မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ခရစ်ယာန်တချို့သည် အိမ်ထောင်ပြုပြီးနောက် အဘယ်ကြီးလေးသောစိန်ခေါ်ချက်များနှင့် ရင်ဆိုင်ရသနည်း၊ အဘယ်အရာကို သူတို့ကြိုးစားပြုလုပ်သင့်သနည်း။

ခရစ်ယာန်အချို့သည် မိမိတို့၏အိမ်ထောင်ဖက်အကြောင်း ကောင်းစွာမသိကြောင်း တွေ့ရှိလာကြပေမည်။ သူတို့အဖို့ ကျမ်းစာနှင့်မညီသောကွာရှင်းခြင်းသည် လက်သင့်ခံဖွယ်ဖြေရှင်းနည်းတစ်ခုမဟုတ်ကြောင်း သိထားခြင်းက အိမ်ထောင်ရေးကိုဆက်မြဲစေရန် ကြိုးစားအားထုတ်ဖို့လိုသည်။—၄/၁၅၊ စာမျက်နှာ ၁၇။

• ဘိုးဘွားရိပ်သာရှိခရစ်ယာန်တစ်ဦးသည် အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်ရနိုင်သနည်း။

ဘိုးဘွားရိပ်သာတည်ရှိသောရပ်ကွက်မှ အသင်းတော်နှင့် သူ,ရင်းနှီးကျွမ်းဝင်မည်မဟုတ်ပေ။ ဘိုးဘွားရိပ်သာတွင်ရှိသူအများစုသည် ဘာသာရေးယုံကြည်ချက်အမျိုးမျိုးရှိသူများဖြစ်နိုင်ပြီး ဝတ်ပြုရေးလုပ်ဆောင်မှုများတွင်ပါဝင်ရန် သူ့ကိုအားပေးကြပေမည်။ ခရစ်ယာန်ဆွေမျိုးများနှင့် ဒေသခံအသင်းတော်သားများသည် ယင်းအခက်အခဲများကို သတိပြုသင့်ပြီး ထောက်မမှုနှင့် ဂရုစိုက်မှုတင်ပြသင့်သည်။—၄/၁၅၊ စာမျက်နှာ ၂၅-၂၇။

• အိမ်ထောင်သည်မောင်နှံတို့ ပြဿနာများဖြေရှင်းရာတွင် အထောက်အကူပြုသည့် အဆင့်လေးဆင့်မှာအဘယ်နည်း။

ပြဿနာကိုဆွေးနွေးရန် အချိန်ဖယ်ထားပါ။ (ဒေ. ၃:၁၊) သင့်သဘောထားကို ရိုးသားစွာ၊ လေးစားစွာ ထုတ်ပြောပါ။ (ဧ. ၄:၂၅) သင့်အိမ်ထောင်ဖက်၏ခံစားချက်များကိုနားထောင်ပြီး အသိအမှတ်ပြုပါ။ (မ. ၇:၁၂) ဖြေရှင်းနည်းကိုသဘောတူပြီး အတူတကွလုပ်ဆောင်ပါ။ (ဒေ. ၄:၉၊ ၁၀)—၅/၁၊ စာမျက်နှာ ၁၀-၁၂။

• အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အဘယ်ကော်မတီများတွင် အမှုဆောင်ကြသနည်း။

ညှိနှိုင်းရေးမှူးများ၏ကော်မတီ၊ ဝန်ထမ်းရေးရာကော်မတီ၊ ပုံနှိပ်ထုတ်ဝေရေးကော်မတီ၊ လုပ်ငန်းတော်ကော်မတီ၊ သွန်သင်ခြင်းကော်မတီ၊ စာပေပြုစုရေးကော်မတီ။—၅/၁၅၊ စာမျက်နှာ ၂၉။

• နောဧခေတ်ရေလွှမ်းမိုးဘေးသည် ကမ္ဘာချီဖြစ်ခဲ့ကြောင်း ကျွန်ုပ်တို့မည်သို့တပ်အပ်သေချာပြောနိုင်သနည်း။

ယေရှုသည် ရေလွှမ်းမိုးဘေးဖြစ်ခဲ့သည်ကို ယုံကြည်ရုံမက ကမ္ဘာချီဖြစ်ပျက်ခဲ့သည်ဟုလည်း ယုံကြည်၏။ သမ္မာကျမ်းစာသတိပေးချက်များသည် ကမ္ဘာချီရေလွှမ်းမိုးဘေး ဖြစ်ရပ်မှန်အပေါ် အခြေပြုသည်။—၆/၁၊ စာမျက်နှာ ၈။

ရောမ ၁:၂၄-၃၂ တွင်ဖော်ပြထားသည့် အမူအကျင့်သည် ဂျူးများ သို့မဟုတ် တစ်ပါးအမျိုးသားများကို ရည်ညွှန်းခဲ့ခြင်းလော။

ဤဖော်ပြချက်က လူမျိုးနှစ်မျိုးအနက် တစ်မျိုးကို ရည်ညွှန်းခြင်းဖြစ်နိုင်သော်လည်း အထူးသဖြင့် ပညတ်တရားကိုလိုက်လျှောက်ရန် ရာစုနှစ်နှင့်ချီပျက်ကွက်ခဲ့သူ ရှေးဣသရေလလူတို့ကို တမန်တော်ပေါလုရည်ညွှန်းနေခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင့်ဖြောင့်မတ်သောစီရင်တော်မူချက်ကို သိထားကြသော်လည်း ယင်းအတိုင်းမလိုက်လျှောက်ခဲ့ကြပါ။—၆/၁၅၊ စာမျက်နှာ ၂၉။

• တဲလ်အာရဒ်မြို့သည် မည်သည့်နေရာတွင်တည်ရှိသနည်း၊ ယင်းသည် အဘယ်ကြောင့်အရေးပါသနည်း။

အစ္စရေးနိုင်ငံရှိ ဤတောင်ကုန်းသည် ရှေးအာရဒ်မြို့နေရာဖြစ်ပြီး ပင်လယ်သေ၏အနောက်ဘက်တွင် တည်ရှိသည်။ ဤတောင်ကုန်းကိုတူးဖော်သူများသည် စာရေးရာတွင်သုံးသော အိုးခြမ်းကွဲစာအစုအပုံကို ရှာဖွေတွေ့ရှိခဲ့သည်။ အချို့သောအိုးခြမ်းကွဲများတွင် ကျမ်းစာ၌တွေ့ရသည့် ဟေဗြဲအမည်များပါရှိပြီး အချို့သောစာများတွင် ဘုရားသခင့်နာမတော်ပါရှိသည်။—၇/၁၊ စာမျက်နှာ ၂၃-၂၄။

• အကျိုးသင့်အကြောင်းသင့်မျှော်လင့်ရန် ပြုစုပျိုးထောင်ခြင်းသည် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို အဘယ်ကြောင့် တိုးပွားစေနိုင်သနည်း။

အကျိုးသင့်အကြောင်းသင့်မရှိသည့် ပန်းတိုင်များရောက်ဖို့ ဘာကိုမဆိုပေးဆပ်ရန် ကြိုးစားပါက ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုစိတ်ပင်ပန်းစေမည်။ သို့တိုင် ကျွန်ုပ်တို့သည် မိမိ၏ကန့်သတ်ချက်များကို ဓမ္မအမှုတွင် အရှိန်လျှော့ချရန်အကြောင်းပြချက်အဖြစ် အသုံးပြုကာ မိမိကိုယ်ကိုသက်ညှာလွန်းသူမဖြစ်ရန် သတိပြုသင့်သည်။—၇/၁၅၊ စာမျက်နှာ ၂၉။

• မြီးကောင်ပေါက်များနှင့် မိဘတို့၏ဆက်သွယ်ပြောဆိုမှုကို အဘယ်အရာက ခက်ခဲစေနိုင်သနည်း။

ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့စေသည့်အရာများမှာ လူငယ်၏ရှက်ရွံ့စိတ် သို့မဟုတ် အရှက်ကြီးသည့်စိတ်၊ လွတ်လပ်မှုကိုတမ်းတခြင်းနှင့် တစ်သီးပုဂ္ဂလနေလိုခြင်း ဖြစ်ပေမည်။ မိဘတို့သည် သက်သောင့်သက်သာရှိသည့်အခြေအနေများတွင် သူတို့နှင့်ဆက်သွယ်ပြောဆိုရန် ကြိုးစားနိုင်ပြီး လူငယ်၏စကားလုံးများနောက်ကွယ်ရှိခံစားချက်ကို ပိုင်းခြားသိမြင်ရန် ကြိုးစားပါ။—၈/၁၊ စာမျက်နှာ ၁၀-၁၁။