မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင်​စာစောင်​များ​ဖတ်ရှု​ရသည်ကို သင်​သဘောကျခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ဆာလံ ၇၂:၁၂ တွင်​ဖော်ပြ​ထား​ချက်​အရ ယေရှုသည် ‘ဆင်းရဲသော​သူကို’ မည်သို့ ‘ချမ်းသာ’ ပေး​မည်​နည်း။

ကိုယ်တော်​အုပ်ချုပ်ချိန်​တွင် အကျင့်​ယိုယွင်းမှု​မရှိဘဲ လူတိုင်း​အတွက် တရား​မျှတမှု​ရှိ​ပေ​လိမ့်​မည်။ စစ်ဒဏ်​ကြောင့် ဆင်းရဲ​မွဲတေ​ခဲ့​ရ​သော်လည်း ခရစ်တော်​သည် ပြည့်ဝ​စုံလင်သော​ငြိမ်သက်ခြင်း​ကို ဆောင်ကြဉ်း​ပေး​လိမ့်​မည်။ ကိုယ်တော်​သည် လူ​တို့ကို စာနာမှု​ပြ​ကာ လူ​ခပ်သိမ်း​ကို စည်းလုံးစေ​ပြီး အစာရေစာ​အလုံအလောက်​ရရှိစေ​မည်​ဖြစ်သည်။ (ဆာလံ ၇၂:၄-၁၆)—၅/၁၊ စာမျက်နှာ ၇။

ခရစ်ယာန်​များ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် ‘လွတ်လပ်​စွာ​ပြောဆို​ခွင့်’ ကို မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။ (၁ တိမောသေ ၃:၁၃; ဖိလေမုန် ၈; ဟေဗြဲ ၄:၁၆)

အခြား​သူများကို စိတ်​ထက်သန်မှု​ဖြင့် ရဲရင့်စွာ​ဟောပြောခြင်း၊ ချက်ချင်း​လက်ငင်း ထိရောက်​စွာ သွန်သင်​အကြံဉာဏ်​ပေးခြင်း၊ ဘုရားသခင်​နားညောင်း​ကာ အဖြေပေး​မည်​ဟူ၍ ယုံကြည်​စိတ်ချ​လျက် ရင်ဖွင့်​ဆုတောင်းခြင်း​တို့အား​ဖြင့် လွတ်လပ်​စွာ​ပြောဆို​နိုင်​ကြသည်။—၅/၁၅၊ စာမျက်နှာ ၁၄-၁၆။

ပညတ်တရား​အောက်တွင် လိင်ဆိုင်ရာ​သဘာဝ​လုပ်ဆောင်မှု​အချို့​သည် လူတစ်ဦးကို အဘယ်ကြောင့် ‘မ​စင်​မ​ကြယ်’ ဖြစ်စေ​သနည်း။

သု​က်​ရည်​ထွက်​ခြင်း၊ ဥတု​ရောက်​ခြင်း​နှင့် မီးဖွား​ခြင်း​တို့​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်​ခြင်း​နှင့်​ပတ်သက်သော ပညတ်တရား​က ကျန်းမာ​သန့်ရှင်းသော​ဘဝ​ပုံစံ​ကို မြှင့်တင်​ပေး​ပြီး အသွေး​၏​သန့်ရှင်း​မြင့်မြတ်မှု​ကို ပေါ်လွင်​စေ​ကာ အပြစ်ဖြေ​ရန် လိုအပ်ကြောင်း ဖော်ပြ​သည်။—၆/၁၊ စာမျက်နှာ ၃၁။

လူတစ်ဦး ပျော်ရွှင်​လို​ပါ​က ဆာလံကျမ်း​ကို အဘယ်ကြောင့် သုံးသပ်​သင့်​သနည်း။

ပျော်ရွှင်မှု​ကို ဘုရားသခင်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​မှ ရရှိနိုင်​ကြောင်း ဆာလံကျမ်း​ရေးသူ​များ သိရှိ​ကြသည်။ (ဆာလံ ၁၁၂:၁) မည်သည့်​လူသား​ဆက်ဆံ​ရေး၊ မည်သည့်​ပစ္စည်းဥစ္စာ၊ မည်သည့်​ပြီးမြောက်​အောင်မြင်မှု​က​မျှ ‘ယေဟောဝါ​၏​လူမျိုး’ ပိုင်ဆိုင်​ထားသော ပျော်ရွှင်မှု​မျိုးကို မပေးနိုင်​ကြောင်း ပေါ်လွင်​စေ​သည်။ (ဆာလံ ၁၄၄:၁၅)—၆/၁၅၊ စာမျက်နှာ ၁၂။

ယေဟောဝါ​သည် ရှေး​ဣသရေလ​လူမျိုး​နှင့် အဘယ်​အထူး​ဆက်ဆံ​ရေး​ရှိခဲ့​သနည်း။

ဘီစီ ၁၅၁၃ ခုနှစ်​တွင် ယေဟောဝါ​သည် ဣသရေလ​လူမျိုး​နှင့် ဆက်ဆံ​ရေး​အသစ်​တစ်ရပ်​ကို ထူထောင်​ကာ ပဋိညာဉ်​သစ်​ဖွဲ့ခဲ့​သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ၂၄:၇) ထို​အချိန်​နောက်ပိုင်း ဣသရေလလူ​တို့သည် ဘုရားသခင်​ကို​အပ်နှံ​ထား​သည့် ရွေးချယ်​ထားသော​လူမျိုး​အဖြစ် ဖွားမြင်​ခဲ့​သည်။ သို့​တိုင် တစ်ဦးချင်း​စီ​အနေ​နှင့် ဘုရားသခင်​ကို​ဝတ်ပြု​ရန် ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ချ​ကြ​ရမည်။—၇/၁၊ စာမျက်နှာ ၂၁-၂။

အဘယ်ကြောင့် “ပြု​လေ​သမျှ​တို့​၌ မြည်တမ်း​ခြင်း၊ ငြင်းခုံခြင်း​မရှိဘဲ​ပြု” ရမည်​နည်း။ (ဖိလိပ္ပိ ၂:၁၄)

ညည်းညူ​မြည်တမ်း​ခြင်း​သည် ဘုရားသခင့်​လူမျိုးတော်ကို များစွာ​ပျက်စီး​စေ​ကြောင်း ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သည့် ကျမ်းစာ​ပုံ​နမူနာ​အများ​က ဖော်ပြ​သည်။ ထို့​ကြောင့် ယင်းသည် ယနေ့လည်း တဖြည်းဖြည်း​တိုက်စား​သွား​နိုင်​ကြောင်း အလေးအနက်​စဉ်းစား​သင့်​သည်။ မစုံလင်သူ​လူသားများ​သည် ညည်းညူ​တတ်​သည့်​ဝသီ​ရှိကြ​၏။ ယင်းကို ရှောင်သင့်​သည်။—၇/၁၅၊ စာမျက်နှာ ၁၆-၁၇။

နယပုံပြင် ၈:၂၂-၃၁ တွင် ဖော်ပြ​ထားသော ဉာဏ်ပညာ​သည် စိတ်ကူး​ဉာဏ်​သက်​သက်​ကို​သာ ဆိုလိုခြင်း​မဟုတ်​ကြောင်း မည်သို့​သိရှိ​ရသနည်း။

ယေဟောဝါ​သည် ရှေး​အမှုတော်ကို​မပြု​မီ​က​ပင် ထို​ဉာဏ်ပညာ​ကို “ပိုင်တော်မူ” သို့​မဟုတ် ဖန်ဆင်း​တော်​မူ​ခဲ့​၍​ဖြစ်သည်။ ယေဟောဝါ​ဘုရားသခင်​သည် အစဉ်အမြဲ​တည်ရှိ​ပြီး ဉာဏ်ပညာ​အမြဲ​ရှိ​တော်​မူ​၏။ ကိုယ်တော်​၏​ဉာဏ်ပညာ​သည် ဖန်ဆင်း​ခံရ​ခြင်း​မဟုတ်။ သု. ၈:၂၂-၃၁ ပါ ဉာဏ်ပညာ​သည် “ကျွမ်းကျင်​လုပ်သား” အဖြစ် ဘုရားသခင်​ထံ​ပါး​တွင်​ရှိခဲ့​ပြီး ဖန်ဆင်း​ခြင်း​လုပ်ငန်း​တွင် ဘုရားသခင်​နှင့်​နီးကပ်​စွာ​အလုပ်လုပ်​ခဲ့​သော ဝိညာဉ်​သတ္တဝါ​ယေရှု​ဖြစ်သည်။ (ကောလောသဲ ၁:၁၇; ဗျာဒိတ် ၃:၁၄)—၈/၁၊ စာမျက်နှာ ၃၁။