မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာချီစည်းလုံးမှု ရှိနိုင်မည်လော

ကမ္ဘာချီစည်းလုံးမှု ရှိနိုင်မည်လော

ကမ္ဘာချီစည်းလုံးမှု ရှိနိုင်မည်လော

ကမ္ဘာကြီး၏ အနာဂတ်သည် ငြိမ်းချမ်းမည့်အလားအလာရှိသလော၊ ပျက်စီးမည့်အလားအလာရှိသလော။ ထိုနှစ်မျိုးစလုံးအတွက် ကျေနပ်လက်ခံလောက်သော အကြောင်းပြချက်များ ရှိပုံရသည်။

ကမ္ဘာ့ခေါင်းဆောင်အချို့က ကမ္ဘာချီငြိမ်းချမ်းမှုရရှိနိုင်သည်ဟု ယုံကြည်စိတ်ချစွာ ပြောဆိုကြသည်။ သို့မဟုတ်ပါက ကမ္ဘာ့အခြေအနေသည် မတွေးရဲစရာဖြစ်နေသောကြောင့် ထိုသို့ဆိုခြင်းဖြစ်ပေမည်။ တစ်ဖက်တွင်မူ မည်သည့်နိုင်ငံများ၌ အစုလိုက်အပြုံလိုက်သေစေသော လက်နက်များ ရှိသနည်း။ ယင်းတို့ကို သူတို့ အသုံးပြုဝံ့မည်လော။ အသုံးပြုမည်ဆိုပါက ဘာဖြစ်လာမည်နည်းစသော မေးခွန်းများနှင့်ပတ်သက်၍ လူများစွာ အလွန်စိုးရိမ်ထိတ်လန့်နေကြ၏။

ပြိုင်ဆိုင်မှုနှင့် ဘက်လိုက်မှုသည် ကမ္ဘာ့စည်းလုံးမှုကို ဟန့်တားနေသော အဓိကအကြောင်းရင်းများဖြစ်ကြောင်း သမိုင်းကဖော်ပြခဲ့ပြီ။ ဘာသာတရားသည် ယင်းတို့ကို ထိန်းချုပ်နှိမ်နှင်းမည့်အစား မီးထိုးယပ်ခတ်ပေးနေသည်။ “လူတို့ကို စိတ်ဝမ်းကွဲပြားစေသော အဘယ်အရာမဆိုသည် ရန်လိုမှုကို ဖြစ်စေနိုင်ပြီး ဘာသာတရားသည် စိတ်ဝမ်းကွဲပြားစေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်၏။ ဘာသာတရားသည် လူတို့ကို ‘လိမ္မာယဉ်ကျေး’ စေသည်ဟု အများအားဖြင့် ယူဆကြသော်လည်း လူအချို့ကိုမူ အလွန်ရက်စက်ယုတ်မာမှုများ ကျူးလွန်စေကြောင်း ထင်ရှားသည်” ဟုသတင်းစာဆရာ ဂျိမ်းအေဟော့တ်က ရေးသားသည်။ စာရေးဆရာစတီဗင်ဝိန်းဘတ်လည်း အလားတူယူဆ၏။ “လူကောင်းများ မကောင်းမှုကျူးလွန်ခြင်းမှာ ဘာသာတရားကြောင့်သာဖြစ်သည်” ဟုသူရေးခဲ့၏။ ကမ္ဘာချီစည်းလုံးမှု ရှိလာမည်ဟု မျှော်လင့်နိုင်ပါသလော။ မျှော်လင့်နိုင်ပါသည်။ သို့သော် ကမ္ဘာချီစည်းလုံးမှုသည် လူ သို့မဟုတ် လူတို့တည်ထောင်သော ဘာသာတရားများကြောင့် မဟုတ်ကြောင်း ကျွန်ုပ်တို့တွေ့ရပါလိမ့်မည်။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

ကမ္ဘာကြီးသည် ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးနှင့် တူသလော