မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• အဘယ်ကြောင့် မေရှိယ အသေခံဖို့ လိုအပ်ခဲ့ရသနည်း။

ယေရှု၏သေခြင်းက စုံလင်သူလူသားတစ်ဦးသည် အပြင်းထန်ဆုံးစမ်းသပ်မှုခံရသည့်ကြားမှ ဘုရားသခင်အား အကြွင်းမဲ့အပ်နှံခြင်းကို ထိန်းသိမ်းနိုင်ကြောင်း သက်သေထူခဲ့သည်။ ထို့ပြင် အာဒံ၏သားစဉ်မြေးဆက် အမွေခံရသည့် အပြစ်တရား၏အခကို ပေးဆက်ခဲ့ပြီး ထာဝရအသက်လမ်းကို ဖွင့်ပေးခဲ့သည်။—၁၂/၁၅၊ စာမျက်နှာ ၂၂-၂၃

• အရက်အလွန်အကျွံမသုံးစွဲရန် လူတစ်ဦးအား အဘယ်အရာက ကူညီပေးနိုင်သနည်း။

ဆုတောင်းခြင်းနှင့် ကျမ်းစာလေ့လာခြင်းက ကူညီပေးနိုင်သည်။ စိတ်ချုပ်တည်းခြင်း၊ မိမိ၏စိတ်ပိုင်းဖြတ်ချက်အတိုင်း လုပ်ဆောင်ခြင်းနှင့် အကျိုးပြုသော အပေါင်းအသင်းများရွေးချယ်ခြင်းသည် အရေးပါသည်။ သောက်မည်ဟုရွေးချယ်သူသည် မိမိသောက်မည့်ပမာဏကို ပိုင်းဖြတ်ထားသင့်ပြီး တော်ပြီဟုပြောနိုင်ရမည်။—၁/၁၊ စာမျက်နှာ ၇-၉

• ကလေးများနှင့် အကျိုးရှိရှိ ပြောဆိုဆက်သွယ်ရာတွင် အဘယ်အရာပါဝင်သနည်း။

သူတို့နှင့်စကားပြောရုံသာမက မေးခွန်းများမေးခြင်းနှင့် သူတို့၏အဖြေများကို စိတ်ရှည်စွာ နားထောင်ခြင်းပါဝင်သည်။ အစာစားချိန်သည် ပြောဆိုဆက်သွယ်ရန် အချိန်ကောင်းဖြစ်ကြောင်း များစွာသောသူတို့ တွေ့ ရှိခဲ့ကြသည်။—၁/၁၅၊ စာမျက်နှာ ၁၈-၁၉

• ယေဟောဝါသည် စုံလင်သောအရှင်ဖြစ်သော်လည်း မည်သည့်နည်းဖြင့် ဝမ်းနည်းနိုင်သနည်း။

တစ်ခါတစ်ရံ ဘုရားသခင်သည် လူသားများအပေါ်ထားရှိသော မိမိ၏သဘောထားကို ပြောင်းလဲတော်မူသည်။ ဥပမာ၊ ရှေးအစ္စရေးလူမျိုးသည် ဘုရားသခင်ကို ကျောခိုင်းကာ အခြားဘုရားသခင်များနောက်သို့ တစ်ကြိမ်ထက်မက လိုက်ခဲ့သည်။ ထိုအခါ ယေဟောဝါသည် မိမိ၏ကာကွယ်မှုကို ရုပ်သိမ်းခဲ့သည်။ သို့သော် လူများသည် မိမိတို့အမှားအတွက် ဝမ်းနည်းကာ ဘုရားသခင်ထံ အကူအညီတောင်းခံသည့်အခါ ကိုယ်တော်သည် လူတို့အပေါ် မိမိ၏သဘောထားများကိုပြောင်းလဲခဲ့သည် သို့မဟုတ် ‘ဝမ်းနည်း’ ခဲ့သည်။ (သူကြီး. ၂:၁၈ကဘ)—၂/၁၊ စာမျက်နှာ ၂၁

• မည်သို့သောအခြေအနေများကြောင့် ပြန်နှစ်ခြင်းခံရန် စဉ်းစားသုံးသပ်နိုင်သနည်း။

တစ်စုံတစ်ဦးသည် နှစ်ခြင်းခံချိန်တွင် တရားဝင်နှစ်ခြင်းခံပြီးသားဖြစ်လျှင် နှင်ထုတ်ခံရနိုင်သည့် အခြေအနေတွင်ရှိနေ သို့မဟုတ် အကျင့်တစ်ခုကို ပြုကျင့်နေသော်လည်း ယင်းကိုလျှို့ဝှက်ထားသည်ဆိုလျှင်ဖြစ်သည်။—၂/၁၅၊ စာမျက်နှာ ၂၂

• မရိုးသားမှုအတွက် လူအချို့ပေးသည့် မလျော်ကန်သော ဆင်ခြေသုံးခုကား အဘယ်နည်း။

အချို့က ဆင်းရဲသောကြောင့် ခိုးခြင်းသည် လက်ခံနိုင်ဖွယ်ရာဖြစ်သည်ဟု ယူဆကြသည်။ အခြားသူတို့ကမူ “လူတိုင်းခိုးကြတာပဲ” ဟု ဆင်ခြေပေးကြသည်။ တန်ဖိုးရှိသောအရာ ကောက်ရသူတချို့က ယင်းကိုယူထားကာ “တွေ့ရင်တော့ယူမှာပဲ” ဟုအကြောင်းပြကြသည်။ ယင်းဆင်ခြေများကို သမ္မာကျမ်းစာက မထောက်ခံပါ။—၃/၁၊ စာမျက်နှာ ၁၂-၁၄

• ယေရှု၏ စပါးပင်နှင့်ပေါင်းပင်ပုံဥပမာတွင် ကောင်းသောမျိုးစေ့ကြဲခြင်း သို့မဟုတ် စိုက်ပျိုးခြင်းသည် အဘယ်အရာကို ပုံတင်ပြသနည်း။

လူသားဖြစ်သောယေရှုသည် မိမိ၏မြေကြီးဓမ္မအမှုဆောင်ချိန်တွင် လယ်ကို ပြင်ဆင်ခဲ့သည်။ နိုင်ငံတော်သားများ သို့မဟုတ် ဘုရားသခင်၏သားများအဖြစ် ခရစ်ယာန်များကို ဘိသိက်မျှော်လင့်ချက်ပေးသည့် စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့မှစ၍ ကောင်းသောမျိုးစေ့ကို ကြဲခဲ့သည်။—၃/၁၅၊ စာမျက်နှာ ၂၀

• ယေရှု၏ပုံဥပမာမှ ပုံဆောင်စပါးများသည် မည်သည့်နည်းဖြင့် ယေဟောဝါ၏ စပါးကျီထဲသို့ ဆောင်သွင်းခံရသနည်း။ (မ. ၁၃:၃၀)

ပြည့်စုံချက်သည် လောကစနစ်နိဂုံးပိုင်းအတွင်း အချိန်အတိုင်းအတာတစ်ခုအထိ ဆက်သွားသည်။ ပုံဆောင်စပါးများဖြစ်သော ဘိသိက်မျှော်လင့်ချက်ပေးခံရသည့် နိုင်ငံတော်သားများသည် ပြန်လည်တည်ထောင်ထားသော ခရစ်ယာန်အသင်းတော်ထဲ ဆောင်သွင်းခံရချိန် သို့မဟုတ် ကောင်းကင်ဆုကျေးဇူးကို ရရှိချိန်တွင် ယေဟောဝါ၏ စပါးကျီထဲသို့ ဆောင်သွင်းခံရသည်။—၃/၁၅၊ စာမျက်နှာ ၂၂

• ခရစ်ယာန်ဂရိကျမ်းစာစောင်တွင် မည်သည့်ကျမ်းရင်းစာစောင်များ ပါဝင်သည်ကို မည်သူက ဆုံးဖြတ်သနည်း။

ချာ့ခ်ျကောင်စီ သို့မဟုတ် ဘာသာရေးခေါင်းဆောင်များမဟုတ်ပါ။ ယင်းအစား ကျမ်းစောင်များကို ဘုရားသခင်၏ သန့်ရှင်းသောစွမ်းအားတော်လမ်းညွှန်မှုအောက်တွင် ရေးသားခဲ့ကြောင်း ခရစ်ယာန်စစ်များ အသိအမှတ်ပြုကြသည်။ ယင်းသည် ခရစ်ယာန်အသင်းတော်၏ အစောပိုင်းဆယ်စုနှစ်များတွင် ပေးသနားခဲ့သော စွမ်းအားတော်၏ အံ့ဖွယ်ဆုကျေးဇူးတစ်ခုမှာ “သတင်းစကားများ ပိုင်းခြားသိမြင်နိုင်သောအခွင့်” ဖြစ်သည် ဟူသည့်အချက်နှင့် ကိုက်ညီသည်။ (၁ ကော. ၁၂: ၄၊ ၁၀)—၄/၁၊ စာမျက်နှာ ၂၈