ကင်းမျှော်စင်—လေ့လာရန် စာစောင် ဖေဖော်ဝါရီ ၂၀၁၄

ဒီလထုတ်မှာ ဆာလံ ၄၅ မှာပါတဲ့စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ဖော်ပြထားတယ်။ ယေဟောဝါဘုရားကို ကျွန်ုပ်တို့ရဲ့ ထောက်မပေးရှင်၊ ကာကွယ်ပေးရှင်၊ အကောင်းဆုံးမိတ်ဆွေအဖြစ် လေးမြတ်တတ်ဖို့လည်း ကူညီပေးမှာဖြစ်တယ်။

ဘုန်းကြီးတဲ့ဘုရင် ခရစ်တော်ကို ချီးမွမ်းပါ

ဆာလံ ၄၅ မှာဖော်ပြထားတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အဖြစ်အပျက်တွေက ဒီနေ့ကျွန်တော်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။

သိုးသငယ်ရဲ့ မင်္ဂလာပွဲမှာ ဝမ်းမြောက်ရွှင်လန်းပါ

ဘယ်သူက သတို့သမီးလဲ။ သူ့ကို ခရစ်တော်က မင်္ဂလာပွဲအတွက် ဘယ်လိုပြင်ဆင်ပေးသလဲ။ ဒီမင်္ဂလာပွဲမှာ ဘယ်သူတွေလည်း ပါဝင်ပျော်ရွှင်ကြမလဲ။

ဇရတ်တမြို့က မုဆိုးမ ယုံကြည်ခြင်းကြောင့် ဆုချခံရ

သူ့သား ရှင်ပြန်ထမြောက်လာတာဟာ မုဆိုးမအတွက် သူ့ဘဝမှာ ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ အဖြစ်အပျက်တစ်ခုပဲ။ ဒီမုဆိုးမဆီကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

ယေဟောဝါ—ပြင်ဆင်ပေးသူနဲ့ ကာကွယ်ပေးသူ

ကျွန်တော်တို့ရဲ့ကောင်းကင်ဖခင် ယေဟောဝါကို ကျေးဇူးတင်လေးမြတ်ပါ။ ကြီးမြတ်တဲ့ပြင်ဆင်ပေးသူနဲ့ ကာကွယ်ပေးသူဖြစ်တဲ့ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးခိုင်မြဲအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ လေ့လာပါ။

ယေဟောဝါ—ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေ

ယေဟောဝါနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တဲ့ အာဗြဟံနဲ့ ဂိဒေါင်တို့ရဲ့ အကြောင်းတွေကို တွေးတောပါ။ ယေဟောဝါနဲ့မိတ်ဆွေဖြစ်ဖို့ ကျွန်ုပ်တို့ ဘာတွေလုပ်ဆောင်ရမလဲ။

စာရှုသူများထံမှ မေးခွန်းလွှာ

ပထမရာစုကဂျူးတွေဟာ ဘယ်အချက်တွေအပေါ် အခြေခံပြီး မေရှိယကို ‘မျှော်လင့်’ ခဲ့ကြသလဲ။

“ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို မြင်တွေ့ပါ”

ရှေးအစ္စရေးဘုရင်ဒါဝိဒ်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ဘုရားသခင်ပြင်ဆင်ပေးတာတွေကို ကျေးဇူးတင်လေးမြတ်တယ်။ ဒီနေ့အချိန်မှာ ကျွန်ုပ်တို့လည်း စစ်မှန်တဲ့ဝတ်ပြုရေးမှာ ဘယ်လိုပျော်ရွှင်အောင်လုပ်နိုင်သလဲ။

မော်ကွန်းတိုက်မှ

ယုံကြည်ခြင်းကို တည်ဆောက်ပေးတဲ့ အနှစ်တရာသက်တမ်းရှိ ရုပ်ရှင်

ဒီနှစ်ကတော့ ‘ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်’ အနှစ်တရာပြည့်တဲ့နှစ် ဖြစ်ပါတယ်၊ ‘ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်’ ဆိုတာ သမ္မာကျမ်းစာကို ဘုရားသခင့်တရားစကားအဖြစ် ယုံကြည်စေဖို့ ရည်ရွယ်ပြီး တင်ဆက်ထားတဲ့ရုပ်ရှင် ဖြစ်ပါတယ်။