မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒယ်န်ယယ်လ် နှင့် စည်းဝေးကြီး ရင်ထိုးကတ်ပြား

ဒယ်န်ယယ်လ် နှင့် စည်းဝေးကြီး ရင်ထိုးကတ်ပြား

ဒယ်​န်ယယ်လ် နှင့် စည်းဝေးကြီး ရင်ထိုးကတ်​ပြား

မိမိတို့​ကိုယ်ကို ဖြောင့်မတ်​သည်​ဟု ယူမှတ်​သော ဘာသာရေး​ခေါင်းဆောင်​များသည် ကလေး​သူငယ်​များ​က ဘုရားသခင်​အား ချီးမွမ်း​ကြွေးကြော်​သည်ကို မြင်​သောအခါ အမျက်ထွက်​ကြ​သဖြင့် ယေရှု သူတို့ကို အပြစ်တင်​ခဲ့​သည်။ သူတို့ကို ကိုယ်တော်​ဤသို့​မေးခဲ့​၏– “ ‘နို့စို့​သူငယ်​တို့​နှုတ်​ထဲ​မှ ကိုယ်တော်​သည် ချီးမွမ်း​ခြင်း​ကို ပြင်ဆင်​တော်​မူ​သည်’ ဟူသော​စကား​ကို သင်တို့သည် တစ်ရံ​တစ်ခါမျှ​မဖတ်ဖူး​သလော။”—မဿဲ ၂၁:၁၅၊ ၁၆

လူငယ်များသည် ယေဟောဝါ​ကို ချီးမွမ်း​နေဆဲ​ဖြစ်​ကြောင်း ဂျာမနီ​နိုင်ငံ​ရှိ ရုရှား​စကားပြော​အသင်းတော်​မှ ခြောက်​နှစ်အရွယ် ဒယ်​န်ယယ်လ်​၏​အဖြစ်အပျက်က ဖော်ပြ​သည်။ သူ့​အမေ၊ အစ်မ​တို့​နှင့်အတူ ယူးစ်​ဘာ့ဂ်​မြို့တွင် ကျင်းပ​သော ယေဟောဝါသက်သေ​များ​၏ စည်းဝေးကြီး​ကို သူ​တက်ရောက်​ခဲ့​သည်။ သူတို့သည် ထိုသို့​သော​စည်းဝေးကြီး​ကို ဦးဆုံး​အကြိမ် တက်ရောက်ခြင်း​ဖြစ်သည်။ ဟိုတယ်၊ ပရိသတ်​ကြီး၊ သုံးရက်​တိုင် ထိုင်​နားထောင်​ရခြင်း၊ နှစ်ခြင်း​အစီအစဉ်​နှင့် ပြဇာတ်​စ​သည်​တို့အားလုံး သူတို့​အတွက် အသစ်အဆန်း​ဖြစ်နေ​၏။ ဒယ်​န်ယယ်လ်​ကော။ သူ့​အမူအကျင့်​မှာ စံနမူနာ​ယူ​လောက်​သည်။

စည်းဝေးကြီး​ပြီး​နောက် တနင်္လာ​နေ့တွင် ကျောင်း​သွားဖို့ သူ​စောစော​အိပ်ရာထ​သည်။ သူ့​ဂျာ​ကင်​အင်္ကျီ​ပေါ်​တွင် ဘာ​ရှိနေ​သနည်း။ စည်းဝေးကြီး​ရင်ထိုးကတ်​ပြား​ဖြစ်သည်။ သူ့​အမေက “စည်းဝေးကြီး​ပြီးသွား​ပြီ။ ရင်ထိုးကတ်​ပြား​ကို ဖြုတ်​လိုက်​တော့” ဟု​ပြော​၏။ သို့သော် ဒယ်​န်ယယ်လ်​က “ကျွန်တော် ဘယ်​သွားခဲ့တယ်၊ ဘာတွေ​သင်ယူ​ခဲ့​တယ်​ဆိုတာ လူတိုင်းကို​သိစေချင်တယ်” ဟု​ပြန်​ပြော​ခဲ့​သည်။ ထို့​ကြောင့် ကျောင်းတွင် တစ်နေ့လုံး ရင်ထိုးကတ်​ပြား​ကို တပ်ထား​ခဲ့​သည်။ သူ့​ဆရာမ​က ယင်း​အကြောင်းကို မေး​သောအခါ စည်းဝေးကြီး​အစီအစဉ်များ​ကို သူ​ပြောပြ​ခဲ့​သည်။

ဤနည်းဖြင့် ဒယ်​န်ယယ်လ်​သည် ရာစုနှစ်​တစ်လျှောက် ယေဟောဝါ​ကို ချီးမွမ်း​ခဲ့​ကြသော လူငယ်​မြောက်မြားစွာ​၏ ပုံသက်သေ​ကို လိုက်လျှောက်​ခဲ့​လေ​သည်။