မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်
“မည်သူမျှ သခင်နှစ်ဦး၏အစေကို မခံနိုင်။ . . . သင်တို့သည် ဘုရားသခင်၏အစေနှင့် စည်းစိမ်ချမ်းသာ၏အစေနှစ်ရပ်ကို မခံနိုင်ကြ။”—မ. ၆:၂၄။
၁–၃။ (က) မိသားစုများစွာဟာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်နေကြသလဲ။ အဲဒါကို တချို့သူတွေ ဘယ်လို ဖြေရှင်းသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) မိဘတွေဟာ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်တာနဲ့ပတ်သက်ပြီး ဘာကို ပူပန်ကြသလဲ။
မာရီလင်ရဲ့ယောက်ျား ဂျိမ်းစ်ဟာ နေ့တိုင်း အလုပ်ကနေ မောမောပန်းပန်းနဲ့ အိမ်ပြန်လာတယ်။ * ဒါတောင်မှာ သူ့ရဲ့ဝင်ငွေက မိသားစုအတွက် တစ်နေ့စာ စားလောက်ရုံပဲရှိတယ်။ မာရီလင်က သူ့ယောက်ျားကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်တယ်။ သားဖြစ်သူ ဂျင်မီကိုလည်း ကျောင်းမှာ သူ့သူငယ်ချင်းတွေသုံးတဲ့ ပစ္စည်းမျိုးတွေ ဝယ်ပေးချင်တယ်။ ဒါ့အပြင် မာရီလင်က ဆွေမျိုးတွေကိုလည်း ထောက်ပံ့ချင်တယ်၊ နောင်ရေးအတွက်လည်း စုဆောင်းချင်သေးတယ်။ သူ့မိတ်ဆွေအတော်များများက ပိုက်ဆံများများရှာနိုင်အောင် နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတယ်။ ဒါပေမဲ့ မာရီလင်က မိသားစုနဲ့ခွဲပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ စဉ်းစားကြည့်တဲ့အခါ သွားသင့်၊ မသွားသင့် ဆုံးဖြတ်ရခက်နေတယ်။ ဘာကြောင့်လဲ။
၂ မာရီလင်ဟာ သူတန်ဖိုးထားရတဲ့မိသားစုကို ထားခဲ့ရမှာကို စိတ်မချဘူး။ ယေဟောဝါကို အတူတကွဝတ်ပြုတာက သူတို့မိသားစုရဲ့ ပုံမှန်လုပ်နေကျအရာဖြစ်တယ်။ သူသာ အဝေးရောက်နေမယ်ဆိုရင် မိသားစုဝင်တွေက အဲဒါကို ဘယ်လိုဆက်လုပ်ကြမလဲ။ ဒါပေမဲ့ တခြားသူတွေလည်း မိသားစုနဲ့ခွဲပြီး အဝေးကိုရောက်နေတာပဲ၊ သူတို့ရဲ့မိသားစုဝင်တွေကလည်း ယေဟောဝါကို ဆက်ဝတ်ပြုနေတာပဲလို့ သူစဉ်းစားမိပြန်တယ်။ ဒါပေမဲ့ အဝေးကနေပြီး သားကို ဘယ်လို ပြုစုစောင့်ရှောက်မလဲလို့ စဉ်းစားမိတယ်။ အင်တာနက်ကနေတစ်ဆင့် သူ့ကို သွန်သင်ဆုံးမပြီး ဧ. ၆:၄။
ယေဟောဝါအကြောင်း သင်ပေးလို့ရနိုင်မလား။—၃ မာရီလင် အကြံဉာဏ်တောင်းခဲ့တယ်။ သူ့ယောက်ျားက သူ့ကို မသွားစေချင်ဘူး၊ ဒါပေမဲ့ သွားမယ်ဆိုရင်လည်း မတားပါဘူးလို့ ပြောတယ်။ အသင်းတော်က အကြီးအကဲတွေနဲ့ တချို့သူတွေက သူ့ကို မသွားဖို့ သတိပေးတယ်။ ဒါပေမဲ့ တချို့ ညီအစ်မတွေကတော့ “ရှင့်မိသားစုကို ချစ်တယ်ဆိုရင် ရှင်သွားမှာပဲ။ ရှင် ယေဟောဝါကို ဆက်ဝတ်ပြုလို့ရတာပဲ” လို့ ပြောကြတယ်။ မာရီလင်ဟာ ဇဝေဇဝါဖြစ်နေပေမဲ့ သူ့ယောက်ျားနဲ့သားကို နှုတ်ဆက်ပြီး အလုပ်လုပ်ဖို့ နိုင်ငံခြားကို ထွက်သွားခဲ့တယ်။ “ကျွန်မ အကြာကြီးမနေပါဘူး” လို့လည်း ကတိပေးခဲ့တယ်။
မိသားစုတာဝန်တွေနဲ့ ကျမ်းစာလမ်းညွှန်ချက်တွေ
၄။ လူများစွာဟာ ဘာကြောင့် မိသားစုကိုထားပြီး အဝေးကိုသွားကြတာလဲ။ သူတို့ရဲ့သားသမီးတွေကို အများအားဖြင့် ဘယ်သူတွေက ကြည့်ရှုပေးရသလဲ။
၄ ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေ ဆာလောင်ငတ်မွတ်နေတာမျိုး မဖြစ်စေချင်ဘူး။ (ဆာ. ၃၇:၂၅; သု. ၃၀:၈) ခေတ်ကာလတစ်လျှောက်မှာ ယေဟောဝါရဲ့လူတွေဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့ခဲ့ကြတယ်။ အစာမငတ်ဖို့အတွက် ယာကုပ်က အစားအစာဝယ်ဖို့ သူ့သားတွေကို အီဂျစ်ပြည်စေလွှတ်ခဲ့တယ်။ * (က. ၄၂:၁၊ ၂) ဒါပေမဲ့ ယနေ့အချိန်မှာ ပြောင်းရွှေ့နေသူအများစုက ငတ်နေကြတာတော့မဟုတ်ဘူး။ ဒါဆို ဘာကြောင့်ပြောင်းရွှေ့ကြတာလဲ။ လူများစွာဟာ အကြွေးနစ်နေကြတယ်။ တချို့ကျတော့ ဆင်းရဲတဲ့နေရာမှာ နေထိုင်ကြတာဖြစ်မယ်။ သူတို့က ပိုကောင်းတဲ့ပစ္စည်းတွေသုံးပြီး ဇိမ်ကျကျနေချင်ကြလို့ မိသားစုနဲ့ခွဲပြီး ပိုက်ဆံရှာရလွယ်တဲ့နေရာတွေကို ပြောင်းရွှေ့သွားကြတယ်။ မိဘတွေဟာ အဝေးမှာ အလုပ်သွားလုပ်ဖို့အတွက် သားသမီးတွေကို နောက်မိဘတစ်ယောက်၊ တခြားကလေးအကြီးတွေ၊ အဘိုးအဘွားတွေ၊ တခြားဆွေမျိုး၊ မိတ်ဆွေတွေနဲ့ ထားခဲ့ကြတယ်။ နိုင်ငံခြားမှာ အလုပ်သွားလုပ်သူများစွာဟာ မိသားစုကို အဲဒီလိုထားခဲ့ရလို့ စိတ်မကောင်းဖြစ်ကြပေမဲ့ အဲဒီနည်းကလွဲလို့ တခြားနည်းမရှိဘူးလို့ ယူဆကြတယ်။
၅၊ ၆။ (က) ပျော်ရွှင်မှုနဲ့ လုံခြုံမှုအကြောင်း ယေရှု ဘာသင်ပေးခဲ့သလဲ။ (ခ) ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီး ယေရှုက သူ့နောက်လိုက်တွေကို ဘာသင်ပေးခဲ့သလဲ။ (ဂ) ယေဟောဝါ ကျွန်ုပ်တို့ကို ဘယ်လိုကောင်းချီးပေးသလဲ။
၅ ယေရှုအချိန်တုန်းက လူများစွာဟာ ဆင်းရဲကြတယ်။ သူတို့မှာ ပိုက်ဆံများများရှိရင် ပိုပျော်ပြီး ပိုလုံခြုံမယ်လို့ ယူဆခဲ့ကြမယ်။ (မာ. ၁၄:၇) ဒါပေမဲ့ ယေရှုက သူတို့ကို ခဏပဲတည်မယ့် အရာတွေကို အားမကိုးစေချင်ဘူး။ ထာဝစဉ်တည်မယ့်ကောင်းချီးတွေ ပေးနိုင်တဲ့ ယေဟောဝါကိုပဲ အားကိုးစေချင်တယ်။ တောင်ပေါ်ဒေသနာမှာ ယေရှုက စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ လုံခြုံမှုဆိုတာ ယေဟောဝါ နဲ့ ရင်းနှီးမှုအပေါ်မှာပဲ မူတည်တယ်၊ ကျွန်ုပ်တို့မှာရှိတဲ့အရာ ဒါမှမဟုတ် ကျွန်ုပ်တို့ ရှာဖွေနိုင်တဲ့အရာတွေအပေါ် မမူတည်ဘူးလို့ သင်ပေးခဲ့တယ်။
စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ လုံခြုံမှုဆိုတာ ကျွန်ုပ်တို့ ရှာဖွေနိုင်တဲ့အရာတွေအပေါ် မမူတည်ဘူး
၆ ယေရှုသင်ပေးခဲ့တဲ့ နမူနာဆုတောင်းချက်မှာ ဇိမ်ကျကျနေရဖို့အတွက် ဆုတောင်းဖို့ မသင်ပေးခဲ့ဘူး။ အဲဒီအစား တစ်နေ့စာအတွက်ပဲတောင်းဖို့ သင်ပေးခဲ့တယ်။ ယေရှုဟာ နားထောင်နေသူတွေကို “မြေကြီးပေါ်မှာ ဘဏ္ဍာကို မစုဆောင်းကြနှင့်တော့” လို့ ရှင်းရှင်းလင်းလင်း သင်ပေးခဲ့တယ်။ ပြီးတဲ့နောက် “ကောင်းကင်ဘုံ၌ သင်တို့၏ဘဏ္ဍာကို စုဆောင်းကြလော့” လို့ ဆက်ပြောခဲ့တယ်။ (မ. ၆:၉၊ ၁၁၊ ၁၉၊ ၂၀) ယေဟောဝါဟာ ကတိပေးထားတဲ့အတိုင်း ကောင်းချီးပေးမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဘုရားသခင့်ကောင်းချီးဆိုတာက ကိုယ်တော့်နှစ်သက်မှု ခံရတာကိုပဲ ပြောတာမဟုတ်ဘူး။ ကျွန်ုပ်တို့ အမှန်တကယ်လိုအပ်တာကို ဘုရားသခင်ပေးမယ်ဆိုတဲ့ အာမခံချက်လည်းပါတယ်။ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ လုံခြုံမှုရနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ပိုက်ဆံကို မဟုတ်ဘဲ မေတ္တာရှိတဲ့ဖခင် ယေဟောဝါကို ယုံကြည်အားကိုးတာဖြစ်တယ်။—မဿဲ ၆:၂၄၊ ၂၅၊ ၃၁–၃၄ ကိုဖတ်ပါ။
၇။ (က) သားသမီးတွေကို သွန်သင်ဆုံးမဖို့ ယေဟောဝါ ဘယ်သူ့ကို တာဝန်ပေးထားသလဲ။ (ခ) ဘာကြောင့် မိဘနှစ်ဦးစလုံးက သားသမီးတွေကို ဆုံးမသွန်သင်ဖို့ လိုသလဲ။
၇ ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှာ မိသားစုတာဝန်တွေကို ယေဟောဝါအလိုရှိတဲ့နည်းနဲ့ ထမ်းဆောင်ခြင်း ပါဝင်တယ်။ ဥပမာ၊ မောရှေပညတ်မှာ ယေဟောဝါကိုဝတ်ပြုကိုးကွယ်ဖို့ သားသမီးတွေကို ဆုံးမသွန်သင်ပေးပါလို့ မိဘတွေကို မိန့်မှာထားတယ်။ ယေဟောဝါရဲ့နှစ်သက်မှုကိုရရှိချင်တဲ့ ခရစ်ယာန်တွေလည်း အဲဒီအတိုင်း လုပ်ရမှာဖြစ်တယ်။ (တရားဟောရာ ၆:၆၊ ၇ ကိုဖတ်ပါ။) ဘုရားသခင်က အဲဒီတာဝန်ကို မိဘတွေကို ပေးထားတာဖြစ်တယ်၊ အဘိုးအဘွားတွေ၊ ဒါမှမဟုတ် တခြားသူတွေကို ပေးတာမဟုတ်ဘူး။ ဘုရင်ရှောလမုန်က “ငါ့သား၊ ဖခင်ရဲ့ဆုံးမစကားကို နားထောင်ပါ။ မိခင်သွန်သင်ပေးတာကိုလည်း မပစ်ပယ်နဲ့” လို့ ပြောခဲ့တယ်။ (သု. ၁:၈၊ ကဘ) ယေဟောဝါက မိသားစုတွေကို အတူနေစေချင်တယ်၊ ဒါမှ မိဘနှစ်ဦးစလုံးက သားသမီးတွေကို ဆုံးမသွန်သင်နိုင်မယ်။ (သု. ၃၁:၁၀၊ ၂၇၊ ၂၈) မိဘတွေ ယေဟောဝါအကြောင်းပြောဆိုတာ၊ နေ့တိုင်း ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်လုပ်ဆောင်တာကို သားသမီးတွေ မြင်တွေ့ရတယ်ဆိုရင် သူတို့လည်း အဲဒီအတိုင်းလုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ်။
မမျှော်လင့်တဲ့အကျိုးဆက်များ
၈၊ ၉။ (က) မိဘတစ်ဦး မိသားစုနဲ့ ခွဲနေတဲ့အခါ ဘာတွေဖြစ်လာတတ်သလဲ။ (ခ) မိဘနဲ့သားသမီး အတူမနေတဲ့အခါ မိသားစုကို ဘယ်လိုထိခိုက်နိုင်သလဲ။
၈ မိသားစုနဲ့ခွဲပြီး အဝေးကိုသွားဖို့ စဉ်းစားသူများစွာဟာ သူတို့ရဲ့ဆုံးဖြတ်ချက်ကြောင့် ပြဿနာတချို့ ပေါ်လာနိုင်တယ်ဆိုတာ သိထားကြတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်က မိသားစုကို ဘယ်လောက်ထိခိုက်မယ်ဆိုတာ အတိအကျမသိနိုင်ဘူး။ (သု. ၂၂:၃) * မာရီလင် နိုင်ငံခြားကိုထွက်သွားတဲ့အခါ မိသားစုနဲ့ခွဲရလို့ ဝမ်းနည်းခဲ့ရတယ်။ သူ့ယောက်ျားနဲ့ သားလည်း အဲဒီလိုပဲခံစားရတယ်။ ဂျင်မီက “မေမေ ဘာဖြစ်လို့ သားကို ထားခဲ့တာလဲ” လို့ ခဏခဏမေးတယ်။ မာရီလင်က လပိုင်းလောက်ပဲ သွားမယ်လို့ စဉ်းစားထားပေမဲ့ နှစ်နဲ့ချီပြီး ကြာသွားတယ်၊ သူ့မိသားစုရဲ့အခြေအနေ အကြီးအကျယ် ပြောင်းလဲနေပြီဆိုတာ ကြားရလို့ ထိတ်လန့်သွားတယ်။ ဂျင်မီက အရင်နဲ့မတူတော့ဘူး။ အမေနဲ့လည်း စကားသိပ်မပြောတော့ဘူး၊ သူ့ရဲ့ခံစားချက်တွေကိုလည်း မပြောပြချင်တော့ဘူး။ “သားက ကျွန်မကို မချစ်တော့ဘူး” လို့ မာရီလင်က ပြောပြတယ်။
၉ မိဘနဲ့သားသမီး အတူမနေဘူးဆိုရင် သူတို့ရဲ့စိတ်ခံစားချက်နဲ့ အကျင့်စာရိတ္တအပေါ် ဆိုးကျိုးသက်ရောက်နိုင်တယ်။ * ကလေးကငယ်ပြီး မိဘနဲ့ခွဲနေရတဲ့အချိန်ကလည်း ကြာတယ်ဆိုရင် ပိုဆိုးနိုင်တယ်။ မာရီလင်က သားအတွက် အမေအနစ်နာခံတာပါလို့ ရှင်းပြပေမဲ့ သားကတော့ အမေ သူ့ကို မချစ်တော့ဘူးလို့ပဲ ထင်နေတယ်။ ဂျင်မီဟာ အစပိုင်းမှာတော့ အမေ သူ့အနားမှာမရှိလို့ စိတ်ဆိုးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မာရီလင်က သားဆီအလည်ပြန်လာတော့ သားက အမေရှိနေလို့ စိတ်ဆိုးတယ်။ မိဘနဲ့ ခွဲနေရတဲ့ကလေးအများစုလိုပဲ ဂျင်မီဟာ အမေ့ကို ချစ်ဖို့မလိုဘူး၊ အမေ့စကား နားထောင်ဖို့မလိုဘူးလို့ ခံစားလာရတယ်။—သုတ္တံ ၂၉:၁၅ ကိုဖတ်ပါ။
၁၀။ (က) မိဘတွေက ကလေးတွေနဲ့အတူ ရှိနေမယ့်အစား လက်ဆောင်တွေပဲ ပို့ပေးမယ်ဆိုရင် ဘာဖြစ်လာနိုင်သလဲ။ (ခ) မိဘတစ်ယောက်က အဝေးမှာနေတယ်ဆိုရင် ဘာတွေလစ်ဟင်းသွားသလဲ။
၁၀ မာရီလင်ဟာ သားဖြစ်သူ ဂျင်မီနဲ့ ခွဲနေရတဲ့အတွက်ကြောင့် အဲဒါကို အစားထိုးဖို့ ပိုက်ဆံနဲ့ လက်ဆောင်တွေ ပို့ပေးခဲ့တယ်။ ဒါပေမဲ့ မာရီလင်ကိုယ်တိုင်က သူ့ကိုယ်သူ သားနဲ့ဝေးကွာသွားအောင် လုပ်နေတယ်ဆိုတာ သဘောပေါက်တယ်။ မိသားစုနဲ့ ယေဟောဝါထက် ပိုက်ဆံကိုပိုချစ်အောင် သားကို သူ သင်ပေးနေတာဖြစ်တယ်။ (သု. ၂၂:၆) ဝမ်းနည်းစရာက ဂျင်မီက သူ့အမေကို လက်ဆောင်တွေပဲ ပို့ပေးပါ၊ ပြန်မလာနဲ့လို့ ပြောတယ်။ နောက်ဆုံးမှာ မာရီလင်ဟာ သူ့သားကို စာရေး၊ ဖုန်းဆက်၊ အင်တာနက်မှာ ဗီဒီယိုနဲ့စကားပြောပြီး ဆုံးမသွန်သင်လို့မရဘူးဆိုတာ သိလာတယ်။ “အင်တာနက်ကတစ်ဆင့် သားကို ပွေ့ဖက်လို့မရဘူး၊ အိပ်ရာဝင်အနမ်းပေးလို့ မရဘူး” လို့ မာရီလင်ကပြောတယ်။
၁၁။ (က) အလုပ်လုပ်ဖို့အတွက် အိမ်ထောင်ဖက်နဲ့ ခွဲနေတယ်ဆိုရင် အိမ်ထောင်ကို ဘယ်လိုထိခိုက်နိုင်သလဲ။ (ခ) မာရီလင်ဟာ သူ့မိသားစုနဲ့အတူ နေရမယ်ဆိုတာ ဘယ်အချိန်မှာ သိလာသလဲ။
၁၁ မာရီလင်နဲ့ ၁ ကော. ၇:၃၊ ၅) သူတို့ရဲ့သားနဲ့အတူ ယေဟောဝါကို ဝတ်မပြုနိုင်ဘူး။ မာရီလင် ဒီလိုပြောတယ်– “ယေဟောဝါရဲ့နေ့ကြီးမှာ ကပ်ကျော်လွတ်မြောက်ဖို့အတွက် မိသားစုဝတ်ပြုမှုမှန်မှန်လုပ်တာက အရေးကြီးတယ်ဆိုတာ စည်းဝေးကြီးတစ်ခုမှာ သိလိုက်ရတယ်။ အဲဒါကြောင့် ကျွန်မအိမ်ပြန်ရမယ်ဆိုတာ နားလည်သွားတယ်။” မာရီလင်ဟာ မိသားစုနဲ့ သူ့ရဲ့ဆက်ဆံရေး၊ ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးကို ပြန်ကောင်းအောင်လုပ်ခဲ့ရတယ်။
ယေဟောဝါရဲ့ဆက်ဆံရေးလည်း အားနည်းလာတယ်။ အသင်းတော်မှာ သူ တစ်ပတ်တစ်ရက်ပဲ ပါဝင်နိုင်တယ်၊ တစ်ခါတလေ တစ်ရက်တောင် မပါဝင်နိုင်ဘူး။ သူ့ယောက်ျားနဲ့ ဆက်ဆံရေးလည်း ထိခိုက်လာတယ်။ သူ့ကို လိင်ပိုင်းဆိုင်ရာစော်ကားချင်တဲ့ သူဌေးရဲ့ရန်ကိုလည်း ရှောင်နေရတယ်။ ဂျိမ်းစ်နဲ့ မာရီလင်ဟာ သူတို့ရဲ့ ပြဿနာအကြောင်း တစ်ယောက်ကိုတစ်ယောက် မပြောပြနိုင်ဘူး၊ ဒါကြောင့် တခြားသူတွေကို ခံစားချက်တွေ ရင်ဖွင့်ကြလို့ အိမ်ထောင်ရေးဖောက်ပြန်တဲ့အခြေအနေ ရောက်ခါနီးဖြစ်ခဲ့ရတယ်။ အိမ်ထောင်ရေးဖောက်ပြန်တဲ့အခြေအနေ မရောက်ခဲ့ပေမဲ့ သူတို့အိမ်ထောင်က အခြေအနေမကောင်းတော့ဘူးဆိုတာ မာရီလင်သိလာတယ်။ အိမ်ထောင်သည်တွေဟာ အချင်းချင်းရဲ့ စိတ်ပိုင်းနဲ့ ကာယပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်လို့ ကျမ်းစာမှာ ညွှန်ကြားထားတယ်။ မာရီလင်နဲ့ ဂျိမ်းစ်ဟာ တစ်ယောက်တစ်နေရာစီ ခွဲနေကြလို့ တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်ဘူး၊ လင်နဲ့မယား တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းပေးရမယ့် ပျော်ရွှင်မှုကိုလည်း မဖြည့်ဆည်းပေးနိုင်ကြဘူး။ (သီချင်း. ၁:၂;မိသားစုနဲ့ ယေဟောဝါထက် ပိုက်ဆံကို ပိုချစ်အောင် သားကို သင်ပေးနေတာဖြစ်တယ်
ကောင်းတဲ့အကြံဉာဏ်နဲ့ မကောင်းတဲ့အကြံဉာဏ်
၁၂။ မိသားစုနဲ့ ခွဲနေတဲ့သူတွေအတွက် ဘယ်ကျမ်းစာအကြံပြုချက်က အကူအညီပေးနိုင်သလဲ။
၁၂ မာရီလင် အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ တချို့က ကောင်းတဲ့အကြံဉာဏ်ပေးပြီး တချို့က မကောင်းတဲ့အကြံဉာဏ်ပေးတယ်။ အသင်းတော်က အကြီးအကဲတွေက သူ့ကိုချီးမွမ်းကြတယ်။ တခြားသူတွေကျတော့ အဲဒီမှာပဲဆက်နေဖို့ သူ့ကို ဖျောင်းဖျကြပြီး အိမ်ပြန်သွားရင် ပိုက်ဆံမရှာနိုင်တော့ဘူးလို့ ပြောကြတယ်။ သူတို့က “ရှင် မကြာခင် ဒီကိုပဲပြန်လာမှာပါ” လို့ပြောကြတယ်။ ခရစ်ယာန်တွေဟာ အဲဒီလို စိတ်ပျက်စရာစကားတွေ ပြောမယ့်အစား ‘ငယ်ရွယ်တဲ့အမျိုးသမီးတွေကို ကိုယ့်ခင်ပွန်းနဲ့ ကိုယ့်သားသမီးကိုချစ်မြတ်နိုးဖို့၊’ “အိမ်မှုကိစ္စကြိုးစားလုပ်ဆောင်” ပြီး ကိုယ့်မိသားစုကို ကြည့်ရှုစောင့်ရှောက်ဖို့ အကြံပေးသင့်တယ်။ အဲဒီနည်းအားဖြင့် ခရစ်ယာန်တွေဟာ ဘုရားသခင့်နာမည် ကဲ့ရဲ့ရှုတ်ချစရာမဖြစ်ဖို့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။—တိတု ၂:၃–၅ ကိုဖတ်ပါ။
ခရစ်ယာန်တစ်ယောက်ဟာ မိသားစုရဲ့ဆန္ဒကိုဆန့်ကျင်ဖို့ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့ လိုတယ်
၁၃၊ ၁၄။ မိသားစုရဲ့ဆန္ဒကို ဆန့်ကျင်ဖို့ ဘာကြောင့် ယုံကြည်ခြင်းရှိဖို့ လိုသလဲ။ ဥပမာတစ်ခု ပြောပြပါ။
၁၃ မိသားစုနဲ့ခွဲပြီး အဝေးမှာ သွားအလုပ်လုပ်တဲ့ သူများစွာဟာ ဓလေ့ထုံးစံတွေ၊ ဆွေမျိုးတွေ၊ အထူးသဖြင့် မိဘတွေကို တခြားအရာတွေထက် ပိုအလေးထားတဲ့ ယဉ်ကျေးမှုမှာ ကြီးပြင်းလာကြသူတွေဖြစ်တယ်။ မိသားစုရဲ့ဆန္ဒက ယေဟောဝါရဲ့အလိုတော်နဲ့ မကိုက်ညီတဲ့အခါမျိုးမှာ သူတို့ရဲ့ဆန္ဒကိုဆန့်ကျင်ဖို့ ခရစ်ယာန်တစ်ယောက်မှာ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိဖို့ လိုတယ်။
၁၄ ကာရင်ရဲ့အကြောင်း သုံးသပ်ကြည့်ပါ– “သားလေး ဒန်ကို မွေးတုန်းက ကျွန်မနဲ့ ကျွန်မယောက်ျားက နိုင်ငံခြားမှာ အလုပ်လုပ်နေတယ်။ ကျွန်မ ကျမ်းစာ စလေ့လာနေတဲ့အချိန်လည်း ဖြစ်တယ်။ မိသားစုဝင်တိုင်းက ကျွန်မတို့ ပိုက်ဆံအလုံအလောက် ရှာလို့ရတဲ့အထိ ဒန်ကို ကျွန်မမိဘတွေဆီ ပို့ထားဖို့ မျှော်လင့်တယ်။” ကာရင်က ဒန်ကို သူကိုယ်တိုင် ကျွေးမွေးစောင့်ရှောက်မယ်လို့ ပြောတယ်။ အဲဒီအခါမှာ သူ့ယောက်ျားနဲ့ ဆွေမျိုးတွေက ကာရင် အလုပ်မလုပ်ချင်လို့ အဲဒီလိုပြောတာလို့ယူဆပြီး သူ့ကို လှောင်ပြောင်ကဲ့ရဲ့ ကြတယ်။ ကာရင် ဒီလိုပြောတယ်– “အမှန်အတိုင်းပြောရရင် အဲဒီတုန်းကတော့ သားလေးကို ကျွန်မမိဘတွေဆီမှာ ခဏထားတာက ဘာကြောင့်မှားသလဲဆိုတာ
ကျွန်မ အပြည့်အဝနားမလည်ခဲ့ဘူး။ ဒါပေမဲ့ ယေဟောဝါက သားသမီးတွေကို ကျွေးမွေးပြုစုဖို့ မိဘတွေကို တာဝန်ပေးထားတယ်ဆိုတာတော့ သိတယ်။” ကာရင်မှာ နောက်ထပ်ကိုယ်ဝန်ရှိလာတဲ့အခါ သက်သေခံမဟုတ်တဲ့ သူ့ယောက်ျားက ကိုယ်ဝန်ဖျက်ချဖို့ပြောတယ်။ အစောပိုင်းတုန်းက မှန်ကန်တဲ့ဆုံးဖြတ်ချက် ချခဲ့တဲ့အတွက်ကြောင့် ကာရင်ဟာ ယုံကြည်ခြင်းခိုင်ခံ့လာပြီး ဒီတစ်ကြိမ်မှာလည်း ယေဟောဝါ နှစ်သက်တဲ့ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်။ အခုချိန်မှာ ကာရင်နဲ့ သူ့ယောက်ျား၊ ကလေးနှစ်ယောက်တို့ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူနေကြတယ်။ ကာရင်ကသာ သူ့ကလေးတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးကို တခြားသူတွေဆီ ပို့ထားမယ်ဆိုရင် အခုလို အခြေအနေမျိုး ဖြစ်လာနိုင်မှာမဟုတ်ဘူး။၁၅၊ ၁၆။ (က) ဗီကီဟာ ဘယ်လို ကြီးပြင်းလာခဲ့သလဲ။ (ခ) သူ့သမီးကို ပြုစုစောင့်ရှောက်ရာမှာ ဘာကြောင့် အဲဒီနည်းကို မရွေးချယ်ခဲ့တာလဲ။
၁၅ ဗီကီလို့ခေါ်တဲ့ သက်သေခံတစ်ယောက် ဒီလိုပြောတယ်– “ကျွန်မရဲ့ညီမက မိဘတွေနဲ့အတူနေပြီး ပြုစုစောင့်ရှောက်ခံရချိန်မှာ ကျွန်မကတော့ နှစ်အနည်းငယ်လောက် အမေ့ဘက်က အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်။ မိဘတွေနဲ့ အတူပြန်နေတဲ့အချိန်မှာ သူတို့အပေါ်ထားရှိတဲ့ ကျွန်မရဲ့ခံစားချက် ပြောင်းလဲသွားတယ်။ ကျွန်မရဲ့ ညီမက သူ့ရဲ့ခံစားချက်တွေကို မိဘတွေကို လွတ်လွတ်လပ်လပ် ပြောပြနိုင်တယ်၊ သူတို့ကို ဖက်နိုင်တယ်၊ သူတို့နဲ့ ရင်းရင်းနှီးနှီး ရှိတယ်။ ကျွန်မကတော့ မိဘတွေနဲ့ စိမ်းနေသလို ခံစားရပြီး အရွယ်ရောက်လာတဲ့အထိတောင် ကျွန်မရဲ့ခံစားချက်အမှန်ကို သူတို့သိအောင် ထုတ်ဖော်ပြဖို့ ခက်နေတယ်။ ကျွန်မနဲ့ ကျွန်မညီမဟာ မိဘတွေကို သူတို့အသက်ကြီးလာတဲ့အခါ ပြုစုမယ်လို့ ပြောထားကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ တာဝန်အရပဲလုပ်မှာဖြစ်ပြီး ကျွန်မညီမကတော့ ပိုပြီး မေတ္တာပါပါ ပြုစုပါလိမ့်မယ်။
“လွတ်မြောက်ရာလမ်း” တစ်ခုကို ယေဟောဝါ ပြင်ဆင်ပေးမယ်
၁၆ “အမေဟာ ကျွန်မကို အဘွားဆီပို့ခဲ့သလိုပဲ အခု ကျွန်မသမီးကိုလည်း သူ့ဆီပို့ထားစေချင်တယ်။ ကျွန်မ အလိမ္မာနည်းနဲ့ ငြင်းလိုက်တယ်။ ကျွန်မနဲ့ ကျွန်မခင်ပွန်းက ကလေးကို ယေဟောဝါရဲ့နည်းလမ်းအတိုင်း ကျွေးမွေးစောင့်ရှောက်ချင်တယ်။ အနာဂတ်မှာ ကျွန်မသမီးနဲ့ ကျွန်မရဲ့ဆက်ဆံရေးကို မပျက်စီးစေချင်ဘူး။” အောင်မြင်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ငွေကြေးနဲ့ မိသားစုဆန္ဒထက် ယေဟောဝါနဲ့ ကိုယ်တော့်လမ်းညွှန်ချက်တွေကို ဦးစားထားခြင်းဖြစ်တယ်ဆိုတာ ဗီကီသိမြင်ခဲ့တယ်။ ယေရှုက “မည်သူမျှ သခင်နှစ်ဦး၏အစေကို မခံနိုင်” လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ သခင်နှစ်ဦးကတော့ ဘုရားသခင်နဲ့ စည်းစိမ်ချမ်းသာဖြစ်တယ်။—မ. ၆:၂၄; ထွ. ၂၃:၂။
ကျွန်ုပ်တို့ရဲ့ ကြိုးစားမှုကို ယေဟောဝါ ‘အောင်မြင်စေ’ နိုင်
၁၇၊ ၁၈။ (က) ဘယ်ကတိတွေကို ခရစ်ယာန်တွေ အမြဲယုံကြည်စိတ်ချနိုင်သလဲ။ (ခ) လာမယ့်ဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။
၁၇ နိုင်ငံတော်နဲ့ ကိုယ်တော့်ဖြောင့်မတ်ခြင်းကို ဦးစွာရှာမယ်ဆိုရင် အမှန်တကယ်လိုအပ်တာ မှန်သမျှကို ပေးမယ်လို့ ကျွန်ုပ်တို့ရဲ့ဖခင် ယေဟောဝါက ကတိပေးထားတယ်။ (မ. ၆:၃၃) ဘယ်လိုအခက်အခဲမျိုးကိုပဲ ရင်ဆိုင်ရပါစေ ကျမ်းစာမူကို ချိုးဖောက်ဖို့မလိုတဲ့ “လွတ်မြောက်ရာလမ်း” တစ်ခုကို ယေဟောဝါ ပြင်ဆင်ပေးမယ်လို့လည်း ကတိပေးတယ်။ (၁ ကောရိန္သု ၁၀:၁၃ ကိုဖတ်ပါ။) အဲဒါကို ဘယ်လိုပြင်ဆင်ပေးထားသလဲ။ ကျွန်ုပ်တို့ဆုတောင်းတာ၊ ယေဟောဝါကိုနာခံတာက ကိုယ်တော့်ကို ယုံကြည်အားကိုးကြောင်း ဖော်ပြတာဖြစ်တယ်။ (ဆာ. ၃၇:၅၊ ၇) ကိုယ်တော်က ကျွန်ုပ်တို့ရဲ့ကြိုးစားမှုကို မြင်တွေ့ပြီး လိုအပ်တာမှန်သမျှကို ပေးပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ဘဝကို ‘အောင်မြင်စေ’ ပါလိမ့်မယ်။—ကမ္ဘာဦး ၃၉:၃ နဲ့နှိုင်းယှဉ်ပါ။
၁၈ မိသားစုတွေ တစ်နေရာစီခွဲနေကြလို့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်သလဲ။ မိသားစုနဲ့အတူနေပြီး သူတို့ရဲ့စားဝတ်နေရေး လိုအပ်ရာကို ဘယ်လိုကြည့်ရှုပေးနိုင်သလဲ။ တခြားသူတွေကိုလည်း သူတို့ရဲ့မိသားစုနဲ့အတူ နေကြဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။ လာမယ့်ဆောင်းပါးမှာ အဲဒီမေးခွန်းတွေကို ဆွေးနွေးပါလိမ့်မယ်။
^ စာပိုဒ်၊ 1 နာမည်တွေကို ပြောင်းထား။
^ စာပိုဒ်၊ 4 ယာကုပ်ရဲ့သားတွေ မိသားစုကိုထားခဲ့ပြီး အီဂျစ်ကိုသွားတဲ့အခါတိုင်း သုံးပတ်ထက် ပိုမကြာဘူး။ နောက်ပိုင်းမှာ ယာကုပ်နဲ့ သူ့သားတွေ အီဂျစ်ပြည်ကို ပြောင်းရွှေ့သွားတဲ့အခါ သူတို့ရဲ့မိန်းမတွေနဲ့ သားသမီးတွေကိုပါ ခေါ်သွားကြတယ်။—က. ၄၆:၆၊ ၇။
^ စာပိုဒ်၊ 8 ဖေဖော်ဝါရီ၊ ၂၀၁၃ နိုးလော့! “နိုင်ငံရပ်ခြားကို ပြောင်းရွှေ့ခြင်း—စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ဘဝ” ကိုကြည့်ပါ။
^ စာပိုဒ်၊ 9 အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးတွေနဲ့ ခွဲနေတာက ကြီးမားတဲ့ပြဿနာတွေ ဖြစ်ပေါ်စေတယ်ဆိုတာ နိုင်ငံများစွာက မှတ်တမ်းတွေအရ သိရတယ်။ အဲဒီထဲမှာ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိင်တူမေထုန်နဲ့ သွေးနီးသူချင်း လိင်ဆက်ဆံတာတွေပါတယ်။ ကလေးတွေက ကျောင်းမှာ ပြဿနာတွေ ဖြစ်နိုင်တယ်။ ဒေါသကြီးတာ၊ စိုးရိမ်တာ၊ စိတ်ဓာတ်ကျတာနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာတောင် ဖြစ်နိုင်တယ်။