မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် ထိန်းချုပ်နေဆဲလော

ဘုရားသခင် ထိန်းချုပ်နေဆဲလော

ဖိတ်ခေါ်ချက် . . .

ဘုရားသခင် ထိန်းချုပ်​နေဆဲ​လော

သဘာဝဘေးဒဏ်​များ၊ သေစေနိုင်​သော​ရောဂါဆိုး​များ၊ အာဏာ​ရှိသူတို့​၏ ကိုယ်ကျင့်တရား​ပျက်ပြားမှု​များ၊ အကြမ်းဖက်​တိုက်ခိုက်မှု​များ၊ စစ်​များ၊ ရာဇဝတ်မှု။ ထို​သတင်း​မျိုးကို ကျွန်ုပ်​တို့ နေ့စဉ်​လို​လို ကြားနေ​ရသည်။ အဆိုပါ​အခြေအနေ​မျိုးကို သင်​ကိုယ်တိုင် ကြုံတွေ့​နေရ​သည်​ဖြစ်စေ၊ မကြုံတွေ့​ရသည်​ဖြစ်စေ ကမ္ဘာကြီး​သည် အဘယ်​အခြေအနေ​သို့ ဦးတည်​နေပြီး အရာ​ရာ​သည် ပို​ကောင်းမွန်​လာနိုင်​မည်​လော​ဟု သင်​သိ​လို​ပေမည်။

အဆိုပါ​ရင်​လေး​ဖွယ်​ရာ​ပြဿနာ​များ​ကြောင့် ကမ္ဘာ​တစ်ဝန်း​ရှိ နိုင်ငံ​ပေါင်း ၂၀၀ ကျော်​မှ ယေဟောဝါသက်သေ​များသည် “ဘုရားသခင် ထိန်းချုပ်​နေဆဲ​လော” ဟူသော​ခေါင်းစဉ်​ရှိသည့် အချိန်တန်​လူထု​ဟောပြောချက်ကို တင်ဆက်​ပါ​လိမ့်​မည်။ ယင်း​ဟောပြောချက်​တွင် အောက်ပါ​မေးခွန်းများ​နှင့်​စပ်လျဉ်း၍ မ​မှားယွင်း​နိုင်သော​နှုတ်မြွက်တော် သမ္မာကျမ်းစာ​တွင်​ပါရှိ​သည့် ဘုရားသခင်​မိန့်ဆို​ထား​ရာ​များနှင့် ကတိတော်​များ​အကြောင်း ဆွေးနွေး​သုံးသပ်​မည်​ဖြစ်သည်။

ကမ္ဘာ့​အရေးကိစ္စ​များ​ကို ဘုရားသခင် စိတ်ဝင်စား​၏​လော။

လူသား​တို့​နှင့်​စပ်လျဉ်း၍ ကိုယ်တော် မည်သို့​ခံစား​တော်​မူ​သနည်း။

သင့်​ကောင်းကျိုး​ကို ကိုယ်တော် စိတ်ဝင်စား​သလော။

၂၀၀၆၊ ဧပြီလ ၃၀၊ တနင်္ဂနွေ​နေ့၌ ဒေသ​အတော်များများ​ရှိ ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ဤ​ဟောပြောချက်ကို တင်ဆက်​ပါ​လိမ့်​မည်။ ကျင်းပ​မည့်​အချိန်​နှင့် နေရာ​လိပ်စာကို သင့်​ဒေသ​ရှိ​သက်သေခံ​များ​က ဝမ်းမြောက်​ဝမ်းသာ ပြောပြ​လို​ပါ​သည်။

ဘုရားသခင် ထိန်းချုပ်​နေဆဲ​လော ဟူ​သည့်​မေးခွန်း​ကို စိတ်​ကျေနပ်​အောင်​ဖြေဆို​ပေး​မည့် အားရှိဖွယ်​ကောင်းသော ကျမ်းစာ​အခြေပြု​ဟောပြောချက်ကို တက်ရောက်​ရန် သင့်​အား လှိုက်လှဲ​စွာ​ဖိတ်ခေါ်ပါ​သည်။