မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလား

သင်မှတ်မိသလား

သင်မှတ်မိသလား

မကြာသေးမီကထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေဖတ်ရှုရတာကို သင် နှစ်သက်သလား။ အောက်ပါမေးခွန်းတွေကို သင် ဖြေဆိုနိုင်၊ မနိုင် စမ်းကြည့်ပါ–

• ဧဒင်ဥယျာဉ် တကယ်တည်ရှိခဲ့တယ်ဆိုတာ သင်ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

သမ္မာကျမ်းစာက ဧဒင်ဥယျာဉ်ရဲ့ တည်နေရာအတိအကျကို ဖော်ပြခြင်းအားဖြင့် တကယ်တည်ရှိတဲ့အရာတစ်ခုအဖြစ် ပုံဖော်ထားတယ်။ ဒီကျမ်းမှာဖော်ပြတဲ့မြစ်နှစ်စင်းက ယနေ့အထိ တည်ရှိစီးဆင်းနေဆဲဖြစ်တယ်။ ဒဏ္ဍာရီပုံပြင်တွေကတော့ အရာတစ်ခုရဲ့ လက်ရှိတည်နေရာကို ဖော်ပြလေ့မရှိဘူး။ စိတ်အချရဆုံးသက်သေဖြစ်တဲ့ယေရှုက အာဒံနဲ့ဧဝကို တကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေအဖြစ် ဖော်ပြခဲ့တယ်။—၁/၁၊ စာမျက်နှာ ၅-၆၊

• အာဒံနဲ့ဧဝ အပြစ်ကျူးလွန်မယ်ဆိုတာ ဘုရားသခင် ကြိုသိခဲ့သလား။

မသိခဲ့ဘူး။ နာခံမယ်၊ မနာခံဘူးဆိုတာကို စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ အသိဉာဏ်ရှိသူ၊ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသူတွေအဖြစ် ယေဟောဝါ သူတို့ကို ဖန်ဆင်းထားတယ်။ ဘုရားသခင်မှာ ကြိုတင်သိမြင်နိုင်စွမ်းရှိပေမဲ့ ဒီအစွမ်းကို သင့်လျော်တဲ့အခါမှသာ အသုံးပြုတယ်။—၁/၁၊ စာမျက်နှာ ၁၃-၁၅

• ခရစ်ယာန်စစ်တွေက ဘုရားသခင့်နာမတော်ကို အဆောင်လက်ဖွဲ့အဖြစ် အသုံးပြုသလား။

လူတချို့က အရာဝတ္ထုတစ်ခု၊ အမှတ်အသားတစ်ခုကို အဆောင်လက်ဖွဲ့၊ မိမိတို့ကိုကာကွယ်ပေးတဲ့ ကံကောင်းစေတဲ့အရာအဖြစ် ယူမှတ်ကြတယ်၊ ဒါပေမဲ့ ဘုရားသခင့်လူမျိုးတွေက ကိုယ်တော့်နာမကို အဲဒီလိုသဘောမထားဘူး။ သူတို့က ယေဟောဝါကိုယုံကြည်ပြီး ကိုယ်တော့်အလိုတော်အတိုင်း လုပ်ဆောင်ကြတယ်၊ ဒီလိုနည်းနဲ့ ကိုယ်တော့်နာမကို ခိုလှုံကြတယ်။ (ဇေ. ၃:၁၂၊ ၁၃)—၁/၁၅၊ စာမျက်နှာ ၅-၆

• အစ္စရေးလူမျိုးထဲက ဘယ်သူတွေ ကောက်သင်းကောက်ခြင်းထုံးစံကနေ အကျိုးရရှိကြသလဲ။

အားလုံးအကျိုးရကြပါတယ်။ ကောက်သင်းကောက်တဲ့ ဆင်းရဲသားတွေအနေနဲ့လည်း အလုပ်ကြိုးစားဖို့ အားပေးခံရကြပါတယ်။ တခြားသူတွေလည်း ရက်ရောဖို့နဲ့ ဘုရားသခင့်ကောင်းချီးတွေကို အားထားတတ်ဖို့ အားပေးခံရကြတယ်။—၂/၁၊ စာမျက်နှာ ၁၅

• ဘုရင်ရှောလုကို ယေဟောဝါ ဘာကြောင့် ငြင်းပယ်လိုက်သလဲ။

ပူဇော်ရာယဇ်ပူဇော်ဖို့ ဘုရားသခင့်ပရောဖက်ကို ရှောလု စောင့်ရမှာဖြစ်တယ်၊ ဒါပေမဲ့ ဘုရင်က နာခံမှုမရှိဘဲ သူကိုယ်တိုင်ပဲ ပူဇော်လိုက်တယ်။ ရန်သူတွေကို ရှင်းရှင်းဖျက်ဆီးပါဆိုတဲ့ ပညတ်ကိုလည်း မနာခံခဲ့ဘူး။—၂/၁၅၊ စာမျက်နှာ ၂၂-၂၃

• မတရားမှုကိုမုန်းကြောင်း ကျွန်ုပ်တို့ ဘယ်လိုတင်ပြနိုင်သလဲ။

အရက်ယမကာကို အလွန်အကျွံမသောက်ခြင်း၊ လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ကိုရှောင်ခြင်းနဲ့ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ယေရှုရဲ့သတိပေးချက်တွေကို လိုက်နာခြင်းအားဖြင့် ဖြစ်တယ်။ ဥပမာ၊ ကျွန်ုပ်တို့က ညစ်ညမ်းရုပ်ပုံကြည့်ခြင်း၊ အဲဒါတွေနဲ့ စိတ်ကူးယဉ်ခြင်းကို ရှောင်ရမှာဖြစ်တယ်။ (မ. ၅:၂၇၊ ၂၈) ဒါ့အပြင် နှင်ထုတ်ထားသူတွေနဲ့လည်း ပေါင်းသင်းမှာမဟုတ်ဘူး။—၂/၁၅၊ စာမျက်နှာ ၂၉-၃၂။

• ခေတ်သစ်အစ္စရေးနိုင်ငံမှာ ရှေးဟောင်းသုတေသနပညာရှင်တွေ ပျားအုံအစုလိုက်အပြုံလိုက်ရဲ့ရုပ်ကြွင်း ရှာဖွေတွေ့ ရှိခြင်းကနေ ဘယ်အချက် မှတ်သားထိုက်သလဲ။

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ပျားအုံ ၃၀ ကျော်ကို တွေ့ ရှိခဲ့ပြီး ဒီပျားအုံတွေကနေ တစ်နှစ်ကို ပျားရည်တန်ဝက်လောက် ထုတ်ယူနိုင်တယ်လို့ ခန့်မှန်းကြတယ်။ ဒီအချက်က ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်မယ်လို့ ဘုရားသခင်မိန့်တော်မူခဲ့တဲ့ဒေသမှာ ပျားမွေးမြူရေးလုပ်ငန်းရှိခဲ့တယ်ဆိုတာ ဖော်ပြတယ်။ (ထွ. ၃:၈)—၃/၁၊ စာမျက်နှာ ၁၅

• ယေရမိက ဘယ်လိုနည်းနဲ့ “ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာအမြစ်ဖြာ” တဲ့အပင်နဲ့ တူသလဲ။ (ယေ. ၁၇:၇၊ ၈)

ယေရမိက အစဉ်အမြဲအသီးသီးခဲ့တယ်၊ သူ့ဝန်းကျင်မှာရှိတဲ့ ဆိုးညစ်တဲ့ကဲ့ရဲ့လှောင်ပြောင်သူတွေရဲ့ ဩဇာလွှမ်းမိုးမှုကို မခံခဲ့ဘူး။ အဲဒီအစား သူက အသက်ကိုထောက်ပံ့ပေးတဲ့ ရေရဲ့ရင်းမြစ်ဖြစ်တဲ့ ယေဟောဝါကို တွယ်ကပ်နေပြီး ကိုယ်တော်မိန့်တော်မူသမျှကို နှလုံးသွင်းခဲ့တယ်။—၃/၁၅၊ စာမျက်နှာ ၁၄

• ယေရှုက မာသကို အနည်းငယ်သာလျှင်၊ တစ်မည်သာလျှင်လိုတယ်လို့ပြောတာက ဘာကိုဆိုလိုသလဲ။ (လု. ၁၀:၄၁၊ ၄၂)

မာသက ဟင်းအမျိုးမျိုးချက်နေလို့ ကိုယ်တော်က သူ့ကို ရုပ်ပိုင်းဆိုင်ရာတွေကိုသာ အဓိကထားသူအဖြစ် မခေါ်ခဲ့သလို၊ သူလုပ်တာတွေက အကျိုးမရှိဘူးလို့လည်း မပြောခဲ့ဘူး။ အဲဒီအစား အဓိကဦးစားပေးရမယ့်အရာတွေကို အလေးပေးဖော်ပြခဲ့ခြင်းဖြစ်တယ်။ မာသက သူ့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်တဲ့ အခွင့်အရေးထူးကို လက်လွှတ်ခဲ့တယ်။—၄/၁၊ စာမျက်နှာ ၁၂-၁၃

• ယေရှုရင်ဆိုင်ခဲ့ရတဲ့အမှုမှာ တရားဥပဒေနဲ့မညီတဲ့အချက်တချို့က ဘာတွေလဲ။

တရားရုံးက အမှုကိုတရားသေလွှတ်ဖို့ ကြားနာစစ်ဆေးခြင်းမရှိခဲ့ဘူး။ မမှန်တဲ့သက်သေတွေကို ရှာဖွေခဲ့တယ်။ အမှုကို ညမှာကြားနာတယ်။ အမှုက တစ်ရက်အတွင်းမှာ ပြီးပြတ်သွားတယ်။—၄/၁၊ စာမျက်နှာ ၂၀