မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ရှေးအကျဆုံး သမ္မာကျမ်းစာကိုးကားချက်များ”

“ရှေးအကျဆုံး သမ္မာကျမ်းစာကိုးကားချက်များ”

“ရှေးအကျဆုံး သမ္မာကျမ်းစာ​ကိုးကားချက်​များ”

လွန်ခဲ့သော နှစ်​ဆယ့်ငါး​နှစ်​က အစ္စရေး​လူမျိုး ရှေးဟောင်း​သုတေသန​ပညာရှင်​များသည် အံ့သြဖွယ်​ကောင်းသော​အရာတစ်ခု​ကို ရှာဖွေ​တွေ့ ရှိခဲ့​သည်။ ယေရုရှလင်​မြို့ ဟိန္နုံ​တောင်ကြား​၏ တောင်စောင်း​များ​တွင်ရှိသော သင်္ချိုင်းဂူ​တစ်ခု​အတွင်း​တွင် သမ္မာကျမ်းစာ​မှ ကျမ်းချက်​များ​ရေးသား​ထား​သည့် ငွေ​စာလိပ်​နှစ်ခု​ကို တွေ့ ရှိခဲ့​ကြသည်။ စာလိပ်​များ​ကို ဘီစီ ၆၀၇ ခုနှစ်၊ ယေရုရှလင်​မြို့ကို ဗာဗုလုန်​တို့​မဖျက်ဆီး​မီ​အချိန်​က ဖြစ်သည်ဟု ရက်စွဲ​တပ်​ခဲ့​သည်။ ရေးထား​သော​စာ​များ​က တောလည်ရာ ၆:၂၄-၂၆ တွင်​မှတ်တမ်း​တင်ထားသော ကောင်းချီး​များ​၏​တစ်စိတ်​တစ်ပိုင်း​ကို ကိုးကား​ထား​သည်။ စာလိပ်​နှစ်ခုလုံး​တွင် ဘုရားသခင်​၏​နာမတော် ယေဟောဝါ​ကို အကြိမ်ကြိမ်​သုံး​ထား​သည်။ အက္ခရာ​တင်ထား​သည့်​စာသား​များ​ကို “ဟေဗြဲ​ကျမ်းစာ​မှ စာပိုဒ်​များ​အား မှတ်တမ်း​တင်ထား​သည့် ရှေးအကျဆုံး​သော​လက်ရာများ” အဖြစ်​ဖော်ပြ​ကြသည်။

သို့သော် ပညာရှင်​အချို့​က ထို​ရက်စွဲ​ကို သံသယ​ရှိကြ​ပြီး ယင်း​စာလိပ်​များ​ကို ဘီစီ ဒုတိယ​ရာစု​တွင် ရေးသားခဲ့​သည်​ဟု အငြင်းပွား​ကြသည်။ ဤသို့​သဘောထား​ကွဲလွဲ​ရခြင်း အကြောင်း​တစ်ခု​မှာ သေးငယ်​လှ​သော​ဤ​စာလိပ်​များ​၏ အချက်အလက်​များ​ကို အသေအချာ​ဆန်းစစ်​ရန် မဖြစ်​နိုင်​လောက်​သည့်​အထိ မူရင်း​ဓာတ်​ပုံ​များ​၏ အရည်အသွေး​မကောင်းသော​ကြောင့်​ဖြစ်သည်။ ရက်စွဲ​ပြဿနာ​ကို​ဖြေရှင်းရန် ပညာရှင်​အုပ်စု​တစ်စု​သည် လေ့လာမှု​အသစ်​ပြုလုပ်​ခဲ့​သည်။ သူတို့သည် စာလိပ်​များ​၏ ပုံရိပ်​ပြတ်သားမှု​နှုန်း​အမြင့်ဆုံး ဒီဂျစ်တယ်​ပုံ​များ​ကို​ထုတ်လုပ်​ရန် နောက်ဆုံး​ပေါ် ဓာတ်​ပုံ​ပညာ​နှင့် ကွန်ပျူတာ​ပုံရိပ်​ဆိုင်ရာ နည်း​ပညာ​များ​ကို​သုံးခဲ့​ကြသည်။ လေ့လာ​ဆန်းစစ်မှု​အသစ်​၏ အဖြေ​များ​ကို မကြာမီ​က ထုတ်ပြန်ခဲ့​သည်။ ပညာရှင်​အုပ်စု​သည် အဘယ်​ကောက်ချက်​ချ​နိုင်​ခဲ့​သနည်း။

ပထမ​ဦးစွာ ပညာရှင်​များ​က စာလိပ်​ကို​တွေ့  ရှိခဲ့​သော​နေရာ​၏ ရှေးဟောင်း​သုတေသန​ဆိုင်ရာ အချက်အလက်​များသည် ဗာဗုလုန်​သို့​ပြည်နှင်ဒဏ်​မခံရမီ​က​ရက်စွဲ​ကို ထောက်ခံကြောင်း ဖော်ပြ​သည်။ စာလုံး​များ​၏​ပုံစံ၊ အရေးအသား​ပုံစံ၊ စာလုံး​အနေအထား၊ စာလုံး​များ​ရေးသား​ထား​သည့်​အစဉ်​နှင့် ဦးတည်ရာ​တို့ကို​ကြည့်​ပြီး ရက်စွဲ​တပ်​ခြင်း​ဖြစ်သည့် ရှေးခေတ်​အက္ခရာ​ပညာ​ဆိုင်ရာ ရှာဖွေ​တွေ့ ရှိ​ချက်​များ​က​လည်း တူညီသော​ရက်စွဲ​ဖြစ်သည့် ဘီစီ ခု​နစ်​ရာစု​အဆုံးပိုင်း​ကို​သာ ဖော်ပြ​နေသည်။ နောက်ဆုံး စာလုံးပေါင်း​သတ် ပုံ​ကို​လေ့လာ​ကြည့်​ပြီး ထို​အုပ်စု ဤသို့ ကောက်ချက်​ချ​သည်– “စာလိပ်​ပါ စာလုံးပေါင်း​သတ်​ပုံ​ဆိုင်ရာ အချက်အလက်​များသည် စာလိပ်​ကို​ရက်စွဲ​တပ်​ခြင်း​နှင့်​ပတ်သက်ပြီး ရှေးဟောင်း​သုတေသန​ပညာ​နှင့် ရှေးခေတ်​အက္ခရာ​ပညာ​ဆိုင်ရာ အထောက်အထား​များနှင့် ကိုက်ညီ​သည်။”

အမေရိကန်​ကျောင်း​များ​၏ အရှေ့တိုင်း​သုတေသန​လုပ်ငန်း သတင်း​လွှာ ဂျာနယ်​က ကာ တဲ​ဖ်​စ တဲ​ဖ့်ဟိန္နုံ​က​မ္ဗည်း​စာ ဟု​လည်း​ခေါ်​သည့် ငွေ​စာလိပ်​များ​အား လေ့လာခြင်း​ကို ဤသို့​အ​ကျု​ဉ်း​ချုံး​ဖော်ပြ​သည်– “ထို့​ကြောင့် စာလိပ်​ပေါ်​တွင်​တွေ့ ရှိ​ရသော စာသား​များသည် ရှေးအကျဆုံး သမ္မာကျမ်းစာ​ကိုးကားချက်​များ​ဖြစ်သည်​ဟူ​သည့် ပညာရှင်​များ​၏​ကောက်ချက်​ကို ကျွန်ုပ်​တို့ ထောက်ခံပါ​သည်။”

[Picture Credit Lines on page 32]

Cave: Pictorial Archive (Near Eastern History) Est.; inscriptions: Photograph © Israel Museum, Jerusalem; courtesy of Israel Antiquities Authority