မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုဝတ်ပြုမှုနဲ့ ကိုယ်ပိုင်လေ့လာမှုအတွက် အကြံပြုချက်

မိသားစုဝတ်ပြုမှုနဲ့ ကိုယ်ပိုင်လေ့လာမှုအတွက် အကြံပြုချက်

မိသားစုဝတ်ပြုမှုနဲ့ ကိုယ်ပိုင်လေ့လာမှုအတွက် အကြံပြုချက်

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေအသင်းတော်တွေမှာ ၂၀၀၉ ခုနှစ်ကစပြီး အစည်းအဝေးအစီအစဉ်တွေကို ပြုပြင်ချိန်ညှိခဲ့တယ်။ ကြားရက်နှစ်ရက်မှာပြုလုပ်တဲ့ အစည်းအဝေးနှစ်ခုကိုပေါင်းလိုက်ပြီး အစည်းအဝေးမရှိတော့တဲ့ညနေခင်းမှာ မိသားစုဝတ်ပြုမှု ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့ ကျွန်ုပ်တို့အားလုံးကို အားပေးခဲ့တယ်။ ဒီအချိန်ကို သင် အကျိုးရှိရှိအသုံးပြုနေသလား။ အဲဒီကနေ အကျိုးအပြည့်အဝ ရရှိနေသလား။

မိသားစုဝတ်ပြုမှုမှာ ဘယ်အကြောင်းအရာတွေ လေ့လာသင့်သလဲလို့ တချို့သူတွေ စဉ်းစားခဲ့ကြတယ်။ မိသားစုအားလုံး တစ်ပုံစံတည်းဖြစ်ဖို့ အုပ်ချုပ်ရေးအဖွဲ့က မရည်ရွယ်ဘူး။ အခြေအနေအမျိုးမျိုးရှိတဲ့အတွက်ကြောင့် အိမ်ထောင်ဦးစီးတစ်ဦးချင်း ဒါမှမဟုတ် တစ်ယောက်ချင်းစီက ဒီအချိန်မှာ ဘယ်အကြောင်းအရာကို အသုံးပြုတာက အကောင်းဆုံးဖြစ်တယ်ဆိုတာ စဉ်းစားသုံးသပ်သင့်တယ်။

တချို့မိသားစုတွေက အသင်းတော်အစည်းအဝေးတွေအတွက် ပြင်ဆင်ကြတယ်။ ဒါပေမဲ့ မိသားစုဝတ်ပြုမှုမှာ ဒီတစ်ခုတည်းကိုပဲ လုပ်နိုင်တာမဟုတ်ဘူး။ တချို့တွေက ကျမ်းစာ ဒါမှမဟုတ် အဖွဲ့အစည်းထုတ်စာပေတစ်ခုခုကိုဖတ်ပြီး ဆွေးနွေးကြတယ်။ ကလေးငယ်ရှိတဲ့ မိသားစုတွေက ကျမ်းစာမှာပါတဲ့အဖြစ်အပျက်တွေကို သရုပ်ဆောင်ကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့မိသားစုဝတ်ပြုမှုကို အပိုဒ်ဖတ်ပြီး မေးဖြေဆွေးနွေးတဲ့ အသင်းတော်အစည်းအဝေးလို လုပ်ဖို့မလိုဘူး။ သက်သောင့်သက်သာရှိတဲ့ ဝန်းကျင်အခြေအနေက အပြန်အလှန်ဆွေးနွေးခြင်း၊ အယူအဆတွေဖလှယ်ခြင်းကနေ ပိုအကျိုးရရှိစေတယ်။ ဒီလိုအခြေအနေမျိုးက အတွေးသစ်အမြင်သစ်တွေရရှိစေပြီး အားလုံးအတွက် အမှတ်ရစရာ၊ ပျော်ရွှင်စရာဖြစ်စေတယ်။

ကလေးသုံးယောက်ရှိတဲ့ဖခင်တစ်ဦး ဒီလိုရေးတယ်– “ကျွန်တော်တို့ပြုလုပ်တာအများစုက ကျမ်းစာဖတ်ရှုခြင်းအပေါ် အခြေခံတယ်။ အခန်းကြီးတစ်ခုကို ကြိုတင်ဖတ်ထားကြပြီး ကလေးတွေက အဲဒီအထဲက အချက်တစ်ချက်ကို ရှာဖွေလေ့လာထားကြတယ်၊ အဲဒီနောက် သူတို့သိရှိခဲ့ရာတွေကို ပြန်လည်ဝေမျှကြတယ်။ မိုက်ကယ် [ခုနစ်နှစ်] က ပုံဆွဲလေ့ရှိတယ် ဒါမှမဟုတ် ဖတ်ခဲ့ရာတွေအကြောင်း ချရေးလေ့ရှိတယ်။ ဒေးဗစ်နဲ့ ကိတ်လင်း [၁၃ နှစ်နဲ့ ၁၅ နှစ်] က ကျမ်းမှတ်တမ်းတစ်ခုကို ဘေးလူတစ်ယောက်ရဲ့အမြင်ကနေ ချရေးကြတယ်။ ဥပမာ၊ ဖာရောရဲ့စားတော်ဝန်နဲ့ ဖလားတော်ဝန်ရဲ့ အိပ်မက်ကို ယောသပ်အနက်ဖွင့်တဲ့မှတ်တမ်းအကြောင်း မိသားစုလိုက်ဖတ်တဲ့အခါ ကိတ်လင်းက အဖြစ်အပျက်ကို ဘေးကကြည့်နေတဲ့ အကျဉ်းသားတစ်ဦးရဲ့ရှုထောင့်ကနေ စာစီစာကုံးတစ်ပုဒ်ရေးခဲ့တယ်။”—ကမ္ဘာဦး အခန်းကြီး ၄၀

အခြေအနေတွေ မတူကြဘူးဆိုတာ မှန်ပါတယ်။ တစ်ဦးတစ်ယောက်အတွက် ဒါမှမဟုတ် မိသားစုတစ်စုအတွက် အကောင်းဆုံးနည်းဖြစ်ပေမဲ့ တခြားသူတွေအတွက် အကောင်းဆုံးဖြစ်ချင်မှဖြစ်မယ်။ ပူးတွဲပါလေးထောင့်ကွက်မှာ မိသားစုဝတ်ပြုမှု ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုအတွင်း အသုံးပြုနိုင်တဲ့ အကြောင်းအရာအတော်များများကို ဖော်ပြထားတယ်။ တခြားနည်းတွေကိုလည်း သင် စဉ်းစားနိုင်ပါတယ်။

[စာမျက်နှာ ၆၊ ၇ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ဆယ်ကျော်သက်ကလေးရှိတဲ့ မိသားစုများအတွက်–

လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်ကို ဖတ်ရှုဆွေးနွေးပါ။

• သင် ကျမ်းစာခေတ်မှာအသက်ရှင်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ (ဥပမာ၊ ကင်းမျှော်စင် မေ ၁၅၊ ၁၉၉၆၊ စာမျက်နှာ ၁၄၊ အပိုဒ် ၁၇-၁၈ ကိုကြည့်ပါ။)

• ရေရှည်၊ ရေတိုပန်းတိုင်တွေအကြောင်း ပြောဆိုပါ။

• အခါအားလျော်စွာ ကျမ်းစာအခြေပြုဗီဒီယိုခွေကို ကြည့်ပြီး ဆွေးနွေးပါ။

ကင်းမျှော်စင်မှာပါတဲ့ “လူငယ်စာရှုသူများအတွက်” ကဏ္ဍကို ဆွေးနွေးသုံးသပ်ပါ။

ကလေးမရှိတဲ့ မောင်နှံစုံတွေအတွက်–

မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်စာအုပ် အခန်း ၁၊ ၃၊ ၁၁-၁၆ ကို ဆွေးနွေးပါ။

• ကျမ်းစာဖတ်ရှုခြင်းကနေ ရှာဖွေလေ့လာထားတဲ့ အချက်တွေကို ဝေမျှပါ။

• အသင်းတော်ကျမ်းစာလေ့လာမှု ဒါမှမဟုတ် ကင်းမျှော်စင်သင်တန်းအတွက် ပြင်ဆင်ပါ။

• ဇနီးမောင်နှံအနေနဲ့ ခရစ်ယာန်ဓမ္မအမှုမှာ တိုးချဲ့ပါဝင်နိုင်တဲ့နည်းတွေကို ဆွေးနွေးပါ။

တစ်ကိုယ်ရေ ညီအစ်ကိုညီအစ်မများနဲ့ ယုံကြည်ခြင်းမတူတဲ့ မိသားစုရှိသူတွေအတွက်–

• ခရိုင်စည်းဝေးကြီးတွေမှာ ထုတ်ဝေတဲ့ စာအုပ်သစ်တွေကို လေ့လာပါ။

• ဒီနှစ်နဲ့ ပြီးခဲ့တဲ့နှစ်က နှစ်ချုပ်စာအုပ်တွေကိုဖတ်ပါ။

• သင့်ရပ်ကွက်မှာကြုံတွေ့ရနိုင်တဲ့ မေးခွန်းတွေရဲ့အဖြေကို ရှာဖွေလေ့လာပါ။

• ခရစ်ယာန်ဓမ္မအမှုအတွက် တင်ဆက်နည်းတွေကို ပြင်ဆင်ပါ။

ကလေးငယ်ရှိတဲ့ မိသားစုတွေအတွက်–

• ကျမ်းစာအဖြစ်အပျက်တွေကို သရုပ်ဆောင်ပါ။

နိုးလော့ စာမျက်နှာ ၂၃ မှာပါတဲ့ မှတ်ဉာဏ်ကိုစမ်းသပ်တဲ့ ကစားနည်းလိုမျိုး ကစားနည်းတွေ ကစားပါ။

• အခါအားလျော်စွာ တီထွင်ဖန်တီးမှုတစ်ခုခုလုပ်ပါ။ (ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၅၊ ၂၀၁၁၊ စာမျက်နှာ ၁၁ ပါ “ကြိုးစားရကျိုးနပ်” ကိုကြည့်ပါ။)

ကင်းမျှော်စင်မှာပါတဲ့ “သားသမီးတို့ကို သွန်သင်လော့” ကဏ္ဍကို သုံးသပ်ပါ။