မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားသူကြီးတစ်ဦး ဆုံးမခံရနိုင်သလော

တရားသူကြီးတစ်ဦး ဆုံးမခံရနိုင်သလော

တရားသူကြီး​တစ်ဦး ဆုံးမခံ​ရနိုင်သလော

ခရိုအေးရှား​မှ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ စ​လာ​ဒျာ​နာ​သည် ငွေ​ရေး​ကြေး​ရေး​ကိစ္စ​အချို့​ကြောင့် တရားရုံး​သို့ အချိန်​အတိအကျ​သွားခဲ့သည်။ သို့သော် ထို​အမှု​တွင်​ပါဝင်သူ​တစ်ဦး​မှာ နောက်ကျ​နေသည်။ စ​လာ​ဒျာ​နာ​သည် သက်သေခံ​လို​စိတ် ပြင်းပြ​လာ​ရာ လူအားလုံး​စောင့်နေ​စဉ် အရဲစွန့်​ပြီး တရားသူကြီး​ကို စကားပြော​လိုက်​သည်။

“ဆရာ၊ မကြာခင် ကမ္ဘာ​ပေါ်မှာ တရားသူကြီး​တွေ၊ တရားရုံး​တွေ ရှိတော့မှာ​မဟုတ်ဘူးဆိုတာ သိလား” ဟု​မေးခဲ့သည်။

တရားသူကြီး​မှာ အံ့သြ​လွန်း​၍ စကား​တစ်ခွန်း​မျှ ပြန်​မပြော​နိုင်​ဘဲ သူ့ကို ကြည့်ရုံ​သာ​ကြည့်​နေသည်။ ထို့နောက် ရုံး​အမှုကိစ္စ​များ​စတင်​ကြသည်။ ကိစ္စ​ပြီးဆုံး​သွားသော​အခါ စ​လာ​ဒျာ​နာ​သည် စာရွက်စာတမ်း​ပေါ်​တွင် လက်မှတ်ထိုး​ဖို့ ထ​လိုက်​ရာ တရားသူကြီး​က ကိုယ်ကို​ညွတ်​လိုက်ပြီး “ကမ္ဘာ​ပေါ်မှာ တရားသူကြီး​နဲ့ တရားရုံး​တွေ​မရှိတော့မယ့်​အချိန် ရောက်လာ​မယ်​လို့ မင်း​အခု​န​ပြော​တာ တကယ်​သေချာ​လား” ဟု​တီးတိုး​မေး​လေ​သည်။

“လုံးဝ​သေချာ​ပါ​တယ်၊ ဆရာ” ဟု​စ​လာ​ဒျာ​နာ​ပြန်ဖြေ​ခဲ့​သည်။

“အဲဒီ​အတွက် မင်း​မှာ ဘာ​သက်သေ​အထောက်အထား​ရှိသလဲ” ဟု​တရားသူကြီး​က​မေး​ပြန်​သည်။

“သမ္မာကျမ်းစာ​မှာ​ရှိပါတယ်” ဟု​စ​လာ​ဒျာ​နာ​ဖြေ​သည်။

ထို​သက်သေ​အထောက်အထားကို သိရှိ​လို​သော်လည်း သူ့​တွင် သမ္မာကျမ်းစာ​မရှိ​ဟု တရားသူကြီး​က​ပြော​သည်။ ထို့​ကြောင့် စ​လာ​ဒျာ​နာ​က ကျမ်းစာ​တစ်အုပ်​ပေး​မည်​ဟု​ပြော​ခဲ့​၏။ သက်သေခံ​များသည် ထို​တရားသူကြီး​ထံ​လည်ပတ်​ပြီး ကျမ်းစာ​တစ်အုပ်​ပေး​ကာ ပတ်စဉ်​ကျမ်းစာ​လေ့လာ​ရန် အားပေးခဲ့​ကြသည်။ တရားသူကြီး​က​လက်ခံခဲ့​ပြီး မကြာမီ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်လာ​သည်။

ဆာလံ ၂:၁၀၊ [သမ္မာ] တွင်​ပါ​သော ပရောဖက်ပြု​စကား​မှာ ဤသို့​ဖြစ်၏– “ဘုရင်​မင်းတို့ ပညာသတိ​ရှိကြလော့။ မြေကြီးပေါ်​ရှိ​တရားသူကြီး​တို့ ဆုံးမခြင်း​ကို​ခံ​ကြလော့။” ထိုသို့​သော​သူများ ယေဟောဝါ​၏​မေတ္တာပါ​လမ်းညွှန်ချက်ကို နှိမ့်ချစွာ​လက်ခံခြင်း​က အမှန်​နှလုံး​နွေးထွေး​ဖွယ်​ပင်!

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

စ​လာ​ဒျာ​နာ​နှင့် တရားသူကြီး