ကိုရီးယားတွင် တိုးပွားမှုမြင်တွေ့ရ
ကိုရီးယားတွင် တိုးပွားမှုမြင်တွေ့ရ
မီလ်တင် ဟမ်မင်တန် ပြောပြသည်
“ခရစ်ယာန်သာသနာပြုတွေရဲ့ဗီဇာအားလုံးကို ကိုရီးယားသမ္မတနိုင်ငံအစိုးရက ရုပ်သိမ်းလိုက်ပြီး နိုင်ငံအတွင်း ခင်ဗျားတို့ကိုဝင်ခွင့်မပြုတဲ့အကြောင်း အသိပေးရတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းကြပါဘူး။ . . . ဒါကြောင့် ခင်ဗျားတို့ကို ဂျပန်မှာ ခေတ္တတာဝန်ခန့်အပ်လိုက်ပါတယ်။”
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဘရွတ်ကလင်ကလာတဲ့ အထက်ကအကြောင်းကြားစာကို ၁၉၅၄ ခုနှစ်နှောင်းပိုင်းမှာ ကျွန်တော်တို့ဇနီးမောင်နှံရရှိခဲ့တယ်။ အဲ့ဒီနှစ်အစောပိုင်းမှာ ကျွန်တော်တို့ဟာ နယူးယောက်အထက်ပိုင်းရှိဂိလဒ်ကျောင်းရဲ့ ၂၃ ကြိမ်မြောက်သင်တန်းဆင်းတွေဖြစ်ကြတယ်။ စာရရှိချိန်မှာ ကျွန်တော်တို့ဟာ အင်ဒီယန်းနား၊ အင်ဒီယန်းနားပိုလစ်မှာ ခဏအမှုဆောင်နေကြတယ်။
ကျွန်တော့်ဇနီးလစ်ဇ် (ယခင် လစ်ဇ် ဆမ်မော့ခ်) နဲ့ကျွန်တော်ဟာ အထက်တန်းကျောင်းမှာ အတန်းဖော်တွေဖြစ်ကြတယ်။ နောက်ပိုင်း ၁၉၄၈ ခုနှစ်မှာ ကျွန်တော်တို့လက်ထပ်လိုက်ကြတယ်။ သူဟာ အချိန်ပြည့်အမှုဆောင်ရတာကိုနှစ်သက်ပေမဲ့ အမေရိကန်ပြည်ထောင်စုကနေထွက်ခွာပြီး နိုင်ငံရပ်ခြားမှာအမှုဆောင်ရမှာကို တွန့်ဆုတ်ခဲ့တယ်။ သူ့စိတ်ကို ဘာကပြောင်းလဲစေခဲ့သလဲ။
ဂိလဒ်ကျောင်းကိုစိတ်ဝင်စားသူတွေအတွက် ကျင်းပတဲ့အစည်းအဝေးကို ကျွန်တော်နဲ့အတူတက်ဖို့ လစ်ဇ်သဘောတူခဲ့တယ်။ အဲ့ဒီအစည်းအဝေးကို ၁၉၅၃ ခုနှစ် နွေရာသီမှာ နယူးယောက်၊ ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးအတွင်း ပြုလုပ်ခဲ့တယ်။ အားတက်စရာကောင်းတဲ့ အဲဒီအစည်းအဝေးပြီးနောက် ကျွန်တော်တို့ဟာ ဂိလဒ်ကျောင်းအတွက် လျှောက်လွှာဖြည့်ခဲ့ကြတယ်။ ၁၉၅၄၊ ဖေဖော်ဝါရီလမှာစမယ့် သင်တန်းမှာတက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတဲ့အတွက် ကျွန်တော်တို့အံ့သြခဲ့ကြတယ်။
ကျွန်တော်တို့ ကိုရီးယားမှာတာဝန်ကျပြီး သုံးနှစ်တာကြာတဲ့ကိုရီးယားစစ်ပွဲဟာ ၁၉၅၃ ခုနှစ် နွေရာသီမှာ ပြီးခါစပဲရှိသေးတယ်၊ တိုင်းပြည်ကို အကြီးအကျယ်ပျက်စီးကျန်ရစ်စေခဲ့တယ်။ အထက်ကပြောခဲ့တဲ့စာအတိုင်း ကျွန်တော်တို့ ဦးစွာဂျပန်ကိုသွားခဲ့တယ်။ ပင်လယ်ပြင်ခရီးရက်ပေါင်း ၂၀ ကြာပြီးနောက် ၁၉၅၅၊ ဇန်နဝါရီလမှာ ကိုရီးယားမှာတာဝန်ခန့်အပ်ခံခဲ့ရတဲ့ ခရစ်ယာန်သာသနာပြုဖော်ခြောက်ယောက်နဲ့အတူ ကျွန်တော်တို့ ဂျပန်ကိုရောက်ခဲ့ကြတယ်။ အဲ့ဒီအချိန်တုန်းက ဂျပန်ဌာနခွဲကြီးကြပ်မှူးဖြစ်တဲ့ လွိုက် ဘယ်ရီဟာ မနက် ၆ နာရီမှာ ဆိပ်ခံတံတားမှာ ကျွန်တော်တို့ကိုလာကြိုတယ်။ မကြာခင် ကျွန်တော်တို့ဟာ ယိုကိုဟားမားမှာရှိတဲ့ ခရစ်ယာန်သာသနာပြုအိမ်ကို သွားခဲ့ကြတယ်။ အဲ့ဒီနေ့နှောင်းပိုင်းမှာပဲ ကျွန်တော်တို့အမှုဆောင်ထွက်ခဲ့ကြတယ်။
ကျွန်တော်တို့ ကိုရီးယားသို့ရောက်ရှိ
အတန်ကြာတော့ ကျွန်တော်တို့ ကိုရီးယားသမ္မတနိုင်ငံကိုဝင်ဖို့ ဗီဇာရရှိခဲ့ကြတယ်။ ၁၉၅၅၊ မတ်လ ၇ ရက်နေ့မှာ တိုကျိုမြို့ ဟယ်နီဒါအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ကျွန်တော်တို့စီးတဲ့လေယာဉ်ထွက်ခွာပြီး ဆိုးလ်မြို့ ယိုဒူလေဆိပ်ကိုရောက်ဖို့ သုံးနာရီကြာပျံသန်းခဲ့ရတယ်။ ကိုရီးယားလူမျိုးသက်သေခံ ၂၀၀ ကျော်ဟာ ကျွန်တော်တို့ကိုကြိုဆိုကြပြီး ကျွန်တော်တို့ဟာ ဝမ်းသာမျက်ရည်ကျခဲ့ကြတယ်။ အဲ့ဒီတုန်းက ကိုရီးယားမှာသက်သေခံ ၁,၀၀၀ ပဲရှိတယ်။ ကျွန်တော်တို့ဟာ တခြားအနောက်နိုင်ငံသားများစွာလိုပဲ အရှေ့တိုင်းသားအားလုံးဟာ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဆင်တူပြီး ပြုမူပုံတူကြ
မယ်လို့ ထင်ခဲ့ကြတယ်။ မကြာခင်မှာ အဲ့ဒီလိုမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့သိခဲ့ရတယ်။ ကိုရီးယားလူမျိုးတွေမှာ သူတို့ရဲ့ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်အက္ခရာရှိရုံသာမက ကိုယ်ပိုင်အစားအစာ၊ ကိုယ်ဟန်အသွင်အပြင်နဲ့ ရိုးရာအဝတ်အစားရှိပြီး အဆောက်အအုံပုံစံလို ထူးခြားတဲ့ အခြားအရာများလည်းရှိသေးတယ်။ကျွန်တော်တို့အတွက် ဦးဆုံးအခက်အခဲကတော့ ဘာသာစကားသင်ယူရတာဖြစ်တယ်။ ကျွန်တော်တို့ဟာ ကိုရီးယားဘာသာစကားသင်ယူဖို့ ဘာစာအုပ်မှမရရှိခဲ့ဘူး။ ကိုရီးယားစာလုံးအသံထွက်နဲ့ထပ်တူ,တူညီဖို့ အင်္ဂလိပ်အသံထွက်စာလုံး သုံးဖို့မရှိဘူးဆိုတာကို မကြာခင်မှာ ကျွန်တော်တို့သိရှိခဲ့ကြတယ်။ လူတစ်ယောက်ဟာ ကိုရီးယားအက္ခရာကိုသင်ယူမှသာ အသံထွက်မှန်မှန်ကန်ကန်သင်ယူနိုင်မှာဖြစ်တယ်။
ကျွန်တော်တို့ အမှားတွေပြောခဲ့ကြတယ်။ ဥပမာ၊ လစ်ဇ်က အိမ်ရှင်ကို သမ္မာကျမ်းစာရှိပါသလားလို့မေးခဲ့တယ်။ အိမ်ရှင်က အံ့သြတဲ့မျက်နှာနဲ့သူ့ကိုကြည့်ပြီး ထွက်သွားကာ မီးခြစ်ဆံဘူးယူလာခဲ့တယ်။ လိဇ်က “သမ္မာကျမ်းစာ” အတွက်စကားလုံးဖြစ်တဲ့ ဆမ်ကျန်လို့အသံထွက်မဲ့အစား ဆမ်ယန် (မီးခြစ်ဆံ) လို့မေးမိတဲ့အတွက်ကြောင့်ဖြစ်တယ်။
လအနည်းငယ်ကြာပြီးနောက် တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်တဲ့ပူဆမ်မှာ ခရစ်ယာန်သာသနာပြုအိမ်စတည်ဖို့ တာဝန်ပေးအပ်ခံခဲ့ရတယ်။ ကျွန်တော်တို့နှစ်ယောက်နဲ့ ကျွန်တော်တို့နဲ့အတူတာဝန်ခန့်အပ်ခံရတဲ့ညီအစ်မနှစ်ယောက်အတွက် အခန်းငယ်သုံးခန်းငှားနိုင်ခဲ့တယ်။ အခန်းတွေမှာ ရေပိုက်လိုင်းနဲ့ရေဆွဲအိမ်သာတွေမရှိဘူး။ ညအချိန်ကျမှ ဒုတိယထပ်ကို ရေပိုက်လုံးကနေတစ်ဆင့် ရေတင်နိုင်ဖို့ ရေဖိအားအလုံအလောက်ရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ရေသိုထားဖို့ မနက်အစောကြီးအလှည့်ကျထကြရတယ်။ သောက်သုံးတဲ့အခါစိတ်ချရဖို့ ရေကိုကျိုချက်ကြတယ် ဒါမှမဟုတ် ကလိုရင်းထည့်ကြတယ်။
တခြားအခက်အခဲတွေလည်းရှိသေးတယ်။ လျှပ်စစ်ဓာတ်အားက အရမ်းကိုကန့်သတ်ပြီးပေးတာကြောင့် ကျွန်တော်တို့ဟာ အဝတ်လျှော်စက် ဒါမှမဟုတ် မီးပူတိုက်တာတို့ကို အသုံးမပြုနိုင်ခဲ့ကြဘူး။ မီးဖိုချောင်ဟာ လူသွားစင်္ကြံမှာရှိပြီး ရေနံဆီမီးဖိုပဲအသုံးပြုရတယ်။ မကြာခင် ကျွန်တော်တို့တစ်ယောက်စီဟာ ကိုယ်ထမင်းချက်ကျတဲ့နေ့မှာ အစားအစာချက်ပြုတ်ဖို့ သင်ယူခဲ့ကြရတယ်။ ကျွန်တော်တို့ရောက်ပြီး သုံးနှစ်ကြာပြီးနောက် လစ်ဇ်ရောကျွန်တော်ပါ အသည်းရောင်ရောဂါရရှိခဲ့ကြတယ်။ အဲ့ဒီနှစ်တွေမှာ ခရစ်ယာန်သာသနာပြုအများစုဟာ ဒီရောဂါကိုရရှိခဲ့ကြတယ်။ ပြန်ပြီးနာလန်ထဖို့ လအတော်ကြာတဲ့အပြင် တခြားကျန်းမာရေးပြဿနာတွေကိုလည်း တွေ့ကြုံခဲ့ရတယ်။
အခက်အခဲများရင်ဆိုင်ကျော်လွှားရန် အကူအညီရရှိ
လွန်ခဲ့တဲ့ ၅၅ နှစ်လုံးလုံး ကိုရီးယားကျွန်းဆွယ်ဟာ နိုင်ငံရေးအခြေအနေ အရမ်းမတည်မငြိမ်ဖြစ်ခဲ့တယ်။ ကျွန်းဆွယ်ကို ဒီအမ်ဇက် ဒါမှမဟုတ် စစ်မဲ့ဇုန်က ခွဲခြားလိုက်တယ်။ အဲ့ဒါက ကိုရီးယားသမ္မတနိုင်ငံမြို့တော် ဆိုးလ်မြို့ရဲ့မြောက်ဘက် ၃၅ မိုင်မှာရှိတယ်။ ၁၉၇၁ နှစ်မှာ ဘရွတ်ကလင်ဌာနချုပ်က ဖရက်ဒရစ်ခ် ဖရန့်ဇ်လာရောက်လည်ပတ်ခဲ့တယ်။ နယ်စပ်အထူးလုံခြုံရေးချထားတဲ့စစ်မဲ့ဇုန်ကို ကျွန်တော် သူနဲ့အဖော်လိုက်ခဲ့တယ်။ နှစ်တွေတစ်လျှောက် ကုလသမဂ္ဂအရာရှိတွေဟာ နှစ်နိုင်ငံအစိုးရရဲ့ကိုယ်စားလှယ်တွေနဲ့ အဲ့ဒီမှာ မကြာခဏတွေ့ဆုံခဲ့ကြတယ်။
ကျွန်တော်တို့ကတော့ ကိုရီးယားလူမျိုးတွေရဲ့ကျွန်းဆွယ်အခြေအနေအပါအဝင် ဒီလောကနိုင်ငံရေးတွေနဲ့ပတ်သက်ပြီး ကြားနေယော. ၁၇:၁၄) လူသားချင်းကိုတိုက်ခိုက်ဖို့အတွက် လက်နက်ကိုင်ဆောင်ဖို့ငြင်းဆိုတာကြောင့် ကိုရီးယားသက်သေခံ ၁၃,၀၀၀ ကျော်ဟာ စုစုပေါင်း နှစ်ပေါင်း ၂၆,၀၀၀ ထောင်ချခံခဲ့ရတယ်။ (၂ ကော. ၁၀:၃၊ ၄) အဲ့ဒီနိုင်ငံမှာရှိတဲ့ လူငယ်ညီအစ်ကိုအားလုံးဟာ ဒီပြဿနာနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုတာကိုသိထားပေမဲ့ ကြောက်ရွံ့ပြီးလက်လျော့သွားတာမရှိဘူး။ အုပ်ချုပ်သူတွေက ခရစ်ယာန်အမှုဆောင်တွေကို “ရာဇဝတ်သား” လို့သတ်မှတ်တာဟာ ဝမ်းနည်းစရာပါပဲ၊ သူတို့ရဲ့ “ပြစ်မှု” က ခရစ်ယာန်ကြားနေမှုကိုအလျော့ပေးလိုက်လျောဖို့ ငြင်းဆိုတာပဲဖြစ်ပါတယ်။
ကြပါတယ်။ (၁၉၄၄၊ ဒုတိယကမ္ဘာစစ်အတွင်း ကျွန်တော်လည်း စစ်မှုထမ်းဖို့ငြင်းဆိုတဲ့အတွက် အမေရိကန် ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ လူအစ်ဘာ့ဂ်ရှိအကျဉ်းထောင်မှာ နှစ်နှစ်ခွဲအကျဉ်းချခံခဲ့ရတယ်။ ဒါကြောင့် ကိုရီးယားညီအစ်ကိုတွေ အကျဉ်းထောင်မှာ ပိုမိုခက်ခဲမှုတွေကြုံခဲ့ရပေမဲ့ ဒီငယ်ရွယ်တဲ့သက်သေခံတွေ ဖြတ်သန်းခဲ့ရာတွေနဲ့ကျွန်တော်ရင်းနှီးနေပါတယ်။ ကိုရီးယားမှာရှိတဲ့ ကျွန်တော်တို့ ခရစ်ယာန်သာသနာပြုအချို့ဟာ အလားတူအတွေ့အကြုံမျိုးကြုံခဲ့ရတာကိုသိကြတဲ့အတွက် အများကိုအားပေးမှုဖြစ်စေခဲ့တယ်။—ဟေရှာ. ၂:၄။
ကျွန်တော်တို့ အခက်အခဲရင်ဆိုင်ရ
၁၉၇၇ ခုနှစ်မှာပေါ်ပေါက်လာတဲ့အချက်တစ်ခုက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကြားနေခြင်းနဲ့ပတ်သက်ခဲ့တယ်။ ကိုရီးယားလူငယ်တွေလက်နက်မကိုင်ဖို့၊ စစ်ထဲမဝင်ဖို့ငြင်းပယ်တာဟာ ကျွန်တော်တို့လွှမ်းမိုးလို့ဆိုပြီး အရာရှိတွေက ယူဆခဲ့ကြတယ်။ ဒါကြောင့် ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် တိုင်းပြည်ကနေထွက်သွားတဲ့ ခရစ်ယာန်သာသနာပြုတွေကို ပြန်ဝင်ခွင့်မပေးဖို့ အစိုးရက ဆုံးဖြတ်ခဲ့တယ်။ ဒီကန့်သတ်ချက်ဟာ ၁၉၇၇ ကနေ ၁၉၈၇ ခုနှစ်အထိကြာခဲ့တယ်။ အဲ့ဒီနှစ်တွေအတွင်း ကျွန်တော်တို့ဟာ ကိုရီးယားကနေထွက်သွားမယ်ဆိုရင် ပြန်လာဖို့ခွင့်ပြုချက်ရတော့မှာမဟုတ်ဘူး။ ဒါကြောင့် အဲ့ဒီနှစ်တွေအတွင်းမှာ အလည်အပတ်သွားဖို့အတွက်ပဲဖြစ်ပါစေ ကျွန်တော်တို့အိမ်ကို လုံးဝမပြန်ခဲ့ကြဘူး။
ကျွန်တော်တို့ဟာ အစိုးရအရာရှိတွေနဲ့အကြိမ်များစွာတွေ့ဆုံခဲ့ပြီး ခရစ်တော်နောက်လိုက်အနေနဲ့ ကျွန်တော်တို့ရဲ့ကြားနေခြင်းအကြောင်းကို ရှင်းပြခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ကို ခြိမ်းခြောက်လို့မရနိုင်ဘူးဆိုတာ သဘောပေါက်ခဲ့ကြပြီး ဆယ်နှစ်ကြာပိတ်ပင်မှုပြီးဆုံးသွားခဲ့တယ်။ အဲ့ဒီနှစ်တွေအတွင်းမှာ ခရစ်ယာန်သာသနာပြုအနည်းငယ်ပဲ ကျန်းမာရေးလို ပြဿနာတွေကြောင့် တိုင်းပြည်ကနေထွက်သွားခဲ့ကြပေမဲ့ ကျန်တဲ့သူတွေကျတော့ ဆက်နေခဲ့ကြပြီး ကျွန်တော်တို့ပြုလုပ်ခဲ့ရာအတွက် ကျွန်တော်တို့ပျော်ရွှင်ကြပါတယ်။
၁၉၈၅ ခုနှစ်အတွင်း ကျွန်တော်တို့ရဲ့ဓမ္မအမှုကိုဆန့်ကျင်သူတွေက လူငယ်အမျိုးသားတွေကို စစ်ထဲမဝင်ဖို့ သင်ပေးတယ်ဆိုပြီး ကျွန်တော်တို့ရဲ့တရားဝင်ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာတွေကို မှားယွင်းစွာစွပ်စွဲခဲ့ကြတယ်။ ဒါကြောင့် အစိုးရက မေးမြန်းဖို့ ကျွန်တော်တို့တစ်ယောက်စီကို ဆင့်ခေါ်ခဲ့တယ်။ ၁၉၈၇၊ ဇန်နဝါလ ၂၂ ရက်နေ့မှာ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်း အမှုလိုက်ရှေ့နေရုံးက တွေ့ရှိခဲ့တယ်။ အဲ့ဒါက အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ဘယ်နားလည်လွဲမှုကိုမဆို ဖြေရှင်းဖို့အထောက်အကူဖြစ်စေခဲ့တယ်။
ကျွန်တော်တို့ရဲ့အလုပ်ကို ဘုရားသခင်ကောင်းချီးပေး
ကျွန်တော်တို့ရဲ့ကြားနေခြင်းကြောင့် ကိုရီးယားမှာ ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို နှစ်တွေတစ်လျှောက် ဆန့်ကျင်တာ ပိုပြင်းထန်လာတယ်။ ဒါကြောင့် ပိုကြီးတဲ့စည်းဝေးပွဲတွေအတွက် သင့်တော်တဲ့နေရာရှာတွေ့ဖို့ ပိုပြီးခက်ခဲလာခဲ့တယ်။ ဒါကြောင့် သက်သေခံတွေဟာ အရှေ့တိုင်းမှာအဦးဆုံးဖြစ်တဲ့စည်းဝေးပွဲခန်းမတစ်ခုကို ပူဆမ်မြို့မှာ အစပြုဆောက်လုပ်ခဲ့ကြတယ်။ ၁၉၇၆၊ ဧပြီလ ၅ ရက်နေ့မှာ ပရိသတ် ၁,၃၀၀ ရှေ့အပ်နှံပွဲဟောပြောချက်ပေးရတဲ့အခွင့်အရေးကို ကျွန်တော်ရရှိခဲ့တယ်။
၁၉၅၀ ပြည့်နှစ်ကစပြီး အမေရိကန်ပြည်ထောင်စုကနေ သောင်းနဲ့ချီတဲ့စစ်သားတွေဟာ ကိုရီးယားမှာ လာရောက်အမှုထမ်းဖို့တာဝန်ခန့်အပ်ခံရတယ်။ အမေရိကန်ပြည်ထောင်စုကိုပြန်သွားပြီးနောက် အများဟာ တက်ကြွတဲ့သက်သေခံ
တွေဖြစ်လာခဲ့ကြတယ်။ သူတို့ဆီကစာတွေမကြာခဏရရှိပြီး သူတို့ကို ယေဟောဝါကိုသိလာဖို့ ကူညီပေးရတာဟာ ကျွန်တော်တို့အတွက်ကောင်းချီးဖြစ်ပါတယ်။ဝမ်းနည်းစရာကတော့ ကျွန်တော်ချစ်မြတ်နိုးရတဲ့အဖော် လစ်ဇ်ဟာ ၂၀၀၆၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်။ သူ့ကို ကျွန်တော်အရမ်းပဲသတိရတယ်။ ဒီမှာ ၅၁ နှစ်အတွင်း သူဟာ ဘယ်ခန့်အပ်ချက်ကိုမဆို ဝမ်းသာစွာလက်ခံခဲ့ပြီး တစ်ခါမှမညည်းညူခဲ့ဘူး။ တစ်ချိန်က သူလုံးဝမထွက်ခွာချင်ဘူးလို့ပြောခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်သွားဖို့ အကြံပြုတာ ဒါမှမဟုတ် စကားအရိပ်အမြွက်တောင် တစ်ခါမှမပြောခဲ့ဘူး။
ကျွန်တော် ကိုရီးယားမှာ ဗေသလမိသားစုဝင်အဖြစ် ဆက်ပြီးအမှုဆောင်နေပါတယ်။ စောစောပိုင်းနှစ်တွေက လက်တစ်ဆုပ်စာသာရှိတဲ့ဗေသလမိသားစုဟာ အခု ၂၅၀ ခန့်အထိတိုးများလာပါတယ်။ ဒီမှာလုပ်ငန်းတော်ကိုကြီးကြပ်နေတဲ့ ဌာနခွဲကော်မတီဝင် ခုနစ်ယောက်နဲ့အတူအလုပ်,လုပ်ရတာဟာ ကျွန်တော်အတွက်အခွင့်အရေးပါပဲ။
ကျွန်တော်တို့ရောက်ခါစတုန်းက ဆင်းရဲတဲ့ကိုရီးယားနိုင်ငံဟာ အခုဆို ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။ ကိုရီးယားမှာ သက်သေခံ ၉၅,၀၀၀ ကျော်ရှိပြီး သူတို့ထဲက ၄၀ ရာခိုင်နှုန်းနီးပါးဟာ မှန်မှန် ဒါမှမဟုတ် အရန်ရှေ့ဆောင်တွေအဖြစ်အမှုဆောင်နေကြတယ်။ ဒီအရာအားလုံးက ဒီမှာဘုရားသခင်အမှုတော်ဆောင်ရတာကို ကျွန်တော်လေးမြတ်တန်ဖိုးထားရတဲ့ ထပ်ဆင့်အကြောင်းရင်းတွေဖြစ်ပြီး ဘုရားသခင့်သိုးတော်စုတိုးပွားလာတာကို မြင်တွေ့နေရပါတယ်။
[စာမျက်နှာ ၂၄ ပါပုံစာ]
ခရစ်ယာန်သာသနာပြုဖော်များနှင့် ကိုရီးယားတွင်ရောက်ရှိစဉ်
[စာမျက်နှာ ၂၄၊ ၂၅ ပါပုံစာ]
ပူဆမ်တွင်အမှုဆောင်စဉ်
[စာမျက်နှာ ၂၅ ပါပုံစာ]
၁၉၇၁ ခုနှစ်တွင် ဒီအမ်ဇက်၌ ညီအစ်ကိုဖရန့်ဇ်နှင့်အတူ
[စာမျက်နှာ ၂၆ ပါပုံစာ]
လစ်ဇ်မဆုံးမီ သူနှင့်အတူ
[စာမျက်နှာ ၂၆ ပါပုံစာ]
ဗေသလမိသားစုဝင်အဖြစ် ကျွန်တော်ဆက်အမှုဆောင်နေသော ကိုရီးယားဌာနခွဲ