မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဆက်ပြောဦး”

“ဆက်ပြောဦး”

“ဆက်​ပြော​ဦး”

ရုရှား​နိုင်ငံ၊  နီ​ဇ်​လို​ဘ​နာ​ယာ​မြို့ရှိ အထက်တန်း​ကျောင်း  ရ​သ​စာပေ​အချိန်တွင် ရုရှား​စာရေး​ဆရာ မ​စ်ခေ​အီလ် ဘူလ်​ဂဲ​ကာ​ဖ်​၏​စာပေ​ကို  လေ့လာ​နေကြ​သည်။  သူ၏​စာပေ​တွင်  စာတန်​ကို သူရဲကောင်း​အဖြစ်  အမွှမ်းတင်​ထားပြီး ယေရှု​ခရစ်​ကို အထင်သေး​သည့်​ပုံစံ​ဖြင့် ရေးသား​ထားသော ဝတ္ထုရှည်​တစ်ပုဒ်​ပါဝင်​သည်။ အတန်း​လိုက်​ဆွေးနွေး​ပြီး​နောက် ဆရာမ​က ဤ​ဝတ္ထုရှည်​အပေါ် အခြေခံ​၍  စာစီစာကုံး​ရေး​ခိုင်း​သည်။ သို့သော် အဲ​န်ဒ​ရေ​အမည်​ရှိ ၁၆ နှစ်အရွယ် ယေဟောဝါသက်သေ ကျောင်းသား​တစ်ဦး​သည် ဤ​စာပေ​မျိုးကို လေ့လာ​ရန် မိမိ၏​မှား​မှန်​သိသောစိတ်​က ခွင့်​မပြု​သောကြောင့် မ​ရေး​ဘဲ​နေ၍​ရမည်​လော​ဟု ယဉ်ကျေး​စွာ တောင်းပန်​ခဲ့​သည်။ ယင်းအစား ယေရှု​ခရစ်​နှင့်​ပတ်သက်​၍ မိမိ၏​ရှုမြင်ပုံကို ရှင်းပြ​မည့် စာစီစာကုံး​တစ်ပုဒ် ရေး​လို​ကြောင်း ပြောပြ​၏။ ထို​အခါ ဆရာမ သဘောတူ​လိုက်​သည်။

အချို့​သူများ​၏​ထင်မြင်ချက်​ကို မိမိ​လေးစား​သော်လည်း ယေရှု​အကြောင်း​သိရှိ​ရန် အကောင်းဆုံးနည်း​မှာ ခရစ်ဝင်​ကျမ်း​လေး​ကျမ်း​မှ တစ်ကျမ်း​ကို ဖတ်ရှုခြင်း​ဖြစ်​ကြောင်း စာစီစာကုံး​တွင် အဲ​န်ဒ​ရေ ရှင်းပြ​ခဲ့​သည်။ ထိုသို့​ဖတ်ရှုခြင်း​ဖြင့် “သင်သည် မျက်မြင်​သက်သေ​များ​၏​မှတ်တမ်းများ​ကို အခြေခံ​၍ ယေရှု၏​အသက်တာ​နှင့် သွန်သင်ချက်​များ​ကို သိရှိ​လာ​လိမ့်​မည်။” အဲ​န်ဒ​ရေ​သည် ဤသို့​ထပ်ဆင့်​ဆို​၏– “စဉ်းစားစရာ​နောက်တစ်ခု မှာ စာတန်​အကြောင်း ဖော်ပြ​ထား​ပုံ ဖြစ်သည်။ စာတန်​ကို သူရဲကောင်း​အဖြစ် ရေးသား​ဖော်ပြ​ထားသော​စာအုပ်​ကို​ဖတ်​၍ အချို့​သူများ သဘောကျ​ကြ​မည် ဖြစ်သော်လည်း ကျွန်ုပ်​မူ သဘော​မ​တွေ့​ချေ။” အမှန်စင်စစ် စာတန်​သည် ဘုရားသခင်​ထံ​မှ ဝေးကွာ​သွားပြီး လူ့ မိသားစု​အတွင်း ဆိုးသွမ်းမှု၊ ရောဂါ​ဝေဒနာ​နှင့် ဆင်းရဲ​ခက် ခဲ​မှု​တို့ကို ဖြစ်ပေါ်​စေသော တန်ခိုး​ကြီး​နာမ်ဝိညာဉ်​ဆိုး​တစ်ပါး​ဖြစ်သည်ဟု သူ ရှင်းပြ​ခဲ့​၏။ ထို့ နောက် အဲ​န်ဒ​ရေ​သည် စာစီစာကုံး​ကို ဤသို့ နိဂုံး​ချုပ်​လိုက်​သည်– “ဤ​ဝတ္ထုရှည်​ကို ကျွန်ုပ်​ဖတ်​လျှင် အကျိုးရှိ​မည်​ဟု မထင်​ပါ။ ဘူလ်​ဂဲ​ကာ​ဖ်​ကို ဆန့်ကျင်​နေခြင်း​မဟုတ်​ချေ။ သို့သော် ကျွန်ုပ်​အနေ​နှင့် ယေရှု​ခရစ်​အကြောင်း သမိုင်းဝင်​အမှန်တရားကို​သိရှိ​ရန် သမ္မာကျမ်းစာ​ကို​သာ ဖတ်ရှု​တော့​မည်။”

အဲ​န်ဒ​ရေ​၏​ဆရာမ​သည် စာစီစာကုံး​ကို အလွန်​သဘောကျ​သွားပြီး  ယေရှု​ခရစ်​အကြောင်း နှုတ်​တိုက်​ပြောဆို​ရန်​ပြင်ဆင်​ခိုင်း​သည်။ အဲ​န်ဒ​ရေ​သည် တလိုတလား  သဘောတူ​လိုက်​သည်။ ရ​သ​စာပေ နောက်​တစ်ချိန်​တွင် အဲ​န်ဒ​ရေ​သည် အတန်း​ရှေ့တွင် သူ၏​ပြင်ဆင်ချက်​ကို ဖတ်ပြ​ရသည်။ ယေရှုသည် အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား​ဖြစ်သည်ဟု မိမိ အဘယ်ကြောင့်​ယူမှတ်​ရ​ကြောင်းကို သူ ရှင်းပြ​၏။ ထို့နောက် ရှင်မဿဲခရစ်ဝင်​ကျမ်း​မှ ယေရှု​သေခြင်းနှင့်​ပတ်သက်​သည့် အခန်းကြီး​တစ်ခန်း​ကို ဖတ်ပြ​သည်။ သတ်မှတ်​ထားသော​အချိန် ကုန်ခါနီး​ပြီ​ဖြစ်သည့်​အတွက်  အဲ​န်ဒ​ရေ  နိဂုံး​ချုပ်​ချင်​သော်လည်း အတန်းဖော်​များ​က  “ဆက်​ပြော​ဦး။ နောက်​ဘာဖြစ်​သေး​လဲ” ဟု​တိုက်တွန်း​ကြသည်။ ထို့ ကြောင့် မဿဲကျမ်း​မှ ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​အကြောင်း ဆက်​ဖတ်ပြ​ခဲ့​သည်။

အဲ​န်ဒ​ရေ ဖတ်ပြ​ပြီး​သောအခါ အတန်းဖော်​များသည် ယေရှု​နှင့် ယေဟောဝါ​အကြောင်း မေးခွန်း​များစွာ ထုတ်​လေ​သည်။ “ဉာဏ်​ပညာပေး​ပါ​လို့ ယေဟောဝါ​ဆီ ကျွန်တော်​ဆုတောင်း​ခဲ့​တယ်။ ကျွန်တော့်​ရဲ့​ဆုတောင်းချက်​ကို ကိုယ်တော်​ဖြေကြား​ပေး​တဲ့​အတွက် သူတို့​မေးခွန်း​အားလုံး​ကို ကျွန်တော် ဖြေဆို​နိုင်​ခဲ့​တယ်” ဟု အဲ​န်ဒ​ရေ​ပြောပြ​သည်။ ထို​အတန်း​ပြီး​နောက် အဲ​န်ဒ​ရေ​သည် အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား  *စာအုပ်​ကို ဆရာမ​အား ပေး​လိုက်​ရာ လိုလိုလားလား​လက်ခံခဲ့သည်။ အဲ​န်ဒ​ရေ ဤသို့​ပြောပြ​သည်– “ဆရာမ​က ကျွန်တော့်​ပြင်ဆင်ချက်​ကို အမှတ်​အများကြီး​ပေး​တယ်။ ကျွန်တော့်​ဆီ​မှာ ကိုယ်ပိုင်​ယုံကြည်ချက်တွေ​ရှိပြီး အဲ့ဒီ​အတွက် မရှက်မကြောက်​တာ​ကို ချီးမွမ်း​ခဲ့​တယ်။ ကျွန်တော့်​ယုံကြည်ချက်​တချို့​ကို ဆရာမ လက်ခံတယ်​လို့​လည်း ပြော​တယ်။”

အဲ​န်ဒ​ရေ​သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​သားတော် ယေရှု​ခရစ်​တို့အား ရှုတ်ချ​ထား​သည့်​စာပေ​ကို မဖတ်​ဘဲ ကျမ်းစာ​ဖြင့်​လေ့ကျင့်​ထားသော မိမိကိုယ်ကို​သိသောစိတ်​အတိုင်း လိုက်လျှောက်ရန် ဆုံးဖြတ်​ခဲ့​သည့်​အတွက် အားရ​ရွှင်လန်း​ခဲ့​ရသည်။ ဤသို့​ဆုံးဖြတ်​ခဲ့​သောကြောင့် ကျမ်းစာ​နှင့်​မညီသော ရှုမြင်ချက်များ​မှ သူ့ကိုယ်သူ ကာကွယ်​နိုင်​ရုံ​သာမက အခြားသူများ​ကိုလည်း အရေးကြီး​ကျမ်းစာ​အမှန်တရား ပြောပြ​ရသည့် ထူးမြတ်​သော​အခွင့်ကောင်း ရ ရှိစေခဲ့​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယေဟောဝါသက်သေ​များ​က ထုတ်ဝေ​သည်။