မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

နှစ်စဉ်လုပ်ငန်းတော်မှတ်တမ်းမှာပါတဲ့ ကိန်းဂဏန်းတွေကို ဘယ်လိုနားလည်ရမလဲ။

နှစ်စဉ် နှစ်ချုပ်စာအုပ်မှာပါတဲ့ လုပ်ငန်းတော်မှတ်တမ်းကို ကျွန်ုပ်တို့မျှော်ကြတယ်။ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းနဲ့ သွန်သင်ခြင်းလုပ်ငန်းမှာ ယေဟောဝါရဲ့လူတွေ အုပ်စုလိုက် အောင်မြင်ပြီးမြောက်နေတာတွေကို မြင်တွေ့ရတာ စိတ်လှုပ်ရှားစရာပါပဲ။ ဒါပေမဲ့ ဒီမှတ်တမ်းကနေ အပြည့်ဝဆုံးအကျိုးရရှိဖို့အတွက် အသုံးအနှုန်းတွေနဲ့ ကိန်းဂဏန်းတွေကို မှန်မှန်ကန်ကန်နားလည်ဖို့လိုတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

လုပ်ငန်းတော်နှစ်။ ဒါက နှစ်တစ်နှစ်ရဲ့ စက်တင်ဘာလကနေ နောက်တစ်နှစ်သြဂုတ်လအထိ ဖြစ်တယ်။ နှစ်ချုပ်စာအုပ်မှာပါတဲ့ မှတ်တမ်းက လွန်ခဲ့တဲ့လုပ်ငန်းတော်နှစ်ရဲ့ မှတ်တမ်းဖြစ်တယ်။ ဒါကြောင့် ၂၀၁၁ နှစ်ချုပ်စာအုပ်နဲ့ ဖေဖော်ဝါရီလ လုပ်ငန်းတော်စာရွက်မှာပါတဲ့ မှတ်တမ်းက ၂၀၀၉၊ စက်တင်ဘာ ၁ ရက်ကနေ ၂၀၁၀၊ ဩဂုတ် ၃၁ ရက်အထိ အကျုံးဝင်တဲ့ ၂၀၁၀ လုပ်ငန်းတော်နှစ်ရဲ့ မှတ်တမ်းဖြစ်တယ်။

အများဆုံးကြေညာသူနဲ့ ပျမ်းမျှကြေညာသူ။ “ကြေညာသူ” ထဲမှာ နှစ်ခြင်းခံပြီးတဲ့ ယေဟောဝါသက်သေတွေနဲ့ ဟောပြောဖို့ အရည်အချင်းပြည့်မီတဲ့ နှစ်ခြင်းမခံရသေးသူတွေ ပါဝင်တယ်။ “အများဆုံးကြေညာသူ” ဆိုတာက လုပ်ငန်းတော်နှစ်တစ်နှစ်မှာ အရေအတွက်အများဆုံးရတဲ့လရဲ့ ကိန်းဂဏန်းဖြစ်ပြီး ဒီထဲမှာ လွန်ခဲ့တဲ့လကမှတ်တမ်းပေးဖို့ နောက်ကျသူတွေရဲ့မှတ်တမ်းလည်း ပါဝင်နိုင်တယ်။ ဒီလိုနည်းအားဖြင့် ကြေညာသူတချို့က နှစ်ကြိမ်ရေတွက်ခံရနိုင်တယ်။ ဒါပေမဲ့ အများဆုံးကြေညာသူစာရင်းမှာ ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ပြီး အချိန်မီ မှတ်တမ်းပေးဖို့မေ့သွားတဲ့ ကြေညာသူအရေအတွက် မပါဘူး။ ဒါက ကြေညာသူယောက်တိုင်း လကုန်တာနဲ့ ချက်ချင်းမှတ်တမ်းပေးဖို့ အရေးကြီးတယ်ဆိုတဲ့အချက်ကို ပေါ်လွင်စေတယ်။ “ပျမ်းမျှကြေညာသူ” ဆိုတာက လစဉ်မှတ်တမ်းသွင်းသူတွေရဲ့ တစ်နှစ်တာ ပျမ်းမျှအရေအတွက်ဖြစ်တယ်။

စုစုပေါင်းနာရီ။ ၂၀၁၁ နှစ်ချုပ်စာအုပ်အရ ယေဟောဝါသက်သေတွေဟာ လယ်ကွင်းဓမ္မအမှုမှာ နာရီ ၁.၆ ဘီလီယံကျော် အသုံးပြုခဲ့ကြတယ်။ ဒါက ဝတ်ပြုရေးမှာ ကျွန်ုပ်တို့အသုံးပြုတဲ့နာရီအားလုံးကို မဆိုလိုဘူး၊ ဒီအထဲမှာ သိုးထိန်းလည်ပတ်မှု၊ စည်းဝေးတက်ရောက်ခြင်းနဲ့ ကိုယ်ပိုင်ကျမ်းစာလေ့လာ၊ တွေးတောဆင်ခြင်မှုတွေမှာ အသုံးပြုခဲ့တဲ့အချိန်တွေ မပါဘူး။

သုံးစွဲခဲ့တဲ့ ငွေကြေးပမာဏ။ ၂၀၁၀ လုပ်ငန်းတော်နှစ်အတွင်းမှာ ယေဟောဝါသက်သေတွေဟာ လယ်ကွင်းလုပ်ငန်းမှာ အမှုဆောင်နေတဲ့ အထူးရှေ့ဆောင်၊ ခရစ်ယာန်သာသနာပြု၊ နယ်လှည့်ကြီးကြပ်မှူးတွေအတွက် အမေရိကန်ဒေါ်လာ ၁၅၅ သန်းကျော် အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ဒီထဲမှာ သမ္မာကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေ ပုံနှိပ်ထုတ်ဝေခြင်းနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဗေသလစေတနာ့ဝန်ထမ်း ၂၀,၀၀၀ ကျော်အတွက် အသုံးပြုခဲ့တဲ့ငွေကြေးတွေ မပါဘူး။

သတိရအောက်မေ့ပွဲ စားသုံးသူများ။ ကမ္ဘာတစ်ဝန်းမှာ သတိရအောက်မေ့ပွဲအထိမ်းအမှတ်ကို စားသုံးတဲ့ နှစ်ခြင်းခံပြီးသူတွေရဲ့ အရေအတွက်ဖြစ်တယ်။ ဒီအရေအတွက်က မြေကြီးပေါ်မှာရှိတဲ့ ကောင်းကင်အတန်းအစားအားလုံးကို ဆိုလိုသလား။ ယတိပြတ်ပြောလို့မရဘူး။ တချို့သူတွေဟာ ယခင်က ဝတ်ပြုရေးယုံကြည်ချက်တွေကြောင့်၊ စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်လှုပ်ရှားမှုဆိုင်ရာစတဲ့ ပြဿနာတွေကြောင့် မိမိတို့က ကောင်းကင်ခေါ်တော်မူခြင်းခံရတယ်လို့ အထင်မှားတာဖြစ်နိုင်တယ်။ မြေကြီးပေါ်မှာရှိတဲ့ ကောင်းကင်အတန်းအစားတွေရဲ့ အရေအတွက်အတိအကျကို ကျွန်ုပ်တို့မသိနိုင်သလို သိဖို့လည်းမလိုဘူး။ သတိရအောက်မေ့ပွဲမှာ မုန့်နဲ့ စပျစ်ရည်စားသုံးသူတွေရဲ့ နာမည်တွေကို အုပ်ချုပ်ရေးအဖွဲ့က စာရင်းမပြုစုထားဘူး။ *

ကျွန်ုပ်တို့သိတာကတော့ ကြီးစွာသောဒုက္ခ ဖျက်ဆီးခြင်းလေကို လွှတ်လိုက်တဲ့အချိန်မှာ “ငါတို့ဘုရားသခင်၏ကျွန်များ” ဖြစ်တဲ့ ကောင်းကင်အတန်းအစားတချို့ မြေကြီးပေါ်မှာရှိနေမယ် ဆိုတဲ့အချက်ဖြစ်တယ်။ (ဗျာ. ၇:၁-၃) ကောင်းကင်အတန်းအစားတွေ မြေကြီးပေါ်ရှိနေချိန်အတွင်း ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းမှာ အားသွန်ခွန်စိုက် ဦးဆောင်နေကြတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါရဲ့လူတွေဟာ လူ့သမိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ ဒီလုပ်ငန်းကိုလုပ်ဆောင်နေကြောင်း နှစ်စဉ်မှတ်တမ်းတွေက ဖော်ပြတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ဇွန် ၁၅၊ ၂၀၀၉၊ ကင်းမျှော်စင် စာမျက်နှာ ၂၄ မှာပါတဲ့ “တည်ကြည်သောဘဏ္ဍာစိုးနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့” ဆောင်းပါးကိုကြည့်ပါ။