မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပြောကျယ်ကျယ်သမုဒ္ဒရာတွင် သွားလာခြင်း

အပြောကျယ်ကျယ်သမုဒ္ဒရာတွင် သွားလာခြင်း

အပြောကျယ်​ကျယ်​သမုဒ္ဒရာ​တွင် သွားလာခြင်း

မာ​ရှယ်​ကျွန်းစု​တွင် ကျွန်းကြီး​ကျွန်းငယ်​ပေါင်း ၁,၂၀၀ ကျော်​ပါဝင်​ပြီး အများစုမှာ ပင်လယ်ရေ​မျက်နှာပြင်​အထက် ပေ​အနည်းငယ်​သာ​မြင့်​ကြသည်။ ယင်း​တို့ကို ခပ်​လှမ်း​လှမ်း​မှ​ကြည့်​လျှင် မမြင်​ရတော့​ပေ။ သို့သော် ရှေးခေတ်​မာ​ရှယ်​ကျွန်းသား ရေကြောင်း​သွားလာ​သူများ​သည် က​နူး​လှေများ​ဖြင့် ကျွန်းငယ်​တစ်ကျွန်း​မှ​တစ်ကျွန်း​သို့​သွားလာ​နိုင်​ကြ​ပြီး စတုရန်း​မိုင်​တစ်သန်း​ရှိသည့် ပစိဖိတ်​သမုဒ္ဒရာ​၏ လေး​ပုံ​သုံး​ပုံ​ခန့်​ကို သွားလာ​နိုင်​ကြသည်။ သူတို့​မည်သို့​သွားလာ​ကြ​သနည်း။ ရိုးရှင်း​သော်လည်း အလွန်​ထိရောက်​သည့် သရုပ်ဖော်​ရေ​ပုံ​ကို အသုံးပြုခြင်း​ဖြင့်​ဖြစ်သည်။

လက်ရှိ​ကုန်းမြေ​ကြောင့် ဖြစ်ပေါ်​လာသော လှိုင်း​ပုံစံ​အချို့​က မိုင် ၂၀ ကျော်​အဝေး​တွင်ရှိသော ကျွန်း​တစ်ကျွန်း​၏ တည်နေရာ​ကို​ဖော်ပြ​ကြောင်း အတွေ့အကြုံ​အားဖြင့် မာ​ရှယ်​ကျွန်းသား​များ သိရှိ​ခဲ့​ကြသည်။ လှိုင်း​ပုံစံ​များစွာ​ရှိပြီး သရုပ်ဖော်​ရေ​ပုံ​က ယင်း​တို့ကို မှတ်မိ​ရန် အထောက်အကူ​ပြု​သည်။ ထို​သရုပ်ဖော်​ရေ​ပုံ​သည် မည်သည့်​ပုံစံ​ရှိ​သနည်း။ ပုံ​တွင် တွေ့​နိုင်​သည့်​အတိုင်း ထ​န်း​မျိုးဝင်​အပင်​တစ်မျိုး​၏ အမြစ်များ သို့​မဟုတ် အုန်း​ရွက်​အရိုးများ​ကို တွဲ​ချည်​ပြီး လှိုင်း​ပုံစံ​များ​ကို သရုပ်ဖော်​သည်။ ခရုခွံ​ငယ်​များသည် ကျွန်း​များ​၏​အနေအထား​ကို​သရုပ်ဖော်​သည်။

သရုပ်ဖော်​ရေ​ပုံ​ဖြင့် ရေကြောင်း​သွားလာခြင်း​ကို နှစ်ပေါင်း​များစွာ လျှို့​ဝှက်ထား​ခဲ့​၍ ရွေးချယ်​ထား​သူ​အချို့​ကို​သာ ပြောပြ​ခဲ့​ကြသည်။ ငယ်ရွယ်​သည့် ရေကြောင်း​သွားလာ​သူ​တစ်ဦး​သည် သရုပ်ဖော်​ရေ​ပုံ အသုံးပြုနည်း​ကို မည်သို့​သင်ယူ​မည်​နည်း။ လေ့ကျင့်မှု​နှင့် လက်တွေ့​လုပ်ဆောင်မှု​အားဖြင့်​သာ​ဖြစ်သည်။ အတွေ့အကြုံ​ရှိသူက ငယ်ရွယ်သူ​ကို​သင်ပေး​ပြီး အနီးအနား​ကျွန်း​များ​သို့ သွား​ချိန်​များ​တွင် အတူ​ခေါ်သွား​ပုံ​ရသည်။ သူသည် လှိုင်း​ပုံစံ​များ​ကို မှတ်မိ​အောင်​သင်​ယူ၍ သရုပ်ဖော်​ရေ​ပုံ​သုံး​ရာ​တွင် ယုံကြည်မှု​ရှိလာ​သည်။ နောက်ဆုံး​တွင် သမုဒ္ဒရာ​၌ သူ့ဘာသာ​သွားလာ​နိုင်​မည်​ဖြစ်သည်။

အလားတူ၊ ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့၏ ဘဝ​လမ်းခရီးတွင် လမ်းပြ​ဖြစ်သည်။ အစ​တွင် ကျမ်းစာ​၏​အခြေခံ​အမှန်တရားကို နားလည်​ရန် တစ်စုံ​တစ်ဦး​က ကူညီ​ပေး​ပေမည်။ ထို့နောက် ကျမ်းစာ​ကို​ဆက်​လေ့လာ​ပြီး ကျမ်းစာ​မူများ​ကို ကျင့်သုံး​လာ​သည်​နှင့်​အမျှ ကျမ်းစာ​ပြောဆို​ရာ​ကို ယုံကြည်​စိတ်ချ​လာ​သည်။ ဣသရေလ​တို့၏​ခေါင်းဆောင် ယောရှု​သည် “ကျမ်းစာ​၌​ရေးထားသမျှ​အတိုင်း ကျင့်​မည်​ဟု​စောင့်ရှောက်ခြင်း​အ​လို့​ငှာ” ကျမ်းစာ​ကို​အမြဲ​ဖတ်ရှု​ဖို့ မိန့်မှာ​ခံရ​သည်။ “သို့ပြုလျှင် သင်သည် အကြံ​ထမြောက်​၍​အောင်မြင်​လိမ့်​မည်” ဟု​ဘုရားသခင်​မိန့်တော်မူ၏။ (ယောရှု ၁:၈) မှန်ပါသည်၊ စိတ်ချ​ရပြီး​အောင်မြင်​သော​ဘဝ​လမ်းစဉ်​ကို သမ္မာကျမ်းစာ​က ဖော်​ပြပေး​နိုင်​ပါ​သည်။

[Picture Credit Line on page 32]

© Greg Vaughn