျိုးဖြင့် အထောက်အကူ​ပြု​ခဲ့ပြီ။ ကိုယ်တော့်​အကြောင်း လူ​တို့​ပိုမို​သိရှိ​လာ​စေရန် ကူညီပေး​သော အဆိုပါ​ကြိုးပမ်းမှု​များ​ကို ယေဟောဝါ​ဆက်၍ ကောင်းချီး​ပေး​ပါစေ။ (သု. ၁၉:၁၇) ဤသို့​သော​စေတနာ​စိတ်​ကို ယေဟောဝါ အားရ​နှစ်သက်​တော်​မူ​၏။—ဟေဗြဲ ၁၃:၁၅၊ ၁၆

[စာမျက်နှာ ၂၈–၃၀ ပါ လေးထောင့်ကွက်]

အချို့​သူများ​လှူဒါန်း​ရန် ရွေးချယ်​ကြ​ပုံ နည်းလမ်းများ

ကမ္ဘာချီ​လုပ်ငန်း​အတွက် ပါဝင်​လှူဒါန်းခြင်း

များစွာသော​သူတို့သည် “ကမ္ဘာချီ​လုပ်ငန်း​အတွက်​အလှူငွေ—မဿဲ ၂၄:၁၄” ဟု​ရေးထား​သော အလှူငွေ​သေတ္တာ​တွင် ထည့်ဝင်​ရန် မိမိတို့၏​ငွေကြေး​များ​ကို သီးသန့်​ဖယ်​ထား​ကြသည်။

အသင်းတော်များ​သည် ယင်း​အလှူငွေများ​ကို မိမိတို့၏​သက်ဆိုင်ရာ​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏​ရုံး​သို့ လစဉ်​ပေး​ပို့​ကြသည်။ စေတနာအလျောက် ထည့်ဝင်​သော ငွေကြေး​အလှူငွေများ​ကို Watch Tower Bible and Tract Society of Pennsylvania, Attention Treasurer’s Office, 25 Columbia Heights, Brooklyn, New York 11201-2483, သို့​မဟုတ် သင့်​နိုင်ငံ​ကို တာဝန်​ယူ​ပေး​ရသော ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​သို့ တိုက်ရိုက်​ပေး​ပို့​နိုင်​သည်။ အထက်ပါ​လိပ်စာ​သို့​ပေး​ပို့​သော ချက်​လက်မှတ်​များ​ကို “ကင်းမျှော်စင်” သို့​ပေး​သင့်​သည်။ ကျောက်​မျက်​ရတနာ​နှင့် အခြား​တန်ဖိုး​ရှိ​အရာများ​ကိုလည်း လှူဒါန်း​နိုင်​သည်။ ဤသို့​ပေး​ပို့​လှူဒါန်း​ရာ​တွင် လုံးလုံးလျားလျား​လှူဒါန်း​ကြောင်း ဖော်ပြ​သည့် စာတို​ကလေး​ပါ ထည့်​ပေး​သင့်​သည်။

ကန့်သတ်ချက်​ဖြင့် လှူဒါန်းခြင်း အစီအစဉ်

ကမ္ဘာချီ​အသုံးပြုရန် ကင်းမျှော်စင်​အသင်း​ထံ ငွေ​ကို ယုံကြည်​စိတ်ချ​စွာ အပ်နှံ​ထား​နိုင်​ပါ​သည်။ လှူဒါန်း​သူ​တောင်းခံ​လာ​ပါ​က သူ၏​အလှူငွေကို ပြန်လည်​ပေးအပ်​ပါ​မည်။ ထပ်မံ​သိ​လို​ပါ​က အထက်တွင် ဖော်ပြ​ထားသော​လိပ်စာ​ရှိ Treasurer’s Office ကို စာရေး​မေးမြန်း​နိုင်​သည်။

လှူဒါန်း​ရန်​စီစဉ်​ထားခြင်း

ငွေကြေး လုံးလုံးလျားလျား ပေးအပ်​ခြင်း​နှင့် ကန့်သတ်ချက်​ဖြင့် ငွေ​လှူဒါန်းခြင်း​အပြင် ကမ္ဘာချီ​နိုင်ငံတော်​လုပ်ငန်း​ကို အထောက်အကူ​ပြု​ရန် အခြား​ပေးကမ်း​နည်း​များ​ရှိသည်။ ၎င်း​တို့​တွင် အောက်ပါ​နည်း​များ​ပါဝင်​သည်–

အာမခံ– ကင်းမျှော်စင်​အသင်း​အမည်​ဖြင့် အသက်​အာမခံကြေး​ခံစားခွင့်​များ၊ အငြိမ်းစား​ခံစားခွင့်​များ​ကို ပြုလုပ်​ပေး​နိုင်​သည်။

ဘဏ်​စာရင်း​များ– ဘဏ်​ရှင်း​တမ်း​များ၊ ငွေစု​စာအုပ်​များ၊ အငြိမ်းစား​ခံစားခွင့်​စာရင်း​များ​ကို ဒေသန္တရ​ဘဏ်​စည်းကမ်း​များ​အရ ကင်းမျှော်စင်​အသင်း​ထံ အပ်နှံ သို့​မဟုတ် ကာယ​ကံ​ရှင် သေဆုံး​မှ လွှဲပြောင်းပေး​ရန် စီစဉ်​နိုင်​သည်။

အစုရှယ်ယာ​လက်မှတ်​နှင့် ငွေချေး​စာချုပ်​များ– အစုရှယ်ယာ​လက်မှတ်​များနှင့် ငွေချေး​စာချုပ်​များ​ကို ကင်းမျှော်စင်​အသင်း​သို့ လုံးလုံးလျားလျား ပေးအပ်​လှူဒါန်း​နိုင်​သည်။

အိမ်ရာ​အဆောက်အအုံ​များ– ရောင်းချ​နိုင်သော အိမ်ရာ​အဆောက်အအုံ​များ​ကို လှူဒါန်းခြင်း​နှင့်​ပတ်သက်​၍ လုံးလုံးလျားလျား​ဖြစ်စေ၊ လှူဒါန်း​သူ အသက်ရှင်​နေသရွေ့ နေထိုင်ရန်​အပိုင်း​ကို ချန်လှပ်​၍​ဖြစ်စေ ပေးအပ်​လှူဒါန်း​နိုင်​သည်။ ဤသို့​ပေးလှူ​ရန် စာချုပ်​စာတမ်း​မပြု​မီ သင့်​နိုင်ငံ​မှ ဌာနခွဲရုံး​ကို အကြောင်းကြား​ပါ။

နှစ်စဉ် ထောက်ပံ့ကြေး– နှစ်စဉ်​ထောက်ပံ့ကြေး​သည် ငွေကြေး သို့​မဟုတ် အာမခံ​ပစ္စည်း​များ​ကို ယေဟောဝါသက်သေ​များ​အသင်း​သို့ လွှဲပြောင်းပေး​သော အစီအစဉ်​တစ်ခု​ဖြစ်သည်။ ယင်း​အတွက်​လှူဒါန်း သူ သို့​မဟုတ် လှူဒါန်း​သူ​အမည် သတ်မှတ်​ထားသော တစ်ဦး​တစ်ယောက်​သည် နှစ်စဉ်​ထောက်ပံ့ကြေး​ငွေ​အပေါ် သတ်မှတ်​ထား​သည့် ထုတ်ပေး​ငွေ​ကို တစ်သက်လုံး နှစ်စဉ်​ရရှိ​သွား​မည်။ လှူဒါန်း​သူသည် နှစ်စဉ်​ထောက်ပံ့ကြေး ဝင်ငွေ​ခွန်​မှ လွတ်ငြိမ်းခွင့်​ပြု​ငွေ​ကို ရရှိ​သွား​မည်။

သေတမ်းစာ​နှင့် လွှဲအပ်​စာ​များ– ပစ္စည်းဥစ္စာ သို့​မဟုတ် ငွေကြေး​များ​ကို ကင်းမျှော်စင်​အသင်း​သို့ တရားဝင်​သေတမ်းစာ​ဖြင့် အမွေ​ပေးလှူ​ဒါန်း​နိုင်​သည် သို့​မဟုတ် လွှဲအပ်​စာချုပ်​တွင် ကင်းမျှော်စင်​အသင်း​က အကျိုး​ခံစားခွင့်​ရှိသူ​အဖြစ် ပါဝင်​စေနိုင်​သည်။ ဤသို့ ခရစ်ယာန်​ဘာသာရေး​အဖွဲ့အစည်း​ကို လွှဲအပ်​ရာ​တွင် အခွန်​နှင့်​ပတ်သက်​သည့် အကျိုးအမြတ်​တစ်စုံတစ်ရာ​ကို ဖြစ်ထွန်း​စေ​ပေမည်။

“လှူဒါန်း​ရန်​စီစဉ်​ထားခြင်း” ဝေါဟာရ​က အဓိပ္ပာယ်​သက်ရောက်​စေသည့်​အတိုင်း ဤသို့​လှူဒါန်း​သော​နည်း​များ​ကို​ပြု​ရာ​တွင် လှူဒါန်း​သူ​ဘက်​မှ ကြိုတင်​စီစဉ်​ထားမှု​အချို့ လိုအပ်​ပေမည်။ လှူဒါန်း​ရန်​စီစဉ်​ထား​သည့် နည်း​တစ်မျိုး​မျိုး​ဖြင့် ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​လုပ်ငန်း​ကို အကျိုးပြု​ရန် ဆန္ဒရှိ​သူများ​အတွက် အကူအညီ​ဖြစ်​ဖို့ ကမ္ဘာချီ​ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို အကျိုးပြု​ဖို့ လှူဒါန်း​ရန် စီစဉ်​ထားခြင်း ဟု​ခေါင်းစဉ်​တပ်ထား​သည့် အင်္ဂလိပ်​နှင့် စပိန်​ဘာသာ​တို့​ဖြင့် ဘရိုရှာ​ကို အသင်းမ​က ပြင်ဆင်​ပြီး​ခဲ့ပြီ။ လက်ဆောင်​များ၊ သေတမ်းစာ​များ၊ လွှဲအပ်​စာ​များနှင့်​ပတ်သက်​၍ ရရှိ​သည့် မေးမြန်း​ချက်​များ​ကို ဖြေကြား​ရန် ဤ​ဘရိုရှာ​ကို ရေးသားခဲ့​ခြင်း​ဖြစ်သည်။ ယင်း​တွင် မြေယာ​ဆိုင်ရာ၊ ငွေကြေး​ဆိုင်ရာ၊ အခွန်​အ​တုတ်​ဆိုင်ရာ​စီစဉ်​ရေး​နှင့်​ပတ်သက်​၍ အကျိုးပြု​သည့် ထပ်ဆင့်​အကြောင်းအရာများ​လည်း ပါဝင်​သည်။ ထို့​ပြင် လက်ဆောင်​များ​ကို ယခု သို့​မဟုတ် သေတမ်းစာ​ဖြင့် ပေးအပ်​သည့် နည်း​အမျိုးမျိုးကို ဖော်ပြ​ထား​သည်။ ဤ​ဘရိုရှာ​ကို​ဖတ်ရှု​ပြီး ဥပဒေ​အရ သို့​မဟုတ် အခွန်​အရ အကြံပေး​သူများ​နှင့်​သော်လည်း​ကောင်း၊ လှူဒါန်းခြင်း​ဆိုင်ရာ စီမံ​ဌာန​နှင့်​သော်လည်း​ကောင်း ဆွေးနွေး​ပြီး​နောက် ကမ္ဘာချီ ယေဟောဝါသက်သေ​များ​၏​ဘာသာရေး​နှင့် လူမှုရေး​ရာ​များ​ကို ကူညီ​ထောက်ပံ့​နိုင်​သူများစွာ​ရှိခဲ့​ပြီး တစ်ချိန်တည်း​တွင် အခွန်​ကင်းလွတ်ခွင့် တိုး၍​ရရှိစေ​ခဲ့​ကြ​ပါ​သည်။ လှူဒါန်းခြင်း​ဆိုင်ရာ စီမံ​ဌာန​မှ ၎င်း​ဘရိုရှာ​ကို တိုက်ရိုက်​တောင်းယူ​နိုင်​ပေမည်။

ထပ်ဆင့်​သိ​လိုလျှင် အောက်​ဖော်ပြ​ပါ​လိပ်စာ သို့​မဟုတ် သင့်​နိုင်ငံ​တွင် လုပ်ငန်း​ကို စီမံကွပ်ကဲ​သော ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး၊ လှူဒါန်းခြင်း​ဆိုင်ရာ​စီမံ​ဌာန​သို့ စာရေး​၍​ဖြစ်စေ၊ တယ်လီဖုန်း​ဆက်၍​ဖြစ်စေ ဆက်သွယ်​နိုင်​ပါ​သည်။

Charitable Planning Offi​​ce

Watch Tower Bible and Tract Society of Pennsylvania

100 Watchtower Drive, Patterson, New York 12563-9204

Telephone: (845) 306-0707

[Picture Credit Line on page 27]

Faithful video: စ​တာ​လင်– U.S. Army photo