မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စိတ်နှလုံးတညီတညွတ်တည်း” ဖြင့် ဘုရားသခင့်အမှုတော်ဆောင်ခြင်း

“စိတ်နှလုံးတညီတညွတ်တည်း” ဖြင့် ဘုရားသခင့်အမှုတော်ဆောင်ခြင်း

“စိတ်နှလုံးတညီတညွတ်တည်း” ဖြင့် ဘုရားသခင့်အမှုတော်ဆောင်ခြင်း

ဂျူးများနှင့် ဂျူးဘာသာဝင်တစ်ပါးအမျိုးသားတို့သည် ယေရှုခရစ်၏တပည့်များထံ စုရုံးရောက်ရှိလာကြသည်။ ထိုစုရုံးလာသည့်နေ့သည် ပင်တေကုတ္တေပွဲနေ့ဖြစ်သည်၊ ဤဧည့်သည်များသည် အလှမ်းဝေးကွာလှသည့် အနောက်ဘက်ရောမမှနှင့် အရှေ့ဘက်ပါသိပြည်မှ ယေရုရှလင်သို့ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ဤလူအုပ်တွင် ဘာသာစကားအမျိုးမျိုးကို ကြားရကြသည်။ သို့တိုင် သူတို့နှင့်စကားပြောနေကြသော ယေရှု၏တပည့်များသည် ဂါလိလဲနယ်သားများဖြစ်ကြသည်။ အံ့သြမိန်းမောလျက်ရှိသောဧည့်သည်အချို့က ဤသို့မေးကြသည်– “ငါတို့၏ဘာသာစကားအသီးသီးဖြင့် ကြားနေရခြင်းကား မည်သို့နည်း။”—တ. ၂:၈

တမန်တော်ပေတရုသည်ထလျက် သူတို့မြင်တွေ့နေသည့် အံ့ဖွယ်ရာနှင့်ပတ်သက်သောအကြောင်းရင်းကို ရှင်းပြသည်။ လူအုပ်သည် ချက်ချင်းပင်တုံ့ပြန်ခဲ့ကြသည်။ ထောင်နှင့်ချီသောလူသစ်များနှစ်ခြင်းခံကြသည်။ (တ. ၂:၄၁) အသင်းတော်သည် တိုးတက်မှုလျင်မြန်သော်လည်း ဆက်၍စည်းလုံးခဲ့သည်။ ကျမ်းရေးသူလုကာက ဤသို့ဆို၏– “ယုံကြည်သူအပေါင်းတို့သည် စိတ်နှလုံးတညီတညွတ်တည်းရှိကြ” ၏။—တ. ၄:၃၂

စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့၌ နှစ်ခြင်းခံခဲ့သည့်ထောင်ချီသောသူများသည် မိမိတို့၏ယုံကြည်ခြင်းအသစ်နှင့်ပတ်သက်၍ ပိုမိုသင်ယူလိုသဖြင့် ယေရုရှလင်မြို့တွင် အတန်ကြာဆက်၍နေထိုင်လိုကြသည်။ သို့သော် သူတို့သည် အတန်ကြာနေထိုင်ရန်စိတ်ကူးနှင့်လာခဲ့ကြခြင်းမဟုတ်ချေ။ သို့ဖြစ်၍ ခေတ္တငွေကြေးကောက်ခံမှုရှိခဲ့သည်။ ယုံကြည်သူအချို့သည် မိမိတို့ဥစ္စာပစ္စည်းများကို စေတနာအလျောက်ရောင်းချပြီး ရရှိသည့်ငွေများကို လိုအပ်သူများအားပေးဝေရန် တမန်တော်တို့ထံယူဆောင်ခဲ့ကြသည်။ (တ. ၂:၄၂-၄၇) မေတ္တာနှင့်ရက်ရောမှုတင်ပြရာတွင် အလွန်ကောင်းမွန်သောစိတ်ဓာတ်ဖြစ်သည်။

စစ်မှန်သောခရစ်ယာန်များတွင် ဤကဲ့သို့သောမေတ္တာနှင့်ရက်ရောသည့်စိတ်ဓာတ်အမြဲရှိခဲ့ကြသည်။ ယနေ့ ခရစ်ယာန်အသင်းတော်သည် “စိတ်နှလုံးတညီတညွတ်တည်း” ဖြင့်ယေဟောဝါကို ဆက်၍စည်းလုံးစွာအမှုဆောင်သည်။ ခရစ်ယာန်တစ်ဦးချင်းစီသည် မိမိတို့၏အချိန်၊ ခွန်အားနှင့်ငွေကြေးများကို သတင်းကောင်းဟောပြောရန်နှင့် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရန် ရက်ရက်ရောရောအသုံးပြုကြသည်။— “အချို့သူများလှူဒါန်းရန် ရွေးချယ်ကြပုံ နည်းလမ်းများ” လေးထောင့်ကွက်ကိုကြည့်ပါ။

[စာမျက်နှာ ၆၊ ၇ ပါလေးထောင့်ကွက်]

 အချို့သူများ လှူဒါန်းရန် ရွေးချယ်ကြပုံ နည်းလမ်းများ

ကမ္ဘာချီလုပ်ငန်းအတွက် ပါဝင်လှူဒါန်းခြင်း

များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်း” ဟုရေးထားသော အလှူငွေသေတ္တာတွင် ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို သီးသန့်ဖယ်ထားကြသည်။

အသင်းတော်များသည် ယင်းအလှူငွေများကို မိမိတို့၏သက်ဆိုင်ရာနိုင်ငံရှိ ယေဟောဝါသက်သေများ၏ရုံးသို့ လစဉ်ပေးပို့ကြသည်။ စေတနာအလျောက်ထည့်ဝင်သော လှူဒါန်းငွေများကို Watch tower Bible and Tract Society of New York, Inc., Attention Treasurer’s Office, 25 Columbia Heights, Brooklyn, New York 11201-2483 သို့မဟုတ် သင့်နိုင်ငံကို တာဝန်ယူပေးရသော ဌာနခွဲရုံးသို့ တိုက်ရိုက်ပေးပို့နိုင်သည်။ ချက်လက်မှတ်များကို “ကင်းမျှော်စင်” သို့ပေးပို့သင့်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်း လှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်း ဖော်ပြသည့် စာတိုကလေးပါ ထည့်ပေးသင့်သည်။

ကန့်သတ်ချက်ဖြင့်လှူဒါန်းခြင်း အစီအစဉ်

ကမ္ဘာချီလုပ်ငန်းအတွက် အသုံးပြုရန် ပဲင်စီလ်ဘေးနီးယားကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းထံ ငွေကို ယုံကြည်စိတ်ချစွာ အပ်နှံထားနိုင်ပါသည်။ သို့သော် လှူဒါန်းသူတောင်းခံလာပါက အလှူငွေကို ပြန်လည်ပေးအပ်ပါမည်။ ထပ်မံသိလိုပါက အထက်တွင် ဖော်ပြထားသော လိပ်စာရှိ The Treasurer’s Office ကို စာရေးခြင်း သို့မဟုတ် (၇၁၈) ၅၆၀-၇၅၀၀ သို့တယ်လီဖုန်းဆက်ခြင်းဖြင့် ကျေးဇူးပြု၍ ဆက်သွယ်ပါ။

လှူဒါန်းရန်စီစဉ်ထားခြင်း

ငွေကြေး လုံးလုံးလျားလျား ပေးအပ်ခြင်းအပြင် ကမ္ဘာချီလုပ်ငန်းကို အထောက်အကူပြုရန် အခြားပေးကမ်းနည်းများရှိသည်။ ၎င်းတို့တွင် အောက်ပါနည်းများပါဝင်သည်–

အာမခံ– ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေး ခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။

ဘဏ်စာရင်းများ– ဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်းများကို ဒေသန္တရဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ အပ်နှံ သို့မဟုတ် ကာယကံရှင်သေဆုံးမှ လွှဲပြောင်းပေးရန် စီစဉ်နိုင်သည်။

အစုရှယ်ယာလက်မှတ်နှင့် ငွေချေးစာချုပ်များ– အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို လုံးလုံးလျားလျား ပေးအပ်လှူဒါန်းနိုင်သည်။

အိမ်ရာအဆောက်အအုံများ– ရောင်းချနိုင်သော အိမ်ရာအဆောက်အအုံများကို လှူဒါန်းခြင်းနှင့်ပတ်သက်၍ လုံးလုံးလျားလျားဖြစ်စေ၊ လှူဒါန်းသူ အသက်ရှင်နေသရွေ့ နေထိုင်ရန်အပိုင်းကို ချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန် စာချုပ်စာတမ်းမပြုမီ သင့်နိုင်ငံမှ ဌာနခွဲရုံးကို အကြောင်းကြားပါ။

နှစ်စဉ် ထောက်ပံ့ကြေး– နှစ်စဉ် ထောက်ပံ့ကြေးသည် ငွေကြေး သို့မဟုတ် အာမခံပစ္စည်းများကို ကင်းမျှော်စင်အသင်းသို့ လွှဲပြောင်းပေးသော အစီအစဉ်တစ်ခုဖြစ်သည်။ ယင်းအတွက် လှူဒါန်းသူ သို့မဟုတ် လှူဒါန်းသူအမည် သတ်မှတ်ထားသော တစ်ဦးတစ်ယောက်သည် နှစ်စဉ်ထောက်ပံ့ကြေးငွေအပေါ် သတ်မှတ်ထားသည့် ထုတ်ပေးငွေကို တစ်သက်လုံး နှစ်စဉ်ရရှိသွားမည်။ လှူဒါန်းသူသည် နှစ်စဉ်ထောက်ပံ့ကြေး ဝင်ငွေခွန်မှ လွတ်ငြိမ်းခွင့်ပြုငွေကို ရရှိသွားမည်။

သေတမ်းစာနှင့် လွှဲအပ်စာများ– ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကို ကင်းမျှော်စင်အသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည် သို့မဟုတ် လွှဲအပ်စာချုပ်တွင် ကင်းမျှော်စင်အသင်းက အကျိုးခံစားခွင့်ရှိသူအဖြစ် ပါဝင်စေနိုင်သည်။ ဤသို့ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းကို လွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့် အကျိုးအမြတ်တစ်စုံတစ်ရာကို ဖြစ်ထွန်းစေပေမည်။

“လှူဒါန်းရန်စီစဉ်ထားခြင်း” ဝေါဟာရက အဓိပ္ပာယ်သက်ရောက်စေသည့်အတိုင်း ဤသို့လှူဒါန်းသောနည်းများကို ပြုရာတွင် လှူဒါန်းသူဘက်မှ ကြိုတင်စီစဉ်ထားမှုအချို့ လိုအပ်ပေမည်။ လှူဒါန်းရန်စီစဉ်ထားသည့် နည်းတစ်မျိုးမျိုးဖြင့် ယေဟောဝါသက်သေများ၏ ကမ္ဘာချီလုပ်ငန်းကို အကျိုးပြုရန် ဆန္ဒရှိသူများအတွက် အကူအညီဖြစ်ဖို့ ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အကျိုးပြုဖို့ လှူဒါန်းရန် စီစဉ်ထားခြင်း ဟုခေါင်းစဉ်တပ်ထားသည့် အင်္ဂလိပ်နှင့် စပိန်ဘာသာတို့ဖြင့် ဘရိုရှာကို အသင်းမက ပြင်ဆင်ပြီးခဲ့ပြီ။ မေတ္တာဖြင့်လွှဲအပ်သောပစ္စည်းများကို ယခု သို့မဟုတ် သေတမ်းစာဖြင့် ပေးအပ်သည့်နည်းအမျိုးမျိုးကို ဖော်ပြပေးရန် ဤဘရိုရှာကို ရေးသားခဲ့ခြင်းဖြစ်သည်။ ဤဘရိုရှာကိုဖတ်ရှုပြီး ဥပဒေအရ သို့မဟုတ် အခွန်အရ အကြံပေးသူများနှင့် ဆွေးနွေးပြီးနောက် ကမ္ဘာချီယေဟောဝါသက်သေများ၏ ဘာသာရေးနှင့် လူမှုရေးရာများကို ကူညီထောက်ပံ့ပေးနိုင်သူများစွာရှိခဲ့ပြီး တစ်ချိန်တည်းတွင် အခွန်ကင်းလွတ်ခွင့် တိုး၍ရရှိစေခဲ့ကြပါသည်။ ၎င်းဘရိုရှာကို လှူဒါန်းခြင်းဆိုင်ရာစီမံဌာနမှ တိုက်ရိုက်တောင်းယူနိုင်ပေမည်။

ထပ်ဆင့်သိလိုလျှင် အောက်ဖော်ပြပါလိပ်စာရှိ လှူဒါန်းခြင်းဆိုင်ရာစီမံဌာနသို့ စာဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ သို့မဟုတ် သင့်နိုင်ငံရှိလုပ်ငန်းကို စီမံကွပ်ကဲသော ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ ဆက်သွယ်နိုင်ပါသည်။

Charitable Planning Office

Watch Tower Bible and Tract Society of Pennsylvania

100 Watchtower Drive

Patterson, New York 12563-9204

Telephone: (845) 306-0707