မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များ ဖတ်ရှုရသည်ကို သင်နှစ်သက်ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

•“ဓမ္မဟောင်းကျမ်း” သည် အဘယ်ကြောင့် တည်မြဲသည့်အကျိုးကျေးဇူးဖြစ်စေသနည်း။

ယင်း၏အာဘော်ရှင်မှာ အတိအကျမသိရသည့် ရက်စက်သောနတ်ဘုရားသခင်တစ်ပါးမဟုတ်ဘဲ မေတ္တာရှင်ဘုရားသခင် ယေဟောဝါဖြစ်သည်။ ယေရှုနှင့် ကိုယ်တော်၏အစောပိုင်းနောက်လိုက်များသည် ဟေဗြဲကျမ်းကို မပြတ်ရည်ညွှန်းကိုးကားခဲ့ကြသည်။ ဟေဗြဲကျမ်းတွင် နေ့စဉ်အသက်တာအတွက် လက်တွေ့ကျအကြံဉာဏ်ပါရှိပြီး အနာဂတ်အတွက် အံ့ချီးဖွယ်မျှော်လင့်ချက်ကိုဖော်ပြသည်။—⁠၉/၁၊ စာမျက်နှာ ၄-၇ [လိပ်]။

• အာဒံနှင့်ဧဝ အပြစ်ပြုပြီးနောက် အချိန်ကာလကုန်လွန်စေရန် ခွင့်ပြုခဲ့ခြင်းကြောင့် အဘယ်အရာ ပြီးမြောက်အောင်မြင်ခဲ့သနည်း။

နှစ်ထောင်ချီကြာသော ထိုအချိန်ကာလအတွင်း စာတန်သည် မုသာကောင်ဖြစ်ကြောင်း သက်သေထင်ရှားခဲ့သည်—⁠အာဒံနှင့်ဧဝ၊ သန်းနှင့်ချီသောသူတို့၏သားမြေးများ သေဆုံးခဲ့သည်။ လူသားတို့သည် ဘုရားသခင်ထံမှ သီးခြားခွဲထွက်ခြင်းသည် သာ၍ကောင်းမွန်မှုမဖြစ်စေကြောင်း၊ မိမိတို့၏ခြေလှမ်းကိုလမ်းညွှန်ပိုင်ခွင့်နှင့် လမ်းညွှန်နိုင်စွမ်းမရှိကြောင်း အချိန်က သက်သေထူခဲ့သည်။—⁠၉/၁၅၊ စာမျက်နှာ ၆-၇ [လိပ်]။

• ဧသောအဖြစ် ဟန်ဆောင်သည့်ယာကုပ်ကို အဘယ်ကြောင့်အပြစ်မတင်ခဲ့သနည်း။

ယာကုပ်သည် ဧသောထံမှ သားဦးအရာကိုဝယ်ယူခဲ့ပြီးဖြစ်သောကြောင့် သူ့ဖခင်ထံမှကောင်းချီး ရထိုက်သည်။ ဣဇာက်သည် ယာကုပ်အား ကောင်းချီးပေးမိကြောင်း သိသွားသောအခါ ယင်းကို ပြောင်းလဲဖို့မကြိုးစားခဲ့ပေ။ ဘုရားသခင်သည် ဝင်စွက်နိုင်သူဖြစ်သော်လည်း ယာကုပ်ကို ကောင်းချီးရစေလိုကြောင်းထင်ရှားသည်။—⁠၁၀/၁၊ စာမျက်နှာ ၃၁။

• ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်က ဆင့်ကဲအယူဝါဒနှင့်ဆန့်ကျင်နေကြောင်း မည်သို့ဖော်ပြသနည်း။

လူမျိုးတိုင်း၊ ယဉ်ကျေးမှုတိုင်းတွင် လူတို့သည် မိမိတို့အတွက်အန္တရာယ်ရှိကြောင်းသိလျက်ပင် အခြားသူတို့ကိုကူညီပေးရန် ဆန္ဒရှိကြသည်။ လူသားတို့သည် အသက်ရှင်ကျန်ရေးအတွက် ယှဉ်ပြိုင်ပြီးကျန်ရစ်သော တိရစ္ဆာန်မျှသာဖြစ်ခဲ့မည်ဆိုလျှင် ယင်းသို့သောကိုယ်ကျိုးမဖက်စိတ်ဓာတ်ကို မျှော်လင့်နိုင်မည်မဟုတ်။—⁠၁၀/၁၅၊ စာမျက်နှာ ၂၀။

• ဘုရားသခင်သည် နှိမ့်ချမှုရှိသည်ဟုအဘယ်ကြောင့်ပြောနိုင်သနည်း၊ ယင်းအရည်အသွေးကို ကိုယ်တော်မည်သည့်နည်းဖြင့်တင်ပြသနည်း။

အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၊ ဖန်ဆင်းရှင်ဖြစ်တော်မူသောဘုရားသခင်သည် ကျွန်ုပ်တို့ကဲ့သို့ ကန့်သတ်ချက်များမရှိပါ။ သို့တိုင် ၂ ဓမ္မရာဇဝင် ၂၂:၃၆ နှင့်အညီ ဘုရားသခင်နှိမ့်ချ မှုရှိသည်ဟု ဆိုနိုင်ရခြင်းမှာ ကိုယ်တော်၏စိတ်တော်နှင့်တွေ့ ရန်ကြိုးစားသော နိမ့်ကျသည့်လူသားများကို အရေးထားကာ ကြင်နာမှုပြတော်မူခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်အားကြောက်ရွံ့သူတို့ကို ကြင်နာစွာဆက်ဆံရန် ပုံဆောင်သဘောအရ ကိုယ်ကိုနှိမ့်ချတော်မူသည်။—⁠၁၁/၁၊ စာမျက်နှာ ၄-၅။

• ရှေးခေတ်မှအိုးခြမ်းကွဲများ သမ္မာကျမ်းစာမှတ်တမ်းကို မည်သို့အတည်ပြုသနည်း။

ရှေးဟောင်းသုတေသနပညာရှင်များသည် ယောရှု ၁၇:၁-၆ တွင်မှတ်တမ်းတင်ထားသည့် မျိုးနွယ်ခုနစ်စု၏အမည်များပါဝင်သည့် အိုးခြမ်းကွဲများကို ရှမာရိမြို့တွင် တွေ့ ရှိခဲ့သည်။ အာရဒ်မြို့မှ အိုးခြမ်းကွဲများသည် ယဇ်ပုရောဟိတ်မျိုးနွယ်များနှင့်ပတ်သက်သော အချက်အလက်များကို အတည်ပြုပေးပြီး ဘုရားသခင့်နာမတော်ပါရှိသည်။ လာခိရှမြို့မှအိုးခြမ်းကွဲများသည် ယုဒပြည်ကို ဗာဗုလုန်လူမျိုးတို့ကျူးကျော်မတိုက်ခိုက်မီ ယုဒပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် မငြိမ်သက်မှုအကြောင်း ဖော်ပြထားသည်။—⁠၁၁/၁၅၊ စာမျက်နှာ ၁၂-၁၄။

• တမန်တော်ကျမ်းကို လုကာရေးသားခဲ့ကြောင်း မည်သည့်အရာက ကောက်ချက်ချစေသနည်း။

လုကာခရစ်ဝင်ကျမ်းနှင့် တမန်တော်ကျမ်းကို သော်ဖိလုထံလိပ်မူရေးသောကြောင့် ထိုနှစ်စောင်စလုံးကို လုကာရေးခဲ့ကြောင်း ဖော်ပြသည်။ “ငါတို့” ဟူသောနာမ်စားကို သုံးနှုန်းထားရာ ယင်းက ဖြစ်ရပ်အချို့တွင် လုကာကိုယ်တိုင်ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။ (တမန်တော် ၁၆:၈-၁၅)—⁠၁၁/၁၅၊ စာမျက်နှာ ၁၈။

• ခရစ်ယာန်တစ်ဦးသည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းကို မည်သို့ရှုမြင်သင့်သနည်း။

နောဧအချိန်မှစ၍ ဘုရားသခင်သည် လူသားတို့အား တိရစ္ဆာန်များကို သတ်ဖြတ်စားသုံးရန်ခွင့်ပြုခဲ့သည်။ သို့သော် အသွေးကိုသွန်းရန် မိန့်မှာထားခြင်းက တိရစ္ဆာန်တို့၏အသက်ကို ဘုရားသခင်အစပြုဖန်ဆင်းရာအဖြစ် လေးမြတ်သင့်ကြောင်း အလေးပေးနေခြင်းဖြစ်သည်။ အပျော်သဘောဖြင့်သတ်ခြင်း၊ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားမှုခံစားရန်တောလိုက်ခြင်း သို့မဟုတ် သတ်ခြင်းတို့ကို ခရစ်ယာန်များ မလုပ်သင့်ပါ။ အာဏာပိုင်များ၏ဥပဒေများကို နာခံရန်အရေးကြီးပြီး အခြားသူများ၏အသိစိတ်ကို ထည့်သွင်းစဉ်းစားဖို့လိုသည်။ (ရောမ ၁၄:၁၃)—⁠၁၂/၁၊ စာမျက်နှာ ၃၁။