မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလား

သင်မှတ်မိသလား

သင်မှတ်မိသလား

မကြာသေးမီကထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေကို သင် သေချာဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို သင် ဖြေဆိုနိုင်မနိုင် စမ်းကြည့်ပါ–

• ဘယ်အရေးကြီးတဲ့အချက်သုံးချက်က မရိုးမသားပြုလိုတဲ့သဘောထားကို တွန်းလှန်ရာမှာ ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။

ဒီအချက်တွေကတော့ (၁) ဘုရားသခင်ကို တော်မှန်စွာကြောက်ရွံ့ခြင်း။ (၁ ပေ. ၃:၁၂) (၂) ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ် သိသောစိတ်မွေးမြူခြင်း။ (၃) ရောင့်ရဲတဲ့စိတ် ကြိုးစားမွေးမြူခြင်းတို့ဖြစ်တယ်။—၄/၁၅၊ စာမျက်နှာ ၆-၇

• ယေဟောဝါကို အလေးအနက်သဘောနဲ့အမှုဆောင်ခြင်းဆိုတာ အမြဲလေးနက်တည်ကြည်တဲ့ပုံရှိရမယ်၊ ပျော်ပျော်ရွှင်ရွှင်နေခြင်းကိုရှောင်ရမယ်လို့ ပြောတာမဟုတ်ကြောင်း ဘယ်လိုသိရသလဲ။

ယေရှုရဲ့ပုံသက်သေကို သုံးသပ်ကြည့်နိုင်တယ်။ ကိုယ်တော်ဟာ တခြားသူတွေနဲ့အတူ ပျော်ပျော်ပါးပါး ပေါင်းသင်းပြီး စားသောက်တယ်။ ကိုယ်တော်က အလွန်အမင်း တင်းကျပ်တဲ့ပုံမပေါက်ဘူးဆိုတာ ကျွန်ုပ်တို့သိရတယ်။ ကလေးတွေအပါအဝင် တခြားသူတွေလည်း ကိုယ်တော့်အနားချဉ်းကပ်ပြီး သက်သောင့်သက်သာနေနိုင်ကြတယ်။—၄/၁၅၊ စာမျက်နှာ ၁၀

• သားသမီးတွေရလာပြီးနောက်မှာ အိမ်ထောင်ဆက်ဆံရေးထိခိုက်လာတာကို တွေ့ရတဲ့မောင်နှံစုံ ဘာလုပ်နိုင်သလဲ။

သူတို့ရဲ့မေတ္တာကို ပြန်ခိုင်မာအောင် လုပ်ဖို့လိုတယ်။ ခင်ပွန်းတစ်ဦးက ဇနီးမှာရှိနိုင်တဲ့ စိုးရိမ်စိတ်ကို ကြိုးစားဖြေဖျောက်ပေးနိုင်တယ်။ သူတို့နှစ်ဦးရဲ့ ခံစားချက်၊ လိုအပ်ရာတွေနဲ့ပတ်သက်ပြီး အချင်းချင်း ကောင်းစွာဆက်သွယ်ပြောဆိုဖို့လိုတယ်။—၅/၁၊ စာမျက်နှာ ၁၂-၁၃

• ရောမအခန်းကြီး ၁၁ မှာပါတဲ့ သံလွင်ပင်က ဘာကို ပုံဆောင်သလဲ။

သံလွင်ပင်မှာ အာဗြဟံအမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းဖြစ်တဲ့ ဘုရားသခင့်အစ္စရေးလူမျိုးပါဝင်တယ်။ ပုံဆောင်သံလွင်ပင်ရဲ့အမြစ်က ယေဟောဝါကိုတင်စားပြီး ပင်စည်က ယေရှုကိုတင်စားတယ်။ ဇာတိဂျူးအများစုက ယေရှုကို ငြင်းပယ်တဲ့အခါ ယုံကြည်သူဖြစ်လာတဲ့ လူမျိုးခြားတွေနဲ့ ကိုင်းဆက်လိုက်တယ်၊ ဒီလိုနည်းနဲ့ အာဗြဟံအမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းအရေအတွက် ပြည့်စုံသွားတယ်။—၅/၁၅၊ စာမျက်နှာ ၂၂-၂၅

• ဆင်းရဲသားတွေကို အထူးသဖြင့် ဘယ်သတင်းကောင်း ဝေမျှနိုင်သလဲ။

ဘုရားသခင်က ယေရှုကို ဘုရင်အဖြစ် ခန့်အပ်ခဲ့ပြီဆိုတဲ့ သတင်းကောင်းဖြစ်တယ်။ ကိုယ်တော်က ဆင်းရဲမွဲတေမှုကို ပပျောက်စေမယ့် အတော်ဆုံးအုပ်စိုးရှင်တစ်ဦးဖြစ်တယ်။ အကြောင်းကတော့ ကိုယ်တော်ဟာ လူသားအားလုံးအပေါ် အုပ်စိုးတဲ့အပြင် အဲဒီလိုအုပ်စိုးနိုင်တဲ့ အစွမ်းတန်ခိုးလည်းရှိတယ်။ ဆင်းရဲသားတွေကို သနားကြင်နာစွာ ပြုမူဆက်ဆံတယ်။ ဆင်းရဲမွဲတေရတဲ့အကြောင်းရင်းနဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ပြုမူတတ်တဲ့ ကျွန်ုပ်တို့ရဲ့ မွေးရာပါစိတ်ဓာတ်ကို ဖယ်ရှားပေးနိုင်လို့ဖြစ်တယ်။—၆/၁၊ စာမျက်နှာ ၇

• “သင်ဆိုသည့်အတိုင်းမှန်၏” လို့ ကယာဖကို ယေရှုပြောတဲ့အခါ ဘာကိုဆိုလိုသလဲ။—မ. ၂၆:၆၃၊ ၆၄

“သင်ဆိုသည့်အတိုင်း မှန်၏” ဆိုတဲ့ အသုံးအနှုန်းဟာ ဖော်ပြချက်တစ်ခု မှန်ကန်တယ်ဆိုတာကို အတည်ပြုပေးတဲ့ ဂျူးတွေရဲ့ ဒေသသုံးစကား ဖြစ်ပုံရတယ်။ ယဇ်ပုရောဟိတ်မင်း ကယာဖက ယေရှုကို ဘုရားသခင့်သားတော် ခရစ်တော်ဟုတ်မဟုတ် မေးခဲ့တယ်။ ယေရှုက “သင်ဆိုသည့်အတိုင်း မှန်၏” လို့ပြန်ဖြေလိုက်ခြင်းအားဖြင့် မှန်တယ်ဆိုတာကို အတည်ပြုပေးလိုက်တယ်။—၆/၁၊ စာမျက်နှာ ၁၈

• စုံလင်သူလူသားယေရှုရဲ့ သားစဉ်မြေးဆက်ဖြစ်နိုင်တဲ့သူတွေက ရွေးနုတ်ဖိုးမှာ ပါဝင်နိုင်သလား။

မပါဝင်နိုင်ဘူး။ ယေရှုဟာ စုံလင်တဲ့လူသားတစ်ဦးအနေနဲ့ သန်းထောင်နဲ့ချီတဲ့ စုံလင်တဲ့သားစဉ်မြေးဆက်တွေကို ဖြစ်ပေါ်စေနိုင်တာ မှန်ပေမဲ့ ဒီလူတွေက ရွေးနုတ်ဖိုးမှာ မပါဝင်ဘူး။ ယေရှုရဲ့စုံလင်တဲ့အသက်ကသာ အာဒံရဲ့စုံလင်တဲ့အသက်နဲ့ ညီမျှတယ်။ (၁ တိ. ၂:၆)—၆/၁၅၊ စာမျက်နှာ ၁၃

တမန်တော် ၂၀:၂၉၊ ၃၀ မှာဖော်ပြထားတဲ့ ဆရာအတုအယောင်များနဲ့ပတ်သက်တဲ့ သတိပေးချက်ကို ခရစ်ယာန်တွေနှလုံးသွင်းကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။

ဆရာအတုအယောင်တွေကို ကျွန်ုပ်တို့အိမ်မှာလက်မခံခြင်း၊ နှုတ်မဆက်ခြင်းအားဖြင့်ဖြစ်တယ်။ (ရော. ၁၆:၁၇; ၂ ယော. ၉-၁၁) ခရစ်ယာန်တွေဟာ အယူဖောက်ပြန်သူတွေရဲ့စာပေတွေ၊ တီဗီအစီအစဉ်တွေနဲ့ အင်တာနက်တွေကို မကြည့်ရှုကြဘူး။—၇/၁၅၊ စာမျက်နှာ ၁၅-၁၆

• သားသမီးတွေကို ဘုရားသခင်အကြောင်း ဘယ်သူသင်ပေးသင့်သလဲ။

သမ္မာကျမ်းစာအကြံပြုချက်အရ ဖခင်ရော မိခင်ပါ သင်ပေးသင့်တယ်။ (သု. ၁:၈; ဧ. ၆:၄) မိဘနှစ်ဦးစလုံး သွန်သင်ပေးတဲ့အခါ ထိရောက်တယ်လို့ လေ့လာတွေ့ ရှိချက်တွေက ဖော်ပြတယ်။—၈/၁၊ စာမျက်နှာ ၆-၇