မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တိခရစ်ကို အဘယ်ကြောင့် ခွဲခြားသိရှိရ မည်နည်း

အန္တိခရစ်ကို အဘယ်ကြောင့် ခွဲခြားသိရှိရ မည်နည်း

အန္တိခရစ်​ကို အဘယ်ကြောင့် ခွဲခြား​သိရှိ​ရ မည်​နည်း

“အန္တိခရစ်​ပေါ်လာ​ကြောင်းကို သင်တို့​ကြား​ရ” ကြပြီ​ဟု ကြာမြင့်စွာ​က​ပင် မှုတ်သွင်းခံ​တမန်​တော် ရေးသားခဲ့​သည်။ (၁ ယောဟန် ၂:၁၈) အလွန်​စိတ်ဝင်စားဖွယ် စကား​များ​ပင်! ယင်း​၏​အဓိပ္ပာယ်​ကို လူ​တို့​ရှာဖွေ​စဉ်းစား​လာ​သည်​မှာ ရာစုနှစ်ချီ​ရှိ​ပေ​ပြီ။ အန္တိခရစ်​ကား မည်သူ​နည်း။ အဘယ်​အချိန်တွင် ပေါ်လာ​မည်​နည်း။ ပေါ်လာ​သောအခါ အဘယ်အရာ​ပြုလုပ်​မည်​နည်း။

နှစ်များ​တစ်လျှောက် အန္တိခရစ်​ဟု သမုတ်​ခံရ​သူများစွာ​ရှိခဲ့​သည်။ “အန္တိခရစ်” ဟု ရှေး​အချိန်​က သမုတ်​ခံရ​သူများ​တွင် ဂျူး​များ၊ ပုပ်​ရဟန်း​မင်း​များနှင့် ရောမ​ဧကရာဇ်​များ​ပါဝင်​သည်။ ဥပမာ၊ ဧကရာဇ်​ဒုတိယ​မြောက်​ဖရက်ဒရစ် (၁၁၉၄-၁၂၅၀) သည် ချာ့ခ်ျ​ကိုယ်စား ခရူးဆိတ်စစ်​ပွဲ​တွင် မပါဝင်​လို​သောကြောင့် စတုတ္ထ​မြောက် ပုပ်​ရဟန်း​မင်း​ဂရယ်ဂရီ​က သူ့ကို အန္တိခရစ်​ဟု​သမုတ်​ပြီး ကြ​ဉ်​ထားခဲ့​သည်။ ဂရယ်ဂရီ​ကို​ဆက်ခံသူ စတုတ္ထ​မြောက် အင်​နိုးစ​န့်​လည်း သူ့ကို ကြ​ဉ်​ထား​ပြန်​သည်။ ထို့​ကြောင့် အင်​နိုးစ​န့်​သည် အန္တိခရစ်​ဖြစ်၏​ဟု ဖရက်ဒရစ်​က တန်ပြန်​ကြေညာ​ခဲ့​သည်။

“အန္တိခရစ်” ဟူသော​စကားလုံး​ကို တမန်​တော်​ယောဟန်​သာ အသုံးပြု​ခဲ့​သည်။ သူ့​အမည်တပ်​ထား​သည့် ကျမ်း​နှစ်စောင်​တွင် ထိုစကား​လုံး ငါး​ကြိမ်​ပါရှိ​ပြီး တစ်ဦး​တစ်ယောက်ကို​ရော အများစုကို​ပါ ရည်ညွှန်း​သည်။ ထိုစကား​လုံး​ပါ​သော အခန်းငယ်​များ​ကို နောက်​စာမျက်နှာ​ပါ လေးထောင့်ကွက်​တွင် ဖော်ပြ​ထား​သည်။ ထို​အခန်းငယ်​များ​အရ အန္တိခရစ်​သည် လိမ်လည်​လှည့်ဖြားသူ​ဖြစ်​ပြီး လူတစ်ဦး​၏ ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး၊ ခရစ်တော်​နှင့်​ဆက်ဆံ​ရေး​တို့ကို ဖျက်ဆီး​သူ​ဖြစ်သည်။ ထို့​ကြောင့် ခရစ်ယာန်​ချင်း​တို့ကို တမန်​တော် ဤသို့​တိုက်တွန်း​ခဲ့​၏– ‘ချစ်သူ​တို့၊ ခပ်သိမ်း​သော​စိတ်​ဝိညာဉ်​တို့ကို မယုံကြ​နှင့်။ စိတ်​ဝိညာဉ်​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည် မစပ်ဆိုင်​သည်ကို စုံစမ်း​ကြလော့။ အကြောင်း​မူ​ကား ပရောဖက်​အတုအယောင်​အများ​တို့သည် ဤ​လောက​သို့​သွား​ကြပြီ။’—၁ ယောဟန် ၄:၁

လှည့်ဖြားသူ​များ သို့​မဟုတ် ပရောဖက်​အတုအယောင်​များနှင့်​ပတ်သက်​၍ ယေရှုလည်း ဤသို့​သတိပေး​ခဲ့​သည်– ‘အတွင်း​၌ ကြမ်းတမ်းသော​တောခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ​၍ သင်တို့​ရှိရာသို့ လာသော ပရောဖက်​အတုအယောင်​တို့ကို သတိ​နှင့်​ရှောင်​ကြလော့။ ထို​သူတို့၏​အကျင့်ကို​ထောက်၍ သူတို့၏​သဘောကို သိ​ကြလိမ့်မည်။’ (မဿဲ ၇:၁၅၊ ၁၆) အန္တိခရစ်​နှင့်​ပတ်သက်​၍​ကော ယေရှု သတိပေး​ခဲ့​သလော။ ထို​ရက်စက်​ကြမ်းကြုတ်​သော လှည့်ဖြားသူ​ကို မည်သို့​ခွဲခြား​သိရှိ​နိုင်​ကြောင်း ကြည့်​ကြ​စို့။