နှစ်သစ်ကူးသစ်ပင်—ရုရှားရိုးရာဓလေ့လော ခရစ်ယာန်ရိုးရာဓလေ့လော
နှစ်သစ်ကူးသစ်ပင်—ရုရှားရိုးရာဓလေ့လော ခရစ်ယာန်ရိုးရာဓလေ့လော
၁၈၃၀ ပြည့်လွန်နှစ်များ အစပိုင်း၌ အမြဲစိမ်းသစ်ပင်ကို ‘ဆွဲဆောင်မှုရှိသော ဂျာမန်အယူအဆ’ တစ်ခုအဖြစ် ရည်ညွှန်းနေဆဲပင်။ ၁၈၃၀ ပြည့်လွန်နှစ်များ အကုန်ပိုင်း၌ ယင်းသည် စိန့် ပီတာစဘာ့ဂ်မြို့ရှိ လူကုံထံများ၏နေအိမ်တွင်ထားသည့် ‘ထုံးစံတစ်ခုဖြစ်လာ’ ခဲ့သည်။ ၁၉ ရာစုတွင် ခရစ်ယာန်ဘုန်းကြီး၏နေအိမ်နှင့် လယ်သမားများ၏တဲများမှလွဲ၍ အခြားအိမ်များ၌ အမြဲစိမ်းသစ်ပင်များထားကြသည်ကို တွေ့ရှိရသည်။ . . .
“ယင်းအချိန်မတိုင်မီက ထိုသစ်ပင် . . . ကို အထူးတလည်အလေးထားခြင်း မရှိခဲ့ချေ။ ယင်းသည် ရုရှားရိုးရာဓလေ့အရ သေခြင်းအထိမ်းအမှတ်နှင့် ဆက်စပ်နေပြီး ‘ဝိညာဉ်လောက’ နှင့်ဆက်နွှယ်မှုရှိသည်။ ထို့အပြင် ယင်းကို တည်းခိုခန်းအမိုးများ၌ထားသည့် ရိုးရာဓလေ့ရှိသည်။ ယင်းထုံးစံတို့သည် ၁၉ ရာစုအလယ်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော သဘောထားပြောင်းလဲမှုများနှင့် ဆန့်ကျင်နေသည်။ . . . ခရစ္စမတ်နှင့်ဆက်နွှယ်နေသော အနောက်တိုင်းခရစ္စမတ်သစ်ပင်ထားခြင်းနှင့် အဓိပ္ပာယ်တူသည့် တိုင်းတစ်ပါးရိုးရာဓလေ့ကို ရုရှားတို့လက်ခံလိုက်ပြီဖြစ်ကြောင်း နားလည်နိုင်ပါသည်။
“ရုရှားတွင် အမြဲစိမ်းသစ်ပင်ကို ခရစ်ယာန်အမှတ်အသားဖြစ်စေခြင်းသည် အဆင်ချောမွေ့ ခဲ့သည်မဟုတ်ပါ။ ဩသဒေါက်စ်ချာ့ခ်ျ၏ ဆန့်ကျင်မှုကြုံခဲ့ရသည်။ ဤပွဲတော်အသစ်သည် ‘နတ်ဆိုးနှင့်ဆိုင်သောအပြုအမူ’ ဖြစ်သည်၊ ကယ်တင်ရှင်ဖွားမြင်ခြင်းနှင့် လုံးဝမသက်ဆိုင်သည့် အယူမှားထုံးစံဖြစ်သည်ကို ခရစ်ယာန်ဘုန်းကြီးများ တွေ့ ခဲ့ကြသည်။ ထို့ပြင် ယင်းသည် အနောက်တိုင်းထုံးစံဖြစ်သည်။”—စိန့် ပီတာစဘာ့ဘ် ပြည်နယ်တက္ကသိုလ်မှ ဒဿနိကဗေဒဆိုင်ရာ သိပ္ပံပညာရပ်ဒေါက်တာ ပါမောက္ခ ယဲလ်အနာ ဗီ. ဒူရှက်ကီနာ။
[Picture Credit Line on page 32]
Photograph: Nikolai Rakhmanov