မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အဘယ်ကြောင့် ကျွန်ုပ်တို့ ဤလောကတွင် ရောက်ရှိနေရသနည်း”

“အဘယ်ကြောင့် ကျွန်ုပ်တို့ ဤလောကတွင် ရောက်ရှိနေရသနည်း”

“အဘယ်ကြောင့် ကျွန်ုပ်​တို့ ဤ​လောကတွင် ရောက်ရှိ​နေရ​သနည်း”

နို​ဘယ်​လ်​ဆု​ရှင်​လည်း​ဖြစ်၊ နာဇီ​တို့၏​မီးလောင်​တိုက်​သွင်း​ခြင်း​မှ လွတ်​မြေ​က်​ခဲ့​သူလည်း​ဖြစ်သော အဲလီ​ဝီ​ဆဲလ်​က “လူသား​တိုင်း အရေး​အကြီးဆုံး​သော​မေးခွန်း​နှင့် ရင်ဆိုင်​ရမည်” ဟု​တစ်ချိန်က​ဆို​ခဲ့​သည်။ အဘယ်​မေးခွန်း​နည်း။ ယင်း​မှာ “အဘယ်ကြောင့် ကျွန်ုပ်​တို့ ဤ​လောကတွင် ရောက်ရှိ​နေရ​သနည်း။”

ထို​မေးခွန်း​ကို သင်​စဉ်းစား​ခဲ့​ဖူး​ပါသလော။ လူအများသည် စဉ်းစား​ခဲ့​ကြသော်လည်း အဖြေ​မရခဲ့​ကြ​ချေ။ ဘဝ၏​အဓိပ္ပာယ်​ကို​ဖော်ထုတ်​ရန် ကြိုးပမ်း​သော​ဗြိတိန်​လူမျိုး​သမိုင်း​ပညာရှင် အာနိုး တွိုင်​ဘီ​က ဤသို့​ရေးသားခဲ့​သည်– “လူ​၏​စစ်မှန်သော​ရည်ရွယ်ချက်​ပန်းတိုင်​ဆို​သည်​မှာ ဘုရားသခင်​၏​ဂုဏ်တော်​ကို​ချီးမွမ်း​၍ ကိုယ်တော်၌​အစဉ်​ထာဝရ​မွေ့လျော်ခြင်း​ဖြစ်သည်။”

စိတ်ဝင်စားစရာ​မှာ လွန်ခဲ့သော​နှစ်ပေါင်း​သုံး​ထောင်​ကျော်​က ဘဝကို​လေ့လာ​ရာ​တွင် ထက်မြက်​သူ​ဟု​လူသိ​များ​ခဲ့​သော နောက်​ပုဂ္ဂိုလ်​တစ်ဦး​က အခြေခံကျ​သော​အဖြေကို ဖော်ပြ​ခဲ့​ပြီး​ဖြစ်သည်။ ပညာရှိ​ဘုရင်​ရှောလမုန်က ဤသို့​ဆို​ခဲ့​သည်– “အချုပ်အခြာ​စကား​ဟူ​မူ​ကား ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ပညတ်တော်​တို့ကို စောင့်ရှောက်​လော့။ ဤ​ရွေ့​ကား လူ​နှင့်​ဆိုင်သော အမှုအရာ​အလုံးစုံ​တို့ကို ချုပ်ခြာ​သတည်း။”—ဒေ. ၁၂:၁၃

ယင်း​အခြေခံ​မူကို ဘုရားသခင့်​သားတော် ယေရှု​ခရစ်​လည်း ထောက်ခံ​ခဲ့​သည်။ မြေကြီးပေါ်​ရှိ​စဉ် မိမိ၏​ကောင်းကင်​ခမည်းတော်​ကို ဂုဏ်တင်​ရန် ယေရှု​အပြည့်အဝ​အားထုတ်​ခဲ့​သည်။ မိမိ၏​ဖန်ဆင်း​ရှင်​အမှုတော်ကို ထမ်းရွက်​ခြင်း​က ယေရှု၏​အသက်တာကို ချမ်းမြေ့​စေ​ခဲ့​သည်။ ယင်းက ကိုယ်တော်​ကို ထောက်​မပေးခဲ့​ရာ ဤသို့​မိန့်ဆို​နိုင်​ခဲ့​သည်– “ငါ့ကို​စေလွှတ်​တော်​မူ​သော​သူ၏ အလိုတော်ကို​ဆောင်ခြင်း၊ သူ၏​အမှုတော်ကို​ပြီးစီး​ခြင်း​အမှုသည် ငါ့​စားစရာ​ဖြစ်၏။”—ယောဟန် ၄:၃၄

သို့​ဖြစ်​လျှင် အဘယ်ကြောင့် ကျွန်ုပ်​တို့ ဤ​လောကတွင်​ရောက်ရှိ​နေရ​သနည်း။ ယေရှု၊ ရှောလမုန်​နှင့် ဘုရားသခင်​၏ အခြားသော​ကျေးကျွန်​များစွာ​ကဲ့သို့ ဘုရားသခင်​၏​အလိုတော်ကို ထမ်းဆောင်ခြင်း​ဖြင့် ဘဝ၏​စစ်မှန်သော​အဓိပ္ပာယ်​နှင့် တည်မြဲသော​ပျော်ရွှင်​ကို တွေ့ရှိ​နိုင်​သည်။ ဘုရားသခင်​အား ‘စိတ်​ဝိညာဉ်​နှင့် အမှန်တရား’ တို့​ဖြင့် မည်သို့​ကိုးကွယ်​ရမည်ကို သင်​ပိုမို​သိ​လို​ပါသလော။ (ယောဟန် ၄:၂၄) “အဘယ်ကြောင့် ကျွန်ုပ်​တို့​ဤ​လောကတွင်​ရောက်ရှိ​နေရ​သနည်း” ဟူသော မေးခွန်း​၏​အဖြေကို​သိရှိ​ရန် သင့်​ဒေသ​ရှိ​ယေဟောဝါသက်သေ​များသည် သင့်​အား​ဝမ်းသာ​အားရ​ကူညီ​ပေး​လို​ကြသည်။