မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရက်စက်ကြမ်းကြုတ်သော ယနေ့လောက

ရက်စက်ကြမ်းကြုတ်သော ယနေ့လောက

ရက်စက်ကြမ်းကြုတ်သော ယနေ့လောက

အသက် ၆၄ နှစ်အရွယ် မာရီယာသည် တစ်ကိုယ်တည်းနေထိုင်သူဖြစ်သည်။ သူ့ကို ရိုက်နှက်ပြီး ဝါယာကြိုးနှင့်လည်မျိုညှစ်ထားသဖြင့် အိမ်တွင် သေဆုံးနေကြောင်း တွေ့ ရှိခဲ့ရသည်။

ဒေါသထွက်နေသောလူအုပ်က ရဲသုံးဦးကို လူငယ်နှစ်ဦးအား ပြန်ပေးဆွဲသည်ဟု စွပ်စွဲပြီး ရိုက်နှက်ကြသည်။ ရဲနှစ်ဦးကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်လိုက်သည်။ နောက်တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားသည်။

အမည်မဖော်သော ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် အောက်ပါထိတ်လန့်ဖွယ်အမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အားလပ်ရက်အပန်းဖြေထွက်သော လူလေးဦး၏ရုပ်အလောင်းကို ဥယျာဉ်တစ်ခုတွင် တူးဖော်ရရှိခဲ့သည်။ သူတို့၏မျက်စိကို အဝတ်ဖြင့်စည်းပြီး လက်များကို တုပ်နှောင်ထားသည်။ အလောင်းများကို ခွဲစိတ်စစ်ဆေးကြည့်ရာ အရှင်လတ်လတ် မြေမြှုပ်ခံရကြောင်း သိရှိရသည်။

ထိုရက်စက်ယုတ်မာမှုများသည် ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ် အကြမ်းဖက်ရုပ်ရှင်ပြကွက်များ မဟုတ်ပါ။ ယင်းတို့သည် လက်တင်အမေရိကနိုင်ငံတစ်ခုတွင် မကြာသေးမီကဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်များဖြစ်သည်။ သို့သော် ယနေ့ ကမ္ဘာပေါ်တွင် ထိုနိုင်ငံတစ်ခုတည်းသာ ထိုသို့ ကြုံတွေ့ရသည်မဟုတ်ပါ။

ရက်စက်ကြမ်းကြုတ်မှုများ နေ့စဉ်ဖြစ်ပျက်နေသည်။ ဗုံးခွဲမှု၊ အကြမ်းဖက်တိုက်ခိုက်မှု၊ လူသတ်မှု၊ ရုတ်တရက်တိုက်ခိုက်မှု၊ ပစ်ခတ်မှု၊ မုဒိမ်းမှုများသည် ထိုဖြစ်ရပ်များထဲမှ အနည်းငယ်မျှသာဖြစ်သည်။ သတင်းမီဒီယာများက ရက်စက်ယုတ်မာမှုများကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေပြီး ယင်းတို့ကို မြင်ရကြားရသည်မှာ လူများစွာအတွက် မဆန်းတော့ပေ။

‘လောကကြီးက ဘာတွေဖြစ်နေပြီလဲ။ တခြားသူတွေရဲ့ခံစားချက်ကို ထည့်တွက်တာ၊ အသက်ကိုတန်ဖိုးထားတာတွေ မရှိတော့ဘူးလား’ ဟုသင်တွေးမိပေမည်။ ဤသို့သောလောကမျိုးတွင် ကျွန်ုပ်တို့ အဘယ်ကြောင့် အသက်ရှင်နေရသနည်း။

အသက် ၆၉ နှစ်အရွယ် ဟယ်ရီ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် ကင်ဆာရောဂါခံစားနေရပြီး သူ့ဇနီးမှာ နာတာရှည် နဗ်ကြောဖွဲ့ရောဂါခံစားနေရသည်။ သို့သော် အိမ်နီးချင်းနှင့်မိတ်ဆွေများက သူတို့ကို လိုလိုလားလား အကူအညီပေးကြသည်။ “သူတို့သာ မကူညီရင် ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး” ဟုဟယ်ရီပြောပြသည်။ သူနေထိုင်သော ကနေဒါနိုင်ငံတွင် သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်ပေးသူ ၅၀ ရာခိုင်နှုန်းကျော်သည် မိမိတို့နှင့်ဆွေမျိုးမတော်စပ်သူများကို အကူအညီပေးနေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။ ကြင်နာစိတ်ရှိပြီး ကူညီရိုင်းပင်းတတ်သူများကို သင်သိမည်မှာ သေချာသည်။ မှန်ပါသည်၊ လူသားများသည် ရက်စက်ကြမ်းကြုတ်မည့်အစား ကိုယ်ချင်းစာနာပြီး ကြင်နာနိုင်စွမ်းရှိကြသည်။

သို့ဆိုလျှင် ရက်စက်ယုတ်မာမှုများ အဘယ်ကြောင့် ဖြစ်ပေါ်နေရသနည်း။ အဘယ်ကြောင့် လူများ ရက်စက်ကြမ်းကြုတ်နေကြသနည်း။ သူတစ်ပါးကို ရက်စက်ကြမ်းကြုတ်စွာပြုမူသူများ ပြောင်းလဲနိုင်ပါမည်လော။ ရက်စက်ကြမ်းကြုတ်မှု အဆုံးတိုင်ပါမည်လော။ အဆုံးတိုင်မည်ဆိုလျှင် မည်သည့်အချိန်တွင်နှင့် မည်သို့အားဖြင့်နည်း။

[Picture Credit Line on page 3]

Train: CORDON PRESS