မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

မကြာသေးမီကထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေကို သင် သေချာဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို သင် ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

မဆင်မခြင်ပြောဆိုခြင်းမီးကို ကျွန်ုပ်တို့ ဘယ်လိုငြိမ်းသတ်နိုင်သလဲ။

ကျွန်ုပ်တို့ရဲ့နှလုံးကို ဆန်းစစ်သင့်တယ်။ ညီအစ်ကိုတစ်ယောက်ယောက်ကို အပြစ်ရှာဝေဖန်မယ့်အစား ဘာကြောင့် သူ့အပေါ်မကောင်းမြင်တာလဲဆိုတာကို ဆန်းစစ်သင့်တယ်။ ကျွန်ုပ်တို့က သူ့ထက်ပိုသာတယ်လို့ တခြားသူတွေ ယူမှတ်စေဖို့ သူ့ကို အပြစ်ရှာဝေဖန်နေတာလား။ ဒါ့အပြင် အပြစ်ရှာဝေဖန်တာက အခြေအနေကို ပိုပြီးတင်းမာစေနိုင်တယ်။—၈/၁၅၊ စာမျက်နှာ ၂၁။

အမျိုးသမီးတွေအပေါ် ဘုရားသခင့်ရှုမြင်ပုံကို ပညတ်တရားက ဘယ်လိုဖော်ပြခဲ့သလဲ။

အစ္စရေးအမျိုးသမီးတွေဟာ လွတ်လပ်ခွင့်အတော်အတန် ရထားပြီး သူတို့မှာ ပညာသင်ယူခွင့်ရှိကြတယ်။ သူတို့ဟာ ဂုဏ်တင်လေးစားခံရပြီး သူတို့ရဲ့ ရပိုင်ခွင့်တွေ ကာကွယ်ပေးခံရတယ်။—၉/၁၊ စာမျက်နှာ ၅-၇။

ယေဟောဝါရဲ့နေ့ကြီး နီးကပ်လာတာနဲ့အမျှ ဘယ်အဖြစ်အပျက်တွေ ဖြစ်ပျက်လာမလဲ။

“ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ကြေညာပါလိမ့်မယ်။ တိုင်းနိုင်ငံတွေက မဟာဗာဗုလုန်ကို တိုက်ခိုက်၊ ဖျက်ဆီးကြမယ်။ ဘုရားသခင့်လူမျိုးကိုလည်း တိုက်ခိုက်ကြမယ်။ အဲဒီနောက် အာမဂေဒုန်စစ်ပွဲ စတင်မှာဖြစ်ပြီး တစ်ဆက်တည်းမှာ စာတန်နဲ့ ကောင်းကင်တမန်ဆိုးတွေ တွင်းနက်ကြီးထဲ ပစ်ချခံရမှာဖြစ်တယ်။—၉/၁၅၊ စာမျက်နှာ ၄။

အဆုံးရောက်လာမယ့်အချိန်ကို မသိတာက ကျွန်ုပ်တို့အတွက် ဘယ်လိုအကျိုးရှိသလဲ။

နေ့ရက်၊ အချိန်နာရီကို အတိအကျမသိရတဲ့အတွက် ကျွန်ုပ်တို့ရဲ့ စိတ်ရင်းမှန်ကို ပြသဖို့ အခွင့်အရေးရစေတယ်။ ဘုရားသခင့်စိတ်နှလုံးကို ရွှင်လန်းအောင် လုပ်ဆောင်ခွင့်လည်းရတယ်။ ကိုယ်ကျိုးစွန့်အသက်တာနဲ့ ဘုရားသခင့်အမှုတော်ဆောင်ဖို့ လှုံ့ဆော်မှုဖြစ်စေပြီး ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို ပိုအပြည့်အဝ ယုံကြည်အားကိုးစေတယ်။ ဒါ့အပြင် အခက်အခဲစမ်းသပ်မှုတွေကနေ သင်ယူပြီး ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့အောင်လုပ်ဖို့ အခွင့်အရေးရစေတယ်။—၉/၁၅၊ စာမျက်နှာ ၂၄-၂၅။

ကမ္ဘာဦး ၃:၁၉ ကိုသုံးပြီး မီးငရဲကို ယုံကြည်သူတစ်ယောက်နဲ့ ဘယ်လို ကျိုးကြောင်းဆင်ခြင်နိုင်သလဲ။

ဒီကျမ်းချက်မှာ အာဒံသေဆုံးပြီးနောက် မြေမှုန့်ပြန်ဖြစ်သွားတယ်လို့ ပြောတယ်၊ မီးငရဲကို သွားတယ်လို့မပြောထားဘူး။—၁၀/၁၊ စာမျက်နှာ ၁၃။

ဗျာဒိတ် ၁:၁၆၊ ၂၀ မှာပါတဲ့ ယေရှုရဲ့ လက်ယာလက်ထဲက “ကြယ်ခုနစ်လုံး”က ဘာကိုဆိုလိုတာလဲ။

အဲဒါက ကောင်းကင်အတန်းအစား အကြီးအကဲတွေကို ပုံဆောင်တာဖြစ်ပေမဲ့ အသင်းတော်မှာရှိတဲ့ အကြီးအကဲအားလုံးကိုလည်း ရည်ညွှန်းနိုင်တယ်။—၁၀/၁၅၊ စာမျက်နှာ ၁၄။

မိသားစုမှာ အကြွေးကိစ္စကို ဘယ်လိုဖြေရှင်းနိုင်သလဲ။

ဇနီးမောင်နှံဟာ အကြွေးကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း၊ အေးအေးဆေးဆေး ပြောဆိုသင့်တယ်။ သူတို့ရဲ့ လက်ရှိ ငွေအဝင်အထွက်စာရင်းကို ပြန်သုံးသပ်မယ်ဆိုရင် အထောက်အကူပြုမှာဖြစ်တယ်။ သူတို့အနေနဲ့ ဝင်ငွေတိုးအောင်လုပ်နိုင်မလား ဒါမှမဟုတ် အသုံးစရိတ်ကို လျှော့မလား။ ဘယ်အကြွေးကို အရင်ဆပ်မလဲဆိုတာ ဆုံးဖြတ်သင့်တယ်၊ ဒါ့အပြင် ကြွေးရှင်တွေနဲ့ ညှိနှိုင်းသင့်တယ်။ ဒါပေမဲ့ သူတို့ဟာ လက်တွေ့ကျဖို့လိုတယ်၊ ငွေကို သုံးသင့်တဲ့နေရာမှာပဲ သုံးရမှာဖြစ်တယ်။ (၁ တိ. ၆:၈)—၁၁/၁၊ စာမျက်နှာ ၁၉-၂၁။

ဟေရှာယ ၅၀:၄၊ ၅ မှာပါတဲ့ နှိမ့်ချတဲ့သဘောထားကို ယေရှု ဘယ်လို ဖော်ပြခဲ့သလဲ။

တစ်ယောက်က “သင်ကြားပေး” တာကို တစ်ယောက်က “မဆန့်ကျင်ဘူး”လို့ အဲဒီကျမ်းချက်မှာဖော်ပြထားတယ်။ ယေရှုဟာ နှိမ့်ချမှုပြပြီး သူ့ဖခင်သင်ပေးတာကို အသေအချာ အာရုံစိုက်ခဲ့တယ်။ ယေရှုဟာ ယေဟောဝါထံကနေ စိတ်အားထက်သန်စွာ သင်ယူလိုခဲ့တယ်၊ အပြစ်ရှိတဲ့ လူသားတွေကို ကြင်နာမှုပြဖို့ ဘုရားသခင် နှိမ့်ချမှုပြခဲ့တာကိုလည်း ယေရှုမြင်တွေ့ခဲ့ရမှာဖြစ်တယ်။—၁၁/၁၅၊ စာမျက်နှာ ၁၁။

အက်စ်တိုးနီးယားမှာထုတ်တဲ့ အထိမ်းအမှတ် တံဆိပ်ခေါင်းတစ်ခုက ယေဟောဝါသက်သေတွေရဲ့ သစ္စာရှိမှုကို ဘယ်လိုဖော်ပြခဲ့သလဲ။

၂၀၀၇ ခုနှစ်မှာ စာတိုက်တစ်ခုက အက်စ်တိုးနီးယားလူးမျိုးတွေကို စတာလင်ဝါဒီတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို ဖော်ပြတဲ့ တံဆိပ်ခေါင်းတစ်မျိုး ထုတ်ခဲ့တယ်။ အဲဒီတံဆိပ်ခေါင်းမှာ ၃၈၂ ဆိုတဲ့ဂဏန်းပါတယ်၊ အဲဒါက ၁၉၅၁ ခုနှစ်မှာ ပြည်နှင်ဒဏ်ပေးခံရပြီး ရုရှားနိုင်ငံရဲ့အတွင်းပိုင်းကျတဲ့ အလုပ်ကြမ်းစခန်းတွေဆီ အပို့ခံခဲ့ကြရတဲ့ သက်သေခံတွေနဲ့ သူတို့ကလေးတွေရဲ့ အရေအတွက်ဖြစ်တယ်။—၁၂/၁၊ စာမျက်နှာ ၂၇-၂၈။