မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စတင်တူး” ကြရန် ဂိလဒ်ကျောင်းဆင်းများကိုအားပေး

“စတင်တူး” ကြရန် ဂိလဒ်ကျောင်းဆင်းများကိုအားပေး

၁၂၃ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းပွဲ

“စတင်တူး” ကြရန် ဂိလဒ်ကျောင်းဆင်းများကိုအားပေး

နိုင်ငံပေါင်း ၄၁ နိုင်ငံမှ လူပေါင်း ၆,၃၅၂ ဦးတို့သည် ၂၀၀၇၊ စက်တင်ဘာ ၈ ရက်၊ စနေနေ့တွင် ၁၂၃ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာ ကျောင်းဆင်းပွဲအတွက် စုရုံးရောက်ရှိနေကြသည်။ အစီအစဉ်သဘာပတိဖြစ်သူ အုပ်ချုပ်ရေးအဖွဲ့ဝင် အန်တိုနီမောရစ္စသည် နံနက် ၁၀ နာရီတွင် ပရိသတ်ကို လှိုက်လှဲစွာကြိုဆို၏။ သူသည် နိဒါန်းစကားအနည်းငယ်ပြောပြီးနောက် ပထမဟောပြောသူဖြစ်သည့် အမေရိကန်ပြည်ထောင်စု ဌာနခွဲကော်မတီဝင်တစ်ဦးဖြစ်သူ ဂယ်ရီဘရိုနှင့် မိတ်ဆက်ပေးသည်။

ညီအစ်ကိုဘရိုက ကျောင်းသားများ၏ ရုပ်ပိုင်းအသွင်အပြင်မည်သို့ပင်ရှိပါစေ ယေဟောဝါ၏အလိုတော် ထမ်းဆောင်သူတို့သည် ကိုယ်တော့်အမြင်တွင် လှပသူများဖြစ်ကြောင်း ကျောင်းသားများကို စိတ်ချစေသည်။ (ယေ. ၁၃:၁၁ကဘ) ထိုအလှအပမျိုးကို ဆက်ထိန်းသိမ်းထားရန် ကျောင်းဆင်းများကို သူအားပေးခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဂဲရစ်တ်လော့ရှ်က ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်စဉ် ဆုချခံရရန် မျှော်လင့်ခြင်းမှာ သင့်လျော်ကြောင်း အလေးပေးဖော်ပြသွားသည်။ (ဟေဗြဲ ၁၁:၆) သို့သော် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသောအရာမှာ ကိုယ်ကျိုးစွန့်မေတ္တာဖြစ်သင့်သည်။

သီအိုကရက်တစ်ကျောင်းဌာန၏ကြီးကြပ်မှူး ဝီလျံဆယ်မြူလ်စင်က နန်းစံဘုရင်အကြောင်း ကြွေးကြော်ခြင်းအခွင့်ထူးကို စွဲမြဲစွာဆုပ်ကိုင်ထားရန်၊ မိမိတို့အကျင့်ကောင်းဖြင့် ထိုအခွင့်ထူးခံအခြေအနေကို ထင်ရှားပြရန် ကျောင်းဆင်းများကို တိုက်တွန်းခဲ့၏။ * သီအိုကရက်တစ်ကျောင်းဌာန၏ လက်ထောက်ကြီးကြပ်မှူး ဆမ်ရော်ဘာစဲန်က ကျောင်းဆင်းများအား အခြားသူများ၏ကောင်းကွက်ကိုရှာဖို့ အားပေးသည်။ သို့ဖြင့် သူတို့သည် “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကိုချစ်” နိုင်မည်ဖြစ်သည်။—၁ ပေ. ၂:၁၇ကဘ။

ထိုလှုံ့ဆော်မှုဖြစ်စေသည့် ဟောပြောချက်များပြီးနောက် ဂိလဒ်သင်တန်းပို့ချသူ မာ့ခ်နူမဲရ်က ကျောင်းဆင်းများစွာနှင့် လူတွေ့မေးမြန်းရာ ဂိလဒ်သင်တန်းအတွင်း လယ်ကွင်းလုပ်ငန်းမှရရှိခဲ့သော တွေ့ကြုံမှုများကို သူတို့ပြောပြကြသည်။ သူတို့၏ ခရစ်ယာန်ဓမ္မအမှုကိုချစ်သောမေတ္တာနှင့် အခြားသူများအား ကူညီပေးလိုသောဆန္ဒကို ပရိသတ်ယောက်တိုင်း ထင်ရှားစွာတွေ့မြင်နိုင်ခဲ့သည်။ ထို့နောက် ပက်တာစင်ဗေသလရုံးမှ ကန့်တ်ဖစ်ချာသည် ခရစ်ယာန်သာသနာပြုများရှိသည့် နိုင်ငံသုံးနိုင်ငံမှ ဌာနခွဲကော်မတီဝင်များကို လူတွေ့မေးမြန်းသည်။ ထိုညီအစ်ကိုများ၏စကားများက ခရစ်ယာန်သာသနာပြုအသစ်များသည် သူတို့တာဝန်ကျရာဒေသတွင် ကောင်းစွာကြည့်ရှုစောင့်ရှောက်ခံရကြောင်း ပရိသတ်များ၊ အထူးသဖြင့် ကျောင်းဆင်းများ၏မိဘများကို စိတ်ချစေသည်။ ထို့နောက် ဘာသာပြန်လုပ်ငန်းဌာနမှ အိုင်းဇက်မာရာသည် သက်တမ်းကြာ ခရစ်ယာန်သာသနာပြုအချို့ကို လူတွေ့မေးမြန်းရာ သူတို့၏တွေ့ကြုံမှုများက ကျောင်းဆင်းများ ခံစားရတော့မည့်ရွှင်လန်းမှုအကြောင်း မြည်းစမ်းသိရှိစေသည်။

“ကြားနာပြီးနောက် သင်တို့ အဘယ်အရာလုပ်ဆောင်ကြမည်နည်း” ဟူသော အဓိကဟောပြောချက်ကို အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျက်ဖရီဂျက်ဆင်က ဟောပြောသည်။ တောင်ပစိဖိတ်တွင် ခရစ်ယာန်သာသနာပြုအဖြစ် ၂၅ နှစ်နီးပါး အမှုဆောင်ခဲ့သော ညီအစ်ကိုဂျက်ဆင်သည် တောင်ပေါ်တရားတော်၏နိဂုံးပိုင်းကို ဆွေးနွေးခဲ့၏။ ထိုအပိုင်းတွင် ယေရှုသည် အိမ်ဆောက်သူနှစ်ဦးဖြစ်သော ပညာရှိနှင့်လူမိုက်အကြောင်း ပြောဆိုခဲ့သည်။ အိမ်နှစ်အိမ်စလုံးကို တူညီသောနေရာဒေသတွင် ဆောက်လုပ်ခြင်းဖြစ်နိုင်ကြောင်း ဟောပြောသူက ဖော်ပြသည်။ သို့သော် လူမိုက်သည် အပေါ်ယံသဲပြင်ပေါ်တွင် ဆောက်ပြီး ပညာရှိမှာမူ ကျောက်သားတွေ့သည်အထိတူးကာ ထိုကျောက်ပေါ်တွင် ဆောက်လုပ်သည်။ ပြင်းထန်သောမုန်တိုင်း တိုက်ခတ်ချိန်တွင် ကျောက်ပေါ်တွင်ဆောက်သောအိမ်သည် မပြိုလဲဘဲ သဲပေါ်တွင်ဆောက်သောအိမ်မှာမူ ပြိုလဲသွား၏။—မ. ၇:၂၄-၂၇; လု. ၆:၄၈

မိမိ၏သွန်သင်ချက်ကို ကြားနာရုံသာပြုသူသည် လူမိုက်နှင့်တူကြောင်း ယေရှုရှင်းပြသည်။ ကိုယ်တော့်သွန်သင်ချက်ကို ကြားနာပြီး လက်တွေ့ကျင့်သုံးသူသည် ပညာရှိနှင့်တူ၏။ ညီအစ်ကိုဂျက်ဆင်က “ကျမ်းစာလေ့လာရာကနေ သိရှိလာတဲ့အရာတွေကို လယ်ကွင်းမှာ ကျင့်သုံးမယ်ဆိုရင် သင်တို့လည်း ပညာရှိနဲ့တူလိမ့်မယ်” ဟုကျောင်းဆင်းများကို ပြောခဲ့သည်။ နိဂုံးတွင် ကျောင်းဆင်းများအား ခရစ်ယာန်သာသနာပြုအဖြစ် တာဝန်ကျရာဒေသတွင် “စတင်တူး” ကြရန် အားပေးခဲ့သည်။

နောက်ဆုံး၊ ကျောင်းဆင်းများကို ဘွဲ့များအပ်နှင်းပြီး သူတို့တာဝန်ကျရာနေရာများကို ကြေညာကာ ညီအစ်ကိုမောရစ္စသည် နိဂုံးချုပ်အားပေးစကား ပြောဆိုခဲ့၏။ ယေရှုနောက်သို့ အမြဲလိုက်ရန်၊ ခွန်အားရရှိဖို့ ယေဟောဝါကို အမြဲမှီခိုအားထားရန် ကျောင်းဆင်းများကို သူအားပေးခဲ့သည်။ ထို့နောက် ကျောင်းဆင်းပွဲအစီအစဉ်ကို နိဂုံးချုပ်ခဲ့သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 သီအိုကရက်တစ်ကျောင်းဌာနသည်  သွန်သင်ခြင်းကော်မတီ၏ ကြီးကြပ်မှုအောက်တွင်ရှိပြီး ဂိလဒ်ကျောင်း၊ ဌာနခွဲကော်မတီဝင်များအတွက်ကျောင်းနှင့် နယ်လှည့်ကြီးကြပ်မှူးများအတွက်ကျောင်းတို့ကို ဦးစီးကြီးကြပ်သည်။

[စာမျက်နှာ ၃၁ ပါလေးထောင့်ကွက်]

သင်တန်းဆိုင်ရာအချက်အလက်များ

ကိုယ်စားပြုနိုင်ငံအရေအတွက်– ၁၀

တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၂၄

ကျောင်းသား/သူအရေအတွက်– ၅၆

ပျမ်းမျှအသက်– ၃၃.၅

ပျမ်းမျှအမှန်တရားသက်တမ်း– ၁၇.၉

ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း– ၁၃.၈

[စာမျက်နှာ ၃၂ ပါပုံ]

၁၂၃ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း

အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှ နောက်တန်းသို့ ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်။

(1) Esparza, E.; Papaya, S.; Bilal, A.; Suárez, M.; Evers, E.; Dimichino, K. (2) Rosa, M.; Fujii, R.; Ratey, O.; Leveton, J.; Van Leemputten, M. (3) Boscaino, A.; Beck, K.; Budanov, H.; Braz, C.; Peltz, K.; Siaw, A. (4) Leveton, S.; Santikko, H.; Conte, S.; Wilson, J.; Rylatt, J.; Pierce, S.; Fujii, K. (5) Rosa, D.; Boscaino, M.; Austin, V.; Rodiel, P.; Bilal, P.; Dimichino, P. (6) Ratey, B.; Czyzyk, D.; Clarke, C.; Riedel, A.; Esparza, F.; Siaw, P.; Van Leemputten, T. (7) Rodiel, J.; Evers, J.; Green, J.; Czyzyk, J.; Santikko, M.; Rylatt, M. (8) Peltz, L.; Austin, D.; Riedel, T.; Beck, M.; Pierce, W.; Conte, S.; Green, S. (9) Suárez, J.; Clarke, J.; Papaya, S.; Budanov, M.; Wilson, R.; Braz, R.