မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လာဂါနီအောင်းနာပင် နှင့်သင်တူသလော

လာဂါနီအောင်းနာပင် နှင့်သင်တူသလော

လာ​ဂါ​နီ​အောင်း​နာ​ပင် နှင့်​သင်​တူ​သလော

ခရစ်ယာန်​ဓမ္မ​အမှုဆောင်​နှစ်ဦး​သည် ပါပူဝါနယူးဂီနီ၊ မော်​ရက်စ်​ဘီ​ဆိပ်ကမ်း​မြို့စွန် ရှိ ရွာ​တစ်ရွာ​တွင် ဟောပြောပြီး အိမ်သို့ပြန်​လာ​နေကြ​သည်။ သူတို့​လမ်းလျှောက်​လာစဉ် လှပသော​သစ်ပင်​တစ်ပင်​ကို တွေ့ မြင် ခဲ့​ရာ အသက်ကြီးသူက “လာ​ဂါ​နီ​အောင်း​နာ​ပင်​ပါ​လား!” ဟု​ပြော​ကာ လူငယ်​ဖြစ်သူ​အား “ဒီ​နာမည်​ရဲ့​အဓိပ္ပာယ်​က ‘နှစ်စဉ်​ပင်’ ဆိုတာ​သိလား။ အပူပိုင်း​ဒေသမှာ​ပေါက်​တဲ့ တခြား​အပင်​တွေ​နဲ့​မတူဘဲ ဒီ​အပင်​ဟာ နှစ်​တိုင်း အရွက်​ကြွေ​ပြီး အပင်​သေသွား​ပုံ​ပေါက်​ပေမဲ့ မိုး​ဦး​ကျ​တာ​နဲ့ ပြန်ရှင်​သန်​လာပြီး အပွင့်​ဝေဆာ​လှပ​လာတယ်” ဟု​ရှင်းပြ ခဲ့​သည်။

စိန်​ပန်းပင်​ဟု​ခေါ်​သော လာ​ဂါ​နီ​အောင်း​နာ​ပင်​မှ ကျွန်ုပ်​တို့​သင်ခန်းစာယူ​နိုင်​ပါ​သည်။ ကျွမ်းကျင်​သူ​အချို့​၏​အဆို​အရ ယင်း​အပင်​သည် ကမ္ဘာ့​အလှ​ဆုံး​ပန်းပင် ငါး​မျိုး​အဝင်​ဖြစ်သည်။ ယင်းသည် နွေ​ရာသီ​တွင် အပွင့်၊ အရွက်​တို့ ကြွေသွား​သော်လည်း ရေ​ကို​ဆက်​သိုလှောင်​ထား​သည်။ ထို​အပင်​၏​အမြစ်များ​သည် ခိုင်မြဲ​ပြီး မြေကြီး​အတွင်းပိုင်း​ရှိ ကျောက်​များ​ကြား​တွင်​ပင် အမြစ်တွယ်​နိုင်​သည်။ ဤနည်းဖြင့် လေပြင်း​တိုက်ခတ်​မှု​ဒဏ်​ကို ခံရပ်​နိုင်၏။ ခြုံ​ပြော​ရ​လျှင် ယင်း​အပင်​သည် ခက် ခဲ​သော​အခြေအနေ​များ​ကြား ရှင်သန်​နိုင်​သည်။

ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း မည်မျှ​ခိုင်မြဲ​ကြောင်း​စမ်းသပ်​သည့် အခြေအနေ​များ ကြုံ​ရ​ပေမည်။ ထို​အခါ အဘယ်အရာက ခံနိုင်ရည်​ရှိစေ​မည်​နည်း။ လာ​ဂါ​နီ​အောင်း​နာ​ပင် နည်းတူ ကျွန်ုပ်​တို့ သည် သမ္မာကျမ်းစာ​မှ​ရနိုင်​သော အသက်ရေ​ကို သောက်သုံး​ကာ သိုမှီး​ထား​နိုင်​သည်။ ထို့​ပြင် “ကျွန်ုပ်​တို့၏​ကျောက်” ဖြစ်​တော်​မူ​သော ယေဟောဝါ​နှင့် ကိုယ်တော်​၏​အဖွဲ့အစည်း​ကို မြဲမြံ​စွာ​တွယ်ကပ်​နေ​သင့်​သည်။ (၂ ဓမ္မ​ရာဇဝင် ၂၂:၂) ယေဟောဝါ​ရှင်​၏​ပြင်ဆင်​ပေး​ချက်​များ​ကို ကောင်းစွာ​အသုံးချ​မည်​ဆိုလျှင် ခက် ခဲ​ကြမ်းတမ်းသော​ဝန်းကျင်​တွင်​ပင် ဝိညာဉ်​ရေး​အရ ဆက်၍​သန်စွမ်း​လှပ​နေနိုင်​ကြောင်း စိန်​ပန်းပင်​က အမှန်ပင်​အမှတ်ရ​စေ​သည်။ ယင်း​သို့​ပြုခြင်း​ဖြင့် ကျွန်ုပ်​တို့ သည် ထာဝရ​အသက်​အပါအဝင် ကိုယ်တော်​၏ “ကတိတော်​တို့ ကို အမွေခံ​ရ” ကြ​မည်​ဖြစ်၏။—ဟေဗြဲ ၆:၁၂; ဗျာ. ၂၁:၄