ခရစ်တော်ကြွလာခြင်း ယင်းကို ကြောက်ရွံ့သင့်သလော
ခရစ်တော်ကြွလာခြင်း ယင်းကို ကြောက်ရွံ့သင့်သလော
ခရစ်တော်ကြွလာခြင်းဟုဆိုလိုက်သည်နှင့် သင့်စိတ်ထဲ အဘယ်အရာပေါ်လာသနည်း။ လူတို့ကို ပြစ်ဒဏ်စီရင်ပြီး အစတုံးဖျက်ဆီးခြင်းလော။ သို့မဟုတ် လူ့ပြဿနာခပ်သိမ်းကို အဆုံးတိုင်စေခြင်းလော။ ခရစ်တော်ကြွလာခြင်းကို ကျွန်ုပ်တို့ကြောက်ရွံ့သင့်သလော။ သို့မဟုတ် စောင့်မျှော်နေသင့်သလော။
ခရစ်တော်ကြွလာခြင်းနှင့်ပတ်သက်၍ ကျမ်းစာဤသို့ဆို၏– “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ . . . ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” (ဗျာ. ၁:၇) ထိုကြွလာခြင်းသည် ဖြောင့်မတ်သူတို့ကို ဆုချပြီး လူဆိုးတို့ကို ပြစ်ဒဏ်စီရင်ရန် အနာဂတ်တွင် ယေရှုရောက်ရှိလာခြင်းကို ရည်ညွှန်းသည်။
တမန်တော်ယောဟန်သည် ခရစ်တော်ကြွလာခြင်းကို ကြောက်ရွံ့မည့်အစား စောင့်မျှော်ခဲ့သည်။ ထိုကြွလာခြင်းနှင့် ယင်းက လူသားတို့အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်းဖော်ပြသော အဆင်းအာရုံတစ်ခုကို မြင်တွေ့ပြီးနောက် ယောဟန်က “သခင်ယေရှု ကြွလာတော်မူပါ” ဟုထက်သန်စွာဆုတောင်းခဲ့၏။ (ဗျာ. ၂၂:၂၁) သို့ဆိုလျှင် အဘယ်ကြောင့် “မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြ” သနည်း။ “ရှိသမျှသောသူတို့သည်” ကိုယ်တော်ကို အဘယ်နည်းဖြင့် တွေ့မြင်ရမည်နည်း။ ခရစ်တော်ကြွလာခြင်းက အဘယ်အရာကို ပြီးမြောက်စေမည်နည်း။ ယင်းကိုယုံကြည်ခြင်းက ယခုပင် မည်သို့အကျိုးပြုနိုင်သနည်း။ နောက်ဆောင်းပါးက ဖြေဆိုပေးပါလိမ့်မည်။