“နိုင်ငံတော်လာပါစေ”—ဘယ်အချိန်မှာ လာမလဲ
“ထိုအခြင်းအရာအလုံးစုံတို့ကို သင်တို့မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင်အနီးသို့ ရောက်ရှိနေသည်ကို သိမှတ်ကြလော့။”—မ. ၂၄:၃၃။
၁၊ ၂။ (က) တစ်ခါတလေ ကျွန်ုပ်တို့ရဲ့အမြင်အာရုံက ဘယ်လိုဖြစ်တတ်သလဲ။ (ခ) ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာသိရသလဲ။
အဖြစ်အပျက်တစ်ခုကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတွေဟာ အသေးစိတ်အချက်အလက်တွေကို တစ်ယောက်တစ်မျိုးစီ မှတ်မိကြတာကို သင် သတိထားမိပါလိမ့်မယ်။ အဲဒီလိုပဲ ရောဂါတစ်မျိုးကို စမ်းသပ်သိရှိတဲ့ ဆရာဝန်တစ်ယောက်ပြောတဲ့ စကားလုံးတိုင်းကို မှတ်မိဖို့ ခက်ခဲနိုင်ပါတယ်။ လူတစ်ယောက်ဟာ သူ့ရှေ့မှာပဲရှိနေတဲ့ သော့ ဒါမှမဟုတ် မျက်မှန်ကို မတွေ့တာဖြစ်နိုင်တယ်။ ဘာကြောင့် အဲဒီလိုဖြစ်တာလဲ။ တစ်ချိန်တည်းမှာ အလုပ်တစ်ခုထက်ပိုလုပ်ဖို့ ကြိုးစားတယ်ဆိုရင် အဲဒီလိုဖြစ်တတ်တယ်လို့ ပညာရှင်တွေက ပြောကြတယ်။ ကျွန်ုပ်တို့ရဲ့ဦးနှောက်က တစ်ကြိမ်မှာ အကြောင်းအရာတစ်ခုကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်ပုံရတယ်။
၂ ယနေ့ လူများစွာဟာလည်း ကမ္ဘာပေါ်မှာဖြစ်ပျက်နေတာတွေကို မမြင်ကြဘူး။ ၁၉၁၄ ခုနှစ်ကစပြီး ကမ္ဘာ့အခြေအနေတွေ ထူးထူးခြားခြား ပြောင်းလဲလာတယ်လို့တော့ သူတို့ပြောပေမဲ့ ဘာအဓိပ္ပာယ်လဲဆိုတာ မသိကြဘူး။ ကျမ်းစာကျောင်းသားတွေဖြစ်တဲ့ ကျွန်ုပ်တို့ကတော့ ကောင်းကင်မှာ ယေရှု ဘုရင်ဖြစ်လာတဲ့ ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပြီဆိုတာ သိကြတယ်။ ဒါပေမဲ့ “နိုင်ငံတော်လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဆိုတဲ့ ဆုတောင်းချက်ဟာ အပြည့်အဝ မပြည့်စုံသေးဘူး။ (မ. ၆:၁၀) ဆိုးသွမ်းတဲ့ဒီလောက ဖျက်ဆီးခံရတဲ့အချိန်ကျမှ အဲဒီဆုတောင်းချက် အပြည့်အဝ ပြည့်စုံမှာဖြစ် တယ်။ အဲဒီအခါမှ ဘုရားသခင့်အလိုတော် ကောင်းကင်မှာပြည့်စုံသလို မြေကြီးပေါ်မှာ ပြည့်စုံမယ်။
၃။ ကျမ်းစာကိုလေ့လာခြင်းကနေ ကျွန်ုပ်တို့ ဘာသိရသလဲ။
၃ ကျွန်ုပ်တို့က ကျမ်းစာကိုမှန်မှန်လေ့လာတဲ့အတွက်ကြောင့် အခုအချိန်မှာ ပရောဖက်ပြုချက်တွေ ပြည့်စုံနေတယ်ဆိုတာ သိကြတယ်။ တခြားလူတွေနဲ့ ဘယ်လောက်တောင် ကွာခြားလိုက်သလဲ။ လူများစွာဟာ သူတို့ရဲ့ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေနဲ့ပဲ အလုပ်များနေကြတယ်။ အဲဒါကြောင့် ၁၉၁၄ ခုနှစ်ကစပြီး ခရစ်တော် ဘုရင်ဖြစ်နေပြီ၊ မကြာခင်မှာ ဆိုးသွမ်းတဲ့ဒီလောကကို ဖျက်ဆီးတော့မယ်ဆိုတဲ့ ရှင်းလင်းတဲ့ သက်သေအထောက်အထားတွေကို မမြင်ကြဘူး။ သင့်ကိုသင် ဒီလိုမေးကြည့်ပါ– ‘ဒီလောကရဲ့အဆုံးက တကယ်နီးနေပြီ၊ ကမ္ဘာပေါ်က အဖြစ်အပျက်တွေက အဲဒီအချက်ကို ဖော်ပြနေတယ်လို့ သင်ယုံကြည်နေဆဲပဲလား။’ သင် သက်သေခံဖြစ်တာ သိပ်မကြာသေးဘူးဆိုရင်တောင် သင် ဘာကို အဓိကအာရုံစိုက်နေသလဲ။ သင့်အဖြေက ဘယ်လိုပဲဖြစ်ပါစေ မကြာခင် ဘုရားသခင့်အလိုတော် မြေကြီးပေါ်မှာ ပြည့်စုံတော့မယ်ဆိုတာ ယုံကြည်နိုင်တဲ့ အရေးကြီးတဲ့အကြောင်းရင်းသုံးခုကို ဆွေးနွေးကြစို့။
မြင်းစီးသူတွေ ရောက်နေပြီ
၄၊ ၅။ (က) ၁၉၁၄ ခုနှစ်ကစပြီး ယေရှု ဘာလုပ်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ပုံကို ကြည့်ပါ။) (ခ) ယေရှုနောက်က ကပ်လိုက်လာတဲ့ မြင်းစီးသူရဲသုံးယောက်က ဘာကို သရုပ်ဖော်သလဲ။ အဲဒီပရောဖက်ပြုချက် ဘယ်လိုပြည့်စုံနေသလဲ။
၄ ၁၉၁၄ ခုနှစ်မှာ ယေရှုခရစ်ဟာ ကောင်းကင်မှာ သရဖူရရှိခဲ့တယ်၊ ဆိုလိုတာက ဘုရားသခင့်နိုင်ငံတော်မှာ ယေရှု ဘုရင်ဖြစ်ပြီ။ ဗျာဒိတ်ကျမ်း အခန်းကြီး ၆ မှာ ယေရှု မြင်းဖြူစီးနေတယ်လို့ ဖော်ပြထားတယ်။ သူ ဘုရင်ဖြစ်တာနဲ့ ချက်ချင်းပဲ စာတန်ရဲ့ ဆိုးသွမ်းတဲ့လောကအပေါ် အပြီးသတ်အောင်ပွဲခံဖို့ မြင်းစီးပြီးထွက်သွားတယ်။ (ဗျာဒိတ် ၆:၁၊ ၂ ကိုဖတ်ပါ။) ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်ပြီးနောက်မှာ ကမ္ဘာ့အခြေအနေတွေက ရုတ်တရက်ပိုဆိုးလာမယ်လို့ ပရောဖက်ပြုချက်က ကြိုဟောတယ်။ စစ်ပွဲ၊ အစာရှားပါးမှု၊ ရောဂါနဲ့ သေစေနိုင်တဲ့ တခြားအဖြစ်အပျက်တွေက အရင်ကထက် ပိုအဖြစ်များလာတယ်။ အဲဒီကပ်ဘေးတွေကို ယေရှုခရစ်နောက်က ကပ်ပြီးလိုက်လာတဲ့ မြင်းစီးသူရဲသုံးယောက်က သရုပ်ဖော်တယ်။—ဗျာ. ၆:၃-၈။
၅ ပရောဖက်ပြုချက်မှာ ကြိုဟောတဲ့အတိုင်းပဲ စစ်ပွဲဟာ “မြေကြီးပေါ်မှ ငြိမ်သက်ခြင်းကို ရုပ်သိမ်း” လိုက်တယ်။ နိုင်ငံများစွာက ငြိမ်းချမ်းရေးကို အတူတကွဖော်ဆောင်ကြမယ်လို့ ကတိပေးထားတဲ့ကြားက အဲဒီလိုဖြစ်ပျက်ခဲ့တယ်။ ပထမကမ္ဘာစစ်ဟာ မြေကြီးပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်းလိုက်တဲ့ စစ်ပွဲများစွာထဲက ပထမဆုံးစစ်ပွဲပဲ။ ၁၉၁၄ ခုနှစ်ကစပြီး စီးပွားရေးနဲ့ သိပ္ပံပညာနယ်ပယ်မှာ တိုးတက်ခဲ့ပေမဲ့ အစားအစာရှားပါးမှုက ကမ္ဘာကြီးရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေဆဲပဲ။ ရောဂါ၊ သဘာဝဘေးနဲ့ တခြားဘေးဆိုးတွေကြောင့် နှစ်စဉ် လူသန်းနဲ့ချီ သေဆုံးနေတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီအဖြစ်အပျက်တွေက ပိုအန္တရာယ်ရှိ၊ ပိုဖြစ်ပျက်နေပြီး အရင်ကနဲ့မတူဘဲ လူတွေကို ပိုသေကျေပျက်စီးစေတယ်။ အဲဒါရဲ့အဓိပ္ပာယ်ကို သင်သိပါသလား။
၆။ ဘယ်သူတွေက ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံမှုကို အာရုံစိုက်ခဲ့ကြသလဲ၊ ပရောဖက်ပြုချက်ပြည့်စုံလာတဲ့အခါ သူတို့ ဘာလုပ်ခဲ့ကြသလဲ။
၆ လူများစွာဟာ ပထမကမ္ဘာစစ်နဲ့ စပိန်တုပ်ကွေးကြောင့် အာရုံထွေပြားခဲ့ကြတယ်။ ဒါပေမဲ့ ဘိသိက်ခံခရစ်ယာန်တွေကတော့ ၁၉၁၄ ခုနှစ်မှာ လူမျိုးခြားတွေရဲ့အချိန်ကာလ ကုန်ဆုံးဖို့ စိတ်အားထက်သန်စွာ စောင့်မျှော်ခဲ့ကြတယ်။ (လု. ၂၁:၂၄) ကျမ်းစာပရောဖက်ပြုချက် ဘယ်လိုပြည့်စုံလာမယ်ဆိုတာကို ဘိသိက်ခံတွေ အတိအကျမသိခဲ့ဘူး။ ဒါပေမဲ့ ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ထူးခြားတဲ့အပြောင်းအလဲဖြစ်မယ်ဆိုတာကိုတော့ သိတယ်။ ပရောဖက်ပြုချက် ပြည့်စုံတာကို သူတို့ အတိအကျသိတာနဲ့ ချက်ချင်းပဲ ဘုရားသခင့်အုပ်ချုပ်မှု စတင်ပြီဆိုတာကို ရဲစွမ်းသတ္တိရှိရှိ ကြေညာခဲ့ကြတယ်။ နိုင်ငံတော်သတင်း ကြေညာသူများစွာဟာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံရကြတယ်။ ဒါကလည်း ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံမှုတစ်ခုပါပဲ။ အဲဒီအချိန်ကစပြီး ဘုရားသခင့်နိုင်ငံတော်ရဲ့ရန်သူတွေဟာ ဥပဒေ၊ အကြမ်းဖက်မှု၊ ထောင်သွင်းအကျဉ်းချမှု ဒါမှမဟုတ် သတ်ဖြတ်မှုတွေကို သုံးပြီး ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားအောင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြတယ်။—ဆာ. ၉၄:၂၀; ဗျာ. ၁၂:၁၅။
၇။ လူအများစုက ယနေ့ကမ္ဘာပေါ်မှာ ဖြစ်နေတာတွေရဲ့ အရေးကြီးမှုကို ဘာကြောင့် မမြင်ကြတာလဲ။
၇ ဘုရားသခင့်နိုင်ငံတော်ဟာ အခု ကောင်းကင်မှာ ၂ ကော. ၅:၇) သူတို့ရဲ့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေနဲ့ပဲ အလုပ်များနေကြလို့ ဘုရားသခင် လုပ်ဆောင်နေတာတွေကို မမြင်ကြတာလား။ (မ. ၂၄:၃၇-၃၉) တချို့ကျတော့ စာတန့်လောကရဲ့ အတွေးအခေါ်တွေ၊ ရည်မှန်းချက်တွေကြောင့် အာရုံပျံ့လွင့်နေကြတာလား။ (၂ ကော. ၄:၄) ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းအပြင် ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်နေတဲ့ မျက်စိနဲ့မမြင်ရတဲ့အရာတွေကိုလည်း မြင်တွေ့နိုင်စွမ်းရှိဖို့လိုတယ်။ ဘာတွေ ဆက်ဖြစ်နေတယ်ဆိုတာ ကျွန်ုပ်တို့ သိမြင်နိုင်တဲ့အတွက် ဝမ်းသာစရာပါပဲ။
အုပ်ချုပ်နေပြီဆိုတဲ့ အထောက်အထားတွေ အများကြီးရှိနေရက်နဲ့ အဲဒါကို လူအများစုက ဘာကြောင့် မတွေ့မြင်တာလဲ။ ဘုရားသခင့်ကျေးကျွန်တွေ နှစ်ပေါင်းများစွာ ဟောပြောခဲ့တဲ့အတိုင်း လက်ရှိကမ္ဘာ့အဖြစ်အပျက်တွေက ကျမ်းစာပရောဖက်ပြုချက် အတိအကျပြည့်စုံချက်ဖြစ်တယ်ဆိုတာ လူတွေ ဘာကြောင့် မသိကြတာလဲ။ လူတွေက သူတို့မြင်ချင်တာကိုပဲ မြင်နေကြတာလား။ (ဆိုးသွမ်းမှုတွေ ပိုများလာ
၈-၁၀။ (က) ၂ တိမောသေ ၃:၁-၅ ဘယ်လို ပြည့်စုံနေသလဲ။ (ခ) ဆိုးသွမ်းမှုတွေက ဆိုးသထက်ဆိုးလာတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၈ ဘုရားသခင့်နိုင်ငံတော်က မကြာခင် ကမ္ဘာကိုအုပ်ချုပ်တော့မယ်ဆိုတာကို ကျွန်ုပ်တို့သိနိုင်တဲ့ ဒုတိယအကြောင်းရင်းရှိပါတယ်။ အဲဒါက လောကဟာ အရင်နဲ့မတူဘဲ ဆိုးသထက်ဆိုးလာတယ် ဆိုတဲ့အချက်ပဲ။ ၂ တိမောသေ ၃:၁-၅ မှာပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံလာတာကို မြင်တွေ့ရတာ အနှစ်တစ်ရာနီးပါးရှိပြီ။ အဲဒီကျမ်းချက်တွေမှာ ဖော်ပြထားတဲ့ အမူအကျင့်တွေဟာ ကမ္ဘာအနှံ့မှာ ပျံ့နှံ့နေတယ်။ အဲဒါတွေကို သင် မြင်တွေ့နေသလား။ နမူနာတချို့ကို ဆွေးနွေးကြည့်ကြစို့။—၂ တိမောသေ ၃:၁၊ ၁၃ ကိုဖတ်ပါ။
၉ ယနေ့ အလုပ်ခွင်၊ ဖျော်ဖြေရေးနဲ့ အားကစားလောက၊ ဖက်ရှင်လောကမှာ ဖြစ်နေတဲ့အရာတွေက ၁၉၄၀ နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အသက်ရှင်ခဲ့တဲ့လူတွေကို ဘယ်လောက် တုန်လှုပ်သွားစေမလဲဆိုတာ နှိုင်းယှဉ်ကြည့်ပါ။ အလွန်ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ ကိုယ်ကျင့်တရား ပျက်ပြားမှုတွေကို နေရာတိုင်းမှာ တွေ့နေရတယ်။ လူတွေက အကြမ်းဖက်မှု၊ အကျင့်ပျက်မှု၊ ရက်စက်တဲ့အပြုအမူတွေ ပြုလုပ်ပြီး တခြားသူတွေ တုန်လှုပ်သွားအောင် လုပ်ကြတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက မကောင်းဘူးလို့ယူဆခဲ့တဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကို အခုအချိန်မှာ မိသားစုဖျော်ဖြေရေးအတွက် သင့်တော်တယ်လို့ ယူဆလာကြတယ်။ ဖျော်ဖြေရေးနဲ့ ဖက်ရှင်လောကမှာ လိင်တူသမားတွေရဲ့သြဇာ အကြီးအကျယ်လွှမ်းမိုးလာတာ၊ သူတို့ရဲ့ဘဝပုံစံကို လူအများလက်ခံလာအောင် လုပ်ဆောင်လာယုဒ ၁၄၊ ၁၅ ကိုဖတ်ပါ။
ကြတာကို လူတွေက သတိမပြုမိကြဘူး။ ကျွန်ုပ်တို့ကတော့ အဲဒါတွေကို ဘုရားသခင် ဘယ်လိုရှုမြင်တယ်ဆိုတာ သိရလို့ ကျေးဇူးတင်ဖို့ ကောင်းလှပါတယ်။—၁၀ ဒါ့အပြင် အရင်က လူငယ်တွေနဲ့ အခုခေတ်လူငယ်တွေကို နှိုင်းယှဉ်ကြည့်ပါ။ ဥပမာ၊ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းကဆိုရင် မိဘတွေက သူတို့ရဲ့ကလေးတွေ ဆေးလိပ်သောက်မှာ၊ အရက်သောက်မှာ၊ မသင့်တော်တဲ့အက,ကမှာလောက်ကိုပဲ စိုးရိမ်ကြရတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ တုန်လှုပ်စရာကောင်းတဲ့ ဒီလိုသတင်းတွေကို ကြားရလေ့ရှိတယ်– ၁၅ နှစ်အရွယ် ကျောင်းသားတစ်ယောက်က သူ့ရဲ့အတန်းဖော်တွေကို သေနတ်နဲ့ပစ်လိုက်လို့ ၂ ယောက်သေပြီး ၁၃ ယောက် ဒဏ်ရာရသွားတယ်။ အရက်မူးနေတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးအုပ်စုက ကိုးနှစ်အရွယ်မိန်းကလေးကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပြီး သူ့အဖေနဲ့ သူ့ရဲ့ဆွေမျိုးတစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်။ အာရှနိုင်ငံတစ်နိုင်ငံမှာ ဆယ်နှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ တစ်ဝက်လောက်က လူငယ်တွေ ကျူးလွန်တာလို့ နောက်ထပ်သတင်းတစ်ပုဒ်က ဆိုတယ်။ ယနေ့ခေတ်အခြေအနေတွေက ပိုဆိုးလာပြီဆိုတာကို ဘယ်သူ ငြင်းနိုင်မလဲ။
၁၁။ အခြေအနေတွေ ပိုပိုဆိုးလာတာကို လူတွေ ဘာကြောင့် သတိမထားမိသလဲ။
၁၁ တမန်တော်ပေတရုက ဒီလို အတိအကျ ပြောခဲ့တယ်– “နောက်ဆုံးသောနေ့ရက်များတွင် ပြက်ရယ်ပြုတတ်သူတို့သည် ပြက်ရယ်ပြုသောစကားနှင့် ပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် မိမိတို့အလိုဆန္ဒအတိုင်း ပြုမူ၍ ‘ကိုယ်တော်ရောက်ရှိမည်ဟူသော ကတိတော်သည် အဘယ်မှာနည်း။ ငါတို့၏ဘိုးဘေးများ သေခြင်း၌ အိပ်ပျော်သည့်နေ့မှစ၍ အရာခပ်သိမ်းသည် ဖန်ဆင်းစကကဲ့သို့ ဖြစ်မြဲဖြစ်နေ၏’ ဟုပြောဆိုကြ၏။” (၂ ပေ. ၃:၃၊ ၄) လူတချို့ ဘာကြောင့် အဲဒီလိုပြောကြတာလဲ။ မြင်တွေ့ရဖန်များလို့ ရိုးသွားပြီး သတိမထားမိတော့တာ ဖြစ်နိုင်တယ်။ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ရဲ့ အမူအယာတွေက ချက်ချင်းပြောင်းသွားတယ်ဆိုရင် ကျွန်ုပ်တို့ ထိတ်လန့်မိနိုင်တယ်။ ဒါပေမဲ့ လူတွေရဲ့ စိတ်သဘောထားနဲ့ ကိုယ်ကျင့်တရားက တဖြည်းဖြည်းပြောင်းလဲနေတယ်ဆိုရင် သတိထားမိဖို့ခက်တယ်။ ဒီလိုပြောင်းလဲမှုမျိုးက သိပ်အန္တရာယ်များတယ်။
၁၂၊ ၁၃။ (က) ကမ္ဘာမှာဖြစ်နေတာတွေကိုကြည့်ပြီး ကျွန်ုပ်တို့ ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။ (ခ) “ခက်ခဲကျပ်တည်း” တဲ့ နောက်ဆုံးသောနေ့ရက်တွေမှာ ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိအောင် ဘာက ကူညီပေးမလဲ။
၁၂ နောက်ဆုံးသောနေ့ရက်တွေမှာ “ခက်ခဲကျပ်တည်း” လိမ့်မယ်လို့ တမန်တော်ပေါလု သတိပေးခဲ့တယ်။ (၂ တိ. ၃:၁) အဲဒီလိုဖြစ်လို့ ကျွန်ုပ်တို့က လောက,ကနေ ထွက်ပြေးပုန်းရှောင်ဖို့ မလိုပါဘူး။ ကျွန်ုပ်တို့ ကြုံတွေ့ရနိုင်တဲ့ ဘယ်စိတ်ပျက်စရာ ဒါမှမဟုတ် ဘယ်စိုးရိမ်ကြောက်ရွံ့မှုကိုမဆို အောင်မြင်ကျော်လွှားနိုင်ပါတယ်။ ယေဟောဝါ၊ ကိုယ်တော့်စွမ်းအားတော်၊ ခရစ်ယာန်အသင်းတော်ရဲ့ အကူအညီနဲ့ ကျွန်ုပ်တို့ ဆက်သစ္စာရှိနိုင်ကြပါတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ပေးပါလိမ့်မယ်။—၂ ကော. ၄:၇-၁၀။
၁၃ နောက်ဆုံးသောနေ့ရက်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်အကြောင်း ပြောတဲ့အခါ ပေါလုက “သိမှတ်လော့” ဆိုတဲ့စကားကို ပြောခဲ့တယ်။ ဒီစကားက အဲဒီပရောဖက်ပြုချက် ပြည့်စုံမယ်ဆိုတဲ့ အာမခံချက်ပဲ။ ဒီလောက,က ယေဟောဝါ မဖျက်ဆီးခင်အချိန်အထိ ပိုပိုဆိုးနေဦးမှာပဲ။ အမှားအမှန်စံနှုန်းတွေက အရမ်းကိုနိမ့်ကျလာပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးလည်း ယိုယွင်းပျက်စီးနေတာကို သမိုင်းကနေ ကျွန်ုပ်တို့ သိရတယ်။ လောကတစ်ခုလုံး အမှားအမှန်စံနှုန်းတွေ ဒီလိုနိမ့်ကျတာမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။ အဲဒါတွေရဲ့ အဓိပ္ပာယ်ကို လူများစွာက အလေးမထားကြဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ကတော့ ၁၉၁၄ ခုနှစ်ကစတဲ့ အဖြစ်အပျက်တွေကိုကြည့်ပြီး ဘုရားသခင့်နိုင်ငံတော်က ဆိုးသွမ်းမှုအားလုံးကို မကြာခင်ဖျက်ဆီးတော့မယ်ဆိုတာကို လက်ခံယုံကြည်သင့်တယ်။
ဤလူမျိုးဆက် မကွယ်မပျောက်ရ
၁၄-၁၆။ ဘုရားသခင့်နိုင်ငံတော် မကြာခင် “လာ” တော့မယ်ဆိုတာကို ယုံကြည်စေတဲ့ တတိယအကြောင်းရင်းက ဘာလဲ။
၁၄ ဘုရားသခင့်လူမျိုးအလယ်မှာ ဖြစ်ပျက်နေတဲ့အရာတွေက အဆုံးနီးပြီဆိုတာကို ယုံကြည်စိတ်ချစေတဲ့ တတိယအကြောင်းရင်းဖြစ်တယ်။ ဥပမာ၊ ကောင်းကင်မှာ ဘုရားသခင့်နိုင်ငံတော် မအုပ်ချုပ်ခင်မှာ သစ္စာရှိဘိသိက်ခံ အုပ်စုတစ်စုဟာ ဘုရားသခင့်အမှုတော်ကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့ကြတယ်။ ပရောဖက်ပြုချက်က ၁၉၁၄ ခုနှစ်မှာ သူတို့မျှော်လင့်တဲ့အတိုင်း မပြည့်စုံလာတဲ့အခါ
သူတို့ ဘာလုပ်ခဲ့ကြသလဲ။ သူတို့ထဲက အများစုဟာ ယေဟောဝါအမှုတော်မှာ သစ္စာရှိရှိ ဆက်ပါဝင်ကြပြီး စမ်းသပ်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံရပ်ခဲ့ကြတယ်။ နှစ်တွေတစ်လျှောက်မှာ ဘိသိက်ခံတွေထဲက အများစုဟာ သေတဲ့အထိ သစ္စာရှိခဲ့ကြတယ်။၁၅ စာတန့်လောကရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်း ယေရှုရဲ့ပရောဖက်ပြုချက်မှာ ဒီလိုပြောခဲ့တယ်– “ထိုအခြင်းအရာအလုံးစုံမဖြစ်မီ ဤလူမျိုးဆက်သည် အလျှင်း မကွယ်မပျောက်ရ။” (မဿဲ ၂၄:၃၃-၃၅ ကိုဖတ်ပါ။) ယေရှုပြောတဲ့ “ဤလူမျိုးဆက်” မှာ ဘိသိက်ခံခရစ်ယာန်အုပ်စုနှစ်စု ပါဝင်တယ်လို့ ကျွန်ုပ်တို့ နားလည်ကြတယ်။ ပထမအုပ်စုက ၁၉၁၄ ခုနှစ်မှာရှိခဲ့ပြီး အဲဒီနှစ်မှာ ခရစ်တော် ဘုရင်အဖြစ် စတင်အုပ်ချုပ်တယ်ဆိုတာကို နားလည်ခဲ့တဲ့သူတွေဖြစ်တယ်။ အဲဒီအုပ်စုထဲကသူတွေဟာ ၁၉၁၄ ခုနှစ်မှာ အသက်ရှင်ခဲ့ရုံသာ မဟုတ်ဘူး၊ အဲဒီနှစ် ဒါမှမဟုတ် အဲဒီနှစ်မတိုင်ခင် နှစ်တွေမှာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေဖြစ်တယ်။—ရော. ၈:၁၄-၁၇။
၁၆ “ဤလူမျိုးဆက်” ရဲ့ ဒုတိယအုပ်စုမှာ ပါဝင်သူတွေဟာ ပထမအုပ်စုထဲက သူတချို့ မြေကြီးပေါ်မှာ အသက်ရှင်နေချိန်အတွင်းမှာ အသက်ရှင်ပြီး သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေဖြစ်တယ်။ ဒါကြောင့် ယနေ့အချိန်မှာရှိတဲ့ ဘိသိက်ခံယောက်တိုင်းက ယေရှုပြောခဲ့တဲ့ “ဤလူမျိုးဆက်” ထဲမှာ မပါဝင်ဘူး။ “ဤလူမျိုးဆက်” ထဲက ဒုတိယအုပ်စုမှာပါဝင်တဲ့သူတွေဟာ အခုအချိန်မှာ အသက်ကြီးနေပြီ။ မဿဲ ၂၄:၃၄ မှာပါတဲ့ ယေရှုရဲ့စကားတွေက ဤလူမျိုးဆက်ထဲက တချို့သူတွေဟာ ကြီးစွာသောဒုက္ခ အစပြုတာကို မမြင်ဘဲ မကွယ်ပျောက်ရဘူးဆိုတာကို ယုံကြည်စိတ်ချစေတယ်။ ဒီအချက်က ဘုရားသခင့်နိုင်ငံတော်ဘုရင်ဟာ မကြာခင်မှာ ဆိုးသွမ်းမှုတွေကို ဖျက်ဆီးပြီး ဖြောင့်မတ်တဲ့ကမ္ဘာသစ်တစ်ခု ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးတော့မယ်ဆိုတာ ပိုပြီးယုံကြည်စိတ်ချစေပါတယ်။—၂ ပေ. ၃:၁၃။
မကြာခင် ခရစ်တော် အပြီးသတ်အောင်ပွဲခံတော့မယ်
၁၇။ ကျွန်ုပ်တို့လေ့လာခဲ့တဲ့ အထောက်အထားတွေက ဘယ်အချက်ကို နားလည်စေသလဲ။
၁၇ ကျွန်ုပ်တို့ဆွေးနွေးခဲ့တဲ့ ကျမ်းစာပရောဖက်ပြုချက်တွေက အခုအချိန်မှာ ပြည့်စုံနေပြီဆိုတာကို သင်သိမြင်ပါသလား။ ယေရှုပြောခဲ့သလိုပါပဲ အဆုံးရောက်လာမယ့်အချိန် အတိအကျကို ကျွန်ုပ်တို့ မသိကြဘူး။ (မ. ၂၄:၃၆; ၂၅:၁၃) ဒါပေမဲ့ ပေါလုပြောခဲ့တဲ့ “အချိန်ကာလ” ကို ကျွန်ုပ်တို့သိကြတယ်။ (ရောမ ၁၃:၁၁ ကိုဖတ်ပါ။) အခု ကျွန်ုပ်တို့ဟာ နောက်ဆုံးကာလမှာ အသက်ရှင်နေတယ်ဆိုတာ သိရတယ်။ ကျမ်းစာပရောဖက်ပြုချက်နဲ့ ယေဟောဝါဘုရားသခင်၊ ယေရှုခရစ် လုပ်ဆောင်နေတာတွေကို အာရုံစိုက်မယ်ဆိုရင် ဆိုးသွမ်းတဲ့ဒီလောကရဲ့အဆုံး နီးနေပြီဆိုတဲ့ ရှင်းလင်းတဲ့အထောက်အထားကို မြင်တွေ့ရပါလိမ့်မယ်။
၁၈။ ယေရှုခရစ်ကို ဘုရင်အဖြစ် လက်မခံသူတွေ ဘာဖြစ်ကြမလဲ။
၁၈ မြင်းဖြူစီးသူ ယေရှုခရစ်ရဲ့ ဘုရင်အခွင့်အာဏာကို လက်အောက်မခံသူတွေဟာ မကြာခင်မှာ သူတို့ရဲ့အမှားကို ဝန်ခံရပါတော့မယ်။ သူတို့အပေါ်ကျရောက်မယ့် တရားစီရင်ချက်ကို ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။ အဲဒီအချိန်မှာ များစွာသောသူတွေက ကြောက်လန့်တကြားနဲ့ “မည်သူခံရပ်နိုင်မည်နည်း” လို့ အော်ဟစ်ကြပါလိမ့်မယ်။ (ဗျာ. ၆:၁၅-၁၇) ဗျာဒိတ်အခန်းကြီး ၇ မှာ အဲဒီမေးခွန်းရဲ့ အဖြေရှိတယ်။ မြေကြီးပေါ်မှာရှိနေသေးတဲ့ ဘိသိက်ခံတွေနဲ့ “လူအုပ်ကြီး” က “ခံရပ်” နိုင်ပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘုရားသခင့်မျက်နှာသာ ရထားကြလို့ပဲ။ အဲဒီနောက်မှာ အခြားသိုးအဝင်ဖြစ်တဲ့ “လူအုပ်ကြီး” ဟာ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်ပြီး ဘုရားသခင့်ကမ္ဘာသစ်ထဲ ရောက်သွားကြပါလိမ့်မယ်။—ဗျာ. ၇:၉၊ ၁၃-၁၅။
၁၉။ အဆုံးနီးပြီဆိုတာကို ယုံကြည်သူတစ်ယောက်အနေနဲ့ သင်ဘာကို မျှော်လင့်နေသလဲ။
၁၉ အခုအချိန်မှာပြည့်စုံနေတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေကို ကျွန်ုပ်တို့ အာရုံစိုက်နေမယ်ဆိုရင် စာတန့်လောကကြောင့် အာရုံထွေပြားတော့မှာ မဟုတ်ဘူး။ ကမ္ဘာ့အဖြစ်အပျက်တွေရဲ့ အဓိပ္ပာယ်အမှန်ကို မသိမြင်နိုင်တဲ့အဖြစ်မျိုး ရောက်မှာမဟုတ်ဘူး။ မကြာခင် ခရစ်တော်ဟာ ဖြောင့်မတ်တဲ့စစ်ပွဲ အာမဂေဒုန်မှာ အပြီးသတ်အောင်ပွဲခံပြီး ဆိုးသွမ်းတဲ့ဒီလောကကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ (ဗျာ. ၁၉:၁၁၊ ၁၉-၂၁) အဲဒီနောက်ပိုင်းမှာ ကျွန်ုပ်တို့ ဘယ်လောက်ပျော်ကြမလဲဆိုတာ မြင်ယောင်ကြည့်ပါ။—ဗျာ. ၂၀:၁-၃၊ ၆; ၂၁:၃၊ ၄။