မမေ့အပ်သော ဖြစ်ရပ်တစ်ခု!
မမေ့အပ်သော ဖြစ်ရပ်တစ်ခု!
ဧပြီလ ၂ ရက်၊ တနင်္လာနေ့
အေဒီ ၃၃ ခုနှစ်၊ နိသန်လ ၁၄ ရက်နေ့တွင်ဖြစ်သည်။ ယေရှုသည် စပျစ်ရည်တစ်ခွက်နှင့် တဆေးမဲ့မုန့်တစ်လုံးကို မိမိ၏တမန်တော်များနှင့်အတူ သုံးဆောင်လျက်ရှိသည်။ သူ၏ညွှန်ကြားချက်ကား အဘယ်နည်း။ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။”—လုကာ ၂၂:၁၉။
ထို့ကြောင့် တစ်နှစ်တစ်ကြိမ် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ထိုစကားကိုပြောခဲ့သောည၌ ကိုယ်တော်ညွှန်ကြားခဲ့သည့်ပုံစံအတိုင်း ယေရှု၏သေခြင်းကို သတိရသည့်အထိမ်းအမှတ်အဖြစ် စုဝေးကြသည်။ ဤနှစ်တွင် နိသန်လ ၁၄ ရက်သည် ဧပြီလ ၂ ရက်၊ တနင်္လာနေ့ နေဝင်ချိန်တွင် အစပြုသည်။ ထိုညနေတွင် ဤအောက်မေ့ဖွယ်စည်းဝေး၌ ကျွန်ုပ်တို့နှင့်အတူပါဝင်ရန် သင့်အား လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။ ကျေးဇူးပြု၍ အချိန်အတိအကျနှင့် နေရာအတွက် ဒေသခံယေဟောဝါသက်သေများကို မေးမြန်းပါ။