မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် “ထောက်ပံ့နိုင်ခွင့်” ရှိပြီး ရွှင်လန်းမှုခံစားရနိုင်

သင် “ထောက်ပံ့နိုင်ခွင့်” ရှိပြီး ရွှင်လန်းမှုခံစားရနိုင်

သင် “ထောက်ပံ့နိုင်ခွင့်” ရှိပြီး ရွှင်လန်းမှုခံစားရနိုင်

အစောပိုင်း ဖိလိပ္ပိခရစ်ယာန်တွေဟာ စစ်မှန်တဲ့ဝတ်ပြုရေးကို ရက်ရောစွာထောက်ပံ့တဲ့နေရာမှာ နာမည်ရခဲ့တယ်။ သူတို့ဆီကို တမန်တော်ပေါလု ဒီလိုစာရေးခဲ့တယ်– “ငါသည် သင်တို့ကို သတိရသည့်အခါတိုင်း ငါ၏ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ပါ၏။ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအတွက် တိုးလျှိုးအသနားခံ ဆုတောင်းပေးပါ၏။ သင်တို့သည် ပထမနေ့မှစ၍ ယခုအထိ သတင်းကောင်းအတွက် ပါဝင်ပေးဆက်သောကြောင့်ဖြစ်၏။” (ဖိ. ၁:၃-၅) လုဒိနဲ့ သူ့မိသားစုဝင်တွေ နှစ်ခြင်းခံပြီးတဲ့နောက် ပေါလုနဲ့ သူရဲ့ဟောပြောဖော်တွေကို သူမရဲ့အိမ်မှာတည်းခိုဖို့ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ခဲ့တာကို ပေါလု ကောင်းကောင်းအမှတ်ရခဲ့တယ်။—တ. ၁၆:၁၄၊ ၁၅

သိပ်မကြာခင်မှာပဲ အသစ်တည်ထောင်ထားတဲ့ ဖိလိပ္ပိအသင်းတော်က အသင်းသားတွေဟာ မိမိတို့နဲ့ မိုင်တစ်ရာခန့်အကွာ၊ သက်သာလောနိတ်မြို့မှာရောက်နေတဲ့ ပေါလုအတွက် လိုအပ်ရာတွေကို နှစ်ကြိမ်ပို့ပေးခဲ့တယ်။ (ဖိ. ၄:၁၅၊ ၁၆) နှစ်အနည်းငယ်ကြာပြီးတဲ့နောက် ဖိလိပ္ပိအသင်းတော်အပါအဝင် မက်ဆီဒိုးနီးယားပြည်မှာရှိတဲ့ ညီအစ်ကိုတွေကိုယ်တိုင် “အလွန်ဆင်းရဲနွမ်းပါး” နေကြတယ်၊ ဒါတောင် ဂျေရုဆလင်မြို့က ညှဉ်းပန်းနှိပ်စက်မှုခံနေရတဲ့ခရစ်ယာန်တွေ အကူအညီလိုအပ်နေတယ်ဆိုတာကိုကြားတဲ့အခါ သူတို့ကို ကူညီပေးလိုခဲ့တယ်။ သူတို့တွေက “တတ်နိုင်သည်ထက် သာ၍စွန့်ကြဲလိုစိတ်ရှိကြ” ကြောင်း ပေါလုပြောခဲ့တယ်။ သူဒီလိုရေးခဲ့တယ်– ‘ထိုညီအစ်ကိုများသည် ပေးကမ်းစွန့်ကြဲနိုင်ခွင့်၊ ထောက်ပံ့နိုင်ခွင့်ကို သူတို့သဘောအတိုင်း ငါတို့ထံမှ အတန်တန် တောင်းဆိုကြ၏။’—၂ ကော. ၈:၁-၄; ရော. ၁၅:၂၆

ဖိလိပ္ပိမြို့သားတွေ ခရစ်ယာန်ဖြစ်လာပြီး ဆယ်နှစ်ခန့်အကြာမှာလည်း သူတို့မှာ ရက်ရောတဲ့စိတ်သဘော ရှိနေဆဲဖြစ်တယ်။ ပေါလု ရောမမြို့မှာ ထောင်ကျနေတယ်ဆိုတာ ကြားရတဲ့အခါ တမန်တော်အတွက် ဝေယျာဝိစ္စတွေလုပ်ပေးဖို့ ဧပဖြောဒိတ်ကို လွှတ်လိုက်တယ်၊ ဧပဖြောဒိတ်က ထောက်ပံ့ပစ္စည်းတွေသယ်ပြီး မိုင် ၈၀၀ အကွာအဝေးကို ကုန်းတစ်တန်၊ ရေတစ်တန်ဖြတ်ပြီး သွားခဲ့တယ်။ ဖိလိပ္ပိမြို့သားတွေက ပေါလုကို ကူညီပေးလိုခဲ့တယ်၊ ဒါမှ ပေါလုဟာ ထောင်ကျနေချိန်မှာတောင် ညီအစ်ကိုတွေကို ဆက်အားပေးပြီး ဆက်ဟောပြောဖို့ ခွန်အားရှိမှာဖြစ်တယ်။—ဖိ. ၁:၁၂-၁၄; ၂:၂၅-၃၀; ၄:၁၈

ဒီနေ့လည်း စစ်မှန်တဲ့ခရစ်ယာန်တွေက သတင်းကောင်းဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ပံ့ရတာကို အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။ (မ. ၂၈:၁၉၊ ၂၀) သူတို့ဟာ သူတို့ရဲ့အချိန်၊ ခွန်အားနဲ့ ငွေကြေးတွေကိုအသုံးပြုပြီး ဒီလုပ်ငန်းကို ထောက်ပံ့နေကြတယ်။ အောက်ဖော်ပြပါလေးထောင့်ကွက်မှာ ဒီဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့နိုင်တဲ့နည်းတချို့ ဖော်ပြထားတယ်။

[စာမျက်နှာ ၂၂၊ ၂၃ ပါလေးထောင့်ကွက်]

တချို့သူတွေ လှူဒါန်းတဲ့နည်းလမ်းများ

ကမ္ဘာချီလုပ်ငန်းအတွက် ပါဝင်လှူဒါန်းခြင်း

အများစုက “ကမ္ဘာချီလုပ်ငန်း” လို့ရေးထားတဲ့ အလှူငွေသေတ္တာမှာထည့်ဖို့ မိမိတို့ရဲ့ငွေကြေးတွေကို သီးသန့်ဖယ်ထားကြတယ်။

အသင်းတော်တွေက ဒီအလှူငွေတွေကို မိမိတို့နဲ့သက်ဆိုင်တဲ့နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးကို လစဉ်ပေးပို့ကြတယ်။ စေတနာအလျောက်ထည့်ဝင်တဲ့ လှူဒါန်းငွေတွေကို ယေဟောဝါသက်သေ (ကင်းမျှော်စင်) အသင်း၊ အမှတ် ၉၄-ခ အင်းယားလမ်း၊ ကမာရွတ်၊ ရန်ကုန်မြို့ ဒါမှမဟုတ် သင့်နိုင်ငံကိုကြီးကြပ်တဲ့ ဌာနခွဲရုံးကို တိုက်ရိုက်ပေးပို့နိုင်တယ်။ စာတိုက်ကနေ ငွေပေးပို့လိုတယ်ဆိုရင် အထက်ပါကင်းမျှော်စင်အသင်းလိပ်စာနဲ့ ပေးပို့သင့်တယ်။ ကျောက်မျက်ရတနာနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကိုလည်း လှူဒါန်းနိုင်ပါတယ်။ ဒီလိုပေးပို့လှူဒါန်းရာမှာ လုံးလုံးလျားလျားလှူဒါန်းကြောင်းဖော်ပြတဲ့ စာတိုကလေးပါ ထည့်ပေးသင့်တယ်။