မမေ့အပ်သော ဖြစ်ရပ်တစ်ခု
မမေ့အပ်သော ဖြစ်ရပ်တစ်ခု
အဘယ်ဖြစ်ရပ်နည်း။ လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးက လူတစ်ဦး၏သေခြင်းပင်ဖြစ်၏။ ထိုသူက ဤသို့ ဆို ခဲ့သည်– “ငါသည် ကိုယ်အသက်ကိုစွန့် ၍ နောက်တစ်ဖန် ယူ ဦးမည်ဖြစ်သောကြောင့် . . . ငါ့အသက်ကို အဘယ်သူမျှ မလုမယူ၊ ကိုယ်အလိုအလျောက်ငါစွန့်၏” ဟုပြောခဲ့သည်။ (ယောဟန် ၁၀:၁၇၊ ၁၈) ထိုပုဂ္ဂိုလ်မှာ ယေရှုခရစ်ဖြစ်သည်။
ယေရှုသည် ပူဇော်ရာယဇ်အဖြစ် မိမိသေဆုံးခဲ့ခြင်းကို အောက်မေ့ရာပွဲကျင်းပရန် မိမိနောက်လိုက်များအား သွန်သင်ခဲ့သည်။ ထိုအခါသမယကို “သခင့်ညစာစားပွဲ” ဟုလည်းခေါ်သည်။ (၁ ကောရိန္သု ၁၁:၂၀၊ ကဘ) မိမိ၏သေခြင်းကို အမှတ်ရစေရန် ယေရှုအစပြုကျင်းပခဲ့သည့် အောက်မေ့ရာပွဲကို ၂၀၀၆၊ ဧပြီ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ နေဝင်ချိန်တွင် ယေဟောဝါသက်သေများနှင့် သူတို့၏မိတ်ဆွေများက ကျင်းပကြပါလိမ့်မည်။
ကျမ်းစာအခြေပြုဟောပြောချက်တစ်ခုက ထိုအခါသမယတွင်အသုံးပြုသော တဆေးမဲ့မုန့်နှင့် အနီရောင်စပျစ်ရည်၏ အဓိပ္ပာယ်ကို ရှင်းပြပါလိမ့်မည်။ (မဿဲ ၂၆:၂၆-၂၈) ထိုဟောပြောချက်တွင် ခရစ်ယာန်များသည် ယင်းဖြစ်ရပ်ကို အကြိမ်ပေါင်းမည်မျှ ကျင်းပသင့်သနည်း၊ အထိမ်းအမှတ်များအဖြစ် အသုံးပြုသည့် မုန့်နှင့် စပျစ်ရည်ကို မည်သူသုံးဆောင်သင့်သနည်း၊ ယေရှု၏သေခြင်းမှ မည်သူအကျိုးခံစားရမည်နည်း အစရှိသည့် မေးခွန်းများကိုလည်း ဖြေဆိုပေးပါလိမ့်မည်။ ဤအရေးကြီးသည့်ပွဲတော်ကို တက်ရောက်ခြင်းဖြင့် ယေရှု၏အသက်တာနှင့် သေခြင်း၏ရည်ရွယ်ချက်ကို သဘောပေါက်လာပါလိမ့်မည်။
ယေရှု၏သေခြင်းအောက်မေ့ရာပွဲသို့ သင့်အား လှိုက်လှဲစွာကြိုဆိုပါသည်။ ကျေးဇူးပြု၍ အစည်းအဝေးကျင်းပမည့် နေရာနှင့် အချိန်အတိအကျကို သင့်ဒေသရှိ ယေဟောဝါသက်သေများအား မေးမြန်းပါလေ။