မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်မရဲ့စိတ်ကူး အကောင်အထည်ပေါ်ပြီ”

“ကျွန်မရဲ့စိတ်ကူး အကောင်အထည်ပေါ်ပြီ”

“ကျွန်မရဲ့စိတ်ကူး အကောင်အထည်ပေါ်ပြီ”

အီမယ်လျာဟာ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကစပြီး မှန်မှန်ရှေ့ဆောင် ဆက်မလုပ်နိုင်တော့ဘူး။ ရှေ့ဆောင်လုပ်တုန်းက ဘယ်လောက်ပျော်ခဲ့တယ်ဆိုတာကို မကြာသေးခင်က သူပြန်စဉ်းစားခဲ့တယ်၊ အဲဒီနောက် သူ ရှေ့ဆောင်ပြန်လုပ်ချင်တယ်။

ဒါပေမဲ့ အီမယ်လျာရဲ့အလုပ်က အချိန်အများကြီးပေးရတယ်၊ ဒါကြောင့် သူ့ခမျာ မပျော်နိုင်ဘူး။ တစ်နေ့မှာ သူက “ကျွန်မ နာရီနည်းနည်းပဲ အလုပ်လုပ်ရရင်ကောင်းမယ်” ဆိုပြီး သူ့အလုပ်ဖော်တွေကို ပြောတယ်။ ဒါကို သူမရဲ့အထက်လူကြီးက ကြားသွားပြီး အဲဒါတကယ်ပဲလားလို့ သူ့ကိုမေးတယ်။ တကယ်ပါဆိုပြီး အီမယ်လျာ ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ ကုမ္ပဏီစည်းကမ်းအရ အလုပ်သမားအားလုံးက အချိန်ပြည့်အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် နာရီနည်းနည်းပဲ အလုပ်လုပ်ဖို့ဆိုတာ ဒါရိုက်တာရဲ့ထောက်ခံချက်ရမှ ဖြစ်နိုင်မယ်။ အီမယ်လျာက ဒါရိုက်တာနဲ့တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ပြီး အေးဆေးတည်ငြိမ်စွာ ပြောဆိုနိုင်ဖို့နဲ့ ရဲစွမ်းသတ္တိရှိဖို့ ဆုတောင်းခဲ့တယ်။

တွေ့ဆုံဆွေးနွေးချိန်အတွင်း အီမယ်လျာက လိမ္မာပါးနပ်စွာပြောဆိုပြီး သူမရဲ့အလုပ်ချိန်ကို လျှော့ပေးဖို့ ရဲရဲဝံ့ဝံ့တောင်းဆိုခဲ့တယ်။ သူမရဲ့အချိန်ကိုသုံးပြီး တခြားသူတွေကို ကူညီပေးချင်တဲ့အကြောင်း ဒီလိုရှင်းပြခဲ့တယ်– “ကျွန်မက ယေဟောဝါသက်သေတစ်ယောက်ပါ၊ လူတွေ သမ္မာကျမ်းစာအကြောင်းသိအောင် ကျွန်မကူညီပေးပါတယ်။ အခုခေတ်မှာ လူအတော်များများက အမှား၊ အမှန်နဲ့ပတ်သက်ပြီး ကွဲကွဲပြားပြားမသိကြတော့ဘူး၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကျမ်းစာမှာပါတဲ့ အသိပညာကို သူတို့လိုအပ်နေကြတယ်။ ကျွန်မရဲ့ အလုပ်ချိန်နောက်ပိုင်းလုပ်ဆောင်မှုတွေကြောင့် အခုဒီမှာလုပ်နေတဲ့ အလုပ်ရဲ့အရည်အသွေးကို ထိခိုက်တာမျိုး မဖြစ်စေချင်ဘူး၊ ဒါပေမဲ့ လူတွေကိုကူညီပေးဖို့ အချိန်ပိုရချင်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့အလုပ်ချိန်တွေကို လျှော့ချင်တာပါ။”

ဒါရိုက်တာက သူရှင်းပြတာကို အသေအချာနားထောင်ပြီး သူလည်း လူမှုအကျိုးပြုလုပ်ငန်းလုပ်ဖို့ စဉ်းစားဖူးကြောင်းပြောပြတယ်။ အီမယ်လျာရဲ့ရှင်းပြချက်ကို သူနားလည်သွားပြီး နာရီအနည်းငယ်ပဲအလုပ်လုပ်ဖို့ ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ “ခင်ဗျားရဲ့လစာ လျော့သွားမယ်ဆိုတာကိုကော သိသလား” ဆိုပြီး မေးတယ်။ အီမယ်လျာက ဒါကိုနားလည်ကြောင်းနဲ့ ဝင်ငွေနည်းနည်းနဲ့ နေတတ်ကြောင်း ပြောခဲ့တယ်။ လူတွေကိုကူညီပေးရတာကို သူပျော်တယ်လို့လည်း အီမယ်လျာ ပြောတယ်။ ဒါရိုက်တာက သူ့ကို ဒီလိုပြောတယ်– “ကိုယ့်ရဲ့အချိန်ကိုသုံးပြီး တခြားသူတွေကို ကူညီပေးသူတွေကို ကျွန်တော် အထင်ကြီးလေးစားတယ်။”

အဲဒီကုမ္ပဏီမှာအလုပ်လုပ်တဲ့ ဘယ်အလုပ်သမားကမှ ဒီလိုအထူးခွင့်ပြုချက်မျိုး မရခဲ့ဖူးဘူး။ အီမယ်လျာဟာ အခုဆိုရင် တစ်ပတ်မှာ လေးရက်ပဲအလုပ်လုပ်ရတော့တယ်။ အံ့ဩစရာကောင်းတာက သူ့ရဲ့လစာက အရင်ကထက်တောင် ပိုများသွားသေးတယ်။ “ကျွန်မရဲ့စိတ်ကူး အကောင်အထည်ပေါ်ပြီ၊ ကျွန်မ မှန်မှန်ရှေ့ဆောင်ပြန်လုပ်နိုင်ပြီ” ဆိုပြီး အီမယ်လျာပြောတယ်။

သင်ရော သင့်အခြေအနေကိုပြုပြင်ချိန်ညှိပြီး မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ဖို့ ဒါမှမဟုတ် အရင်ကလိုရှေ့ဆောင်ပြန်လုပ်ဖို့ စဉ်းစားသလား။

[စာမျက်နှာ ၃၂ ပါ အကျဉ်းဖော်ပြချက်]

“ကိုယ့်ရဲ့အချိန်ကိုသုံးပြီး တခြားသူတွေကို ကူညီပေး တဲ့သူတွေကို ကျွန်တော် အထင်ကြီးလေးစားတယ်” ဆိုပြီး ဒါရိုက်တာက သူ့ကိုပြောခဲ့