မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်ချက်များနှင့်ပတ်သက်သော အမှန်တရားဖြစ်သည့် “စင်ကြယ်သောဘာသာစကား” ကိုကျွန်ုပ်တို့ မည်သို့ကျွမ်းကျင်စွာပြောနိုင်သနည်း။ (ဇေ. ၃:၉ကဘ)

ပြောဆိုသည့်ဘာသာစကားတစ်ခုကဲ့သို့ ကျွန်ုပ်တို့သည် “စင်ကြယ်သောဘာသာစကား” ကိုကျွမ်းကျင်စွာပြောဆိုဖို့ ဂရုစိုက်နားထောင်ရန်၊ စကားပြောကျွမ်းကျင်သူများကိုတုပရန်၊ သမ္မာကျမ်းစာ၏ကျမ်းစောင်အမည်များနှင့် အချို့သောကျမ်းချက်များကိုအလွတ်ကျက်မှတ်ရန်၊ သင်ယူရာများကိုအထပ်ထပ်ပြောဆိုရန်၊ အသံထွက်ဖတ်ရန်၊ သဒ္ဒါ သို့မဟုတ် အမှန်တရား၏ပုံစံကိုဆန်းစစ်လေ့လာရန်၊ ဆက်၍တိုးတက်ရန်၊ လေ့လာချိန်များသတ်မှတ်ရန်၊ စင်ကြယ်သောဘာသာစကား “ပြောခြင်း” ကိုလေ့ကျင့်ရန် လိုအပ်သည်။—၈/၁၅၊ စာမျက်နှာ ၂၁-၂၅။

• ဘုရားသခင်သည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း သိကျွမ်းခြင်းတွင် ပါဝင်ရာအချို့ကအဘယ်နည်း။

‘ယေဟောဝါတည်းဟူသော နာမတော်ရှိတော်မူ၏၊’ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ယင်းနာမတော်ဖြင့်သိရန် အလိုရှိတော်မူသည်။ (ထွက်. ၁၅:၃) ကိုယ်တော်သည် “ချစ်ခြင်းမေတ္တာနှင့် ငြိမ်သက်ခြင်း၏ဘုရားသခင်” ဖြစ်တော်မူသည်။ (၂ ကော. ၁၃:၁၁) ကိုယ်တော်သည် “သိသောဉာဏ်နှင့်ပြည့်စုံ” ပြီး “ကယ်တင်” သောအရှင်ဖြစ်တော်မူသည်။ (၁ ရာ. ၂:၃သမ္မာ; ဆာ. ၂၅:၅) ဘုရားသခင်သည် ကိုယ်တော့်ကို ယင်းသို့သိကျွမ်းသူများထံချဉ်းကပ်ပါလိမ့်မည်။—၉/၁၊ စာမျက်နှာ ၄-၇။

• “သုံးလွန်းတင်သောကြိုး” ကိုအိမ်ထောင်ရေးတွင် မည်သို့ကျင့်သုံးနိုင်သနည်း။

“သုံးလွန်းတင်သောကြိုး” သည်ပုံဆောင်ဖော်ပြချက်ဖြစ်သည်။ (ဒေ. ၄:၁၂) အိမ်ထောင်ရေးနှင့်ပတ်သက်၍အသုံးပြုသောအခါ ပထမကြိုးနှစ်ချောင်းဖြစ်သည့် လင်နှင့်မယားသည် ဗဟိုကြိုးဖြစ်သည့်ဘုရားသခင်နှင့်ရစ်ပတ်နေခြင်းဖြစ်သည်။ ဘုရားသခင်နှင့်စည်းလုံးခြင်းက မောင်နှံစုံအား ပြဿနာများဖြေရှင်းရာတွင် ဘုရားသခင်နှင့်ဆက်ဆံရေး ခိုင်မြဲစေပြီး ပျော်ရွှင်မှုရရှိစေသည်။—၉/၁၅၊ စာမျက်နှာ ၁၆။

ဟေဗြဲ ၆:၂ တွင်ပါသော “လက်တင်ခြင်း” သည်အဘယ်အရာကို ရည်ညွှန်းသနည်း။

ခရစ်ယာန်အကြီးအကဲများ ခန့်အပ်ခြင်းနှင့်သက်ဆိုင်သည်ထက် လက်တင်ပြီးစွမ်းအားတော်နှင့်ဆိုင်သောဆုကျေးဇူးများ ကူးပြောင်းပေးခြင်းကို ရည်ညွှန်းပုံရသည်။ (တ. ၈:၁၄-၁၇; ၁၉:၆)—၉/၁၅၊ စာမျက်နှာ ၃၂။

• ဖခင်ကောင်းတစ်ဦးသည် မိမိသားသမီးများ အဘယ်အရာလိုအပ်ကြောင်း အသိအမှတ်ပြုသနည်း။

သူတို့လိုအပ်သည့်အရာအချို့မှာ (၁) ဖခင်မေတ္တာ၊ (၂) ပုံသက်သေကောင်း၊ (၃) ပျော်စရာကောင်းသောဝန်းကျင်၊ (၄) ဝတ်ပြုရေးနှင့်ဆိုင်သောအရာများ သင်ကြာ ပေးမှု၊ (၅) ပဲ့ပြင်ဆုံးမမှု၊ (၆) ကာကွယ်ပေးမှုတို့ဖြစ်သည်။—၁၀/၁၊ စာမျက်နှာ ၁၈-၂၁။

• ဦးဆောင်သူတို့သည် အခြားသူတို့ကို ဂုဏ်တင်ကြောင်း မည်သို့တင်ပြနိုင်သနည်း။

အကြီးအကဲတစ်ဦးပြုလုပ်နိုင်သည့် နည်းတစ်နည်းမှာ မိမိကိုယ်တိုင်မလုပ်လိုသောအရာများကို အခြားသူများလုပ်ရန် ဘယ်တော့မျှမတောင်းဆိုခြင်းဖြစ်သည်။ ထို့ပြင် သူသည် မိမိ၏တောင်းဆိုချက် သို့မဟုတ် မိမိပေးသောလမ်းညွှန်ချက်အတွက် အကြောင်းပြချက်များပေးခြင်းဖြင့် ဂုဏ်တင်ကြောင်းတင်ပြသည်။—၁၀/၁၅၊ စာမျက်နှာ ၂၂။

• အိမ်ထောင်ရေးကတိသစ္စာကို စောင့်ထိန်းခြင်း၏သော့ချက်အချို့ကား အဘယ်နည်း။

အချက်နှစ်ချက်မှာ– (၁) သင့်အိမ်ထောင်ကို ဦးစားပေးပါ။ (၂) ဖောက်ပြန်မှုပုံစံအားလုံးကို ရှောင်ပါ။ သင့်အိမ်ထောင်ရေး ခိုင်မာသည်ဖြစ်စေ၊ ပြဿနာများရှိသည်ဖြစ်စေ အိမ်ထောင်ရေးကို အောင်မြင်စေရန်ပြုလုပ်ဖို့ သင်ကတိသစ္စာပြုထားကြောင်း သင့်အိမ်ထောင်ဖက်သိရန်လိုအပ်သည်၊ ယင်းသော့ချက်နှစ်ချက်သည် အထောက်အကူပြုပါလိမ့်မည်။—၁၁/၁၊ စာမျက်နှာ ၁၈-၂၁။

• ခရစ်ယာန်အကြီးအကဲတစ်ဦးသည် ဣသရေလနိုင်ငံရှိသိုးထိန်းတစ်ဦး၏ ထိပ်ကောက်တောင်ဝှေးတစ်ချောင်းအသုံးပြုပုံမှ အဘယ်အရာသင်ယူနိုင်သနည်း။

သိုးထိန်းတစ်ဦးသည် မိမိသိုးအုပ်ကို ထိန်းကျောင်းရန် ထိပ်ကောက်တောင်ဝှေး သို့မဟုတ် တုတ်ကောက်တစ်ချောင်းကို အသုံးပြုခဲ့သည်။ သိုးတို့ကို ခြံထဲသွင်းသည့်အခါ သို့မဟုတ် ခြံထဲမှထုတ်သည့်အခါ သိုးထိန်းသည် သိုးတို့ကိုရေတွက်နိုင်ရန် ‘တုတ်ကောက်အောက်မှသွား’ စေသည်။ (ဝတ်. ၂၇:၃၂) ထိုနည်းတူ ခရစ်ယာန်အကြီးအကဲတစ်ဦးသည် မိမိဂရုစိုက်စောင့်ရှောက်နေရသော ဘုရားသခင့်သိုးတော်စုကို သိကျွမ်းရန်နှင့် မျက်ခြည်မပြတ်စောင့်ကြည့်ရန်လိုသည်။—၁၁/၁၅၊ စာမျက်နှာ ၉။

• မိခင်တစ်ဦးသည် သန့်ရှင်းခြင်းကို အရေးကြီးသည်ဟုရှုမြင်ကြောင်း မည်သို့တင်ပြနိုင်သနည်း။

အစားအစာသည် နည်းမျိုးစုံဖြင့် ညစ်ညမ်းသွားနိုင်သည်၊ ထို့ကြောင့် မိခင်သည် အစားအစာကိုမကိုင်မီ မိမိလက်ကိုဆေးကြောမည်ဖြစ်ပြီး အစားအစာကိုဖုံးအုပ်ကာ သိမ်းဆည်းမည်ဖြစ်သည်။ ကြွက်များ၊ ကြွက်စုတ်များ၊ အင်းဆက်ပိုးမွှားများ၏ပြဿနာကိုရှောင်ရန် အိမ်ကိုသန့်သန့်ရှင်းရှင်းထားမည်။ အခြားအချက်များမှာ အဝတ်အစားများကိုသန့်သန့်ရှင်းရှင်းထားပြီး မှန်မှန်လျှော်ခြင်း၊ ရေချိုးခြင်းတို့ဖြစ်သည်။ ယင်းအချက်များသည် သမ္မာကျမ်းစာနှင့်ညီညွတ်သည်။—၁၂/၁၊ စာမျက်နှာ ၉-၁၁။