မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင် စာစောင်​များ​ကို ဖတ်ရှု​ရ​၍ တန်ဖိုး​ထား​လေးမြတ်​ခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ယနေ့ ဆိုးသွမ်းမှု အလွန်​များပြား​ရသည့် အကြောင်းရင်း​အချို့​ကား အဘယ်နည်း။

ဆိုးသွမ်း​သော​လုပ်ရပ်များ​ဖြစ်ပေါ်​ရသည့် အကြောင်းရင်း​တစ်ခု​မှာ လူတို့၏​မွေးရာပါ အဆိုး​ပြုလိုစိတ်​ကြောင့်​ဖြစ်သည်။ (ကမ္ဘာဦး ၈:၂၁) အကြောင်းရင်း​နောက်တစ်ခု မှာ လူအများစု​သည် ဘုရားသခင့်​အလိုတော်ကို တိကျ​မှန်ကန်​စွာ​မသိသော​ကြောင့်​ဖြစ်သည်။ ထို့ အပြင် ဆိုးသွမ်းမှု​၏​ပင်ရင်း​ဖြစ်သော စာတန်​သည် လူ့​ရေးရာ​များ​တွင် ဝင်ရောက်​စွက်ဖက်​နေခြင်း​တို့ ကြောင့် ဖြစ်သည်။—၁/၁၊ စာမျက်နှာ ၄-၆။

အခန့်သင့်​အချိန်တွင် ချီးမွမ်း​စကားပြော​ခြင်း​ဖြင့် အဘယ်​ကောင်းကျိုး ရရှိ နိုင်​သနည်း။ (သု. ၁၂:၂၅)

ချီးမွမ်း​ခံရ​သူအား ယုံကြည်​စိတ်ချ မှု ရှိစေ​နိုင်​သည်၊ ထို​သူအား အားပေး​လှုံ့ဆော်မှု​ဖြစ်စေ​ပြီး ရင်းနှီး​ဖော်ရွေမှု​ကို ခံစားရ​စေနိုင်​သည်။ ထို့​ပြင် ချီးမွမ်း​စကားပြော​ဆို​ဖို့​ရှာကြံ​သည့်​အခါ သူတစ်ပါး​၏​ကောင်းကွက်​ကို တွေ့ မြင်​စေ​သည်။—၁/၁၊ စာမျက်နှာ ၁၆-၁၇။

ပဋိညာဉ်သေတ္တာ​ထဲ​တွင် အဘယ်အရာ​ရှိ ခဲ့​သနည်း။

ပညတ်တော်​ကျောက်ပြား​နှစ်ပြား​အပြင် မန္နမုန့်​အနည်းငယ် ထည့်​ထားခဲ့​သည်။ ကောရ​၏​ပုန်ကန်မှု ဖြစ်ပွား​ပြီး​နောက် အာရုန်​၏​လှံတံ​ကို ထို​လူမျိုးဆက်​အတွက် သက်သေ​အဖြစ် သေတ္တာတော်​တွင် ထည့်​ထား​သည်။ (ဟေဗြဲ ၉:၄) ရှောလမုန်​တည်ဆောက်​ခဲ့​သော ဝတ်ပြုရာ​အိမ်တော်ကို မအပ်နှံ​မီ အာရုန်​၏​လှံတံ​နှင့် မန္နမုန့်​ထည့်​ထားသော​အိုး​ကို သေတ္တာတော်​မှ ထုတ်ပစ်​ခဲ့​ခြင်း​ဖြစ်​နိုင်​သည်။—၁/၁၅၊ စာမျက်နှာ ၃၁။

နေဟမိ​ခေတ်​မှ ဂျူး​များသည် အဘယ်ကြောင့် ဝတ်ပြုရာ​အိမ်တော်​သို့ ထင်း​အလှူ​ယူ​ခဲ့​ရသနည်း။

မောရှေ​ပညတ်​တွင် ထင်း​ပူဇော်ရာ​ယဇ်​ပေး​ရမည်ဟု မတောင်းဆို​ထား​ပါ။ သို့သော် နေဟမိ​ခေတ်တွင် ယဇ်​ပလ္လင်​ပေါ်​၌ ယဇ်များ​ကို​ပူဇော်​ဖို့ ထင်း​မပြတ်​ရှိနေ​ရန် လိုအပ်​ခဲ့​သည်။—၂/၁၊ စာမျက်နှာ ၁၁။

မူ​ရေ​တို​ရီ​ယန်​ကျမ်း​အပိုင်းအစ​ဟူသည် အဘယ်နည်း။

ယင်းသည် လက်တင်​စကား​ဖြင့်​ရေးသား​ထားသော လက်ရေး​စာမူ​တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်။ မူရင်း​စာသား​ကို အေဒီ ဒုတိယ​ရာစု အကုန်ပိုင်း​လောက်​တွင် ဂရိ​စကား​ဖြင့် ရေးခဲ့​သည်။ ယင်း​တွင် ယုံကြည်​စိတ်ချ​ရသော ခရစ်ယာန်​ဂရိ​ကျမ်းစောင်​များ​၏ ရှေးအကျဆုံး​စာရင်း​အပြင် ကျမ်းစောင်​များ​အကြောင်း​နှင့် ယင်းကို​ရေးသားသူ​များ​အကြောင်း ပါရှိ​သည်။—၂/၁၅၊ စာမျက်နှာ ၁၃-၁၄။

ပါးရှား​မိဖုရား​ဝါရှတိ​သည် ရှင်ဘုရင်​ထံ အခစားဝင်​ရန် အဘယ်ကြောင့် ငြင်းဆန်​ခဲ့​သနည်း။ (ဧသတာ ၁:၁၀-၁၂)

သူ၏​အကြောင်းပြချက်ကို သမ္မာကျမ်းစာ​က မဖော်​ပြ​ထား​ပါ။ သူသည် ရှင်ဘုရင်​၏ မူးယစ်​နေသော​ဧည့်သည်​များ​ရှေ့တွင် အရှက်​မရ​လို​သောကြောင့် အမိန့် တော်​ကို ငြင်းဆန်​ခြင်း​ဖြစ်သည်ဟု ကျမ်း​ပညာရှင်​အချို့​က ဆို​သည်။ အဆိုပါ​အဆင်းလှ​သော​မိဖုရား​သည် အမှန်ပင် လက်အောက်​မခံလို​သောကြောင့်​လည်း ဖြစ်​နိုင်ရာ ပါးရှား​အင်ပါယာ​ရှိ အခြား​ဇနီးသည်​များ​အတွက် ပုံသက်သေ​မကောင်း​ချေ။—၃/၁၊ စာမျက်နှာ ၉။

ရွေးနုတ်ဖိုး​က ကျွန်ုပ်​တို့ကို မည်သို့​ကယ်နုတ်​သနည်း။

ယေရှု၏​ပူဇော်ရာ​ယဇ်​သည် ကျွန်ုပ်​တို့ကို အမွေခံ​ထား​ရသော​အပြစ်​မှ ကယ်နုတ်​နိုင်​ပြီး အပြစ်​၏​ဆိုးဝါး​သော​အကျိုးဆက်များ​မှ လွတ်မြောက်​စေနိုင်​သည်။ (ရောမ ၆:၂၃) ဤ​ပူဇော်ရာ​ယဇ်​သည် မကြည်လင်​သော ကိုယ်ကို​ကိုယ်​သိသောစိတ်​မှ လွတ်​စေ​သည်။ ရွေးနုတ်ဖိုး​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့ ကျွန်ုပ်​တို့၏​အနေအထား​နှင့် ပတ်သက်​၍ စိုးရိမ်​ကြောက်ရွံ့​စိတ်​မှ လွတ်မြောက်​နိုင်​ကြသည်။ (၁ ယောဟန် ၂:၁)—၃/၁၅၊ စာမျက်နှာ ၈။

ဆိတ်​သ​ငယ်​ကို အမိနို့ရည် နှင့်​မ​ပြုတ်​မ​ချက်​ရ​ဟူသော တားမြစ်ချက်​မှ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ (ထွက်မြောက်ရာ ၂၃:၁၉)

ထိုသို့​ချက်ပြုတ်ခြင်း​သည် အယူမှား​သူတို့၏ မိုး​ခေါ်​နည်း​ဖြစ်​ခဲ့​ပေမည်။ (ဝတ်ပြုရာ ၂၀:၂၃) ဘုရားသခင်​သည် မိခင်၏​နို့ ရည်​ဖြင့် သားငယ်ကို အာဟာရ​ဖြစ်စေ​ကာ ကြီးထွား​စေတော်မူ​၏။ သားငယ်ကို ၎င်း​၏​အမိနို့ရည် နှင့် ချက်ပြုတ်ခြင်း​သည် ဘုရားသခင် တည်ထောင်​ထားသော မိဘ​နှင့်​သားသမီး​စပ်ကြား ချစ်ခင်​ရင်းနှီးမှုကို မ​ခန့်​လေးစား​ပြု​ရာ ရောက်​ပေမည်။ ဤသို့​တားမြစ်​ထားခြင်း​က ဘုရားသခင်​၏​သနား​ကြင်နာ​မှု​ကို ဖော်ပြ​သည်။—၄/၁၊ စာမျက်နှာ ၃၁။