မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငွေနှင့် ကိုယ်ကျင့်တရား သမိုင်းပေးသင်ခန်းစာ

ငွေနှင့် ကိုယ်ကျင့်တရား သမိုင်းပေးသင်ခန်းစာ

ငွေ​နှင့် ကိုယ်ကျင့်တရား သမိုင်း​ပေး​သင်ခန်းစာ

သင်္ဘော​လေး​စင်း​ပေါ်​ရှိ လူ​လေး​ရာ​ကျော်​သည် ၁၆၃၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်​တွင် အင်္ဂလန်​နိုင်ငံ​မှ အမေရိက​တိုက်​သို့ ရွက်လွှင့်​ခဲ့​ကြသည်။ ၎င်း​တို့​မှ​အများစုမှာ ပညာတတ်​များ​ဖြစ်​ပြီး အချို့​မှာ အောင်မြင်​ကျော်ကြား​သော စီးပွားရေး​သမားများ​ဖြစ်​ကြသည်။ အခြားသူ​တို့​မှာ ပါလီမန်​လွှတ်တော်​အဖွဲ့ဝင်​များ​ပင်​ဖြစ်​က​သည်။ ဥရောပ​တွင် အနှစ်​သုံး​ဆယ်​စစ်ပွဲ (၁၆၁၈-၁၆၄၈) မပြီး​ဆုံး​သေး​သောကြောင့် ဗြိတိန်​နိုင်ငံ​၏​စီးပွားရေး​မှာ အကြီးအကျယ်​ဆုတ်ယုတ်​ကျဆင်း​နေ​၏။ ထို့​ကြောင့် သူတို့သည် ဘဝ​တိုးတက်လမ်း​ကို​ရှာဖွေ​ရန် အိုးအိမ်၊ အလုပ်အကိုင်​နှင့် ဆွေမျိုးသားချင်း​များ​ကို​ချန်ရစ်​ကာ စွန့်စား​ထွက်ခွာ​ခဲ့​ကြသည်။

မျှော်လင့်ချက်​ကြီးသော ဤ​လူစု​သည် စီးပွား​ရှာ​အခွင့်အရေး​သမားများ​မျှ​သာ မဟုတ်​ကြ​ချေ။ သူတို့သည် ဇွဲ​ထက်သန်​သော ပြူရီတန်​များ​ဖြစ်​ကြ​ပြီး ဘာသာရေး​ညှဉ်းပန်း​နှိပ်စက်မှု​ကြောင့်​လည်း ထွက်ပြေး​တိမ်းရှောင်​နေကြ​ရ၏။ * သူတို့၏​တကယ့်​ရည် ရွယ်​ချက်​မှာ မိမိတို့​နှင့် မိမိတို့၏​သားစဉ်မြေးဆက်​သည် ကျမ်းစာ​စံနှုန်း​များ​ကို ချိုးဖောက်​ခြင်း​မရှိဘဲ ကြီးပွား​ချမ်းသာ​သည့် ဘာသာ​တရား​ကိုင်းရှိုင်း​သော လူ့​အဖွဲ့ အစည်း​တစ်ခု​ကို တည်ထောင်​ရန်ဖြစ်​သည်။ မက်ဆာချူးဆက်​ပြည်နယ်၊  စေ​လ​မ်​မြို့​သို့​ရောက်​ပြီး​မကြာမီ ကမ်းရိုးတန်း​ရှိ မြေကွက်ငယ်​ကို မိမိတို့​ပိုင်နက်​အဖြစ် သူတို့​ကြေညာ​လိုက်​သည်။ သူတို့​အခြေချ​သော ထို​နေရာကို ဘော​စ​တွန်​ဟု အမည်ပေး​ခဲ့​ကြသည်။

ဟန်ချက်ညီ​ရန် ခက်ခဲ

ထို​အုပ်စု​၏​ခေါင်းဆောင်​ဖြစ်သော အုပ်ချုပ်ရေးမှူး ဂျွန်​ဝင်​သရော့ဖ်​သည် နယ်မြေ​သစ်​တွင် ကြွယ်ဝ​ချမ်းသာ​ရေး​နှင့် အများ​ပြည်သူ​ကောင်းစား​ရေး​အတွက် အစွမ်းကုန်​ကြိုးစား​လုပ်ဆောင်ခဲ့​သည်။ သူသည် ထို​သူတို့ကို ကိုယ်ကျင့်တရား​ကောင်းမွန်သော ဓန​ရှင်​များ ဖြစ်စေ​လို​၏။ သို့သော် ယင်း​သို့ ဟန်ချက်ညီ​စွာ​လုပ်ဆောင်ရန် ခက်ခဲ​လှ​ကြောင်း သိမြင်​လာ​လေ​သည်။ ရှေ့တွင်​ကြုံတွေ့​ရမည့် အခက်အခဲ​များ​ကို​ကြိုမြင်​ပြီး သူ၏​ရောင်းရင်း​တို့အား ဘာသာ​တရား​ကိုင်းရှိုင်း​သော အဖွဲ့အစည်း​တွင် ဥစ္စာ​ဓန​၏​ကဏ္ဍ​ကို ရှင်းပြ​ခဲ့​သည်။

ဥစ္စာ​ရှာဖွေခြင်း​သည်  မမှား​ကြောင်း  အခြား​ပြူရီတန်​ခေါင်းဆောင်​များ​နည်းတူ ဝင်​သရော့ဖ်​လည်း ယုံကြည်​သည်။ ချမ်းသာ​ကြွယ်ဝခြင်း​၏ အဓိက​ရည်ရွယ်ချက်မှာ သူတစ်ပါးကို ကူညီ​ရန်ဖြစ်​သည်​ဟု သူ​ဆွေးနွေး​တင်ပြ​ခဲ့​သည်။ သို့ဖြင့် ပို​ချမ်းသာ​ကြွယ်ဝ​လေ ပို​ကောင်းမှု​ပြု​နိုင်​လေ ဖြစ်သည်။ “ဥစ္စာ​ဓန​လောက် ပြူရီတန်​တို့ကို စိတ်​အနှောင့်အယှက်​ဖြစ်စေ​သည့်​အရာ မရှိပေ။ ချမ်းသာ​ကြွယ်ဝခြင်း​သည် ဘုရားသခင့်​ကောင်းချီး​ရသည့် လက္ခဏာ​လည်း​ဖြစ်၊ မာန်​တက်​စေ​ကာ . . . အပြစ်​များ​ကျူးလွန်​မိ​စေနိုင်​ရန် အကြီးအကျယ် သွေးဆောင်မှု​လည်း​ဖြစ်သည်” ဟု​သမိုင်း​ပညာရှင် ပက်​ထ​ရီ​ရှာ အို​တူ​လ်​က ဖော်ပြ​ခဲ့​သည်။

ဥစ္စာ​စည်းစိမ်​နှင့် ဇိမ်​ခံ​ပစ္စည်း​များ​ကြောင့် ဖြစ်ပေါ်​လာသော အပြစ်​များ​ကို ရှောင်ရှား​နိုင်​ရန် အစွန်း​မ​ရောက်​ဘဲ ကိုယ့်​ကိုယ်ကို​ထိန်းချုပ်​ကြဖို့ ဝင်​သရော့ဖ်​တိုက်တွန်း​ခဲ့​သည်။ သို့သော် မကြာမီ​ပင် ဘာသာ​တရား​ကိုင်းရှိုင်း​စွာ ကျင့်ကြံ​ရန်၊ အချင်းချင်းချစ်​ကြ​ရန် သူ၏​တိုက်တွန်း​အားပေးချက်​များသည် စီးပွား​တက်​သည်ထက်​တက်​လို​သော ရောင်းရင်း​တို့၏​သဘောထား​နှင့် မ​တိုက်ဆိုင်​တော့​ပေ။ သို့​နှင့် ၎င်းတို့၏​ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​ကို ဝင်​သရော့ဖ် ဝင်ရောက်​စွက်ဖက်​သည်​ဟု​ယူဆ​ပြီး အငြင်းပွား​ကြ​လေ​တော့​သည်။ အချို့​မှာ ပူးပေါင်း​ဆုံးဖြတ်​ပေး​မည့် လူ​တစ်စု​ကို ရွေးကောက်​တင်မြှောက်​ရန် သွေးထိုး​လှုံ့ဆော်​ကြသည်။ အခြားသူ​တို့​မူ ကိုယ့်​စီးပွား​ကိုယ်​ရှာ​ရန် အနီးရှိ က​နက်​ခ်​တီ​ကတ်​ပြည်နယ်​သို့ ပြောင်းရွှေ့​သွားခြင်း​ဖြင့် ဆန္ဒ​ပြ​ကြသည်။

“အခွင့်ကောင်း​ယူခြင်း၊ ကြီးပွားခြင်း၊ ဒီ​မို​က​ရေ​စီ​ရရှိ​ခြင်း​တို့သည် မက်ဆာချူးဆက်​ပြည်နယ်​ရှိ ပြူရီတန်​တို့၏​အသက်တာကို လွှမ်းမိုး​ထား​သည်။ ယင်း​တို့​က ဝင်​သရော့ဖ်​၏​အကြံဉာဏ်​ကို လျစ်လျူ ရှု​ပြီး ကိုယ်စီ​ရည်မှန်းချက်​အတိုင်း လုပ်ဆောင်ကြ​ရန် မီးထိုး​ယပ်ခတ်​ပေး​သည်” ဟု​အို​တူ​လ်​က​ဆို​သည်။ ၁၆၄၉ ခုနှစ်​တွင် အသက် ၆၁ ရှိ ဝင်​သရော့ဖ်​သည် မွဲ​ပြာကျ​ပြီး သေဆုံး​သွား​ရ​ရှာ​သည်။ ယို​င် နဲ့​နေသော​ထို​လူစု​သည် အခက်အခဲ​များစွာ​ကြား​မှ ဆက်​တည်ရှိ​နေ​သော်လည်း ဝင်​သရော့ဖ်​မူ မိမိ​အိပ်မက်​ကို အကောင်အထည်​မဖော်​သွား​နိုင်​ခဲ့​ချေ။

ရှာပုံတော်ဖွင့်​နေကြ​ဆဲ

သို့သော် လူ့​ဘောင်​တိုးတက်​ကောင်းစား​ရေး​ကို ဂျွန် ဝင်​သရော့ဖ် တစ်ဦးတည်း​သာ တမ်းတ​ခဲ့​ခြင်း​မဟုတ်​ချေ။ နှစ်စဉ်​ပင် သိန်း​နှင့်​ချီ​သော​လူတို့သည် ဘဝ​တိုးတက်​ကောင်းစား​ရေး​အတွက် အာဖရိက၊ အရှေ့တောင်​အာရှ၊ အရှေ့​ဥရောပ​နှင့် လက်တင်အမေရိက​တို့​မှ ပြောင်းရွှေ့ လာ​ခဲ့​ကြသည်။ သူတို့​အနက် အချို့​မှာ သူဌေး​ဖြစ်​နည်း​ပေး​မည်​ဟု ကတိ​ထား​သည့် နှစ်စဉ်​ထုတ် ရာ​နှင့်​ချီ​သော စာအုပ်​သစ်​များ၊ သင်တန်း​ကျောင်း​များ၊ ဝက်ဘ်ဆိုက်​များ​၏ တိုက်တွန်း​လှုံ့ဆော်မှု​ကြောင့်​ဖြစ်၏။ လူများစွာ​သည် ကျင့်ဝတ်​စံနှုန်း​များ ချိုးဖောက်​မည်​မဟုတ်​ဟူသော မျှော်လင့်ချက်​ဖြင့် ငွေရှာ​နေကြ​ဆဲ​ဖြစ်​ကြောင်း ရှင်းနေပါသည်။

ရှင်းရှင်း​ပြော​ရ​လျှင် စိတ်ပျက်​စ​ရာ​ပင်။ ဥစ္စာ​စည်းစိမ်​နောက် တကောက်ကောက်​လိုက်​သူများ​သည် အဆုံး​တွင် ငွေ​အတွက် မိမိတို့၏​ကိုယ်ကျင့်တရား​သာမက တစ်ခါတစ်ရံ ယုံကြည်ခြင်းကို​ပင် စွန့်လွှတ်​လိုက်​ကြသည်။ ထို့​ကြောင့် “ခရစ်ယာန်စစ်​တစ်ဦး​ဟာ ချမ်းသာ​ကြွယ်ဝ​နိုင်​ပါ့​မလား။ ကာယရေး​ရော၊ ဝိညာဉ်​ရေးပါ ကြွယ်ဝ​ပြီး ဘုရားသခင်​ကို​ကြောက်ရွံ့​တဲ့ လူ့​အဖွဲ့အစည်း ရှိ​နိုင်​ပါ့​မလား” ဟု​သင်​သိ​လို​ပေမည်။ နောက်​ဆောင်းပါး​က ဖော်ပြ​သည့်​အတိုင်း ထို​မေးခွန်းများကို သမ္မာကျမ်းစာ ဖြေဆို​ပေး​ထား​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ပြူရီတန်​ဟူသည် ရိုမန်ကက်သလစ်​ဩဇာ​အောက်​မှ ကင်း​ကင်း​နေ​လို​သည့် အင်္ဂလန်​ချာ့ခ်ျ​မှ ပရိုတက်စတင့်​များ​ကို ၁၆ ရာစု​တွင်​ပေး​ခဲ့​သော အမည်​ဖြစ်သည်။

[Picture Credit Lines on page 3]

ရွက်လှေ​များ- The Complete Encyclopedia of Illustration/J. G. Heck; Winthrop: Brown Brothers