မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့မေတ္တာတော် သာဓကဖြစ်တဲ့ သင်တန်းကျောင်းများ

ယေဟောဝါရဲ့မေတ္တာတော် သာဓကဖြစ်တဲ့ သင်တန်းကျောင်းများ

ယေဟောဝါက ကျွန်ုပ်တို့ရဲ့ “မဟာသွန်သင်ရှင်” ဖြစ်တယ်။ (ဟေရှာ. ၃၀:၂၀ကဘ) ဘုရားသခင်ဟာ မေတ္တာရဲ့လှုံ့ဆော်မှုကြောင့် တခြားသူတွေကို သွန်သင်၊ လေ့ကျင့်ပေးတယ်။ ဥပမာ၊ ကြီးမားနက်ရှိုင်းလှတဲ့မေတ္တာရဲ့ လှုံ့ဆော်မှုကြောင့် ယေဟောဝါက မိမိ “ပြုသမျှ” ကို ယေရှုကို ပြသခဲ့တယ်။ (ယော. ၅:၂၀) ယေဟောဝါက မိမိရဲ့သက်သေတွေဖြစ်တဲ့ကျွန်ုပ်တို့ကို ချစ်တဲ့အတွက် ကိုယ်တော့်ကိုဂုဏ်တင်ဖို့၊ တခြားသူတွေကို ကူညီပေးဖို့ ကျွန်ုပ်တို့ကြိုးစားအားထုတ်တဲ့အခါ “လူတတ်၏နှုတ်သတ္တိ” ကိုပေးတယ်။—ဟေရှာ. ၅၀:၄

ယေဟောဝါရဲ့မေတ္တာကို တုပတဲ့အနေနဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သွန်သင်ခြင်းကော်မတီက ဟောပြောသွန်သင်ခြင်းကျောင်း ဆယ်ခုကိုသုံးပြီး အဲဒီသင်တန်းတွေကိုတက်ရောက်လိုတဲ့ ဆန္ဒနဲ့ တက်ရောက်နိုင်တဲ့အခြေအနေရှိသူတွေကို လေ့ကျင့်ပေးပါတယ်။ ဒီကျောင်းတွေကို ယေဟောဝါရဲ့မေတ္တာဖော်ပြချက်အဖြစ် သင် ရှုမြင်ပါသလား။

လက်ရှိကျင်းပနေတဲ့ သွန်သင်ခြင်းကျောင်းတွေကို အကျဉ်းချုပ်သုံးသပ်ပြီး အဲဒီကျောင်းတွေကို တက်ရောက်ခဲ့သူတချို့ရဲ့ ခံစားချက်တွေကို လေ့လာကြည့်ကြရအောင်။ အဲဒီနောက် ‘ဘုရားသခင်သွန်သင်ပေးတဲ့ ပညာရေးကနေ ငါ ဘယ်လိုအကျိုးရနိုင်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

လေ့ကျင့်ပေးမှုကနေ အကျိုးရယူပါ

‘ချစ်ခြင်းမေတ္တာရဲ့ဘုရားသခင်’ ဖြစ်တဲ့ ယေဟောဝါက သင်တန်းတွေအားဖြင့် ကျွန်ုပ်တို့ကို လေ့ကျင့်ပေးတယ်၊ ဒီသင်တန်းတွေက ကျွန်ုပ်တို့ရဲ့ဘဝကို ပိုပြီးအဓိပ္ပာယ်ပြည့်ဝစေဖို့၊ အခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်ဖို့နဲ့ အမှုဆောင်ခြင်းမှာ ရွှင်လန်းမှုများစွာခံစားရစေဖို့ ကူညီပေးတယ်။ (၂ ကော. ၁၃:၁၁) ပထမရာစုအချိန်ကတပည့်တွေလိုပဲ ကျွန်ုပ်တို့လည်း တခြားသူတွေကိုကူညီပေးနိုင်ဖို့၊ ကိုယ်တော် “မိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေး” နိုင်ဖို့ ကောင်းစွာပြင်ဆင်ပေးခြင်း ခံရကြတယ်။—မ. ၂၈:၂၀

ကျွန်ုပ်တို့က အဲဒီသင်တန်းအားလုံးကို တက်ရောက်နိုင်မှာမဟုတ်ပေမဲ့ သင်တန်းတစ်ခု ဒါမှမဟုတ် တစ်ခုထက်မကကို တက်ရောက်ခြင်းကနေ အကျိုးရရှိနိုင်တယ်။ ဒါ့အပြင် အဲဒီကရရှိတဲ့ ကျမ်းစာအခြေပြုညွှန်ကြားချက်ကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးနိုင်တယ်။ ကျွန်ုပ်တို့က ကောင်းကောင်းလေ့ကျင့်မှုရထားတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေနဲ့ တွဲအမှုဆောင်ခြင်းအားဖြင့်လည်း ဟောပြောခြင်းလုပ်ငန်းမှာ ပိုမိုထိရောက်မှု ရှိစေနိုင်ပါတယ်။

‘ဒီသင်တန်းတွေထဲက တစ်ခုခုကို တက်ရောက်နိုင်တဲ့ အခြေအနေမျိုး ငါ့မှာရှိသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူတွေက ဒီသင်တန်းတွေကို တက်ရတာ၊ ဒီသင်တန်းတွေကနေ လေ့လာသင်ယူရတာကို အခွင့်ထူးအဖြစ် ယူမှတ်ကြပါတယ်။ သင်ရရှိတဲ့လေ့ကျင့်မှုက သင့်ကို ဘုရားသခင်နဲ့ပိုရင်းနှီးစေပြီး သင်ရရှိတဲ့တာဝန်တွေကို အထူးသဖြင့် အရေးကြီးတဲ့ သတင်းကောင်းဟောပြောခြင်းတာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ဖို့ ကူညီပေးပါစေ။