မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ကြွယ်ဝမှုက ချို့တဲ့မှုကိုဖြည့်ဆည်းပေး

သူတို့ရဲ့ကြွယ်ဝမှုက ချို့တဲ့မှုကိုဖြည့်ဆည်းပေး

အချိန်ကတော့ အေဒီ ၄၉ ဖြစ်တယ်။ “အသင်းတော်၏ အမာခံပုဂ္ဂိုလ်များအဖြစ် အသိအမှတ်ပြုခံရ” တဲ့ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ဟာ တမန်တော်ပေါလုနဲ့ သူ့ရဲ့လုပ်ဖော်ဆောင်ဖက် ဗာနဗကို တာဝန်တစ်ခုပေးအပ်ခဲ့တယ်။ သူတို့ဟာ လူမျိုးခြားတွေကို ဟောပြောတဲ့အခါ ဆင်းရဲချို့တဲ့,တဲ့ ခရစ်ယာန်တွေကို သတိရ,ရမှာဖြစ်တယ်။ (ဂလ. ၂:၉၊ ၁၀) သူတို့ရဲ့တာဝန်ကို ဘယ်လိုကျေပွန်အောင် ဆောင်ရွက်ခဲ့ကြသလဲ။

ဒီကိစ္စကို ပေါလု အလေးအနက်ထားတယ်ဆိုတာ သူ့ရဲ့စာတွေက ဖော်ပြတယ်။ ဥပမာ၊ ကောရိန္သုမြို့မှာရှိတဲ့ ခရစ်ယာန်တွေကို သူ ဒီလိုရေးခဲ့တယ်– “သန့်ရှင်းသူတို့အတွက် အလှူငွေကောက်ခံခြင်းနှင့်ပတ်သက်၍ ဂလာတိပြည်ရှိ အသင်းတော်များကို ငါမှာထားသည့်အတိုင်း သင်တို့လည်း ထိုနည်းတူ ပြုကြလော့။ ငါရောက်လာသောအခါ အလှူငွေကောက်ခံခြင်း မရှိစေရန် သီတင်းပတ်တွင် ပထမနေ့၌ အသီးသီး အဆင်ပြေသည့်အတိုင်း မိမိတို့ဥစ္စာအချို့ကို အိမ်တွင် သီးသန့်ဖယ်ထားကြလော့။ ငါရောက်လာသောအခါ သင်တို့စာရေးထောက်ခံသောသူတို့အား သင်တို့၏အလှူကို ဂျေရုဆလင်မြို့သို့ ယူဆောင်သွားစေပါမည်။”—၁ ကော. ၁၆:၁-၃

ကောရိန္သုအသင်းသားတွေကိုရေးတဲ့ သူ့ရဲ့ဒုတိယစာမှာ ပေါလုက အလှူငွေကောက်ခံရတဲ့ ရည်ရွယ်ချက်ကို ထပ်ပြောခဲ့တယ်။ အဲဒါကတော့ “သာတူညီမျှရှိစေရန် ယခု သင်တို့၏ကြွယ်ဝမှုသည် သူတို့၏ချို့တဲ့မှုကို ဖြည့်ဆည်းပေး” ဖို့ဖြစ်တယ်။—၂ ကော. ၈:၁၂-၁၅

အေဒီ ၅၆ ခန့်မှာ ရောမမှာရှိတဲ့ ခရစ်ယာန်တွေကို ပေါလုစာရေးတဲ့အခါ အလှူငွေကောက်ခံတာက ပြီးသလောက်ဖြစ်နေပြီ။ သူဒီလိုပြောတယ်– “သန့်ရှင်းသူတို့ကို ကူညီထောက်မရန် ဂျေရုဆလင်မြို့သို့ ငါသွားရဦးမည်။ အကြောင်းမူကား မက်ဆီဒိုးနီးယားပြည်နှင့် အခါယပြည်တွင် ရှိသောသူတို့သည် ဂျေရုဆလင်မြို့ရှိ သန့်ရှင်းသူတို့ထဲမှ ဆင်းရဲသောသူတို့အား ဥစ္စာကိုဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။” (ရော. ၁၅:၂၅၊ ၂၆) အဲဒီလိုပြောပြီး သိပ်မကြာခင်မှာ ပေါလုက သူ့ရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့တယ်၊ ဂျေရုဆလင်မြို့ကို ပြန်သွားပြီး အဖမ်းခံရချိန်မှာ ရောမဘုရင်ခံ ဖေလဇ်မင်းကို သူဒီလိုပြောခဲ့တယ်– “ကျွန်ုပ်သည် အမျိုးသားချင်းတို့ကို ပေးကမ်းစွန့်ကြဲရန်၊ ဘုရားသခင်ထံယဇ်ပူဇော်ရန် ရောက်လာပါ၏။”—တ. ၂၄:၁၇

ပထမရာစုခရစ်ယာန်တွေရဲ့ စိတ်ထားကို မက်ဆီဒိုးနီးယားမှာရှိတဲ့ ခရစ်ယာန်တွေအကြောင်းပြောတဲ့ ပေါလုရဲ့စကားမှာ အထင်အရှားတွေ့ရတယ်။ သူတို့ဟာ “သန့်ရှင်းသူတို့အား ပေးကမ်းစွန့်ကြဲနိုင်ခွင့်၊ ထောက်ပံ့နိုင်ခွင့်ကို သူတို့သဘောအတိုင်း ငါတို့ထံမှ အတန်တန် တောင်းဆိုကြ၏” လို့ပေါလုပြောခဲ့တယ်။ အဲဒီပုံနမူနာကို တုပဖို့ ကောရိန္သုမှာရှိတဲ့ ခရစ်ယာန်တွေကို တမန်တော် တိုက်တွန်းခဲ့တယ်။ သူဒီလိုပြောခဲ့တယ်– “လူတိုင်း မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင်နှစ်သက်တော်မူ၏။” အဲဒီလို ရက်ရောမှုတင်ပြနိုင်ဖို့ အသင်းတော်တွေကို ဘာက လှုံ့ဆော်တာလဲ။ “သန့်ရှင်းသူတို့၏ လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးသည်သာမက ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစကားများစွာနှင့် ပြည့်စုံစေ” လိုတဲ့ဆန္ဒက လှုံ့ဆော်ပေးတာဖြစ်တယ်။ (၂ ကော. ၈:၄; ၉:၇၊ ၁၂) ကျွန်ုပ်တို့ ရက်ရောမှုပြတဲ့အခါမှာလည်း အလားတူ ရည်ရွယ်ချက်တွေအတိုင်း ဖြစ်ပါလိမ့်မယ်။ အဲဒီလို မွန်မြတ်ပြီး တစ်ကိုယ်ကောင်းမဆန်တဲ့ စိတ်ဓာတ်ကို ယေဟောဝါဘုရားသခင် ကောင်းချီးပေးမှာ သေချာပါတယ်၊ အဲဒီကောင်းချီးက လူတစ်ယောက်ကို အမှန်တကယ် ကြွယ်ဝစေပါတယ်။—သု. ၁၀:၂၂

ကမ္ဘာချီလုပ်ငန်းအတွက် တချို့သူတွေ လှူဒါန်းတဲ့နည်းလမ်းများ

တမန်တော်ပေါလုအချိန်တုန်းကလိုပဲ ယနေ့ လူများစွာက “ကမ္ဘာချီလုပ်ငန်း” လို့ရေးထားတဲ့ အလှူငွေသေတ္တာမှာထည့်ဖို့ မိမိတို့ရဲ့ငွေကြေးတွေကို “သီးသန့်ဖယ်ထား” ကြတယ်။ (၁ ကော. ၁၆:၂) အသင်းတော်တွေက ဒီအလှူငွေတွေကို မိမိတို့နဲ့သက်ဆိုင်တဲ့နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို လစဉ်ပေးပို့ကြတယ်။ သင်လည်း သင့်နိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေ တရားဝင်အသုံးပြုတဲ့ နည်းလမ်းကနေတစ်ဆင့် တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်။ သင့်နိုင်ငံက ယေဟောဝါသက်သေတွေအသုံးပြုတဲ့ တရားဝင်နည်းလမ်းကိုသိရှိဖို့အတွက် ကျေးဇူးပြု၍ သင့်နိုင်ငံကိုကြီးကြပ်နေတဲ့ ဌာနခွဲရုံးကို ဆက်သွယ်ပါ။ ဌာနခွဲရုံးရဲ့လိပ်စာကို www.pr418.com မှာ တွေ့နိုင်ပါတယ်။

စေတနာအလျောက်ထည့်ဝင်တဲ့ လှူဒါန်းငွေတွေကို ယေဟောဝါသက်သေ (ကင်းမျှော်စင်)အသင်း၊ အမှတ် ၉၄–ခ၊ အင်းယားလမ်း၊ ကမာရွတ်၊ ရန်ကုန်မြို့ ဒါမှမဟုတ် သင့်နိုင်ငံကိုကြီးကြပ်တဲ့ ဌာနခွဲရုံးကို တိုက်ရိုက်ပေးပို့နိုင်ပါတယ်။ စာတိုက်ကနေ ငွေပေးပို့လိုတယ်ဆိုရင် အထက်ပါကင်းမျှော်စင်အသင်းလိပ်စာနဲ့ ပေးပို့သင့်တယ်။ ကျောက်မျက်ရတနာနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကိုလည်း လှူဒါန်းနိုင်ပါတယ်။ ဒီလိုပေးပို့လှူဒါန်းရာမှာ လုံးလုံးလျားလျား လှူဒါန်းကြောင်းဖော်ပြတဲ့ စာတိုလေးပါ ထည့်ပေးသင့်တယ်။