မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူ့ယုံကြည်ခြင်းက အခြားသူများကိုအားပေး

သူ့ယုံကြည်ခြင်းက အခြားသူများကိုအားပေး

သူ့​ယုံကြည်ခြင်းက အခြား​သူများကို​အားပေး

စေးလ်ဗီ​ယာ​ကို ၁၉၉၂၊ ဒီဇင်ဘာ​လ​တွင် မွေးဖွား​ခဲ့​စဉ်​က သူသည် အလွန်​ကျန်းမာ​သော မိန်းကလေး​တစ်ဦး​ဖြစ်ပုံရ​သည်။ သို့သော် နှစ်နှစ်​အရွယ်​တွင် အသက်ရှူ​လမ်းကြောင်း​နှင့် အစာ​ခြေ​လမ်းကြောင်း​တို့ကို အကြီးအကျယ်​ထိခိုက်​စေသော ကုသ​မရနိုင်​သည့် အရည်အိတ်မျှင်​ထူပွား​ရောဂါ​ရှိကြောင်း သိလာ​ရသည်။ ထို​ရောဂါ​အတွက် တစ်နေ့​လျှင် ဆေး ၃၆ လုံး​သောက်​ရသည့်​အပြင် ဆေး​ငွေ့​များလည်း​ရှူ​ရ၊ ကာယ​ကုထုံး​ဖြင့်​လည်း ကုသ​ခံရ​သည်။ သူ၏​အဆုတ်​သည် ပုံ မှန်​အရွယ်အစား​၏ ၂၅ ရာခိုင်နှုန်း​သာ​ရှိသဖြင့် အပြင်ထွက်​လျှင်​ပင် အောက်ဆီဂျင်​ဘူး ဆောင်​သွား​ရသည်။

သူ့ အမေ​ဖြစ်သူ ထ​ရေ​ဇာ ဤသို့ ပြော​၏– “ဒါပေမဲ့ ဒီ​ရောဂါ​ကို သူ​ခံနိုင်ရည်​ရှိတာ အံ့ဩစရာ​ပဲ။ ကျမ်းစာ​အသိပညာ​ရှိတဲ့​အတွက် သူ့မှာ ခိုင်မာ​တဲ့​ယုံ ကြည်​ခြင်း​ရှိတယ်။ ဒီ​ယုံ ကြည်​ခြင်း​က ဝမ်းနည်းစရာ​တွေ​နဲ့ အဆင်မပြေ မှု​တွေ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ဖို့ ကူညီ​ပေး​တယ်။ ယေဟောဝါ​ကတိပေး​ထား​တဲ့ ရောဂါ​အားလုံး​ပျောက်ကင်း​မယ့် ကမ္ဘာသစ်​ကို သူ​အမြဲ​သတိ​ရတယ်။” (ဗျာ. ၂၁:၄) တစ်ခါတစ်ရံ သူ့​မိသားစု စိတ်ဓာတ်ကျ​သည့်​အခါ စေးလ်ဗီ​ယာ​၏ ယုံကြည်​စိတ်ချမှု​အပြည့်​ပါ​သော​အပြုံး​က သူတို့ကို စိတ်အားတက်​လာ​စေ​သည်။ သူ့​မိဘ​နှင့်​အစ်ကို,ကို သူ​ဤသို့​ပြော​၏– “အခု​ခံစား​ရတဲ့ ဝေဒနာ​အားလုံး​ကို ကမ္ဘာသစ်​အသက်တာနဲ့ အစားထိုး​မှာ​ပါ။”

စေးလ်ဗီ​ယာ​သည် အခြား​သူများကို သမ္မာကျမ်းစာ​သတင်းကောင်း မှန်မှန်​ပြောပြ​သည့်​အပြင် သူနှင့်​စကားပြော​သူတို့က သူ​ပျော်ရွှင်​နေကြောင်း သတိပြုမိ​ကြသည်။ သူ​အစည်းအဝေး​တက်ရောက်​သည့် ကနေ​ရီ​ကျွန်းစု ရှိ ခရစ်ယာန်​အသင်းတော်​သားများ​သည် သူ​ပေး​သည့်​မှတ်ချက်များ​ကို နားထောင်​ရခြင်း၊ အစည်းအဝေး​များ​တွင် သူပါ​ဝင်​သည်ကို တွေ့ မြင်ရ​ခြင်း​တို့ကို လွန်​စွာ​နှစ်သက်​ကြသည်။ ထို့​ပြင် စေးလ်ဗီ​ယာ​သည် စည်းဝေးများ​ပြီး​သည့်​အခါ ချက်ချင်း​ပြန်​မသွား​ဘဲ ခရစ်ယာန်​ညီအစ်ကို​ညီအစ်မ​များနှင့် စကားပြော​ဆို​တတ်​သည်။ သူ၏ ခင်မင်​ဖော်ရွေမှု၊ ကြည်လင်​ရွှင်​ပျ​မှု​တို့​ကြောင့် အသင်းတော်​ရှိသူ​တိုင်း သူ့ကို​ချစ်​ကြသည်။

သူ့ အဖေ​ဖြစ်သူ  အန်တိုနီယို​က  ဤသို့​ပြောပြ​၏– “စေးလ်ဗီ​ယာ​က ကျွန်တော်​တို့ကို သိပ်​အရေးကြီးတဲ့ သင်ခန်းစာ​တစ်ခု သင်ပေးတယ်။ အဲဒါ​က​တော့ ကျွန်တော်​တို့​မှာ ပြဿနာ​တွေ​ရှိနေရင်တောင် အသက်ဟာ ဘုရားသခင်​ပေး​တဲ့​လက်ဆောင်​ဖြစ်​လို့ တန်ဖိုး​ထား​သင့်တယ်​ဆိုတာ​ပဲ။” “မြို့သား​က​လည်း ငါ​နာ​သည်​ဟု မဆို​ရ” တော့​မည်​အချိန်ကို စေးလ်ဗီ​ယာ ကဲ့သို့​ပင် ဘုရားသခင့်​ကျေးကျွန်​အားလုံး စိတ်​ထက်သန်​စွာ စောင့်မျှော်​နေကြပါ​သည်။—ဟေရှာယ ၃၃:၂၄

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

အမေဖြစ်သူက​အောက်ဆီဂျင်​ဘူး ကိုင်ထား​ပေး​စဉ် စေးလ်ဗီ​ယာ ကျမ်းချက်​တစ်ချက်​ဖတ်ပြ​နေ