မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်၊ ကိုယ်တော် ဘာကြောင့်နှုတ်ဆိတ်နေခဲ့သလဲ”

“ဘုရားသခင်၊ ကိုယ်တော် ဘာကြောင့်နှုတ်ဆိတ်နေခဲ့သလဲ”

“ဘုရားသခင်၊ ကိုယ်တော် ဘာကြောင့်နှုတ်ဆိတ်နေခဲ့သလဲ”

ယင်းတို့သည် ၂၀၀၆၊ မေ ၂၈ တွင် ပိုလန်နိုင်ငံ၊ အော့ဇ်ဝစ်ချွေးတပ်စခန်းသို့ လည်ပတ်ခဲ့သော ဆယ့်ခြောက်ယောက်မြောက် ပုပ်ရဟန်းမင်းဘင်နီဒစ်၏စကားများ ဖြစ်သည်။ သိန်းနှင့်ချီသောဂျူးများအပြင် အခြားသူများကို နာဇီတို့သတ်ဖြတ်ခဲ့သည့် ထိုနေရာတွင် သူဤသို့ထပ်ဆို၏– “‘အဲဒီတုန်းက ဘုရားသခင် ဘယ်ရောက်နေလဲ၊ ကိုယ်တော် ဘာကြောင့် နှုတ်ဆိတ်နေခဲ့တာလဲ၊ ဒီအတောမသတ်နိုင်တဲ့ သတ်ဖြတ်မှုကြီးဖြစ်လာဖို့၊ ဆိုးသွမ်းမှုအောင်ပွဲခံဖို့ ကိုယ်တော် ဘာကြောင့်ခွင့်ပြုခဲ့တာလဲ’ ဆိုတဲ့မေးခွန်းတွေ တရစပ်ပေါ်လာတယ်။ . . . ဒါကြောင့် ‘အရေးယူတော်မူပါ၊ ကိုယ်တော်ဖန်ဆင်းတဲ့ လူသားတွေကို မမေ့ပါနဲ့’ လို့ နှိမ့်ချစိတ်နဲ့ အဆက်မပြတ်ဆုတောင်းနေရမယ်။”

ပုပ်ရဟန်းမင်း၏ ထိုစကားများကို လူတို့ဝေဖန်ပြောဆိုခဲ့ကြသည်။ အော့ဇ်ဝစ်တွင်ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှု၌ ဂျူးဆန့်ကျင်ရေးဝါဒီများလည်းပါဝင်ကြောင်း စသည့်အချက်အချို့ကို ပုပ်ရဟန်းမင်း တမင်ချန်လှပ်ခဲ့သည်ဟု အချို့ကဝေဖန်ကြသည်။ အချို့ကမူ ပုပ်ရဟန်းမင်း၏စကားများသည် ချာ့ခ်ျကျူးလွန်ခဲ့သောအပြစ်များကို ခွင့်လွှတ်ပေးပါဟူသော ယခင်ပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ်၏ တောင်းဆိုချက်ကို ပေါ့လျော့စေရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု ယူဆကြသည်။ ကက်သလစ်စာနယ်ဇင်းသမားတစ်ဦးဖြစ်သူ ဖိလစ်ပိုဂျန်တီလိုနီ ဤသို့ဖော်ပြသည်– “စာနယ်ဇင်းသမားများသည် ‘ဘုရားသခင် ဘယ်ရောက်နေလဲ’ ဟူသော အဖြေမရှိ၊ ခက်ခဲသည့်မေးခွန်းအစား ‘ဆယ့်နှစ်ယောက်မြောက် ပိုင်းယပ်စ် ဘယ်ရောက်နေလဲ’ ဟူသော ပိုလွယ်သည့်မေးခွန်း၏အဖြေကိုသာ သိလိုကြသည်မှာ သဘာဝကျပါသည်။” ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများကို မီးလောင်တိုက်သွင်းခြင်းတွင် ဆယ့်နှစ်ယောက်မြောက်ပုပ်ရဟန်းမင်း ပိုင်းယပ်စ်၏ နှုတ်ဆိတ်နေမှုကို သူတို့ ရည်ညွှန်းနေခြင်းဖြစ်သည်။

မီးလောင်တိုက်သွင်းခြင်းနှင့် လူ့သမိုင်းတစ်လျှောက်ကျူးလွန်ခဲ့သော အခြားမျိုးဖြုတ်သတ်ဖြတ်မှုများက လူတို့သည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” နေကြောင်း သက်သေထူသည်။ (ဒေ. ၈:⁠၉) လူသားတို့၏ဖန်ဆင်းရှင်သည် ထိုမျှကြောက်မက်ဖွယ်ကောင်းသော အခြေအနေများတွင် နှုတ်ဆိတ်မနေပါ။ ဆိုးသွမ်းမှုကို ခွင့်ပြုထားရသည့် အကြောင်းရင်းများကို ကျမ်းစာတွင် ကိုယ်တော်ဖော်ပြထား၏။ ထို့ပြင် လူသားတို့ကို မမေ့လျော့ကြောင်းကိုလည်း ကိုယ်တော်စိတ်ချစေသည်။ အမှန်မှာ၊ လူ့အုပ်ချုပ်မှုကို ဘုရားသခင်ခွင့်ပြုထားသည့်အချိန် ကုန်ဆုံးလုနီးပြီ။ (ယေရမိ ၁၀:၂၃) လူသားတို့ နှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း သင်ပိုမိုသိရှိလိုပါသလော။ ဆယ့်ခြောက်ယောက်မြောက် ပုပ်ရဟန်းမင်းဘင်နီဒစ်အား စိတ်ရှုပ်စေခဲ့သောမေးခွန်းများ၏ ကျမ်းစာအဖြေကို သင်တွေ့ ရှိနိုင်ရန် ယေဟောဝါသက်သေများက ဝမ်းမြောက်စွာကူညီပေးပါလိမ့်မည်။

[Picture Credit Line on page 32]

Oświęcim Museum