မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရမိနှင့်တူကြရန် ခရစ်ယာန်သာသနာပြုများ အားပေးခံရ

ယေရမိနှင့်တူကြရန် ခရစ်ယာန်သာသနာပြုများ အားပေးခံရ

၁၂၅ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းပွဲ

ယေရမိနှင့်တူကြရန် ခရစ်ယာန်သာသနာပြုများ အားပေးခံရ

စက်တင်ဘာ ၁၃၊ ၂၀၀၈ ခုနှစ်တွင်ကျင်းပသော ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၂၅ ကြိမ်မြောက်ကျောင်းဆင်းပွဲတွင် တက်ရောက်သူ ၆,၁၅၆ ယောက်အား အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျက်ဖရီ ဂျက်ဆင်က “ဒီဂိလဒ်သင်တန်းဟာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်” ဟုပြောခဲ့သည်။ ဤသင်တန်းမှကျောင်းဆင်း ၅၆ ဦးအပါအဝင် ခရစ်ယာန်သာသနာပြု ၈,၀၀၀ ကျော်ကို “မြေကြီးစွန်းတိုင်အောင်” စေလွှတ်ခဲ့ပြီဖြစ်သည်။—တ. ၁:၈

ကျောင်းဆင်းပွဲအစီအစဉ်၏ သဘာပတိဖြစ်သူ ညီအစ်ကို ဂျက်ဆင်က “သင်၏ဓမ္မအမှုကို ယုံကြည်စိတ်ချမှုဖြင့် အရှိန်မြှင့်မည်လော” ဟုမေးခဲ့သည်။ ပြီးနောက် ယုံကြည်စိတ်ချမှုရှိရန် အချက်လေးချက်ကို တစ်ခုပြီးတစ်ခုတင်ပြခဲ့သည်၊ ယင်းတို့မှာ သဘောထားမှန်ရှိခြင်း၊ ပုံသက်သေကောင်းပြခြင်း၊ ဘုရားသခင့်နှုတ်မြွက်တော်ကို အခိုင်အမာအခြေပြုကာသွန်သင်ခြင်း၊ ဘုရားသခင့်နာမတော်ကိုသိစေရန် အာရုံစိုက်ခြင်းတို့ဖြစ်သည်။

သွန်သင်ခြင်းကော်မတီတွင် အမှုဆောင်နေသူ ဒေးဗစ် ရှာဖာက “အရာရာကို သင်နားလည်သဘောပေါက်မည်လော” အကြောင်းအရာကို ဆွေးနွေးခဲ့သည်။ ဂိလဒ်ကျောင်းသားများသည် ယေဟောဝါအားဆက်၍ရှာနေမည်၊ ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ ကိုနှိမ့်ချစွာအသိအမှတ်ပြုကြမည်ဆိုပါက ခရစ်ယာန်သာသနာပြုများအနေနှင့် အမှုဆောင်ရာတွင်လိုအပ်သော “အရာရာကိုနားလည်သဘောပေါက်” နိုင်မည်ဟု စိတ်ချစေခဲ့သည်။—သု. ၂၈:၅; မ. ၂၄:၄၅

ယင်းနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျွန် အီး. ဘားရ်က “ဘုရားသခင်၏မေတ္တာတော်မှ ကွာသွားစေရန် မည်သည့်အရာကိုမျှ ခွင့်မပြုနှင့်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ညီအစ်ကို ဘားရ်၏ ဖခင်သဖွယ်ပေးသောအကြံပြုချက်က ကျောင်းဆင်းများနှင့် သူတို့၏မိဘတို့အား ခရစ်ယာန်သာသနာပြုအသစ်တစ်ဦး တာဝန်ကျရာနေရာတွင် အဘယ်အရာကြုံတွေ့ရနိုင်မည်နှင့်ပတ်သက်၍ မည်သည့်စိုးရိမ်ပူပန်မှုကိုမဆို လျော့နည်းသွားစေသည်။ “ဘုရားသခင့်မေတ္တာမှာတည်နေခြင်းဟာ ကျွန်တော်တို့ရဲ့အသက်တာမှာ လုံခြုံမှု၊ နှစ်သိမ့်မှုပေးတဲ့နေရာတစ်ခုလိုပါပဲ” ဟုရှင်းပြခဲ့သည်။ ခရစ်ယာန်သာသနာပြုများသည် မိမိတို့ကိုယ်တိုင် ဘုရားသခင်ထံမှခွာသွားခြင်းမရှိလျှင် အဘယ်အရာကမျှ သူတို့ကို ဘုရားသခင်မေတ္တာမှ ကွာစေနိုင်မည်မဟုတ်ပါ။

သီအိုကရက်တစ်ကျောင်းဌာနမှ ဆမ်ရော်ဘာစဲန်က “အကောင်းတကာ့အကောင်းဆုံးဝတ်လုံ” နှင့်တော်လျော်ရန် ပရိသတ်ကိုအားပေးခဲ့သည်။ ကျောင်းဆင်းများသည် ယေရှုခရစ်လုပ်ဆောင်ခဲ့ရာကို လေ့လာခြင်း၊ မိမိတို့ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်” နိုင်ကြသည်။ (ရော. ၁၃:၁၄) ယင်းနောက် သီအိုကရက်တစ်ကျောင်းဌာန၏ကြီးကြပ်မှူး ဝီလျံဆယ်မြူလ်စင်က လူတစ်ဦးအား ဂုဏ်အသရေရှိစေသည့်အရာကို ပေါ်လွင်အောင်ဖော်ပြခဲ့သည်။ လူတစ်ဦးအား ဂုဏ်အသရေရှိစေသည့်အရာမှာ လူ့ရှုမြင်ချက်မဟုတ်ဘဲ ဘုရားသခင့်ရှုမြင်ချက်ဖြစ်သည်။

သွန်သင်ပို့ချသူတစ်ဦးဖြစ်သော မိုက်ကယ်လ်ဘားနက်က ကျောင်းသားများ၏ လယ်ကွင်းလုပ်ငန်းတွေ့ကြုံမှုများကို လူတွေ့မေးမြန်းခဲ့သည်။ ဂိလဒ်ကျောင်းရှိရာ ပက်တာစင်၌ရှိစဉ် ကျောင်းသားအများစုသည် စေ့စေ့စပ်စပ်နှင့်မကြာခဏအမှုဆောင်သည့်ရပ်ကွက်တွင် တာဝန်ရရှိခဲ့ကြသည့်တိုင် စိတ်ဝင်စားသူတို့ကို တွေ့ရှိခဲ့ကြသည်။ စည်းဝေးကြီးအဖွဲ့ရုံးမှ ဂျဲရာဒ်ဂရီဇယ်က ဌာနခွဲကော်မတီအဖွဲ့ဝင်များအတွက်ကျောင်းကို တက်ရောက်ကြသော ညီအစ်ကိုသုံးဦးအား လူတွေ့မေးမြန်းခဲ့သည်။ သူတို့၏မှတ်ချက်များက ဂိလဒ်ကျောင်းဆင်းများ၏ တိုင်းတစ်ပါးတာဝန်များတွင် အဘယ်အရာပါဝင်သည်ကိုသိရ၍ ကြိုတင်ပြင်ဆင်ရန် အထောက်အကူပြုခဲ့သည်။

၄၂ ကြိမ်မြောက်ဂိလဒ်ကျောင်းဆင်းဖြစ်သော အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေးဗစ်စပလန်က “ယေရမိကဲ့သို့ဖြစ်ပါ” ဟောပြောချက်ကိုပေးခဲ့သည်။ ယေရမိသည် မိမိရရှိသည့်တာဝန်နှင့်ပတ်သက်၍ စိုးရိမ်ခဲ့သော်လည်း ယေဟောဝါသည် သူ့ကိုခွန်အားပေးခဲ့သည်။ (ယေ. ၁:၇၊ ၈) ဘုရားသခင်သည် ခရစ်ယာန်သာသနာပြုအသစ်များကိုလည်း ထိုသို့ပင် ခွန်အားပေးမည်။ “တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ အဲ့ဒီသူကို သင်တကယ်တန်ဖိုးထားရတဲ့ သူ့ရဲ့အရည်အသွေးဆယ်ခုကို ထိုင်ပြီးချရေးကြည့်ပါ။ တကယ်လို့ ဆယ်ခုချမရေးနိုင်ဘူးဆိုရင် သူ့ကို သင်ကောင်းကောင်းမသိသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ” ဟုညီအစ်ကို စပလန်ကဆိုသည်။

ယေရမိသည် ကိုယ်ကျိုးစွန့်ခဲ့သည်။ လက်လျော့ချင်လာသည့်အခါ သူသည်ဆုတောင်းခဲ့ပြီး ယေဟောဝါသည် သူနှင့်အတူရှိခဲ့သည်။ (ယေ. ၂၀:၁၁) ညီအစ်ကို စပလန်က ဤသို့ပြော၏– “သင်တို့ စိတ်ဓာတ်ကျတဲ့အခါ အဲ့ဒီအကြောင်းကို ယေဟောဝါကိုပြောပြပါ။ ယေဟောဝါ သင့်ကိုကူညီပုံကြောင့် သင်အံ့အားသင့်ရပါလိမ့်မယ်။”

ကျောင်းဆင်းပွဲအစီအစဉ်၏နိဂုံးပိုင်းတွင် သဘာပတိက ကျောင်းဆင်းများသည် မိမိတို့၏ယုံကြည်စိတ်ချမှုကိုတည်ဆောက်ရန် နည်းအမျိုးမျိုးကို သိရှိခဲ့ပြီဖြစ်ကြောင်း ပရိသတ်အား အသိပေးခဲ့သည်။ လူတို့သည် ခရစ်ယာန်သာသနာပြုများကို ယုံကြည်စိတ်ချနိုင်ကြောင်း သိလာသည့်အခါ သူတို့၏သတင်းစကားသည် ပို၍တန်ခိုးပါလာမည်။—ဟေရှာ. ၄၃:၈-၁၂

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

သင်တန်းဆိုင်ရာအချက်အလက်များ

ကိုယ်စားပြုနိုင်ငံအရေအတွက်– ၆

တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၂၁

ကျောင်းသား/သူအရေအတွက်– ၅၆

ပျမ်းမျှအသက်– ၃၂.၉

ပျမ်းမျှအမှန်တရားသက်တမ်း– ၁၇.၄

ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း– ၁၃

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

၁၂၅ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း

အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှ နောက်တန်းသို့ ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်။

(1) Hodgson, A.; Wall, A.; Beerens, K.; Hortelano, M.; Newman, L.; De Caso, A. (2) Jenkins, J.; Jarzemski, T.; Méndez, N.; Corona, V.; Canalita, L. (3) Fryer, H.; Savage, M.; Tidwell, K.; Erickson, N.; Dyck, E.; McBeath, R. (4) Perez, L.; Puse, L.; Skidmore, A.; Young, B.; McBride, N.; Rondón, P.; Goodman, E. (5) Beerens, M.; Ferguson, J.; Pearson, N.; Chapman, L.; Wardle, J.; Canalita, M. (6) Perez, P.; De Caso, D.; Young, T.; Rondón, D.; Goodman, G.; Jenkins, M.; Dyck, G. (7) Corona, M.; Wall, R.; Puse, S.; Méndez, F.; Jarzemski, S.; Savage, T. (8) Newman, C.; Ferguson, D.; Skidmore, D.; Erickson, T.; McBride, J.; Pearson, M.; Chapman, M. (9) Hodgson, K.; Wardle, A.; McBeath, A.; Tidwell, T.; Fryer, J.; Hortelano, J.