ဆဲန်ဟီဒရင်၌ လွှတ်အရာရှိတို့ စုဝေးကြ
ဆဲန်ဟီဒရင်၌ လွှတ်အရာရှိတို့ စုဝေးကြ
ယဇ်ပုရောဟိတ်မင်းနှင့် ဂျူးခေါင်းဆောင်များ အကျပ်ရိုက်နေကြသည်။ ယေရှုခရစ်နှင့်ပတ်သက်၍ ရုတ်ရုတ်သဲသဲဖြစ်နေခြင်းကို ငြိမ်သွားစေရန် သူတို့ဘာလုပ်နိုင်မည်နည်း။ သူတို့သည် ယေရှုကို အောင်မြင်စွာကွပ်မျက်ခဲ့ပြီးဖြစ်သော်လည်း ယခု ကိုယ်တော်ရှင်ပြန်ထမြောက်သည့်အကြောင်းကို တပည့်များက ယေရုရှလင်မြို့အနှံ့ ဟောပြောနေကြသည်။ သူတို့နှုတ်ဆိတ်သွားအောင် မည်သို့ပြုနိုင်မည်နည်း။ ယင်းကိုဆုံးဖြတ်ရန် ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် ဂျူးတရားရုံးချုပ် ဆဲန်ဟီဒရင်၌ ‘လွှတ်အရာရှိတို့ကို စုဝေးစေ’ သည်။—တမန်တော် ၅:၂၁။
ပထမရာစုအချိန်က ဣသရေလပြည်တွင် ရောမဘုရင်ခံပုန္တိပိလတ်သည် အမြင့်ဆုံးအာဏာပိုင်ဖြစ်သည်။ သို့ဆိုလျှင် ဆဲန်ဟီဒရင်သည် ပိလတ်နှင့် မည်သို့ပူးပေါင်းလုပ်ဆောင်ခဲ့သနည်း။ ဆဲန်ဟီဒရင်သည် အဘယ်အတိုင်းအတာအထိ တရားစီရင်ပိုင်ခွင့်ရှိသနည်း။ ယင်းကို မည်သို့ဖွဲ့စည်းထားသနည်း။ ယင်းသည် မည်သို့လုပ်ဆောင်သနည်း။
ဆဲန်ဟီဒရင် ဖြစ်ပေါ်လာပုံ
“ဆဲန်ဟီဒရင်” ဟုပြန်ဆိုသော ဂရိစကားလုံး၏စာသားအရအဓိပ္ပာယ်မှာ “အတူတကွထိုင်ခြင်း” ဖြစ်သည်။ စုဝေးမှု သို့မဟုတ် အစည်းအဝေးတစ်ခုအတွက် ယေဘုယျသုံးနှုန်းသောဝေါဟာရဖြစ်သည်။ ဂျူးဓလေ့ထုံးတမ်းတွင်မူ ဘာသာရေးဆိုင်ရာ တရားရေးအဖွဲ့ သို့မဟုတ် တရားရုံးကို ရည်ညွှန်းလေ့ရှိသည်။
အေဒီ ၇၀ တွင် ယေရုရှလင်မြို့ဖျက်ဆီးခံရပြီးနောက် စုဆောင်းပြုစုခဲ့သော တာလ်မွတ်ကျမ်းကို ရေးသားသူများက ဆဲန်ဟီဒရင်အား ရှေးကျသောအဖွဲ့တစ်ခုအဖြစ်ဖော်ပြသည်။ ယင်းသည် ဂျူးပညတ်ကိုဆွေးနွေးရန် စုဝေးကြသော ပညာရှင်များနှင့်ဖွဲ့စည်းထားပြီး ဣသရေလလူတို့ကိုဦးဆောင်ရာတွင် မောရှေကိုကူညီရန် အသက်ကြီးသူ ၇၀ ကို စုဝေးစေသည့်အချိန်မှအစပြုသည်ဟု သူတို့တောလည်ရာ ၁၁:၁၆၊ ၁၇) သမိုင်းပညာရှင်များမူ ထိုအချက်ကိုလက်မခံပေ။ သူတို့က ဣသရေလနိုင်ငံကို ပါးရှားကြီးစိုးချိန်အထိ ပထမရာစုဆဲန်ဟီဒရင်နှင့်ဆင်တူသည့်အဖွဲ့ မပေါ်ပေါက်သေးဟူ၍ဆိုကြ၏။ ထို့ပြင် တာလမွတ်ကျမ်းရေးသူတို့၏ အယူအဆသည် ပထမရာစုဆဲန်ဟီဒရင်ထက် ဒုတိယနှင့်တတိယရာစုရှိ ရဗ္ဗိပညာတတ်အုပ်စုနှင့် ပိုကိုက်ညီသည်ဟု သမိုင်းပညာရှင်များ ယူမှတ်ကြ၏။ သို့ဆိုလျှင် ဆဲန်ဟီဒရင်သည် အဘယ်အချိန်တွင် ဖြစ်ပေါ်လာသနည်း။
ယူဆကြသည်။ (ဘီစီ ၅၃၇ ၌ဗာဗုလုန်မှ ယုဒပြည်သို့ပြန်လာကြသော သုံ့ပန်းများသည် အမျိုးသားရေးအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းခဲ့သည်ဟု သမ္မာကျမ်းစာဖော်ပြ၏။ နေဟမိနှင့်ဧဇရတို့သည် မင်းများ၊ အသက်ကြီးသူများ၊ မှူးမတ်များ၊ မင်းအရာရှိများအကြောင်းဖော်ပြခဲ့ပြီး ယင်းသည် ဆဲန်ဟီဒရင်၏အစဖြစ်ပုံရသည်။—ဧဇရ ၁၀:၈; နေဟမိ ၅:၇။
ဟေဗြဲကျမ်းစာအပြီးသတ်ချိန်မှ မဿဲခရစ်ဝင်ကျမ်း စုဆောင်းပြုစုချိန်အထိသည် ဂျူးတို့အတွက် ကသောင်းကနင်းနိုင်သောကာလတစ်ခုဖြစ်ခဲ့သည်။ ဘီစီ ၃၃၂ တွင် မဟာအလက်ဇန္ဒားသည် ယုဒနယ်ကိုထိန်းချုပ်လိုက်သည်။ မဟာအလက်ဇန္ဒားကွယ်လွန်ပြီးနောက် ယုဒနယ်သည် ဂရိနိုင်ငံနှစ်ခုလက်အောက်ကျရောက်ခဲ့ရာ တော်လမီမင်းဆက်နှင့် နောက်ပိုင်းတွင် စီလူးကပ်စ်မင်းဆက်တို့လက်အောက်ဖြစ်သည်။ ဘီစီ ၁၉၈ တွင်စတင်သော စီလူးကပ်စ်မင်းဆက်အုပ်ချုပ်မှုမှတ်တမ်းတွင် ဂျူးအထက်လွှတ်တော်အကြောင်း ဦးဆုံးတွေ့ရသည်။ ယင်းသည် အခွင့်အာဏာအကန့်အသတ်ရှိပုံရသော်လည်း ဂျူးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးတစ်ခုသဖွယ်ဖြစ်ခဲ့၏။
ဘီစီ ၁၆၇ တွင် စီလူးကပ်စ်မင်းဆက်မှ စတုတ္ထမြောက်အဲန်တိုင်းအားကပ်စ် (အီပိဖနစ္စ) သည် ဂျူးများကို ဂရိယဉ်ကျေးမှုထဲဆွဲသွင်းရန် ကြိုးစားခဲ့သည်။ သူသည် ယေရုရှလင်ဝတ်ပြုရာအိမ်တော်ရှိ ယဇ်ပလ္လင်တွင် ဇုသနတ်ဘုရားအတွက် ဝက်ကိုပူဇော်ခြင်းဖြင့် မခန့်လေးစားပြုခဲ့သည်။ ထိုကြောင့် စီလူးကပ်စ်မင်းဆက်အုပ်စိုးမှုအောက်မှ မက္ကဘီးတို့ရုန်းထွက်ချိန်တွင် ပုန်ကန်မှုပေါ်ပေါက်ခဲ့ပြီး ဟာစမိုနီယန်မင်းဆက်ကို တည်ထောင်ကြသည်။ * ထိုအချိန်တွင်ပင် ပုန်ကန်မှုကိုအားပေးထောက်ခံသော ကျမ်းတတ်များနှင့်ဖာရိရှဲများသည် နိုင်ငံစီမံခန့်ခွဲရေးတွင် အာဏာရလာသည့်အတွက် ယဇ်ပုရောဟိတ်တို့၏အာဏာဆုံးရှုံးခဲ့ရသည်။
ဂရိကျမ်းစာပါ ဆဲန်ဟီဒရင် ဖြစ်ပေါ်လာလေပြီ။ ယင်းသည် အမျိုးသားအုပ်ချုပ်ရေးကောင်စီဖြစ်လာပြီး ဂျူးပညတ်တရားများကိုအနက်ဖွင့်ဆိုသော တရားရုံးချုပ်ဖြစ်လာသည်။
အခွင့်အာဏာ မျှမျှတတ
ပထမရာစုတွင် ယုဒနယ်ကို ရောမတို့သိမ်းပိုက်လိုက်သည်။ သို့သော် ဂျူးများသည် လွတ်လပ်မှုအတော်အတန်ရရှိကြသည်။ ရောမပေါ်လစီအရ လက်အောက်ခံပြည်သားများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသည်။ ထို့ကြောင့် ဒေသခံတရားရုံးများ၏လုပ်ဆောင်မှုကို ရောမအရာရှိများ ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့်အပြင် ယဉ်ကျေးမှုကွဲပြားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကိုလည်း ရှောင်ရှားကြ၏။ ရည်ရွယ်ချက်မှာ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်စေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းအားဖြင့် ငြိမ်သက်အေးချမ်းစေရန်နှင့် ရောမတို့အပေါ် သစ္စာစောင့်သိစေရန်ဖြစ်၏။ ရောမတို့သည် ဆဲန်ဟီဒရင်ကိုဦးစီးသော ယဇ်ပုရောဟိတ်မင်းကို ခန့်အပ်ခြင်း၊ ဖြုတ်ချခြင်းနှင့် အခွန်ကောက်ခြင်းတို့မှအပ မိမိတို့၏အခွင့်အာဏာနှင့်အကျိုးစီးပွားကို မထိပါးသရွေ့ ဂျူးတို့၏အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုကြပေ။ ယေရှု၏အမှုစီရင်ခြင်းတွင်တွေ့ရသည့်အတိုင်း ရောမတို့သည် သေဒဏ်စီရင်ပိုင်ခွင့်အာဏာကို ထိန်းထားပုံရသည်။—ယောဟန် ၁၈:၃၁။
ယောဟန် ၇:၃၂) အောက်တရားရုံးသည် ရာဇဝတ်မှုအသေးအမွှားနှင့် ပြည်တွင်းအမှုအခင်းများကို ရောမတို့အကူအညီမပါဘဲ စီရင်ဆုံးဖြတ်သည်။ အမှုအခင်းတစ်ခုကို အောက်တရားရုံးက မဆုံးဖြတ်နိုင်လျှင် အမြင့်ဆုံးအာဏာရှိသောဆဲန်ဟီဒရင်သို့ လွှဲပြောင်းပေးရသည်။
ဆဲန်ဟီဒရင်သည် ဂျူးပြည်တွင်းရေးကိစ္စအတော်များများကို ချုပ်ကိုင်ထားသည်။ ဖမ်းဆီးခြင်းပြုရန် မင်းလုလင်များလည်းရှိသည်။ (ဆဲန်ဟီဒရင်သည် ၎င်း၏အာဏာတည်မြဲရေးအတွက် ငြိမ်သက်အေးချမ်းမှုကို ထိန်းသိမ်းထားရပြီး ရောမအုပ်ချုပ်ရေးကိုထောက်ခံရသည်။ သို့သော် မသင်္ကာဖွယ်နိုင်ငံရေးပြစ်မှုများရှိပါက ရောမတို့ လိုအပ်သလိုကြားဝင်ဆောင်ရွက်သည်။ တမန်တော်ပေါလုကို ဖမ်းဆီးသည့်ကိစ္စတွင် ယင်းသို့ကြားဝင်ဆောက်ရွက်ခဲ့ခြင်းဖြစ်၏။—တမန်တော် ၂၁:၃၁-၄၀။
တရားရုံးအဖွဲ့ဝင်များ
ဆဲန်ဟီဒရင်တွင် အဖွဲ့ဝင် ၇၁ ဦးရှိရာ ယဇ်ပုရောဟိတ်မင်းတစ်ဦးနှင့် နိုင်ငံ၏အထင်ကရပုဂ္ဂိုလ် ၇၀ တို့ဖြစ်ကြသည်။ ရောမခေတ်တွင် ယင်းကို မင်းမျိုးမင်းနွယ်ယဇ်ပုရောဟိတ်များ (အများအားဖြင့် ဇဒ္ဒုကဲများ)၊ အထက်တန်းလွှာများ၊ ဖာရိရှဲအဖွဲ့ဝင်ကျမ်းတတ်များဖြင့် ဖွဲ့စည်းထားသည်။ အထက်တန်းလွှာ၏ထောက်ခံမှုရရှိထားသော မင်းမျိုးမင်းနွယ်ယဇ်ပုရောဟိတ်များသည် တရားရုံးကိုချုပ်ကိုင်ထားသည်။ * ဇဒ္ဒုကဲများသည် ရှေးရိုးစွဲသမားများဖြစ်ပြီး ဖာရိရှဲများမူ ပြုပြင်ပြောင်းလဲမှုကိုလိုလားသူ၊ လူတို့အပေါ် အတော်သြဇာညောင်းသော သာမန်ပုဂ္ဂိုလ်များဖြစ်ကြသည်။ သမိုင်းပညာရှင်ဂျိုစီဖတ်စ်အဆိုအရ ဖာရိရှဲများ၏တောင်းဆိုချက်တို့ကို ဇဒ္ဒုကဲများ တော်ရုံလက်မခံလိုပေ။ ပေါလုသည် ဆဲန်ဟီဒရင်ရှေ့ မိမိကိုယ်ကိုခုခံပြောဆိုသောအခါ ထိုအုပ်စုနှစ်စု၏ပြိုင်ဆိုင်မှုနှင့် ယုံကြည်ချက်မတူမှုကို အခွင့်ကောင်းယူပြောဆိုခဲ့သည်။—တမန်တော် ၂၃:၆-၉။
အထက်တန်းလွှာများသာဖြစ်သော ဆဲန်ဟီဒရင်အဖွဲ့ဝင်များသည် ရာသက်ပန်အဖွဲ့ဝင်များဖြစ်ဖွယ်ရှိ၍ ရာထူးလစ်လပ်ခဲ့လျှင် လက်ရှိအဖွဲ့ဝင်များက အသစ်ခန့်အပ်သည်။ မစ်ရှ်နာအရ အဖွဲ့ဝင်အသစ်များသည် “ယဇ်ပုရောဟိတ်၊ လေဝိ၊ ယဇ်ပုရောဟိတ်နှင့်ထိမ်းမြားခွင့်ရှိသော သမီးများရှိသည့် ဣသရေလလူများ” ဖြစ်ရမည်။ ထိုသူတို့သည် ဆွေစဉ်မျိုးဆက်မှတ်တမ်းဖြင့် ဂျူးလူမျိုးစစ်ကြောင်း သက်သေပြနိုင်ရမည်။ နိုင်ငံတစ်ဝန်းရှိတရားစီရင်ရေးကို အထက်တရားရုံးက ကြီးကြပ်သောကြောင့် အောက်တရားရုံးများမှ နာမည်ကောင်းရှိသူများကို ဆဲန်ဟီဒရင်သို့ ခေါ်ယူခန့်အပ်ခြင်းသည် ဆီလျော်ပုံရသည်။
တရားစီရင်ပိုင်ခွင့်နှင့် အခွင့်အာဏာ
ဂျူးတို့သည် ဆဲန်ဟီဒရင်ကို အလွန်လေးစားကြပြီး အောက်တရားရုံးများမှ တရားသူကြီးများသည် ၎င်း၏အုပ်စိုးမှုကိုလက်ခံရသည်။ သို့မဟုတ်လျှင် သေဒဏ်စီရင်ခံရပေမည်။ ယဇ်ပုရောဟိတ်များ၏အရည်အချင်းပြည့်မီမှု၊ ယေရုရှလင်၊ ဝတ်ပြုရာအိမ်တော်၊ ယင်းတွင် ဝတ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်သောအမှုအခင်းများကို တရားရုံးက အထူးအာရုံစိုက်သည်။ အမှန်ဆိုရလျှင် ဆဲန်ဟီဒရင်သည် ယုဒနယ်တစ်ခုတည်းကိုသာ တရားစီရင်ပိုင်ခွင့်ရှိသည်။ သို့သော် ၎င်းသည် ပညတ်တရားကို အနက်ဖွင့်ဆိုပိုင်ခွင့်အရှိဆုံးအဖြစ် ယူမှတ်ခံရသောကြောင့် ကမ္ဘာတစ်ဝန်းရှိ ဂျူးအသိုင်းအဝိုင်းအတွက် ကိုယ်ကျင့်တရားစံနှုန်းချမှတ်ပိုင်ခွင့်အာဏာရှိသည်။ ဥပမာ၊ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအပါတို့သည် ခရစ်တော်၏နောက်လိုက်များကို ဖမ်းဆီးရာတွင် မိမိတို့နှင့်ပူးပေါင်းလုပ်ဆောင်ရန် ဒမာသက်မြို့ရှိ တရားဇရပ်မှူးများကို ညွှန်ကြားခဲ့ကြသည်။ (တမန်တော် ၉:၁၊ ၂; ၂၂:၄၊ ၅; ၂၆:၁၂) အလားတူ၊ ပွဲတော်များတက်ရောက်ရန် ယေရုရှလင်မြို့သို့ရောက်လာသော ဂျူးများသည် ဆဲန်ဟီဒရင်၏စီရင်ချက်သတင်းများကို အိမ်သို့သယ်ဆောင်သွားပုံပေါ်သည်။
မစ်ရှ်နာအရ ဆဲန်ဟီဒရင်သည် အမျိုးသားရေးဆိုင်ရာ အရေးကြီးသောအမှုအခင်းများ၊ ၎င်း၏ဆုံးဖြတ်ချက်များကိုအာခံသော တရားသူကြီးများ၊ ပရောဖက်အတုအယောင်များကို တရားစီရင်ပိုင်ခွင့်ရှိသည်။ ယေရှုနှင့်သတေဖန်ကို ဘုရားသခင်အားလွန်ကျူးပြောဆိုသူများ၊ ပေတရုနှင့်ယောဟန်ကို နိုင်ငံ၏အဖျက်အမှောက်သမားများ၊ ပေါလုကိုမူ ဝတ်ပြုရာအိမ်တော်ကိုရှုတ်ချသူအဖြစ်စွပ်စွဲကာ တရားရုံးတင်ခဲ့ကြသည်။—မာကု ၁၄:၆၄; တမန်တော် ၄:၁၅-၁၇; ၆:၁၁; ၂၃:၁; ၂၄:၆။
ယေရှုနှင့်တပည့်များကို တရားစီရင်ခြင်း
ဆဲန်ဟီဒရင်သည် ဥပုသ်နေ့နှင့်သန့်ရှင်းရာနေ့များမှလွဲ၍ နေ့စဉ် နံနက်ယံယဇ်ပူဇော်ချိန်မှ ညဦးယံယဇ်ပူဇော်ချိန်တိုင် ရုံးထိုင်ကြသည်။ နေ့အချိန်တွင်သာ အမှုကြားနာစစ်ဆေးကြသည်။ သေပြစ်ထိုက်သောအမှုများကို အမှုကြားနာစစ်ဆေးပြီး နောက်တစ်နေ့တွင် ကြေညာသောကြောင့် ထိုအမှုများကို ဥပုသ်နေ့အကြိုနေ့ သို့မဟုတ် ပွဲတော်မတိုင်မီနေ့တွင် မစစ်ဆေးရပါ။ အပြစ်မဲ့သူ၏အသွေးသွန်းခြင်းသည် အလွန်အပြစ်ကြီးလေးကြောင်း သက်သေထွက်ဆိုသူများမဿဲ ၂၆:၅၇-၅၉; ယောဟန် ၁၁:၄၇-၅၃; ၁၉:၃၁။
ကို ပြင်းထန်စွာသတိပေးသည်။ ထို့ကြောင့် ယေရှုကို ညအချိန်တွင်အမှုစစ်ဆေးခြင်း၊ ပွဲတော်နေ့မတိုင်မီ ကယာဖအိမ်တွင် ပြစ်ဒဏ်စီရင်ခြင်းသည် တရားမဝင်ပေ။ ပိုဆိုးသည်မှာ တရားသူကြီးများကိုယ်တိုင် မဟုတ်မမှန်သက်သေရှာကြံကာ ယေရှုအားကွပ်မျက်ရန် ပိလတ်ကို နားချစည်းရုံးခဲ့ခြင်းဖြစ်၏။—သေပြစ်ထိုက်သည့်အမှုများကိုစစ်ဆေးရသော တရားသူကြီးများသည် အမှုစစ်ဆေးချိန်တွင် တရားခံကို အမှန်သေပြစ်ထိုက်မထိုက် အသေအချာစစ်ဆေးကြသည်ဟု တာလ်မွတ်ကျမ်းကဆိုသည်။ သို့သော် သတေဖန်သည် ယေရှုနည်းတူ အသေအချာစစ်ဆေးခြင်းမခံခဲ့ရပေ။ သူသည် ဆဲန်ဟီဒရင်ရှေ့တွင်ခုခံပြောဆိုခဲ့ရာ လူအုပ်က ကျောက်ခဲနှင့်ပေါက်သတ်လေသည်။ ရောမတို့သာ ကြားဝင်ဆောင်ရွက်ခြင်းမရှိလျှင် တမန်တော်ပေါလုလည်း အလားတူ အသတ်ခံရနိုင်ဖွယ်ရှိသည်။ အမှန်မှာ ဆဲန်ဟီဒရင်တရားသူကြီးများသည် ပေါလုကိုလုပ်ကြံရန် ပူးပေါင်းကြံစည်ခဲ့ကြသည်။—တမန်တော် ၆:၁၂; ၇:၅၈; ၂၃:၆-၁၅။
အဖွဲ့ဝင်အနည်းစုမှာ ဖြောင့်မတ်သူများဖြစ်ပုံရသည်။ ယေရှုနှင့်စကားပြောဆိုခဲ့သော ဂျူးအရာရှိငယ်တစ်ဦးသည် ဆဲန်ဟီဒရင်အဖွဲ့ဝင်ဖြစ်ခဲ့ပေမည်။ ထိုလုလင်၏ချမ်းသာကြွယ်ဝမှုက အဟန့်အတားတစ်ခုဖြစ်သော်လည်း ယေရှုနောက်လိုက်ရန် ဖိတ်ခေါ်ခံရသောကြောင့် သူသည် ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်ရပေမည်။—မဿဲ ၁၉:၁၆-၂၂; လုကာ ၁၈:၁၈၊ ၂၂။
“ယုဒလူတို့တွင် အရာရှိဖြစ်သော” နိကောဒင်သည် သူ၏လုပ်ဖော်ဆောင်ဖက်များ မည်သို့ထင်မည်ကိုစိုးရိမ်သောကြောင့် ညအချိန်တွင် ယေရှုထံလာခြင်းဖြစ်နိုင်သည်။ သို့သော် နိကောဒင်သည် “ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကိုမသိမီကပင် ရှေ့မဆွကဆုံးဖြတ်တတ်သလော” ဟုယေရှုဘက်မှ ခုခံပြောဆိုခဲ့၏။ နောက်ပိုင်းတွင် ယေရှု၏အလောင်းတော်ကိုပြင်ဆင်ရန် “မုရန်နှင့်အကျော်ကိုရောနှောသော နံ့သာပျောင်းကို” ဆောင်ခဲ့သည်။—ယောဟန် ၃:၁၊ ၂; ၇:၅၁၊ ၅၂; ၁၉:၃၉။
ဆဲန်ဟီဒရင်အဖွဲ့ဝင်တစ်ဦးဖြစ်သော အရိမဿဲမြို့သားယောသပ်သည် ယေရှုအလောင်းတော်ကို သင်္ချိုင်းတွင်းသစ်၌မြှုပ်ရန် ပိလတ်အား ရဲရင့်စွာတောင်းဆိုခဲ့သည်။ ယောသပ်သည် “ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သောသူဖြစ်” သော်လည်း ဂျူးများကိုကြောက်သောကြောင့် ယေရှု၏တပည့်တစ်ဦးဖြစ်ကြောင်း မထုတ်ဖော်ဝံ့ချေ။ သို့သော် ယေရှုကိုကွပ်မျက်ရန် ဆဲန်ဟီဒရင်၏ကြံစည်မှုတွင် ယောသပ်မပါခဲ့ပေ။—မာကု ၁၅:၄၃-၄၆; မဿဲ ၂၇:၅၇-၆၀; လုကာ ၂၃:၅၀-၅၃; ယောဟန် ၁၉:၃၈။
ဆဲန်ဟီဒရင်အဖွဲ့ဝင်ဂါမလျေလသည် လုပ်ဖော်ဆောင်ဖက်တရားသူကြီးတို့အား ယေရှု၏တပည့်များကို အနှောင့်အယှက်မပေးရန် ပညာရှိစွာအကြံပေးခဲ့သည်။ “သင်တို့သည် ဘုရားသခင်၏အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့” ဟုသူပြောဆိုလေ၏။ (တမန်တော် ၅:၃၄-၃၉) ယေရှုနှင့်ကိုယ်တော့်တပည့်များကို ဘုရားသခင်ကူညီနေကြောင်း အထက်တရားရုံးက အဘယ်ကြောင့်အသိအမှတ်မပြုခဲ့သနည်း။ ယေရှု၏အံ့ဖွယ်အမှုများကို အသိအမှတ်ပြုမည့်အစား ဆဲန်ဟီဒရင်ဤသို့ဆင်ခြင်သည်– “ငါတို့သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည် များစွာသောနိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်။” (ယောဟန် ၁၁:၄၇၊ ၄၈) အာဏာမက်မောခြင်းကြောင့် ဂျူးတရားရုံးသည် တရားမျှတမှုကို မျက်ကွယ်ပြုခဲ့သည်။ အလားတူ ယေရှု၏တပည့်များက လူနာများကိုကုသပေးသည့်အခါ ဘာသာရေးခေါင်းဆောင်များသည် ဝမ်းမြောက်မည့်အစား “ဒေါသအမျက်နှင့်ပြည့်ကြ” သည်။ (တမန်တော် ၅:၁၇) တရားသူကြီးများအနေနှင့် သူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့သူ၊ တရားမျှတသူဖြစ်သင့်သော်လည်း အများစုမှာ အဂတိလိုက်စားပြီး မရိုးသားသူများဖြစ်ကြသည်။—ထွက်မြောက်ရာ ၁၈:၂၁; တရားဟောရာ ၁၆:၁၈-၂၀။
ဘုရားသခင့်တရားစီရင်ချက်
ပညတ်တရားကိုမနာခံခြင်း၊ မေရှိယကိုငြင်းပယ်ခြင်းကြောင့် ဣသရေလလူတို့ကို မိမိရွေးချယ်ထားသောလူမျိုးအဖြစ်မှ ယေဟောဝါငြင်းပယ်လိုက်သည်။ အေဒီ ၇၀ တွင် ယေရုရှလင်မြို့နှင့်ဝတ်ပြုရာအိမ်တော်ကို ရောမတို့ဖျက်ဆီးလိုက်ပြီး ဂျူးစနစ်တစ်ခုလုံးနှင့် ဆဲန်ဟီဒရင်လည်း အဆုံးတိုင်သွားလေသည်။
ယေဟောဝါခန့်အပ်ထားသော တရားသူကြီးယေရှုခရစ်သည် ပထမရာစုရှိ ဆဲန်ဟီဒရင်အဖွဲ့ဝင်များမှ မည်သူသည် ရှင်ပြန်ထမြောက်ထိုက်ပြီး မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားသူဖြစ်သည်ကို ဆုံးဖြတ်ပါလိမ့်မည်။ (မာကု ၃:၂၉; ယောဟန် ၅:၂၂၊ ၂၃) ထိုသို့ဆုံးဖြတ်ရာတွင် ယေရှုသည် လုံးဝတရားမျှတမည်ဖြစ်ကြောင်း ကျွန်ပ်တို့စိတ်ချနိုင်ကြပါသည်။—ဟေရှာယ ၁၁:၃-၅။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 9 မက္ကဘီးနှင့်ဟာစမိုနီယန်အကြောင်းကို ကင်းမျှော်စင် ၁၉၉၈၊ နိုဝင်ဘာ ၁၅၊ စာမျက်နှာ ၂၁-၄ နှင့် ၂၀၀၁၊ ဇွန် ၁၅၊ စာမျက်နှာ ၂၇-၃၀ တွင်ရှု။
^ အပိုဒ်၊ 16 “ယဇ်ပုရောဟိတ်အကြီးတို့” ဟုကျမ်းစာဆိုရာတွင် လက်ရှိနှင့်ယခင်ယဇ်ပုရောဟိတ်မင်းများ၊ ယဇ်ပုရောဟိတ်ရာထူးကိုဆက်ခံရန် အရည်အချင်းပြည့်မီသူအဖွဲ့ဝင်များကို ဆိုလို၏။—မဿဲ ၂၁:၂၃။