မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ကျမ်းစာဖတ်နေရင်း မေးခွန်းတစ်ခု ပေါ်လာတဲ့အခါ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ပြဿနာတစ်ခုအတွက် အကြံဉာဏ်လိုအပ်တဲ့အခါ ဘာလုပ်သင့်သလဲ။

“ဝှက်ထားသောဘဏ္ဍာ” ကိုရှာသလို သိနားလည်မှု၊ ပိုင်းခြားသိမြင်မှုကို ဆက်ရှာဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားတယ်။ (သု. ၂:၁-၅ကဘ) ကျမ်းစာမေးခွန်းတွေရဲ့အဖြေနဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေရဲ့ ဖြေရှင်းနည်းကို ရှာဖွေရာမှာ ကြိုးစားအားထုတ်သင့်တယ်ဆိုတာ ဒီအချက်ကဖော်ပြတယ်။ ဘယ်လိုလုပ်နိုင်သလဲ။

သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပညာရေးမှအကျိုးရယူစာအုပ်၊ စာမျက်နှာ ၃၃-၃၈ မှာ “သစ္စာနှင့်သတိပညာရှိသောကျွန်” ထုတ်ဝေထားတဲ့ ကိရိယာတွေကို အသုံးပြုပြီး “သုတေသနပြုလုပ်နည်း” အကြောင်း ဆွေးနွေးသုံးသပ်ထားတယ်။ (မ. ၂၄:၄၅) စာမျက်နှာ ၃၆ မှာ အကြောင်းအရာအညွှန်းနဲ့ ကျမ်းချက်အညွှန်းဆိုပြီး ခွဲခြားဖော်ပြထားတဲ့ ကင်းမျှော်စင်စာပေများအညွှန်း အသုံးပြုပုံကို ရှင်းပြထားတယ်။ အဲဒီမှာ အဓိကစကားလုံး ဒါမှမဟုတ် ကျမ်းချက်တွေကို ရှာဖွေဖတ်ရှုနိုင်တဲ့ ရည်ညွှန်းကိုးကားချက်များစာရင်းပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလထုတ် လေ့လာရန်စာစောင်တိုင်းမှာပါတဲ့ ကင်းမျှော်စင်အတွက် အကြောင်းအရာမာတိကာကိုလည်း အသုံးပြုနိုင်ပါတယ်။ သင်လိုချင်တဲ့ တိကျတဲ့အဖြေ ဒါမှမဟုတ် လမ်းညွှန်မှုကို ရှာဖွေရာမှာ စိတ်ရှည်ပါ။ သင်က အချိန်နဲ့ ကြိုးစားအားထုတ်မှုလိုတဲ့ “ဝှက်ထားသောဘဏ္ဍာ” ကိုရှာဖွေနေတယ်ဆိုတာ သတိရပါ။

ဒါပေမဲ့ တချို့အကြောင်းအရာတွေနဲ့ ကျမ်းချက်တွေကို ကျွန်ုပ်တို့ရဲ့စာပေတွေမှာ အတိအကျမဖော်ပြထားဘူး။ တစ်ခါတလေ သင်ရှာဖွေနေတဲ့ ကျမ်းချက်ကို တွေ့ရပေမဲ့ သင်လိုချင်တဲ့ တိကျတဲ့အဖြေ ရချင်မှရမယ်။ ဒါ့အပြင် တချို့ကျမ်းစာမှတ်တမ်းတွေကို အသေးစိတ်မဖော်ပြထားတဲ့အတွက် မေးခွန်းတချို့ ပေါ်လာနိုင်တယ်။ ဒါကြောင့် ပေါ်လာတဲ့မေးခွန်းတိုင်းရဲ့အဖြေကို ချက်ချင်းမရနိုင်ဘူး။ ဒီလိုဖြစ်မယ်ဆိုရင် အဖြေကို မခန့်မှန်းသင့်ဘူး၊ ဒါက “ယုံကြည်ခြင်းနှင့်ဆိုင်သော ဘုရားသခင်စီမံပေးရာများထက် အမေးပုစ္ဆာများ” မှာ ပါဝင်ငြင်းခုံမိစေနိုင်တယ်။ (၁ တိ. ၁:၄; ၂ တိ. ၂:၂၃; တိ. ၃:၉) ဌာနခွဲရုံးကဖြစ်စေ၊ ဌာနချုပ်ကဖြစ်စေ ကျွန်ုပ်တို့ရဲ့စာပေတွေမှာမရှင်းပြထားတဲ့ အကြောင်းအရာတွေရဲ့ မေးခွန်းတိုင်းကို မဖြေဆိုနိုင်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ဘဝအတွက် လိုအပ်တဲ့ လမ်းညွှန်မှုအလုံအလောက် ကျမ်းစာမှာဖော်ပြထားတဲ့အတွက် ကျေနပ်နိုင်ပါတယ်၊ ကျွန်ုပ်တို့ နားမလည်နိုင်တဲ့အရာတွေက ဘုရားသခင်နဲ့ သမ္မာကျမ်းစာအပေါ် အခိုင်အမာယုံကြည်ကြောင်းတင်ပြဖို့ အခွင့်အရေးဖြစ်တယ်။—ယေဟောဝါထံချဉ်းကပ်လော့၊ စာမျက်နှာ ၁၈၅-၁၈၇ ကိုကြည့်ပါ။

သင်အတတ်နိုင်ဆုံး ရှာဖွေလေ့လာပေမဲ့ သင်လိုအပ်တဲ့ လမ်းညွှန်နဲ့ ဖြေရှင်းနည်း မတွေ့ဘူးဆိုရင်ကော။ ရင့်ကျက်တဲ့ ယုံကြည်သူတစ်ဦး၊ ဖြစ်နိုင်တာက သင့်အသင်းတော်က အကြီးအကဲတစ်ဦးကို ပြောပြပါ။ သူတို့မှာ ကျမ်းစာအသိပညာများစွာရှိပြီး ယေဟောဝါကို နှစ်ပေါင်းများစွာအမှုဆောင်ခဲ့တဲ့သူတွေဖြစ်တယ်။ သူတို့က သင့်အနီးအနားမှာရှိပြီး သင်နဲ့ သင့်အခြေအနေကို ကောင်းကောင်းသိထားတဲ့အတွက် သင့်ကိုယ်ရေးကိုယ်တာပြဿနာတွေအတွက် အကောင်းဆုံးအကြံဉာဏ် ပေးနိုင်တယ်။ သင်စိုးရိမ်ပူပန်နေတဲ့အကြောင်းကို ယေဟောဝါထံ တိတိကျကျပြောပြပြီး ဆုတောင်းဖို့ ဘယ်တော့မှမမေ့ပါနဲ့၊ သင့်အတွေးအခေါ်ကို သန့်ရှင်းသောစွမ်းအားတော်နဲ့ လမ်းညွှန်ပေးဖို့ တောင်းခံမယ်ဆိုရင် ကိုယ်တော်က သင်လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ပိုင်းခြားသိမြင်မှု ပေးပါလိမ့်မယ်။—သု. ၂:၆ကဘ; လု. ၁၁:၁၃