မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

နယပုံပြင် ၈:၂၂-၃၁ ပါ ဉာဏ်ပညာ​၏​ပြယုဂ်​သည် ယေရှု​ခရစ်​၏ လူသား​မတိုင်မီ​အသက်တာ​နှင့်​သက်ဆိုင်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရ​သနည်း။

နယပုံပြင်​ကျမ်း​တွင်​တွေ့ရသော ဉာဏ်ပညာ​၏ မှုတ်သွင်းခံ​ပြယုဂ်​နှင့်​ပတ်သက်​၍ ဤသို့​ဖတ်​ရသည်– ‘ထာဝရ​ဘုရားသခင်​သည် ရှေး​အမှုတော်ကို​မပြု​မီ ထွက်ကြွ​တော်​မူ​စ​က​ပင် ငါ့ကို​ပိုင်တော်မူ​၏။ . . . တောင်ကြီး​မတည်၊ တောင်​ငယ်​မဖြစ်မီ၊ . . . ငါ့ကို​ဖြစ်ပွား​စေတော်မူ​၏။ မိုးကောင်းကင်ကို​ပြင်​တော်​မူ​သောအခါ ငါ​ရှိ၏။ . . . ငါသည်​ကျွေးမွေး​တော်​မူ​သော​သား [“ကျွမ်းကျင်​လုပ်သား၊” က​ဘ] ကဲ့သို့ အထံတော်ပါး​တွင်​နေ၍ အစဉ်မပြတ်​မွေ့လျော်​တော်​မူ​ရာ​ဖြစ်၏။ ရှေ့တော်၌​အစဉ်မပြတ်​ကစား​လျက် . . . လူသား​တို့နှင့်​ပေါင်းဖော်​၍ ပျော်ပါး​လျက်​နေ​၏။’

ထို​ကျမ်းချက်​သည် မြင့်မြတ်​သော​ဉာဏ်ပညာ သို့​မဟုတ် စိတ်ကူး​ဉာဏ်​သက်​သက်​ကို​သာ ဆိုလို​နေခြင်း​မဖြစ်​နိုင်​ချေ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ထို​တွင်​ဖော်ပြ​ထားသော ဉာဏ်ပညာ​ကို ရှေး​အမှုတော်​တို့ကို​မပြု​မီ​က​ပင် ယေဟောဝါ “ပိုင်တော်မူ” သို့​မဟုတ် ဖန်ဆင်း​တော်​မူ​ခဲ့​၍​ဖြစ်သည်။ ယေဟောဝါ​ဘုရားသခင်​သည် အစဉ်အမြဲ​တည်ရှိ​ပြီး ဉာဏ်ပညာ​အမြဲ​ရှိ​တော်​မူ​၏။ (ဆာလံ ၉၀:၁၊ ၂) ကိုယ်တော်​၏​ဉာဏ်ပညာ​သည် အစ​မရှိ၊ ဖန်ဆင်း​ခံရ​ခြင်း​မဟုတ်။ တစ်စုံ​တစ်ဦး​က “ဖြစ်ပွား​စေတော်မူ” ခဲ့​ခြင်း​လည်း​မဟုတ်ပေ။ ထို့​ပြင် ယင်း​ဉာဏ်ပညာ​ကို ပြောဆို​ပြုမူ​တတ်​သည့် ပုဂ္ဂိုလ်​တစ်ဦး​အဖြစ် ပုံဖော်​ထား​သည်။—သု. ၈:၁

နယပုံပြင်​ကျမ်း​က ဉာဏ်ပညာ​သည် ဖန်ဆင်း​ရှင်​ယေဟောဝါ​၏ နံဘေး​တွင် “ကျွမ်းကျင်​လုပ်သား” တစ်ဦး​အဖြစ် ကြာမြင့်စွာ​က​ပင် တည်ရှိ​ခဲ့​ကြောင်း ဖော်ပြ​သည်။ ယင်းသည် ယေရှု​နှင့်​အမှန်​သက်ဆိုင်​သည်။ မြေကြီးပေါ်​မလာ​မီ ကြာမြင့်စွာ​က​ပင် ယေရှုသည် ယေဟောဝါ​နှင့်​နီးကပ်​စွာ အလုပ်လုပ်​ခဲ့​ရာ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သားတော်​သည်လည်း ခပ်သိမ်း​သော​အရာ​မဖြစ်မီ​ဖြစ်​တော်​မူ​၍ ခပ်သိမ်း​သော​အရာ​တို့သည် တန်ခိုးတော်​အားဖြင့်​သာ​တည်​ကြ​၏။”—ကောလောသဲ ၁:၁၇; ဗျာ. ၃:၁၄

ဘုရားသခင့်​သားတော်​သည် ယေဟောဝါ​၏​ဉာဏ်ပညာ​ရှိသည့် ရည်ရွယ်​တော်​မူ​ချက်​များနှင့် အမိန့်တော်​များ​ကို ဖော်ပြ​တော်​မူ​သော​သူ​ဖြစ်သော​ကြောင့် ကိုယ်တော့်​ကို ဉာဏ်ပညာ​အဖြစ် သရုပ်ဖော်​ထားခြင်း​မှာ သင့်လျော်​သည်။ လူသား​မဖြစ်မီ​က ယေရှုသည် ဘုရားသခင့်​နှုတ်မြွက်တော် သို့​မဟုတ် ပြောရေးဆိုခွင့်​ရှိသူ​ဖြစ်​ခဲ့​သည်။ (ယောဟန် ၁:၁) “ဘုရားသခင်​၏​တန်ခိုးတော်​နှင့် ဘုရားသခင်​၏​ပညာတော်” အဖြစ် ဖော်ပြခြင်း​ခံရ​သည်။ (၁ ကောရိန္သု ၁:၂၄၊ ၃၀) ယင်းသည် လူသား​တို့ကို ချစ်ခင်​စုံမက်​သောကြောင့် မိမိ​အသက်ကို သူတို့​အတွက် ရွေးဖိုး​အဖြစ်​ပေး​ခဲ့​သော ဘုရားသခင်​၏​သားတော်​နှင့်​ပတ်သက်​သည့် အလွန်​ထိမိ​သော​ဖော်ပြချက်​ပင်။—ယောဟန် ၃:၁၆

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

‘တောင်ကြီး​မတည်မီ ငါ့ကို​ဖြစ်ပွား​စေတော်မူ​၏’