မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

မကြာသေးမီကထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေကို သင် သေချာဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို သင်ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

ယေရှုဟာ ဘယ်အချိန်မှာ ‘ထောင်ကျနေတဲ့ နာမ်ဝိညာဉ်သတ္တဝါများထံ သွားပြီးဟောပြော’ ခဲ့သလဲ။ (၁ ပေ. ၃:၁၉)

ယေရှုဟာ ဆိုးညစ်တဲ့ နာမ်ဝိညာဉ်သတ္တဝါတွေ ခံရမယ့် တရားစီရင်ချက်ပြစ်ဒဏ်အကြောင်းကို သူထမြောက်ပြီးနောက် တစ်ချိန်ချိန်မှာ ကြေညာခဲ့ပုံရတယ်။—၆/၁၅၊ စာမျက်နှာ ၂၃

နောက်အိမ်ထောင်ပြုတဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲသုံးခုက ဘာတွေလဲ။

အဲဒါတွေက လက်ရှိအိမ်ထောင်ကို အရင် အိမ်ထောင်နဲ့ မနှိုင်းယှဉ်မိဖို့ ကြိုးစားနေရတာ၊ အိမ်ထောင်ဖက်အသစ်နဲ့ မရင်းနှီးသေးတဲ့ ကိုယ့်ရဲ့မိတ်ဆွေဟောင်းတွေနဲ့ တွေ့တဲ့အခါ အလိုက်သင့်နေဖို့ ကြိုးစားနေရတာ၊ အရင်အိမ်ထောင်ဖက်က သစ္စာဖောက်ခဲ့တဲ့အတွက် လက်ရှိအိမ်ထောင်ဖက်ကို ယုံကြည်စိတ်ချဖို့ ကြိုးစားနေရတာတွေ ဖြစ်တယ်။—၇/၁၊ စာမျက်နှာ ၉-၁၀

ယေရှုဟာ ဘယ်အချိန်မှာ သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်မလဲ။ (မ. ၂၅:၃၂)

အယူမှားဘာသာ ပျက်စီးပြီးနောက်ပိုင်း ကြီးစွာသောဒုက္ခအတွင်းမှာ လူတွေကို တရားစီရင်ဖို့ ယေရှုကြွလာချိန်မှာဖြစ်မယ်။—၇/၁၅၊ စာမျက်နှာ ၆

ပေါင်းပင်နဲ့စပါးပင် ပုံဥပမာထဲမှာပါတဲ့ တရားမဲ့သူတွေက ဘယ်အချိန်မှာ ငိုကြွေးပြီး အံကြိတ်ခံပြင်းကြမလဲ။ (မ. ၁၃:၃၆၊ ၄၁၊ ၄၂)

ကြီးစွာသောဒုက္ခအတွင်းမှာ ဖျက်ဆီးခြင်းဘေးကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သူတို့ သိသွားတဲ့အချိန်မှာ ဖြစ်တယ်။—၇/၁၅၊ စာမျက်နှာ ၁၃

သစ္စာနဲ့သတိပညာရှိကျွန်နဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားတွေက ဘယ်အချိန်မှာ ပြည့်စုံသလဲ။ (မ. ၂၄:၄၅-၄၇)

အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာ မဟုတ်ဘဲ ၁၉၁၄ ခုနစ်နောက်ပိုင်းကျမှ စတင်ပြည့်စုံတယ်။ ၁၉၁၉ ခုနှစ်မှာ ပုံဆောင်အစာကို စားသုံးကြတဲ့ ခရစ်ယာန်တွေအားလုံးပါဝင်တဲ့ အိမ်သူအိမ်သားတွေအပေါ် ကျွန်ကို ခန့်အပ်ခဲ့တယ်။—၇/၁၅၊ စာမျက်နှာ ၂၁-၂၃

ယေရှုဟာ မိမိရဲ့ဥစ္စာရှိသမျှအပေါ် သစ္စာရှိကျွန်ကို ဘယ်အချိန်မှာ ခန့်အပ်သလဲ။

အနာဂတ်မှာ ဖြစ်ပါလိမ့်မယ်၊ သစ္စာရှိကျွန် ကောင်းကင်ဆုကျေးဇူး ရရှိတဲ့အချိန် ကြီးစွာသောဒုက္ခအတွင်းမှာဖြစ်တယ်။—၇/၁၅၊ စာမျက်နှာ ၂၅

ကျမ်းစာမှာ လူတချို့ရဲ့ နာမည်တွေကို မဖော်ပြတာက သူတို့တွေက ဆိုးလို့လား ဒါမှမဟုတ် အရေးမပါလို့လား။

အဲဒီလို ကောက်ချက်ချဖို့ မဟုတ်ပါဘူး။ ကျမ်းစာမှာ ကောင်းတဲ့သူတွေ၊ ဆိုးတဲ့သူတွေရဲ့ နာမည်တချို့ကို မဖော်ပြထားဘူး။ (ရုသ ၄:၁-၃; မ. ၂၆:၁၈) သစ္စာရှိကောင်းကင်တမန်နှစ်ပါးရဲ့ နာမည်ကိုပဲ ကျွန်ုပ်တို့ သိရတယ်။—၈/၁၊ စာမျက်နှာ ၁၀

ဇာခ်စင်ဟောင်ဇင်ချွေးတပ်စခန်းက သက်သေခံ ၂၃၀ ဟာ ယေဟောဝါပေးတဲ့ခွန်အားအပါအဝင် ဘယ်အရာကြောင့် ရှည်လျားတဲ့ခရီးကနေ အသက်ရှင်လွတ်မြောက်ခဲ့ကြသလဲ။

အစာရေစာငတ်ပြတ်ပြီး ရောဂါနှိပ်စက်လို့ အားနည်းနေကြပေမဲ့ လမ်းဆက်လျှောက်နိုင်အောင် သူတို့တွေ တစ်ယောက်ကိုတစ်ယောက် အဆက်မပြတ်အားပေးခဲ့ကြတယ်။—၈/၁၅၊ စာမျက်နှာ ၁၈

ကတိထားရာပြည်ထဲကိုဝင်ဖို့ အစ္စရေးလူတွေ ဂျော်ဒန်မြစ်ကို ဖြတ်ကူးတဲ့ ဖြစ်ရပ်က ကျွန်ုပ်တို့အတွက် ဘာကြောင့် အားပေးမှုဖြစ်စေသလဲ။

မြစ်ရေက အရှိန်ပြင်းပြင်းစီးဆင်းနေပေမဲ့ ယေဟောဝါက ရပ်တန့်လိုက်တဲ့အခါ ကိုယ်တော့်လူတွေ မြစ်ကိုဖြတ်နိုင်ခဲ့ကြတယ်။ ဒါက ကိုယ်တော့်အပေါ် သူတို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ဒီဖြစ်ရပ်က ကျွန်ုပ်တို့ကိုလည်း အားရှိစေတယ်။—၉/၁၅၊ စာမျက်နှာ ၁၆

ကျမ်းစာမှာ မကြာခဏဖော်ပြတတ်တဲ့ အရောင်တွေက ဘာကို သိရှိစေသလဲ။

သမ္မာကျမ်းစာမှာ အရောင်တွေအကြောင်း ဖော်ပြထားပုံကိုကြည့်ရင် အရောင်တွေဟာ လူသားတွေရဲ့စိတ်ခံစားချက်ကို ဖော်ထုတ်နိုင်ပြီး အကြောင်းအရာတွေကို မှတ်မိဖို့ ထောက်ကူပေးနိုင်တယ်ဆိုတဲ့အချက်ကို ယေဟောဝါ သိရှိကြောင်း ထင်ရှားတယ်။—၁၀/၁၊ စာမျက်နှာ ၁၄-၁၅

မိက္ခာ ၅:၅ မှာပါတဲ့ သိုးထိန်းနဲ့ မင်းညီမင်းသားအကြောင်း ပရောဖက်ပြုချက်က ယနေ့ ဘယ်လိုပြည့်စုံနေပြီလဲ။

မိက္ခာ ၅:၅ (ကဘ) မှာပါတဲ့ ‘သိုးထိန်း ခုနစ်ယောက်နဲ့ မင်းညီမင်းသားရှစ်ယောက်’ ဟာ အသင်းတော်မှာရှိတဲ့ အကြီးအကဲတွေကို ရည်ညွှန်းနေခြင်းဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ နားလည်ကြတယ်။ သူတို့တွေက အနာဂတ်မှာကြုံတွေ့ရမယ့် ဆန့်ကျင်တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိဖို့ ဘုရားသခင့်လူမျိုးကို ကူညီပေးနေတယ်။—၁၁/၁၅၊ စာမျက်နှာ ၂၀

ဘဝမှာ ဘုရားကို လိုအပ်ရတဲ့အကြောင်းရင်းတချို့က ဘာတွေလဲ။

ကျွန်ုပ်တို့က ဘုရားသခင်ဆီကလာတဲ့ လမ်းညွှန်ချက်နဲ့ ဘဝပြဿနာတွေရဲ့ ဖြေရှင်းနည်းကို သိဖို့လိုတယ်။ ကျွန်ုပ်တို့ ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ ကိုယ်တော် ကူညီထောက်မပေးနေပြီး အဲဒီလိုနေထိုင်နိုင်စေဖို့ မိမိရဲ့ကတိတော်တွေကို ပြည့်စုံစေပါလိမ့်မယ်။—၁၂/၁၊ စာမျက်နှာ ၄-၆