မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏!”

“ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ၏!”

“ကိုယ်တော်​၏​တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ​၏!”

ဆာလံ ၁၁၉ သည် ဘုရားသခင့်​နှုတ်မြွက်တော်​အပေါ် ဆာလံဆရာ​၏​ခံစားချက်​ကို ရေးဖွဲ့ထား​သော သီချင်း​တစ်ပုဒ်​ဖြစ်သည်။ သူ​ဤသို့​သီဆို​ခဲ့​၏– ‘ကိုယ်တော်​၏ နှုတ်မြွက်တော်​ကို နှလုံး​ထဲမှာ​သိုထား​ပါ​ပြီ။’ “အထုံးအဖွဲ့တော်​တို့​၌ မွေ့လျော်​ပါ​၏။” “စီရင်တော်မူချက်​တို့ကို အစဉ်မပြတ်​တောင့်တ​သော​အားဖြင့် အကျွန်ုပ်၏​စိတ်နှလုံး​ကြေကွဲ​လျက်​ရှိပါ၏။” ‘သက်သေခံ​တော်​မူ​ချက်​တို့သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ကြ​ပါ​၏။’ ‘ပေး​တော်​မူ​သော ဆုံးမ​စကား​များ​ကို တောင့်တ​ပါ​၏။’ “အကျွန်ုပ်သည် နှစ်သက်သော​ပညတ်တော်​တို့​၌ မွေ့လျော်​ပါ​မည်။” “အထုံးအဖွဲ့တော်​တို့ကို ဆင်ခြင်​အောက်မေ့ပါ​မည်။” “ကိုယ်တော်​၏​တရားကို အကျွန်ုပ်သည်​အလွန်​နှစ်သက်ပါ​၏။ တစ်နေ့လုံး ဆင်ခြင်​အောက်မေ့​လျက်​နေပါ​၏။”—ဆာလံ ၁၁၉:၁၁၊ ၁၆၊ ၂၀၊ ၂၄၊ ၄၀၊ ၄၇၊ ၄၈၊ ၉၇

ဘုရားသခင့် နှုတ်မြွက်​စကားတော်​ကို ဆာလံဆရာ အလွန်​တန်ဖိုး​ထား​လေးမြတ်​ခဲ့​သည်​တကား! ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာ​ကျမ်းစာ​ပါ သတင်း​စကား​နှင့်​ပတ်သက်​၍ သင်လည်း ထပ်တူ​ခံစားရ​သလော။ ယင်း​နှင့်​ပတ်သက်​၍ အလားတူ နှစ်သက်​မွေ့လျော်​မှု​မျိုးကို ပြုစု​ပျိုးထောင်​လို​သလော။ သို့​ဆိုပါ​က ဦးဆုံး​အနေ​ဖြင့် သမ္မာကျမ်းစာ မှန်မှန်​ဖတ်​သည့်​အကျင့်၊ ဖြစ်​နိုင်​လျှင် နေ့စဉ်​ဖတ်​သည့်​အကျင့် ရှိလာစေဖို့​လို​သည်။ ယေရှု​ခရစ်​ဤသို့​ဆို​၏– “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်။” (မဿဲ ၄:၄) ဒုတိယ​အနေ​နှင့် ဖတ်ရှု​သည့်​အရာ​ကို တွေးတော​ဆင်ခြင်​ရမည်။ ဘုရားသခင်၊ ကိုယ်တော့်​ဂုဏ်ရည်တော်​များ၊ ကိုယ်တော့်​အလိုတော်နှင့် ရည်ရွယ်ချက်​တို့​အကြောင်း အမှန်တရားကို တွေးတော​ဆင်ခြင်ခြင်း​ဖြင့် ကျမ်းစာ​ကို လေးမြတ်စိတ်​တိုးပွား​လာ​မည်။ (ဆာလံ ၁၄၃:၅) အရေးကြီးဆုံး​မှာ နေ့စဉ်​အသက်တာတွင် ကျမ်းစာ​သွန်သင်ချက်​များ​ကို လိုက်လျှောက်ခြင်း​ဖြစ်သည်။—လုကာ ၁၁:၂၈; ယောဟန် ၁၃:၁၇

သမ္မာကျမ်းစာ​ကို နှစ်သက်​မွေ့လျော်​စိတ် ပျိုးထောင်​ပေးခြင်း​က သင့်ကို မည်သို့​အကျိုးပြု​သနည်း။ ‘ဘုရားသခင့်​သတိပေး​ချက်​များ​ကို စောင့်ရှောက်သော​သူတို့သည် ပျော်ရွှင်​ကြ​၏’ ဟု ဆာလံ ၁၁၉:၂၊ [က​ဘ] က​ဆို​သည်။ သမ္မာကျမ်းစာ​တွင် တွေ့ရ​သော သတိပေး​ချက်​များ​က ဘဝ​ပြဿနာ​များ​ကို အောင်မြင်စွာ​ဖြေရှင်း​နိုင်​စေ​သည်။ (ဆာလံ ၁:၁-၃) “မကောင်းသော​လမ်း​ရှိသမျှ​တို့ကို လွှဲရှောင်” နိုင်​စေသည့် ဉာဏ်ပညာ၊ ထိုးထွင်း​သိမြင်မှု​နှင့် သိနားလည်မှု​တို့ကို သင်​ရရှိ​ပေ​လိမ့်​မည်။ (ဆာလံ ၁၁၉:၉၈-၁၀၁) ဘုရားသခင်​အကြောင်း၊ ကမ္ဘာ​မြေ​အတွက် ကိုယ်တော့်​ရည်ရွယ်ချက်​အကြောင်း အမှန်တရားကို​သိရှိခြင်းက သင့်​ဘဝကို ပို​အဓိပ္ပာယ်​ရှိစေပြီး အနာဂတ်​တွင် တောက်ပ​သော​မျှော်လင့်ချက်​ရှိစေသည်။—ဟေရှာယ ၄၅:၁၈; ယောဟန် ၁၇:၃; ဗျာ. ၂၁:၃၊ ၄

ယေဟောဝါသက်သေ​များသည် အခြားသူ​တို့ သမ္မာကျမ်းစာ​အကြောင်း သိရှိ​လာပြီး ယင်း​၏​သတင်းစကားကို နှစ်သက်​မြတ်နိုး​စိတ် တိုးပွား​လာရန် အလွန်​ကူညီ​ပေး​လို​ကြ​ပါ​သည်။ အောက်ပါ​ကမ်းလှမ်းချက်​ကို လက်ခံဖို့ သင့်ကို ကျွန်ုပ်​တို့ လှိုက်လှဲ​စွာ​ဖိတ်ခေါ်ပါ​သည်။