မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေကို ဖတ်ရှုပြီး တန်ဖိုးထားလေးမြတ်ခဲ့ပါသလား။ အောက်ပါမေးခွန်းတွေကို သင် ဖြေဆိုနိုင်မနိုင် စမ်းကြည့်ပါ–

• တင်ကူးပြဋ္ဌာန်းခြင်းက ခရစ်ယာန်အယူဝါဒတစ်ခုအဖြစ် ဘယ်သူ့ဆီကနေ ဆင်းသက်လာတာလဲ။

ကယ်လ်ဗင်အယူဝါဒက တင်ကူးပြဋ္ဌာန်းခြင်းအယူဝါဒကို အလေးပေးဖော်ပြတယ်။ ပြုပြင်ပြောင်းလဲရေးသမား ဇန် ခိုဗင် (ဂျွန် ကယ်လ်ဗင်) ရဲ့သွန်သင်ချက်တွေက ရီဖောင်း၊ ပရက်ဇ်ဘီတီးရီးယန်း၊ ကွန်ဂရီဂေရှင်နယ်လ်၊ ပြူရီတန်အစရှိတဲ့ ပရိုတက်စတင့်ဂိုဏ်းဂဏတွေမှာ လွှမ်းမိုးခဲ့တယ်။—၉/၁၊ စာမျက်နှာ ၁၈-၂၁

• ကာဣန ဘယ်က မိန်းမရသလဲ။

ကာဣနရဲ့မိန်းမက “အသက်ရှင်သောသူအပေါင်းတို့၏ အမိ” ဖြစ်တဲ့ ဧဝရဲ့ သားစဉ်မြေးဆက်ထဲက တစ်ယောက်ယောက်ဖြစ်ရမယ်။ (က. ၅:၄)—၉/၁၊ စာမျက်နှာ ၂၅

• အီဂျစ်ပြည်ကနေ အစ္စရေးလူမျိုးကို ထုတ်ဆောင်လာချိန်မှာ သူတို့ရှေ့ကနေဦးဆောင်ဖို့ ဘယ်ကောင်းကင်တမန်ကို ဘုရားသခင် စေလွှတ်ခဲ့သလဲ။ (ထွ. ၂၃:၂၀၊ ၂၁)

‘ယေဟောဝါနာမတည်ရှိ’ တဲ့ ကောင်းကင်တမန်ဟာ နောက်ပိုင်း ယေရှုလို့ သိရှိလာခဲ့တဲ့ ဘုရားသခင့်သားဦးဖြစ်တယ်လို့ မှန်ကန်စွာကောက်ချက်ချနိုင်ပါတယ်။—၉/၁၅၊ စာမျက်နှာ ၂၁

• ရုပ်တုရှေ့မှာ ဆက်ကပ်ထားတဲ့ အသားတွေအကြောင်း ၁ ကောရိန္သုကျမ်းမှာ ဘာကြောင့် ဖော်ပြထားသလဲ။

ဂရိနဲ့ရောမလူမျိုးတွေရဲ့ ဘုရားကျောင်းတွေမှာ တိရစ္ဆာန်ယဇ်ပူဇော်ကြတယ်၊ အခမ်းအနားကျင်းပချိန်အတွင်းမှာ စားလို့မကုန်တဲ့ အသားတွေကို ဈေးတွေမှာ ရောင်းတတ်ကြတယ်။ ခရစ်ယာန်တွေဟာ အယူမှားဝတ်ပြုရေးမှာ ပါဝင်ကြမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဈေးမှာရောင်းတဲ့ အဲဒီအသားတွေကို ညစ်ညူးတယ်လို့ ယူမှတ်ဖို့မလိုဘူး။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– ‘သင်တို့၏ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကိုထောက်၍ အသားဈေးတွင် ရောင်းသမျှကို မမေးမြန်းဘဲ စားကြလော့။ အကြောင်းမူကား “ယေဟောဝါသည် မြေကြီးနှင့် မြေကြီးပေါ်ရှိသမျှတို့ကို ပိုင်တော်မူ၏။”’ (၁ ကော. ၁၀:၂၅၊ ၂၆)—၁၀/၁၊ စာမျက်နှာ ၁၂

• မှန်သောဝတ်ပြုရေးနဲ့ပတ်သက်ပြီး ဘုရားသခင်လက်မခံတဲ့ ဆင်ခြေတချို့က ဘာလဲ။

‘အရမ်းခက်တယ်။ မလုပ်ချင်ဘူး။ အရမ်းအလုပ်များတယ်။ အရည်အချင်းမရှိဘူး။ တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက်နေလို့’ တို့ဖြစ်ပါတယ်။ ဒါတွေက ဘုရားသခင့်တောင်းဆိုချက်တွေကို ပျက်ကွက်ဖို့ ခိုင်လုံတဲ့ဆင်ခြေတွေမဟုတ်ဘူး။—၁၀/၁၅၊ စာမျက်နှာ ၁၂-၁၅

• ခရစ်ယာန်အစည်းအဝေးတွေကနေ သင်ကိုယ်တိုင်နဲ့ တခြားသူတွေ အားပေးတည်ဆောက်မှုရအောင် ပြုလုပ်နိုင်တဲ့ နည်းတချို့က ဘာတွေလဲ။

ကြိုတင်ပြင်ဆင်ပါ။ ပုံမှန်တက်ပါ။ အချိန်မီရောက်ပါ။ ကောင်းစွာပြင်ဆင်ပြီး တက်ရောက်ပါ။ အာရုံပျံ့လွင့်စရာများကိုရှောင်ပါ။ ပါဝင်ပါ။ မှတ်ချက်တိုတိုပေးပါ။ တာဝန်ကျေပွန်ပါ။ ပါဝင်သူတွေကို ချီးမွမ်းပါ။ အစည်းအဝေးမတိုင်မီနဲ့ ပြီးနောက်မှာ ပေါင်းသင်းပါ။—၁၀/၁၅၊ စာမျက်နှာ ၂၂

• မိန်းမငယ်လေးတစ်ဦးပါဝင်တဲ့ ဘယ်ကျမ်းစာမှတ်တမ်းမှာ ယနေ့ ဟင်ဆန်ရောဂါလို့ခေါ်တဲ့ အနာကြီးရောဂါအကြောင်း ဖော်ပြထားသလဲ။

ဆီးရီးယားဗိုလ်ချုပ်မင်း နေမန်ရဲ့အိမ်မှာ ကျွန်တစ်ဦးဖြစ်တဲ့ အစ္စရေးမိန်းမငယ်လေးအကြောင်း ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၅ မှာ ဖော်ပြထားတယ်။ နေမန်က နူနာစွဲနေတဲ့အတွက် မိန်းမငယ်လေးက သူ့ရဲ့နူနာကိုကုသဖို့ ပရောဖက်ဧလိရှဲထံသွားဖို့ တိုက်တွန်းခဲ့တယ်။—၁၁/၁၊ စာမျက်နှာ ၂၂

• ရွယ်တူချင်းဖိအားကို အာရုန် အလျှော့ပေးခဲ့တာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

မောရှေမရှိချိန်မှာ အစ္စရေးလူတွေက သူတို့ဝတ်ပြုဖို့ ဘုရားသခင်လုပ်ပေးပါလို့ အာရုန်ကို တိုက်တွန်းတဲ့အခါ သူလုပ်ပေးခဲ့တယ်။ ဒီအဖြစ်အပျက်က လူငယ်တွေပဲ ရွယ်တူချင်းဖိအားကို ကြုံတွေ့ရတာမဟုတ်ဘူးဆိုတာ ဖော်ပြတယ်။ မှန်ရာကိုလုပ်လိုတဲ့ လူကြီးတွေလည်း ရွယ်တူချင်းဖိအား ခံရနိုင်တယ်။ အကျိုးယုတ်စေတဲ့ ရွယ်တူချင်းဖိအားကို ကျွန်ုပ်တို့ တွန်းလှန်ဖို့လိုတယ်။—၁၁/၁၅၊ စာမျက်နှာ ၈

• ဘယ်အရာက မှန်ပြီး ဘယ်အရာက မှားသလဲ။

စာတန် တကယ်ရှိတယ်– မှန်တယ်။ (၂ ကော. ၁၁:၁၄) လူသေအားလုံး နာမ်ဝိညာဉ်ဘုံမှာ အသက်ရှင်နေတယ်- မှားတယ်။ (ဒေ. ၉:၅) သစ္စာတည်ကြည်တဲ့ကောင်းကင်တမန်တွေ ကျွန်ုပ်တို့ကို ကြည့်ရှုစောင့်ရှောက်နေတယ်– မှန်တယ်။ (ဆာ. ၃၄:၇) ယေရှုဟာ ဘုရားသခင်နဲ့ တန်းတူဖြစ်တယ်– မှားတယ်။ (၁ ကော. ၁၁:၃)—၁၂/၁၊ စာမျက်နှာ ၈-၉