မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စေတနာစိတ်နှင့်ပေးလှူပါ

စေတနာစိတ်နှင့်ပေးလှူပါ

စေတနာစိတ်နှင့်ပေးလှူပါ

ပေးကမ်းခြင်းနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “လူတိုင်း မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုသောစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသောသဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင်နှစ်သက်တော်မူ၏။” (၂ ကော. ၉:၇) ယေဟောဝါသည် စစ်မှန်သောဝတ်ပြုရေးကိုထောက်ပံ့ရန် မည်သူ့ကိုမျှ အတင်းအကျပ်မတောင်းဆိုချေ။ စိတ်လိုကိုယ်လျောက်၊ စေတနာစိတ်နှင့်ပေးလှူခြင်းဖြင့် ကိုယ်တော်ကိုကြည်ညိုလေးမြတ်ကြောင်း တင်ပြရန် မိမိ၏ကျေးကျွန်များအား ကိုယ်တော်ခွင့်ပြုထားသည်။ သမိုင်းတစ်လျှောက်တွင် ကိုယ်တော်၏လူမျိုးသည် စေတနာထက်သန်စွာ တုံ့ပြန်ခဲ့ကြသည်။ နမူနာသုံးခုကို သုံးသပ်ကြည့်ကြစို့။

ယေဟောဝါသည် အစ္စရေးလူမျိုးကို အီဂျစ်ပြည်မှ ဦးဆောင်ခေါ်ထုတ်ပြီးနောက် တဲတော်ဆောက်လုပ်ရန် သူတို့ကိုညွှန်ကြားခဲ့သည်။ ပစ္စည်းများလိုအပ်သောကြောင့် အစ္စရေးလူတို့ကို လှူဒါန်းရန် ဖိတ်ခေါ်ခဲ့သည်။ ထိုအခါ “မိမိစိတ်နှလုံးနှိုးဆော်သောသူ” အပေါင်းတို့သည် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများနှင့် အခြားပစ္စည်းများကို ယူဆောင်လာကြသည်။ မလှူတော့နှင့်ဟူ၍ တားမြစ်ရသည့်အထိပင် လူတို့သည် ရက်ရောစွာလှူဒါန်းခဲ့ကြသည်။—ထွက်. ၃၅:၅၊ ၂၁; ၃၆:၆၊ ၇။

ရာစုနှစ်များစွာကြာပြီးနောက် ဝတ်ပြုရာအိမ်တော်တည်ဆောက်သောအခါ ဘုရားသခင်၏လူတို့သည် စင်ကြယ်သောဝတ်ပြုရေးကို ထောက်ပံ့ရန် အခွင့်အရေးရရှိပြန်သည်။ ဘုရင်ဒါဝိဒ်သည် ထိုစီမံကိန်းအတွက် များစွာထည့်ဝင်လှူဒါန်းပြီး အခြားသူများကိုလည်း ပါဝင်လှူဒါန်းရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့သည် ရက်ရောစွာလှူဒါန်းခဲ့သည်။ လှူဒါန်းထားသည့်ရွှေငွေ၏တန်ဖိုးပင်လျှင် လက်ရှိတန်ဖိုးအရ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံထက် ပိုများသည်။ လူတို့သည် စေတနာနှင့်လှူဒါန်းသောကြောင့် အမှန်ရွှင်လန်းခဲ့ကြသည်။—၅ ရာ. ၂၉:၃-၉; ၆ ရာ. ၅:၁

ယေရှုခရစ်၏ အစောပိုင်းနောက်လိုက်များလည်း ပေးကမ်းခြင်းမှရရှိသောရွှင်လန်းမှု ခံစားခဲ့ကြသည်။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် လူ ၃,၀၀၀ ခန့်နှစ်ခြင်းခံခဲ့ကြပြီး အများစုမှာ ဂျေရုဆလင်မြို့သားများ မဟုတ်ပါ။ ဆင်းရဲသူများအနေနှင့် သူတို့၏ဘာသာအသစ်အကြောင်း ပိုပြီးလေ့လာဖို့ မြို့ထဲတွင် ဆက်နေနိုင်ရန် ခရစ်ယာန်များက မိမိတို့၏စည်းစိမ်ဥစ္စာများကို ယာယီခွဲဝေသုံးစွဲခြင်းဖြင့် ထောက်မခဲ့ကြသည်။ ညီအစ်ကိုများသည် အကူအညီလိုအပ်နေသူများအား ထောက်မရန် သူတို့၏ပိုင်ဆိုင်ရာများကိုရောင်းချပြီး ငွေကို တမန်တော်များထံ ယူဆောင်ခဲ့ကြသည်။ သူတို့၏ယုံကြည်ခြင်းနှင့်မေတ္တာကို ထိုနည်းဖြင့်ဖော်ပြကြောင်း ယေဟောဝါတွေ့မြင်သောအခါ မည်မျှဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း။—တ. ၂:၄၁-၄၇

ယနေ့၊ ခရစ်ယာန်များသည် သူတို့၏ အချိန်၊ ခွန်အားနှင့် ငွေကြေးကို စေတနာပါပါ ရက်ရောစွာပေးကမ်းခြင်းဖြင့် စင်ကြယ်သောဝတ်ပြုရေးကို ဆက်၍ထောက်ပံ့နေကြသည်။ ကျွန်ုပ်တို့ လှူဒါန်းနိုင်သောနည်းလမ်းများကို ပူးတွဲပါလေးထောင့်ကွက်တွင် ဖော်ပြထားသည်။

[စာမျက်နှာ ၁၈၊ ၁၉ ပါလေးထောင့်ကွက်]

အချို့သူတို့ရွေးချယ်သော လှူဒါန်းနည်းများ

ကမ္ဘာချီလုပ်ငန်းအတွက် ပါဝင်လှူဒါန်းခြင်း

လူများစွာသည် “ကမ္ဘာချီလုပ်ငန်း” ဟုရေးထားသော အလှူငွေသေတ္တာတွင် ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို သီးသန့်ဖယ်ထားကြသည်။

အသင်းတော်များသည် ယင်းအလှူငွေကို သက်ဆိုင်ရာနိုင်ငံရှိ ယေဟောဝါသက်သေများ၏ရုံးသို့ လစဉ်ပေးပို့ကြသည်။ စေတနာအလျောက်ထည့်ဝင်သော အလှူငွေများကို Watchtower Bible and Tract Society of New York, Inc., Attention Treasurer’s Office, 25 Columbia Heights, Brooklyn, New York 11201-2483 သို့မဟုတ် သင့်နိုင်ငံကိုတာဝန်ယူထားသော ဌာနခွဲရုံးသို့ တိုက်ရိုက်ပေးပို့နိုင်သည်။ (အောက်ဖော်ပြပါကဏ္ဍများအတွက် သတ်သတ်မှတ်မှတ်လှူဒါန်းမှုများကို သင့်နိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ ပေးပို့နိုင်သည်။) ချက်လက်မှတ်များကို “ကင်းမျှော်စင်” သို့ ပေးပို့သင့်သည်။ ကျောက်မျက်ရတနာနှင့် အခြားအဖိုးတန်အရာများကိုလည်း လှူဒါန်းနိုင်သည်။ ဤသို့ပေးပို့ရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်း ဖော်ပြသည့်စာတိုလေး ထည့်ပေးသင့်သည်။

ကန့်သတ်ချက်ဖြင့်လှူဒါန်းခြင်း အစီအစဉ်

ကမ္ဘာချီလုပ်ငန်းအတွက် အသုံးပြုရန် ပဲင်စီဘေးနီးယား ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းထံ ငွေကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါသည်။ သို့သော် တောင်းခံလာပါက အလှူငွေကို ပြန်လည်ပေးအပ်ပါမည်။ ထပ်မံသိလိုပါက ကျေးဇူးပြု၍ အထက်ပါလိပ်စာရှိ Treasurer’s Office သို့စာရေးခြင်း သို့မဟုတ် (၇၁၈) ၅၆၀-၇၅၀၀ သို့ ဖုန်းဆက်ခြင်းဖြင့် ဆက်သွယ်ပါ။

လှူဒါန်းရန် စီစဉ်ထားခြင်း

ငွေကြေးလုံးလုံးလျားလျားပေးအပ်ခြင်းအပြင် ကမ္ဘာချီလုပ်ငန်းကို အထောက်အကူပြုရန် အခြားပေးကမ်းနည်းများလည်းရှိသည်။ ၎င်းတို့တွင် အောက်ပါနည်းများ ပါဝင်သည်–

အာမခံကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်စာရင်းများကို ပြုလုပ်ပေးနိုင်သည်။

ဘဏ်စာရင်းများဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်းများကို ဒေသန္တရဘဏ် စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ အပ်နှံ သို့မဟုတ် ကာယကံရှင်သေဆုံးမှ လွှဲပြောင်းရန် စီစဉ်နိုင်သည်။

အစုရှယ်ယာလက်မှတ်နှင့် ငွေချေးစာချုပ်များအစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို ပဲင်စီ ဘေးနီးယား ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းသို့ လုံးလုံးလျားလျားပေးအပ်လှူဒါန်းနိုင်သည်။

အိမ်ရာအဆောက်အအုံများရောင်းချနိုင်သော အိမ်ရာအဆောက်အအုံများကို လှူဒါန်းခြင်းနှင့်ပတ်သက်၍ လုံးလုံးလျားလျားဖြစ်စေ၊ လှူဒါန်းသူအသက်ရှင်နေသရွေ့ နေထိုင်ရန် အပိုင်းကို ချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန် စာချူပ်စာတမ်းမပြုလုပ်မီ သင့်နိုင်ငံမှဌာနခွဲရုံးသို့ အကြောင်းကြားပါ။

နှစ်စဉ်ထောက်ပံ့ကြေးနှစ်စဉ်ထောက်ပံ့ကြေးသည် ငွေကြေး သို့မဟုတ် အာမခံပစ္စည်းများကို ကင်းမျှော်စင်အသင်းသို့ လွှဲပြောင်းပေးသော အစီအစဉ်ဖြစ်သည်။ ယင်းအတွက် လှူဒါန်းသူ သို့မဟုတ် လှူဒါန်းသူတာဝန်ပေးထားသူတစ်ဦးသည် နှစ်စဉ်ထောက်ပံ့ကြေးအပေါ် သတ်မှတ်ထားသည့် ထုတ်ပေးငွေကို တစ်သက်လုံးနှစ်စဉ် ရရှိသွားမည်။ လှူဒါန်းသူသည် နှစ်စဉ်ထောက်ပံ့ကြေး ဝင်ငွေခွန်မှ လွတ်ငြိမ်းခွင့်ပြုငွေကို ရရှိသွားမည်။

သေတမ်းစာနှင့် လွှဲအပ်စာများပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကို ကင်းမျှော်စင်အသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည် သို့မဟုတ် လွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့် အကျိုးအမြတ်တစ်စုံတစ်ရာကို ဖြစ်ထွန်းစေပေမည်။

“လှူဒါန်းရန် စီစဉ်ထားခြင်း” ဝေါဟာရ၏ အဓိပ္ပာယ်အတိုင်း ဤသို့သောလှူဒါန်းမှုများသည် လှူဒါန်းသူဘက်မှ ကြိုတင်စီစဉ်ထားမှုအချို့ လိုအပ်ပေမည်။ လှူဒါန်းရန်စီစဉ်ထားသည့် နည်းတစ်မျိုးမျိုးဖြင့် ယေဟောဝါသက်သေများ၏ ကမ္ဘာချီလုပ်ငန်းကို အကျိုးပြုရန် ဆန္ဒရှိသူများအတွက် အကူအညီဖြစ်စေဖို့ ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အကျိုးပြုဖို့ လှူဒါန်းရန် စီစဉ်ထားခြင်း ဟူသော ဘရိုရှာကို အင်္ဂလိပ်နှင့်စပိန်ဘာသာဖြင့် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ မေတ္တာဖြင့်လွှဲအပ်သော ပစ္စည်းများကို ယခု သို့မဟုတ် သေတမ်းစာဖြင့် ပေးအပ်သည့်နည်းအမျိုးမျိုးကို ဖော်ပြပေးရန် ထိုဘရိုရှာကို ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုဘရိုရှာကိုဖတ်ပြီး ဥပဒေအရ သို့မဟုတ် အခွန်အရ အကြံပေးနိုင်သူများနှင့် ဆွေးနွေးပြီးနောက် ကမ္ဘာချီယေဟောဝါသက်သေများ၏ ဘာသာရေးနှင့် လူမှုရေးရာများကို ကူညီထောက်ပံ့ပေးနိုင်သူများစွာရှိခဲ့ပြီး တစ်ချိန်တည်းတွင် အခွန်ကင်းလွတ်ခွင့် တိုး၍ရရှိခဲ့သည်။ ထိုဘရိုရှာကို လှူဒါန်းခြင်းဆိုင်ရာစီမံဌာနမှ တိုက်ရိုက်တောင်းယူနိုင်သည်။

ထပ်ဆင့်သိလိုလျှင် အောက်ပါလိပ်စာရှိ လှူဒါန်းခြင်းဆိုင်ရာစီမံဌာနသို့ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ သို့မဟုတ် သင့်နိုင်ငံရှိ လုပ်ငန်းကို ကြီးကြပ်သော ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ ဆက်သွယ်နိုင်ပါသည်။

Charitable Planning Office

Watch Tower Bible and Tract Society of Pennsylvania

100 Watchtower Drive

Patterson, New York 12563-9204

Telephone: (845) 306-0707