သက်ကြီးရွယ်အိုတွေကို လေးစားပါ
“သက်ကြီးရွယ်အိုကို လေးစားပါ။” —ဝတ်. ၁၉:၃၂၊ ကဘ။
၁။ ယနေ့လူသားတွေ ဘယ်အခြေအနေနဲ့ ကြုံတွေ့နေရသလဲ။
ယေဟောဝါဟာ လူတွေ ဆင်းရဲဒုက္ခခံရဖို့၊ အားအင်ဆုတ်ယုတ်ပြီး အသက်ကြီးလာဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ ကိုယ်တော့်ရည်ရွယ်ချက်က ပရဒိသုမှာ အမျိုးသား၊ အမျိုးသမီးတွေ ပြည့်ဝစုံလင်တဲ့ကျန်းမာရေးနဲ့ ပျော်မွေ့ဖို့ဖြစ်တယ်။ ဒါပေမဲ့ အခုတော့ ‘ဖန်ဆင်းခံအရာရှိသမျှဟာ တညီတညွတ်တည်း ညည်းတွားပြီး ဝေဒနာခံစားနေရ’ ကြတယ်။ (ရော. ၈:၂၂) လူသားတွေ အပြစ်ရဲ့ဆိုးကျိုးတွေကို ခံစားနေရတာကိုကြည့်ပြီး ဘုရားသခင် ဘယ်လိုခံစားရမယ်လို့ သင် ထင်သလဲ။ ဒါ့အပြင် သက်ကြီးရွယ်အိုများစွာဟာ အကူအညီ ပိုလိုအပ်တဲ့အချိန်မှာ ကြည့်ရှုမယ့်သူမရှိဘဲ လျစ်လျူရှုခံနေရတာကို မြင်ရတာ စိတ်မကောင်းစရာပါပဲ။—ဆာ. ၃၉:၅; ၂ တိ. ၃:၃။
၂။ ခရစ်ယာန်တွေဟာ အသင်းတော်တွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဘာကြောင့် တန်ဖိုးထားကြသလဲ။
၂ ယေဟောဝါရဲ့လူတွေဟာ အသင်းတော်တွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို တန်ဖိုးထားကြတယ်။ သူတို့မှာရှိတဲ့ အသိပညာတွေကနေ ကျွန်ုပ်တို့ အကျိုးရရှိနိုင်တယ်၊ သူတို့ရဲ့ယုံကြည်ခြင်းပုံသက်သေကို ကျွန်ုပ်တို့ တုပချင်ကြတယ်။ ကျွန်ုပ်တို့ထဲက များစွာဟာ အဲဒီသက်ကြီးရွယ်အိုတွေနဲ့ ဆွေမျိုးတော်စပ်ကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က သူတို့နဲ့ ဆွေမျိုးတော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ သူတို့တွေ ဂရုတစိုက် ကြည့်ရှုပြုစုခံရဖို့ လုပ်ဆောင်ချင်ကြပါတယ်။ (ဂလ. ၆:၁၀; ၁ ပေ. ၁:၂၂) သက်ကြီးရွယ်အိုတွေကို ဘုရားသခင် ဘယ်လိုသဘောထားတယ်ဆိုတာ လေ့လာခြင်းကနေ ကျွန်ုပ်တို့အားလုံး အကျိုးရရှိကြပါလိမ့်မယ်။ သက်ကြီးရွယ်အိုတွေကို ကြည့်ရှုပြုစုရတဲ့ မိသားစုဝင်တွေရဲ့တာဝန်နဲ့ အသင်းတော်ရဲ့တာဝန်တွေကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်။
“ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့”
၃၊ ၄။ (က) ဆာလံ ၇၁ ကိုရေးတဲ့သူက ယေဟောဝါဆီ ဘာကို ဆုတောင်းခဲ့သလဲ။ (ခ) အသင်းတော်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ ဘုရားသခင်ဆီ ဘာကို ဆုတောင်းနိုင်သလဲ။
၃ ဆာလံ ၇၁:၉ (ကဘ) မှာ “ကျွန်တော်အသက်ကြီးသွားချိန်မှာ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။ အားအင်တွေ ယုတ်လျော့သွားချိန်မှာ မပစ်ထားပါနဲ့” လို့ ဖော်ပြထားတယ်။ အဲဒီစကားတွေကို ဒါဝိဒ်ရေးခဲ့တာ ဖြစ်နိုင်တယ်။ ဒါဝိဒ်ဟာ လူငယ်ဘဝကစပြီး အသက်ကြီးတဲ့အထိ ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ခဲ့တယ်၊ အရေးပါတဲ့ကိစ္စတွေမှာ ယေဟောဝါ သူ့ကို အသုံးပြုခဲ့တယ်။ (၁ ရာ. ၁၇:၃၃-၃၇၊ ၅၀; ၃ ရာ. ၂:၁-၃၊ ၁၀) ဒါပေမဲ့လည်း ဒါဝိဒ်ဟာ သူ့ကို ဆက်ပြီးဂရုစိုက်ပေးပါလို့ ယေဟောဝါထံ တောင်းလျှောက်ဖို့ လိုအပ်တယ်လို့ ခံစားခဲ့ရတယ်။—ဆာလံ ၇၁:၁၇၊ ၁၈ ကိုဖတ်ပါ။
၄ ယနေ့အချိန်မှာရှိတဲ့ လူများစွာလည်း ဒါဝိဒ်လိုပါပဲ။ သူတို့ဟာ အသက်အရွယ်ကြီးရင့်လာပြီး ‘ဒုက္ခနေ့ရက်တွေ’ ကို ကြုံတွေ့ရပေမဲ့ ဘုရားသခင်ကိုချီးမွမ်းဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ကြတယ်။ (ဒေ. ၁၂:၁-၇) သူတို့ထဲကများစွာဟာ သူတို့ အရင်ကလုပ်ခဲ့သလောက် မလုပ်နိုင်ကြတော့တာ ဖြစ်နိုင်တယ်၊ အမှုဆောင်လုပ်ငန်းမှာလည်း အဲဒီလိုဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ ဆက်ကောင်းချီးပေးဖို့နဲ့ ဂရုစိုက်ဖို့ တောင်းခံနိုင်ပါတယ်။ သူတို့ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် ဖြည့်ဆည်းပေးမယ်ဆိုတာ အဲဒီသစ္စာရှိ သက်ကြီးရွယ်အိုတွေ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအကြောင်းအရာတွေကို ဆုတောင်းဖို့ ယေဟောဝါက ဒါဝိဒ်ကို စွမ်းအားတော်နဲ့ တိုက်တွန်းခဲ့လို့ပဲ။
ယေဟောဝါဟာ သစ္စာရှိတဲ့ သက်ကြီးရွယ်အိုတွေကို သိပ်တန်ဖိုးထားတယ်၊ သူ့ကျေးကျွန်တွေလည်း သက်ကြီးရွယ်အိုတွေကို လေးစားဖို့ ကိုယ်တော် မျှော်လင့်
၅။ သစ္စာရှိတဲ့သက်ကြီးရွယ်အိုတွေကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲ။
၅ ယေဟောဝါဟာ သစ္စာရှိတဲ့ သက်ကြီးရွယ်အိုတွေကို သိပ်တန်ဖိုးထားတယ်၊ သူ့ကျေးကျွန်တွေလည်း သက်ကြီးရွယ်အိုတွေကို လေးစားဖို့ ကိုယ်တော် မျှော်လင့်တယ်။ (ဆာ. ၂၂:၂၄-၂၆; သု. ၁၆:၃၁; ၂၀:၂၉) ဝတ်ပြုရာ ၁၉:၃၂ (ကဘ) မှာ ဒီလိုဖော်ပြထားတယ်– “ဆံပင်ဖြူတဲ့သူကို အရိုအသေပေးပါ။ သက်ကြီးရွယ်အိုကို လေးစားပါ။ ဘုရားသခင်ကိုကြောက်ရွံ့ပါ။ ငါဟာ ယေဟောဝါပဲ။” အဲဒီစကားတွေကို ရေးခဲ့တဲ့အချိန်တုန်းက သက်ကြီးရွယ်အိုတွေကို လေးစားတာဟာ အရေးကြီးတဲ့တာဝန်တစ်ခုဖြစ်ခဲ့သလို အခုချိန်မှာလည်း အရေးကြီးနေတုန်းပဲ။ ဒါဆိုရင် သက်ကြီးရွယ်အိုတွေကို ကြည့်ရှုပြုစုဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။
မိသားစုတွေရဲ့တာဝန်
၆။ ယေရှုဟာ မိဘတွေကို ပြုစုတာနဲ့ပတ်သက်ပြီး ဘယ်ပုံသက်သေပြခဲ့သလဲ။
၆ ‘မိဘကိုရိုသေပါ’ လို့ ကျမ်းစာကပြောတယ်။ (ထွ. ၂၀:၁၂; ဧ. ၆:၂) အဲဒီပညတ်က သိပ်အရေးကြီးတယ်ဆိုတာကို မိဘတွေကိုမပြုစုချင်တဲ့ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတွေကို အပြစ်တင်ပြောဆိုတဲ့အချိန်မှာ ယေရှု ဖော်ပြခဲ့တယ်။ (မာ. ၇:၅၊ ၁၀-၁၃) ယေရှုကိုယ်တိုင် ပုံသက်သေကောင်း ပြခဲ့တယ်။ ယေရှုဟာ သစ်တိုင်ပေါ်မှာ သံနဲ့အရိုက်ခံထားရတဲ့အချိန်မှာတောင် သူ့အမေအတွက် စိုးရိမ်ခဲ့တယ်၊ အဲဒီအချိန်မှာ သူ့အမေက မုဆိုးမဖြစ်နေပုံရတယ်။ သူ့အမေကို ကြည့်ရှုပြုစုဖို့အတွက် မိတ်ဆွေလည်းဖြစ်၊ ချစ်ရတဲ့တပည့်လည်းဖြစ်တဲ့ ယောဟန်ဆီမှာ သေချာအပ်ခဲ့တယ်။—ယော. ၁၉:၂၆၊ ၂၇။
၇။ (က) မိသားစုနဲ့ပတ်သက်ပြီး ပေါလု ဘယ်လမ်းညွှန်ချက် ပေးခဲ့သလဲ။ (ခ) ပေါလုက ဘယ်အချက်ကိုလည်း ဆွေးနွေးခဲ့သလဲ။
၇ တမန်တော်ပေါလုက တိမောသေဆီရေးခဲ့တဲ့စာမှာ ခရစ်ယာန်တွေဟာ ကိုယ့်ရဲ့မိသားစုကို ကြည့်ရှုစောင့်ရှောက်သင့်တယ်လို့ ဖော်ပြခဲ့တယ်။ (၁ တိမောသေ ၅:၄၊ ၈၊ ၁၆ ကိုဖတ်ပါ။) အဲဒီလမ်းညွှန်ချက်ကိုပေးတဲ့အချိန်မှာပဲ တမန်တော်ပေါလုဟာ အသင်းတော်ရဲ့ ငွေရေးကြေးရေးထောက်ပံ့မှုကို ဘယ်သူတွေ ရရှိသင့်တယ်ဆိုတာကို ဆွေးနွေးခဲ့တယ်။ အသက်ကြီးတဲ့မုဆိုးမတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် သူ့ရဲ့သားသမီးတွေ၊ မြေးတွေနဲ့ တခြား ဆွေမျိုးတွေမှာ အဓိကတာဝန်ရှိတယ်လို့ ပေါလုပြောခဲ့တယ်။ အဲဒီလိုလုပ်တာက အသင်းတော်ကို ဝန်ပေါ့စေတယ်။ ယနေ့အချိန်မှာလည်း ဆွေမျိုးတွေရဲ့လိုအပ်ရာကို ထောက်ပံ့ပေးခြင်းအားဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ချစ်ကြောင်း ဖော်ပြကြတယ်။
၈။ သက်ကြီးရွယ်အိုမိဘတွေကို ကြည့်ရှုပြုစုတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာကြောင့် တိကျတဲ့ညွှန်ကြားချက် မပေးထားတာလဲ။
၈ အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီးတွေမှာ မိဘတွေကို ကြည့်ရှုဖို့ တာဝန်ရှိတယ်။ ပေါလုက “ယုံကြည်သူ” ဆွေမျိုးတွေကို ကူညီတဲ့အကြောင်း ပြောနေတာဖြစ်ပေမဲ့ ယုံကြည်သူမဟုတ်တဲ့ မိဘတွေကိုလည်း လျစ်လျူမရှုသင့်ပါဘူး။ မိသားစုတွေရဲ့ အခြေအနေချင်းက မတူကြဘူး၊ ဒါကြောင့် မိသားစုတစ်ခုစီက မိဘတွေကို ဘယ်လို ကြည့်ရှုပြုစုမယ်ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာဖြစ်တယ်။ ကျန်းမာရေးအခြေအနေ၊ လိုအပ်ရာနဲ့ ပင်ကိုစရိုက်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တချို့သက်ကြီးရွယ်အိုတွေမှာ သားသမီးအများကြီးရှိတယ်၊ တချို့ကျတော့ တစ်ယောက်ပဲရှိတယ်။ တချို့က အစိုးရထောက်ပံ့ကြေး ရရှိကြတယ်၊ တချို့ကမရဘူး။ ဒါ့အပြင် တစ်ယောက်ချင်းစီရဲ့ အကြိုက်တွေကလည်း မတူဘူး။ ဒါကြောင့် အသက်ကြီးတဲ့ဆွေမျိုးတွေကို အတတ်နိုင်ဆုံး ကြည့်ရှုပြုစုဖို့အတွက် ညီအစ်ကိုတွေ ရွေးချယ်တဲ့နည်းလမ်းကို ပြစ်တင်ဝေဖန်တာက ပညာမရှိရာ၊ မေတ္တာမရှိရာရောက်ပါတယ်။ ယေဟောဝါဟာ ရှေးအချိန်က မိမိရဲ့လူမျိုးအတွက် လုပ်ဆောင်ပေးခဲ့သလိုပဲ ကျမ်းစာပေါ်အခြေခံတဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမဆို ကောင်းချီးပေးနိုင်ပါတယ်။—တော. ၁၁:၂၃။
အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီးတွေမှာ မိဘတွေကို ကြည့်ရှုဖို့ တာဝန်ရှိ
၉–၁၁။ (က) တချို့သူတွေဟာ ဘယ်ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ချရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) အရွယ်ရောက်နေတဲ့သားသမီးတွေဟာ ဘာကြောင့် အချိန်ပြည့်အမှုဆောင်လုပ်ငန်းကနေ ချက်ချင်းထွက်ဖို့ မလိုသလဲ။ ဥပမာပေးပါ။
၉ မိဘနဲ့ သားသမီးတွေက အဝေးမှာ သီးခြားစီနေကြတယ်ဆိုရင် အသက်ကြီးတဲ့မိဘတွေကို ကူညီရာမှာ ခက်ခဲနိုင်ပါတယ်။ အဖေ ဒါမှမဟုတ် အမေ ချော်လဲလို့၊ အရိုးကျိုးသွားလို့ ဒါမှမဟုတ် တခြားကြီးမားတဲ့ပြဿနာတစ်ခုခု ဖြစ်တယ်ဆိုရင် သားသမီးတွေက ချက်ချင်းပဲ သူတို့ဆီ သွားရမှာဖြစ်တယ်။ အဲဒီနောက် မိဘတွေဟာ ခဏလောက် ဒါမှမဟုတ် အချိန်အတော်ကြာ အကူအညီလိုအပ်နိုင်တယ်။ *
၁၀ အိမ်နဲ့ဝေးတဲ့နေရာမှာ အချိန်ပြည့်အမှုဆောင်နေသူတွေဟာ တကယ်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်နိုင်ပါတယ်။ ဗေသလအိမ်သား၊ သာသနာပြုနဲ့ နယ်လှည့်ကြီးကြပ်မှူးတွေဟာ သူတို့ရဲ့တာဝန်ကို ယေဟောဝါဆီက အဖိုးတန်ကောင်းချီးအဖြစ် ရှုမြင်ကြတယ်။ ဒါပေမဲ့ မိဘတွေ ဖျားနာတဲ့အခါ သူတို့က ချက်ချင်းပဲ ‘မိဘတွေကိုကြည့်ဖို့ တာဝန်ကနေရပ်နားပြီး အိမ်ပြန်ရမယ်’ လို့ သု. ၂၁:၅။
စဉ်းစားမိနိုင်ပါတယ်။ အဲဒီအချိန်မှာ မိဘတွေရဲ့လိုအပ်ရာနဲ့ ဆန္ဒက ဘာလဲဆိုတာကို ဆုတောင်း၊ သုံးသပ်တာက ပညာရှိရာကျပါတယ်။ လုပ်ငန်းတော်တာဝန်ကနေ ချက်ချင်း ရပ်နားလိုက်တာမျိုး ဘယ်သူမှ မလုပ်သင့်ဘူး၊ အဲဒီလိုလုပ်ဖို့လည်း အမြဲလိုအပ်ချင်မှ လိုအပ်မယ်။ မိဘတွေ နေမကောင်းတာက ခဏပဲဖြစ်မလား။ မိဘတွေရဲ့အသင်းတော်မှာ အသက်ကြီးသူတွေကို ကူညီပေးချင်တဲ့သူတချို့ ရှိနိုင်မလား။—၁၁ ဥပမာ၊ ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုလင်မယားရဲ့ သားနှစ်ယောက်ဟာ တခြားနေရာတွေမှာ အမှုဆောင်နေကြတယ်။ တစ်ယောက်က တောင်အမေရိကမှာ သာသနာပြုဖြစ်ပြီး နောက်တစ်ယောက်က နယူးယောက်၊ ဘရွတ်ကလင် ဌာနချုပ်မှာ အမှုဆောင်နေတယ်။ သူတို့ရဲ့မိဘတွေ အကူအညီလိုအပ်လာတဲ့အခါ သားတွေနဲ့ ချွေးမတွေက အိမ်ပြန်လာပြီး ဘာလုပ်ပေးရမလဲဆိုတာ လာကြည့်ကြတယ်။ သာသနာပြုအဖြစ် အမှုဆောင်နေတဲ့ သားနဲ့ချွေးမက မိဘတွေကိုပြုစုဖို့ သူတို့ရဲ့သာသနာပြုလုပ်ငန်းကို ရပ်နားမယ်လို့ အလေးအနက် စဉ်းစားနေကြတယ်။ အဲဒီနောက်မှာ သူတို့မိဘတွေရဲ့အသင်းတော်က အကြီးအကဲတွေက သူတို့ဆီကို ဖုန်းဆက်တယ်။ အကြီးအကဲတွေက အခြေအနေကို ဆွေးနွေးပြီးနောက်မှာ သူတို့စုံတွဲကို သူတို့ရဲ့တာဝန်မှာပဲ ဆက်အမှုဆောင်စေချင်ကြတယ်။ ဒီစုံတွဲရဲ့လုပ်ဆောင်မှုကို သူတို့ တန်ဖိုးထားတယ်၊ သူတို့ရဲ့မိဘတွေကို ကြည့်ရှုပေးမယ်လို့ ပြောခဲ့တယ်။ အကြီးအကဲတွေ မေတ္တာနဲ့ကူညီပေးတာကို အဲဒီမိသားစု ဘယ်လောက်တောင် ကျေးဇူးတင်ကြမလဲဆိုတာ စဉ်းစားကြည့်ပါ။
ဆုံးဖြတ်ချက်ချတဲ့အခါ ဘုရားသခင့်နာမည်ကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေ ချသင့်တယ်
၁၂။ ခရစ်ယာန်မိသားစုတွေဟာ အသက်ကြီးတဲ့မိဘတွေကို ပြုစုဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ ဘယ်အချက်ကို သေချာစေသင့်သလဲ။
၁၂ ခရစ်ယာန်မိသားစုတွေဟာ အသက်ကြီးတဲ့မိဘတွေကို ပြုစုဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ ဘုရားသခင့်နာမည်ကို ဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေ ချသင့်တယ်။ ယေရှုအချိန်က ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျွန်ုပ်တို့ ဘယ်တော့မှ မတူချင်ကြဘူး။ (မ. ၁၅:၃-၆) အဲဒီအစား ကျွန်ုပ်တို့ဟာ ယေဟောဝါနဲ့ အသင်းတော်ကို ဂုဏ်တင်ချင်ကြတယ်။—၂ ကော. ၆:၃။
အသင်းတော်ရဲ့တာဝန်
၁၃၊ ၁၄။ အသက်ကြီးတဲ့ညီအစ်ကိုညီအစ်မတွေကို ကြည့်ရှုရာမှာ အသင်းတော်တွေ ကူညီပေးသင့်တယ်ဆိုတာ ကျမ်းစာမှာ ဘယ်လိုဖော်ပြသလဲ။
၁၃ အသင်းတော်တိုင်းကတော့ အထက်မှာဖော်ပြခဲ့တဲ့ တ. ၄:၃၄၊ ၃၅) နောက်ပိုင်း အဲဒီအသင်းတော်မှာ ပြဿနာကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။ “နေ့စဉ် အစာခွဲဝေရာ” မှာ တချို့မုဆိုးမတွေ မရကြဘူး။ ဒါကြောင့် တမန်တော်တွေ ဘာလုပ်ခဲ့သလဲ။ အရည်အချင်းရှိတဲ့အမျိုးသားတွေကို တာဝန်ပေးပြီး မုဆိုးမအားလုံး မျှမျှတတဆက်ဆံခံရဖို့၊ အစားအစာ အလုံအလောက်ရဖို့ လုပ်ဆောင်ခဲ့တယ်။ (တ. ၆:၁-၅) အဲဒီလိုလုပ်ဖို့ လိုအပ်ခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ တိုင်းတစ်ပါးကလာတဲ့ ဧည့်သည်များစွာဟာ ခရစ်ယာန်ဖြစ်လာကြပြီး သူတို့ရဲ့ယုံကြည်ခြင်း ခိုင်ခံ့စေဖို့အတွက် ဂျေရုဆလင်မှာ ဆက်နေခဲ့ကြတယ်။ အစားအစာဝေတဲ့အစီအစဉ်က ယာယီသာဖြစ်တယ်။ ဒါပေမဲ့ တမန်တော်တွေရဲ့ဆုံးဖြတ်ချက်က အသင်းတော်တွေဟာ အသက်ကြီးတဲ့ သစ္စာရှိညီအစ်ကိုညီအစ်မတွေရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ကြည့်ရှုပေးနိုင်တယ်ဆိုတာ ဖော်ပြတယ်။
အသင်းတော်လို အချိန်ပြည့်အမှုဆောင်သူတွေကို ကူညီပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အသင်းတော်တွေဟာ သစ္စာရှိတဲ့အသက်ကြီးသူတွေကို ကူညီဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သင့်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ ပထမရာစု ဂျေရုဆလင်အသင်းတော်မှာ “ချို့ငဲ့သောသူ တစ်ယောက်မျှမရှိ” ဘူး။ အဲဒီလိုပြောလို့ အားလုံးက ချမ်းသာတယ်လို့ ဆိုလိုနေတာမဟုတ်ဘူး။ ဆင်းရဲတဲ့သူတချို့ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ သူတို့ဟာ “လူတို့အသုံးလိုသည်အတိုင်း အသီးအသီးတို့အား ပေးဝေကြ” တယ်။ (၁၄ အသင်းတော်ရဲ့ ရုပ်ပစ္စည်းအကူအညီရသင့်တဲ့ မုဆိုးမတွေရဲ့ အခြေအနေကို ပေါလုက တိမောသေကို အကြမ်းဖျင်းပြောပြခဲ့တယ်။ (၁ တိ. ၅:၃-၁၆) ခရစ်ယာန်တွေဟာ မိဘမဲ့တွေ၊ မုဆိုးမတွေနဲ့ အခက်အခဲကြုံတွေ့နေရတဲ့ တခြားသူတွေကို ကူညီပေးရမယ့်တာဝန် ရှိတဲ့အကြောင်း ယာကုပ်က စွမ်းအားတော်တိုက်တွန်းမှုနဲ့ ရေးခဲ့တယ်။ (ယာ. ၁:၂၇; ၂:၁၅-၁၇) တမန်တော်ယောဟန်ကလည်း “လောကစည်းစိမ်ရှိလျက်ပင် မိမိညီအစ်ကို ချို့ငဲ့နေသည်ကို သိမြင်သော်လည်း သနားစာနာစိတ်ကို ထိန်းချုပ်ထားလျှင် ထိုသူ၌ ဘုရားသခင်၏မေတ္တာတော် တည်ပါမည်လော” လို့ပြောခဲ့တယ်။ (၁ ယော. ၃:၁၇) ဒါကြောင့် ခရစ်ယာန်တစ်ယောက်ချင်းစီမှာ လိုအပ်သူတွေကို ကြည့်ရှုရမယ့်တာဝန်ရှိတယ်ဆိုရင် အသင်းတော်မှာလည်း အဲဒီတာဝန် ရှိမှာဖြစ်တယ်။
၁၅။ အသက်ကြီးတဲ့ညီအစ်ကိုညီအစ်မတွေကို ကူညီရာမှာ ဘယ်အချက်တွေ ပါဝင်ပတ်သက်နိုင်သလဲ။
၁၅ တချို့နိုင်ငံတွေမှာ အစိုးရက အသက်ကြီးသူတွေကို ပင်စင်လစာပေးတာ ဒါမှမဟုတ် တခြားထောက်ပံ့တဲ့အစီအစဉ်တွေရှိတယ်။ (ရော. ၁၃:၆) တချို့နိုင်ငံမှာတော့ အဲဒီလိုအစီအစဉ်တွေ မရှိဘူး။ ဒါကြောင့် အသက်ကြီးတဲ့ ညီအစ်ကိုညီအစ်မတွေကို ဆွေမျိုးတွေနဲ့ အသင်းတော်တွေက ဘယ်အတိုင်းအတာထိ ကူညီပေးရမယ်ဆိုတာက အခြေအနေအပေါ် မူတည်ပါလိမ့်မယ်။ ယုံကြည်သူတွေဖြစ်တဲ့ သားသမီးတွေက အဝေးမှာနေတယ်ဆိုရင် အဲဒါက သားသမီးတွေကူညီပေးနိုင်တဲ့ အတိုင်းအတာအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ သားသမီးတွေက မိသားစုရဲ့အခြေအနေတွေကို အားလုံးနားလည်ထားဖို့ မိဘတွေရဲ့အသင်းတော်က အကြီးအကဲတွေနဲ့ ဆက်သွယ်ဖို့လိုတယ်။ ဥပမာ၊ အစိုးရဆီက ဘယ်လိုအကူအညီမျိုးရနိုင်တယ်ဆိုတာ အဲဒီအသက်ကြီးသူတွေ သိရှိအောင် အကြီးအကဲတွေက ကူညီပေးနိုင်ပါတယ်။ မဖောက်ရသေးတဲ့ အရေးကြီးစာတွေ ဒါမှမဟုတ် မိဘတွေမစားဘဲ ဒီအတိုင်းထားတဲ့ဆေးဝါးတွေ စတဲ့အရေးကြီးအချက်တွေကိုလည်း သားသမီးတွေကို အသိပေးဖို့လိုတယ်ဆိုတာ အကြီးအကဲတွေ သတိထားမိနိုင်တယ်။ သားသမီးတွေနဲ့ အကြီးအကဲတွေက ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြောဆိုတယ်ဆိုရင် ဖြေရှင်းနည်း တွေ့ရှိနိုင်မှာဖြစ်တယ်။ အနီးကပ် ကြည့်ရှုပေးမယ့်သူ ဒါမှမဟုတ် အဝေးမှာနေတဲ့မိသားစုဝင်တွေကို အကြံပေးမယ့်သူ ရှိမယ်ဆိုရင် ဆိုးဝါးတဲ့အခြေအနေကို ရှောင်ရှားနိုင်ပြီး မိသားစုအတွက် စိတ်ပူစရာလည်း လျော့နည်းမှာဖြစ်တယ်။
အသင်းတော်ကသူတချို့ဟာ သူတို့ရဲ့အချိန်၊ ခွန်အားတွေကို သုံးပြီး အသက်ကြီးတဲ့သူတွေကို တတ်နိုင်သမျှ ကူညီပေးကြတယ်
၁၆။ အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေကို ကူညီဖို့ တချို့ခရစ်ယာန်တွေ ဘာလုပ်ကြသလဲ။
၁၆ ခရစ်ယာန်တချို့ဟာ အသက်ကြီးတဲ့သူတွေကို ချစ်ခင်တဲ့အတွက်ကြောင့် သူတို့ရဲ့အချိန်၊ ခွန်အားတွေကို သုံးပြီး တတ်နိုင်သမျှ ကူညီပေးကြတယ်။ အဲဒီသက်ကြီးရွယ်အိုတွေကို သူတို့ရဲ့မိသားစု အရင်းအချာလို ဆက်ဆံကြတယ်။ တစ်ခါတလေကျတော့ အသက်ကြီးသူတွေကို အသင်းတော်ကလူတွေက အလှည့်ကျကြည့်ပေးတယ်။ အသက်ကြီးသူတွေကို ကြည့်ရှုပြုစုပေးသူတွေဟာ သူတို့ကိုယ်တိုင် အချိန်ပြည့်လုပ်ငန်းမှာ မပါဝင်နိုင်ပေမဲ့ အသက်ကြီးသူတွေရဲ့သားသမီးတွေ အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ တကယ်မွန်မြတ်တဲ့ စိတ်ထားပါပဲ။ ဒါပေမဲ့ တခြားသူတွေက ဘယ်လောက်ပဲကူညီပေးပါစေ သားသမီးတွေက မိဘတွေကို အတတ်နိုင်ဆုံးကြည့်ရှုဖို့ တာဝန်ရှိနေတုန်းပါပဲ။
အားရှိစရာစကားတွေပြောခြင်းအားဖြင့် အသက်ကြီးသူတွေကို လေးစားပါ
၁၇၊ ၁၈။ အသက်ကြီးသူတွေကို ကြည့်ရှုပြုစုရာမှာ ဘယ်သဘောထား ရှိဖို့လိုသလဲ။
၁၇ အသက်ကြီးသူတွေရော၊ ကြည့်ရှုပြုစုပေးသူတွေမှာပါ အပြုသဘောစိတ်ထားရှိတယ်ဆိုရင် အားလုံးအတွက် ပိုကောင်းပါတယ်။ အသက်ကြီးလာတာက တစ်ခါတလေမှာ လူတစ်ယောက်ကို စိတ်ဓာတ်ကျစေနိုင်တယ်။ ဒါကြောင့် သက်ကြီးရွယ်အို ညီအစ်ကိုညီအစ်မတွေကို လေးစားဖို့၊ အားပေးဖို့ ပိုကြိုးစားအားထုတ်ရနိုင်ပါတယ်။ ဘယ်လို လုပ်နိုင်ပါသလဲ။ သူတို့ကို အားရှိစေတဲ့စကားတွေ ပြောပါ။ အဲဒီအသက်ကြီးသူတွေဟာ ယေဟောဝါအပေါ် ဆက်သစ္စာရှိနေကြတဲ့အတွက် ချီးမွမ်းခံထိုက်ပါတယ်။ ယေဟောဝါဟာ ကိုယ်တော့်အမှုတော်မှာ သူတို့လုပ်ဆောင်ခဲ့တာတွေကို ဘယ်တော့မှ မမေ့ဘူး၊ ကျွန်ုပ်တို့လည်း မမေ့ပါဘူး။—မာလခိ ၃:၁၆; ဟေဗြဲ ၆:၁၀ တို့ကိုဖတ်ပါ။
၁၈ လူတိုင်းမှာ ဟာသဉာဏ်ရှိတယ်ဆိုရင် နေ့စဉ်တာဝန်တွေကို လုပ်ဆောင်ရတာ ပိုလွယ်ကူပါလိမ့်မယ်။ (ဒေ. ၃:၁၊ ၄) ဒါ့အပြင် အသက်ကြီးသူများစွာဟာ များများစားစား မတောင်းဆိုကြပါဘူး။ သူတို့ဟာ စာနာမှုရှိမယ်၊ သဘောကောင်းမယ်ဆိုရင် ပိုဂရုစိုက်ခံရမယ်ဆိုတာ သိထားကြတယ်။ အသက်ကြီးသူတွေဆီ လည်ပတ်သူများစွာက “ကျွန်တော်က အသက်ကြီးတဲ့မိတ်ဆွေကို အားပေးဖို့သွားတာ၊ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် အားပေးခံရတယ်” လို့ ပြောတတ်ကြတယ်။—သု. ၁၅:၁၃; ၁၇:၂၂။
ဘုရားသခင့်ကတိတော်တွေကို ယုံကြည်တာက ခက်ခဲချိန်တွေမှာ ကျွန်ုပ်တို့ကို ဆက်ခွန်အားရှိစေ
၁၉။ ခက်ခဲချိန်တွေမှာ ဆက်ခွန်အားရှိနေစေဖို့ ဘာက ကူညီပေးနိုင်သလဲ။
၁၉ အသက်အရွယ်ကြီးရင့်မှု၊ ဆင်းရဲဒုက္ခနဲ့ မစုံလင်မှုတွေ ပပျောက်သွားမယ့်နေ့ကို ကျွန်ုပ်တို့ စောင့်မျှော်နေကြတယ်။ အဲဒီအချိန်အထိ ဘုရားသခင့်ကျေးကျွန်တွေဟာ ထာဝစဉ်တည်မယ့် အနာဂတ်မျှော်လင့်ချက်ကို အာရုံစူးစိုက်နေရမှာဖြစ်တယ်။ ဘုရားသခင့်ကတိတော်တွေကို ယုံကြည်တာက ခက်ခဲချိန်တွေမှာ ကျွန်ုပ်တို့ကို ဆက်ခွန်အားရှိစေတယ်။ ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းရှိလို့ ‘အၡုံးမပေးကြဘူး။ အပြင်ပန်းအားဖြင့် ယိုယွင်းပျက်စီးနေပေမဲ့ အတွင်းစိတ်ကတော့ နေ့စဉ်အသစ်ပြုပြင်ခံနေရ’ ပါတယ်။ (၂ ကော. ၄:၁၆-၁၈; ဟေဗြဲ ၆:၁၈၊ ၁၉) သက်ကြီးရွယ်အိုတွေကို ကြည့်ရှုဖို့ တာဝန်ရှိနေသူတွေအတွက် နောက်ထပ် ဘာအကူအညီတွေ ရှိသေးသလဲ။ အထောက်အကူဖြစ်စေတဲ့ အကြံပြုချက်တချို့ကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။
^ စာပိုဒ်၊ 9 နောက်ဆောင်းပါးမှာ မိဘတွေနဲ့သားသမီးတွေ ရွေးချယ်နိုင်တဲ့နည်းလမ်းတချို့ကို ဆွေးနွေးပါမယ်။