ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့အတူ သင် ရှေ့ကို တိုးတက်နေသလား
‘ယေဟောဝါဘုရား၏မျက်စိတော်သည် ဖြောင့်မတ်သူများကို ကြည့်ရှုတော်မူ၏။’—၁ ပေ. ၃:၁၂။
၁။ ဘုရားသခင်ရွေးချယ်ထားတဲ့ အစ္စရေးလူမျိုးနေရာမှာ ဘယ်အဖွဲ့အစည်းကို အစားထိုးလိုက်သလဲ။ (ဆောင်းပါးအစမှာပါတဲ ရုပ်ပုံကိုကြည့်ပါ။)
ယနေ့ မြေကြီးပေါ်မှာရှိတဲ့ ယေဟောဝါရဲ့လူတွေဟာ ကိုယ်တော်နှစ်သက်တဲ့နည်းလမ်းနဲ့ ကိုယ်တော့်ကို ဝတ်ပြုနေကြတယ်။ ရှေးအချိန်က အစ္စရေးလူမျိုးဟာ ဘုရားသခင်ရွေးချယ်ထားတဲ့ လူမျိုးဖြစ်တယ်။ ဒါပေမဲ့ သူတို့တွေ အယူဖောက်ပြန်သွားကြတယ်။ အဲဒါကြောင့် ယေဟောဝါဟာ ခရစ်တော်ရဲ့နောက်လိုက်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူမျိုးသစ်တစ်မျိုးကို ပေါ်ပေါက်စေခဲ့တယ်။ သူတို့က ယေဟောဝါကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာတယ်။ အေဒီ ၇၀ မှာ ဂျေရုဆလင်မြို့ပျက်စီးသွားပေမဲ့ အဲဒီအဖွဲ့အစည်းကတော့ မပျက်စီးခဲ့ဘူး။ (လု ၂၁:၂၀၊ ၂၁) ဒီနောက်ဆုံးကာလမှာ ယေဟောဝါကိုကိုယ်စားပြုဖို့ လူမျိုးသစ်တစ်မျိုးကို ဖွဲ့စည်းထားတယ်။ စာတန့်လောကဟာ ဖျက်ဆီးခံရမှာဖြစ်ပေမဲ့ အဲဒီအဖွဲ့အစည်းကတော့ ဆက်တည်ရှိသွားမယ်။ (၂ တိ. ၃:၁) ဘာကြောင့် အဲဒီလို တပ်အပ်ပြောနိုင်တာလဲ။
၂။ “ကြီးစွာသောဒုက္ခ” အကြောင်း ယေရှု ဘာပြောခဲ့သလဲ။ အဲဒါ ဘယ်လိုအစပြုမလဲ။
၂ နောက်ဆုံးကာလမှာ ဖြစ်ပျက်မယ့်အရာကို ယေရှု ဒီလိုကြိုပြောခဲ့တယ်– “ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်းဖြစ်မည်မဟုတ်သည့် ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။” (မ. ၂၄:၃၊ ၂၁) အဲဒီကြီးစွာသောဒုက္ခဟာ ကမ္ဘာ့အယူမှားဝတ်ပြုရေးဖြစ်တဲ့ “မဟာဗာဗုလုန်” ကို ယေဟောဝါဖျက်ဆီးတဲ့အခါ အစပြုပါလိမ့်မယ်။ အဲဒီလိုဖျက်ဆီးဖို့ ကိုယ်တော်က လူသားအစိုးရတွေကို အသုံးပြုမှာဖြစ်တယ်။ (ဗျာ. ၁၇:၃-၅၊ ၁၆) နောက်ထပ် ဘာဆက်ဖြစ်လာမလဲ။
အာမဂေဒုန်ကို ဦးတည်သွားမယ့် စာတန့်တိုက်ခိုက်မှု
၃။ အယူမှားဘာသာ ဖျက်ဆီးခံရပြီးနောက်မှာ ယေဟောဝါရဲ့ကျေးကျွန်တွေ ဘာကြုံရမလဲ။
၃ အယူမှားဘာသာ ဖျက်ဆီးခံရပြီးနောက်မှာ ယေဟောဝါသက်သေတွေဟာ ကမ္ဘာပေါ်မှာကျန်ရှိနေတဲ့ တစ်ခုတည်းသော ဘာသာရေးအဖွဲ့အစည်း ဖြစ်ပါလိမ့်မယ်။ အဲဒီအခါမှာ စာတန်နဲ့ သူ့လောက,က ဘုရားသခင့်ကျေးကျွန်တွေကို တိုက်ခိုက်ပါလိမ့်မယ်။ ငြိမ်းချမ်းနေတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေမှာ အကာအကွယ်မရှိသလို ဖြစ်နေပါလိမ့်မယ်။ ကျမ်းစာက “မာဂေါဂပြည်က ဂေါဂမင်း” အကြောင်း ဒီလိုပြောတယ်– ‘သင်နဲ့ သင့်ရဲ့စစ်တပ်တွေ၊ သင်နဲ့အတူရှိနေတဲ့လူတွေက သူတို့ကိုတိုက်ဖို့ မုန်တိုင်းလိုရောက်လာပြီး အဲဒီပြည်ကို မိုးတိမ်တွေလို လွှမ်းမိုးပစ်လိမ့်မယ်။’ ဒါပေမဲ့ အဲဒီလိုတိုက်ခိုက်တာက မဟာအမှားကြီးတစ်ခု ဖြစ်ပါလိမ့်မယ်။—ယေဇ. ၃၈:၁၊ ၂၊ ၉-၁၂၊ ကဘ။
၄၊ ၅။ မိမိရဲ့ကျေးကျွန်တွေ တိုက်ခိုက်ခံရတဲ့အချိန်မှာ ယေဟောဝါ ဘာလုပ်မလဲ။
၄ စာတန်နဲ့သူ့လူတွေ ယေဟောဝါရဲ့ကျေးကျွန်တွေကို တိုက်ခိုက်တာက ယေဟောဝါကိုတိုက်ခိုက်တာနဲ့ တူပါလိမ့်မယ်။ (ဇာခရိ ၂:၈ ကိုဖတ်ပါ။) ယေဟောဝါ ဘယ်လိုတုံ့ပြန်မလဲ။ စကြဝဠာအချုပ်အခြာအာဏာရှင်က ချက်ချင်းပဲ မိမိရဲ့လူတွေကို ကယ်တင်မှာဖြစ်တယ်။ သူတို့ကို ဖျက်ဆီးဖို့ ကိုယ်တော်ခွင့်ပြုမှာမဟုတ်ဘူး။ ယေဟောဝါဟာ မိမိရဲ့လူတွေကိုကယ်တင်ပြီးနောက်မှာ အာမဂေဒုန်စစ်ပွဲ စတင်ပြီး စာတန့်လောကတစ်ခုလုံးကို ဘာမှမကျန်အောင် ဖျက်ဆီးပစ်ပါလိမ့်မယ်။—ဗျာ. ၁၆:၁၄၊ ၁၆။
စာတန်နဲ့ သူ့လူတွေ ယေဟောဝါရဲ့ကျေးကျွန်တွေကို တိုက်ခိုက်တာက ယေဟောဝါကို တိုက်ခိုက်တာနဲ့ တူပါလိမ့်မယ်
၅ အာမဂေဒုန်မှာ ယေဟောဝါကိုယ်တိုင် တိုင်းနိုင်ငံတွေကို တိုက်ခိုက်မယ်လို့ ယေရမိ ကြိုတင်ပရောဖက်ပြုခဲ့တယ်– “‘လူအားလုံးကို ကိုယ်တိုင်စီရင်ချက်ချလိမ့်မယ်။ လူဆိုးတွေကို ဓားဘေးလက်ထဲ အပ်လိမ့်မယ်’ လို့ ယေဟောဝါပြောတယ်။ ဗိုလ်ခြေတို့ရဲ့အရှင်ယေဟောဝါ ဒီလိုပြောတယ်– ‘ကြည့်ပါ။ ဘေးဆိုးက လူတစ်မျိုးပြီးတစ်မျိုးဆီ ပျံ့သွားလိမ့်မယ်။ မုန်တိုင်းက မြေကြီးရဲ့အစွန်အဖျားဒေသတွေကနေ တိုက်ခတ်လာလိမ့်မယ်။ အဲဒီနေ့မှာ ယေဟောဝါသတ်လို့သေတဲ့သူတွေက မြေကြီးတစ်ဖက်စွန်းကနေ နောက်တစ်ဖက်စွန်းအထိ ရှိနေလိမ့်မယ်။ သူတို့အတွက် ဘယ်သူမှ ညည်းတွားငိုကြွေးမှာမဟုတ်ဘူး။ သူတို့ကို စုသိမ်းမှာမဟုတ်ဘူး။ မြှုပ်နှံမှာမဟုတ်ဘူး။ မြေပေါ်မှာ မစင်လိုဖြစ်သွားလိမ့်မယ်။’” (ယေ. ၂၅:၃၁-၃၃၊ ကဘ) အာမဂေဒုန်က စာတန့်လောကတစ်ခုလုံးကို နိဂုံးချုပ်ပစ်ပါလိမ့်မယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းကတော့ ကျန်ရှိနေမယ်။
ယေဟောဝါရဲ့အဖွဲ့အစည်း ဘာကြောင့် ဆက်တိုးတက်နေ
၆၊ ၇။ (က) “လူအုပ်ကြီး” ဘယ်က ပေါ်လာသလဲ။ (ခ) မကြာသေးမီနှစ်တွေက ဘယ်လိုတိုးတက်မှုတွေ ရှိခဲ့သလဲ။
၆ ယနေ့အချိန်မှာ ဘုရားသခင့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းဟာ ဆက်တိုးတက်နေတယ်၊ ဘာကြောင့်၁ ပေ. ၃:၁၂) ဖြောင့်မတ်သူတွေထဲမှာ “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်မယ့် “လူအုပ်ကြီး” ပါဝင်တယ်။ (ဗျာ. ၇:၉၊ ၁၄) သင်ဟာ ကြီးစွာသောဒုက္ခမှာ ကပ်ကျော်သွားတဲ့ လူအုပ်ကြီးထဲမှာပါတယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။
လဲဆိုတော့ အဲဒီအဖွဲ့အစည်းမှာ ဘုရားသခင့်မျက်နှာသာရတဲ့ ဖြောင့်မတ်တဲ့သူတွေပဲ ရှိလို့ဖြစ်တယ်။ ကျမ်းစာက “ယေဟောဝါဘုရား၏ မျက်စိတော်သည် ဖြောင့်မတ်သူများကို ကြည့်ရှုပြီး နားတော်သည် သူတို့၏တိုးလျှိုးအသနားခံချက်ကို နားညောင်းတော်မူ၏” လို့ဖော်ပြထားတယ်။ (၇ လူအုပ်ကြီးထဲမှာ လူမျိုးပေါင်းစုံကလူတွေ ပါဝင်တယ်။ ဟောပြောခြင်းလုပ်ငန်းအားဖြင့် သူတို့ကို စုစည်းထားတာဖြစ်တယ်။ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” လို့ ယေရှုကြိုပြောခဲ့တယ်။ (မ. ၂၄:၁၄) အဲဒါကြောင့် ဘုရားသခင့်လူမျိုးရဲ့ အဓိကအလုပ်က ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းပဲ။ ဟောပြောခြင်းလုပ်ငန်းကြောင့် သန်းနဲ့ချီတဲ့သူတွေဟာ ‘စွမ်းအားတော်ရဲ့လမ်းပြမှုကို ခံယူပြီး အမှန်တရားနဲ့အညီ’ ယေဟောဝါကို ဝတ်ပြုနေကြတယ်။ (ယော. ၄:၂၃၊ ၂၄) ဥပမာ၊ ၂၀၀၃ ကနေ ၂၀၁၂ ခုနှစ်ကြားမှာ လူပေါင်း ၂,၇၀၇,၀၀၀ ကျော်ဟာ မိမိတို့ကိုယ်ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့ကြတယ်။ အခုချိန်မှာ သက်သေခံ ၇,၉၀၀,၀၀၀ ကျော်ရှိပြီး နောက်ထပ် သန်းနဲ့ချီတဲ့သူတွေဟာ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို နှစ်စဉ် တက်ရောက်နေကြတယ်။ လူအုပ်ကြီး အလျင်အမြန် တိုးများလာတာကို ကျွန်ုပ်တို့ ဝမ်းသာကြတယ်။ အဲဒီလိုတိုးများဖို့ ယေဟောဝါလုပ်ဆောင်နေတယ်ဆိုတာ ကျွန်ုပ်တို့ သိကြတယ်။—၁ ကော. ၃:၅-၇။
ဘုရားသခင့်လူမျိုးရဲ့ အဓိကအလုပ်က ဘုရားသခင့် နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းပဲ
၈။ ယေဟောဝါရဲ့အဖွဲ့အစည်းက ဘာကြောင့် အဲဒီလိုတိုးတက်လာတာလဲ။
၈ ယေဟောဝါဟာ မိမိကို ကိုယ်စားပြုဖို့ အဖွဲ့အစည်းတစ်ခုကို ရွေးချယ်ခဲ့တယ်။ အဲဒီအဖွဲ့အစည်းက အလျင်အမြန် တိုးတက်နေတယ်။ (ဟေရှာယ ၄၃:၁၀–၁၂ ကိုဖတ်ပါ။) နောက်ဆုံးကာလနဲ့ပတ်သက်ပြီး ဟေရှာယ ဒီလို ကြိုပြောခဲ့တယ်– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုး ဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။” (ဟေရှာ. ၆၀:၂၂) “ဘုရားသခင်၏အစ္စရေးလူမျိုး” ဖြစ်တဲ့ ဘိသိက်ခံအကြွင်းအကျန်ဟာ “သူငယ်တစ်ယောက်” နဲ့တူတယ်၊ ဒါပေမဲ့ သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ တခြားဘိသိက်ခံတွေ ဘုရားသခင့်အဖွဲ့အစည်းထဲ ခေါ်ဆောင်ခံရတဲ့အခါ သူတို့ရဲ့အရေအတွက် တိုးများလာတယ်။ (ဂလ. ၆:၁၆) နှစ်တွေတစ်လျှောက်မှာ မြေကြီးပေါ်မှာအသက်ရှင်ဖို့ မျှော်လင့်တဲ့ သန်းနဲ့ချီတဲ့သူတွေလည်း အမှန်တရားကို လက်ခံလာကြတယ်။
ကျွန်ုပ်တို့ထံက ယေဟောဝါ တောင်းဆိုတဲ့အရာ
၉။ အလွန်ကောင်းမွန်တဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ဘုရားသခင့်ကတိတော်ကနေ အကျိုးခံစားရချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။
၉ ကျွန်ုပ်တို့ဟာ ဘိသိက်ခံဖြစ်စေ၊ လူအုပ်ကြီးဖြစ်စေ ကျွန်ုပ်တို့အားလုံးမှာ အလွန်ကောင်းမွန်တဲ့အနာဂတ် ရှိမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ ကိုယ်တော့်ကတိတော်ကနေ အကျိုးခံစားရဖို့အတွက် ကိုယ်တော့်ပညတ်တွေကို လိုက်နာရမှာဖြစ်တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ဥပမာ၊ ယေဟောဝါက အစ္စရေးလူမျိုးကို မိမိရဲ့ပညတ်ကိုလိုက်နာဖို့ တောင်းဆိုခဲ့တယ်။ ပညတ်တရားက သူတို့ကို ကာကွယ်ပေးတယ်၊ ပျော်ရွှင်တဲ့မိသားစုနဲ့ မိတ်ဆွေကောင်းတွေရဖို့ ဘယ်လိုလုပ်ရမယ်၊ စီးပွားရေးကို ဘယ်လို ရိုးရိုးသားသား လုပ်ရမယ်၊ တခြားသူတွေကို ဘယ်လို ကြင်ကြင်နာနာ ဆက်ဆံရမယ်ဆိုတာ သင်ပေးတယ်။ (ထွ. ၂၀:၁၄; ဝတ်. ၁၉:၁၈၊ ၃၅-၃၇; တရား. ၆:၆-၉) ယနေ့အချိန်မှာလည်း အဲဒီအတိုင်းပဲ။ ဘုရားသခင့်ပညတ်တွေက ကျွန်ုပ်တို့ကို ကာကွယ်ပေး တယ်၊ ကောင်းကျိုးပေးတယ်။ အဲဒါတွေက လိုက်နာဖို့ မခက်ခဲလွန်းဘူး။ (၁ ယောဟန် ၅:၃ ကိုဖတ်ပါ။) အဲဒီပညတ်တွေကို လိုက်နာတယ်ဆိုရင် ဘဝက ပိုပျော်ရွှင်လာမယ်၊ ပိုအရေးကြီးတာက ယေဟောဝါအပေါ် ယုံကြည်ခြင်း ပိုခိုင်ခံ့လာမယ်။—တိ. ၁:၁၃။
‘ကျမ်းချက်တွေကို နောက်ဆုံးရှင်းပြချက်အတိုင်း ငါနားလည်သလား’
၁၀။ ကျမ်းစာမှန်မှန်လေ့လာဖို့၊ မိသားစုဝတ်ပြုမှုပုံမှန်လုပ်ဖို့ ဘာကြောင့် အချိန်သတ်မှတ်ထားဖို့လိုသလဲ။
၁၀ ဘုရားသခင့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းဟာ နည်းလမ်းများစွာနဲ့ ရှေ့ကို တိုးတက်နေပါတယ်။ ကျမ်းစာအမှန်တရားကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာအောင် ကူညီပေးတယ်။ အဲဒါက ကျမ်းစာမှာပါတဲ့ ဒီကတိအတိုင်းပဲ– “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။” (သု. ၄:၁၈) ဒါပေမဲ့ တစ်ယောက်ချင်းစီက ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ‘ကျမ်းချက်တွေကို နောက်ဆုံးရှင်းပြချက်အတိုင်း ငါနားလည်သလား။ ငါ ကျမ်းစာ နေ့တိုင်းဖတ်သလား။ စာအုပ်အသစ်ထွက်တိုင်း အားတက်သရော ဖတ်သလား။ အပတ်တိုင်း မိသားစုဝတ်ပြုမှုလုပ်သလား။’ အဲဒါတွေက လုပ်ရခက်တဲ့အရာတွေ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒါတွေကိုလုပ်ဖို့ အချိန်သတ်မှတ်ထားဖို့လိုတယ်။ ကျမ်းစာကို ဆက်လေ့လာပြီး လိုက်နာကျင့်သုံးဖို့၊ ဘုရားသခင့်အဖွဲ့အစည်းနဲ့အတူ ရှေ့ကိုတိုးတက်နေဖို့ သိပ်အရေးကြီးတယ်။ ကြီးစွာသောဒုက္ခ အရမ်းနီးနေပြီဖြစ်တဲ့ အခုချိန်မှာ အဲဒီလိုလုပ်ဖို့ အထူးလိုအပ်တယ်။
၁၁။ ယေဟောဝါရဲ့လူတွေ ဘာကြောင့် ပတ်စဉ်စည်းဝေးတွေ၊ အထူးနဲ့ တိုက်နယ်စည်းဝေးပွဲတွေ၊ ခရိုင်စည်းဝေးတွေ တက်ကြတာလဲ။
၁၁ ယေဟောဝါရဲ့အဖွဲ့အစည်းက ပေါလုရဲ့ ဒီအကြံပြုချက်ကို လိုက်နာဖို့ တိုက်တွန်းတယ်– “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ထုံးစံရှိသည့်အတိုင်း အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်း အားပေးကြလော့။ ထိုနေ့ရက် နီးလာသည်ကိုမြင်ရသောကြောင့် သာ၍ကြိုးစားအားထုတ်ကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ရှေးခေတ်အစ္စရေးလူတွေဟာ ယေဟောဝါကိုဝတ်ပြုဖို့နဲ့ ကိုယ်တော့်ညွှန်ကြားချက်တွေ ခံယူဖို့အတွက် မှန်မှန် စုဝေးခဲ့ကြတယ်။ နေဟမိခေတ်က ကျင်းပခဲ့တဲ့ သကေနေ (တဲနေ) ပွဲဟာ အဲဒီလိုပျော်စရာစုဝေးမှုတွေထဲက တစ်ခုဖြစ်တယ်။ (ထွ. ၂၃:၁၅၊ ၁၆; နေ. ၈:၉-၁၈) အခုခေတ် ကျွန်ုပ်တို့မှာလည်း ပတ်စဉ်စည်းဝေးတွေ၊ အထူးနဲ့တိုက်နယ်စည်းဝေးပွဲတွေ၊ ခရိုင်စည်းဝေးတွေရှိတယ်။ အဲဒီအစည်းအဝေးတွေအားလုံးကို တက်ဖို့ ကြိုးစားသင့်တယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီအစည်းအဝေးတွေက ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ရင်းနှီးစေပြီး အမှုဆောင်လုပ်ငန်းမှာ ပျော်ရွှင်စေတယ်။—တိ. ၂:၂။
သတင်းကောင်း ဟောပြောခြင်းအားဖြင့် ယေဟောဝါရဲ့သန့်ရှင်းတဲ့နာမည်ကို ဂုဏ်တင်ခွင့်ရထားတယ်
၁၂။ ဟောပြောခြင်းလုပ်ငန်းကို ဘယ်လို ရှုမြင်သင့်သလဲ။
၁၂ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ရှိနေတဲ့ ကျွန်ုပ်တို့ဟာ သတင်းကောင်းဟောပြောရမှာဖြစ်တယ်။ အဲဒါက ကျွန်ုပ်တို့ကို တကယ်ဂုဏ်ရှိစေတဲ့အလုပ်ပဲ။ ကျမ်းစာမှာ အဲဒီအလုပ်ကို “သန့်ရှင်း၊” မြင့်မြတ်တဲ့အလုပ်လို့ ခေါ်ထားတယ်။ (ရော. ၁၅:၁၆) ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တာက သန့်ရှင်းတဲ့အရှင် ယေဟောဝါနဲ့အတူ အလုပ်လုပ်တာဖြစ်တယ်။ (၁ ပေ. ၁:၁၅; ၁ ကော. ၃:၉) ဒါ့အပြင် သတင်းကောင်းဟောပြောခြင်းအားဖြင့် ယေဟောဝါရဲ့သန့်ရှင်းတဲ့နာမည်ကို ဂုဏ်တင်ခွင့်ရရှိထားကြတယ်။ “ပျော်ရွှင်သောဘုရားသခင်၏ ဘုန်းကြီးသောသတင်းကောင်း” ကိုဟောပြောခြင်းက ကျွန်ုပ်တို့ကို ရွှင်လန်းမှုခံစားရစေတယ်။—၁ တိ. ၁:၁၁။
၁၃။ ကျွန်ုပ်တို့ရဲ့အသက်၊ ယေဟောဝါနဲ့ဆက်ဆံရေးက ဘယ်အရာပေါ် မူတည်နေသလဲ။
တရား. ၃၀:၁၉၊ ၂၀၊ ကဘ) ကျွန်ုပ်တို့ရဲ့အသက်က ယေဟောဝါရဲ့အလိုတော်ကို ဆောင်ခြင်း၊ ကိုယ်တော့်ကိုချစ်မြတ်နိုးခြင်း၊ ကိုယ်တော့်စကားကိုနားထောင်ပြီး ကိုယ်တော်နဲ့နီးနီးကပ်ကပ် ရှိနေခြင်းအပေါ် မူတည်တယ်။
၁၃ ယေဟောဝါက ကျွန်ုပ်တို့ကို အကောင်းဆုံးအရာတွေ ရရှိစေချင်တယ်။ ဒါကြောင့် ယေဟောဝါက ကျွန်ုပ်တို့ကို ကိုယ်တော်နဲ့၊ ကိုယ်တော့်အဖွဲ့အစည်းနဲ့ ရင်းရင်းနှီးနှီး ရှိစေချင်တယ်။ ကျွန်ုပ်တို့လည်း မောရှေအချိန်က အစ္စရေးလူတွေလိုပဲ ရွေးချယ်စရာရှိတယ်။ သူတို့ကို မောရှေ ဒီလိုပြောခဲ့တယ်– ‘အသက်ရှင်ခြင်းနဲ့ သေခြင်း၊ ကောင်းချီးနဲ့ ကျိန်စာကို ခင်ဗျားတို့ရှေ့မှာ ကျွန်တော်ချထားတယ်။ ကိုယ်တိုင်ရော သားမြေးတွေပါ အသက်ဆက်ရှင်နိုင်ဖို့ အသက်ရှင်ခြင်းကို ရွေးချယ်ပါ။ ယေဟောဝါဘုရားကို ချစ်မြတ်နိုးပါ။ ကိုယ်တော့်စကားကို နားထောင်ပါ။ ကိုယ်တော့်ကို တွယ်ကပ်နေပါ။ ကိုယ်တော်ဟာ အသက်ပေးရှင်ဖြစ်တယ်။’ (ယေဟောဝါရဲ့ မျက်နှာသာရစေတဲ့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်တော့်အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်ကို အမြဲလိုက်နာခြင်းပဲ
၁၄။ ဘုရားသခင့်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ညီအစ်ကိုတစ်ယောက် ဘယ်လို ခံစားခဲ့ရသလဲ။
၁၄ ၁၉၁၄ ခုနှစ်မတိုင်ခင်က အမှန်တရားကိုသိရှိခဲ့တဲ့ ညီအစ်ကို ပရိုင်းစ် ဟယူးဇ်ဟာ သူ့ဘဝတစ်လျှောက်လုံး ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းကို သစ္စာရှိခဲ့တယ်။ သူ့ဘဝအကြောင်းပြောတဲ့အခါ သူသိရှိခဲ့တဲ့အရေးကြီးဆုံး သင်ခန်းစာက ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ အနီးကပ်နေဖို့၊ လူ့အတွေးအခေါ်ကို အားမကိုးဖို့ဖြစ်တယ်လို့ ပြောခဲ့တယ်။ အဲဒါက သူ့ဘဝတစ်လျှောက်မှာ ယုံကြည်ခြင်းစမ်းသပ်မှုတွေ ခံရတဲ့အခါ ခံနိုင်ရည် ဆက်ရှိစေခဲ့တယ်။ ယေဟောဝါရဲ့မျက်နှာသာရစေတဲ့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်တော့်အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်ကို အမြဲလိုက်နာခြင်းပဲလို့ ညီအစ်ကို ဟယူးစ်က ပြောခဲ့တယ်။
ဘုရားသခင့်အဖွဲ့အစည်းနဲ့အတူ ရှေ့ကိုတိုးတက်နေပါ
၁၅။ အဖွဲ့အစည်းက ကျမ်းစာနားလည်မှုကို ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါ ဘယ်လိုတုံ့ပြန်သင့်တယ်ဆိုတာကို ဘယ်ကျမ်းစာပုံနမူနာက သင်ပေးသလဲ။
၁၅ ယေဟောဝါက ကျွန်ုပ်တို့ကို ကိုယ်တော့်အဖွဲ့အစည်းကို ထောက်မစေချင်တယ်၊ ကျမ်းစာနားလည်မှုနဲ့ ဟောပြောခြင်းနည်းလမ်း ပြုပြင်ပြောင်းလဲတာတွေကို လက်ခံစေချင်တယ်။ ပထမရာစုတုန်းက ဂျူးခရစ်ယာန်တချို့က ပညတ်တရားကို ဆက်လိုက်လျှောက်ချင်ကြတယ်။ (တ. ၂၁:၁၇-၂၀) ဒါပေမဲ့ ပေါလုက သူတို့ကို ပြုပြင်တည့်မတ်ပေးခဲ့တယ်၊ တိရစ္ဆာန်ပူဇော်သကာကြောင့်မဟုတ်ဘဲ ယေရှုရဲ့ပူဇော်သကာကြောင့် အပြစ်တွေခွင့်လွှတ်ခံရတယ်ဆိုတာ သူတို့နားလည်အောင် ကူညီပေးခဲ့တယ်။ (ဟေဗြဲ ၁၀:၅-၁၀) ဂျူးခရစ်ယာန်များစွာဟာ ပေါလုရဲ့သွန်သင်ချက်ကိုလက်ခံပြီး သူတို့ရဲ့အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ သူတို့ရဲ့ပုံနမူနာကနေ အရေးကြီးတဲ့ သင်ခန်းစာတစ်ခု သင်ယူနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေကို သေချာလေ့လာရမယ်၊ အဖွဲ့အစည်းက ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါ နှိမ့်ချစွာလက်ခံရမယ်။
၁၆။ (က) ပရဒိသုမှာ ဘယ်ကောင်းချီးတွေ ခံစားရမလဲ။ (ခ) ကမ္ဘာသစ်မှာ သင် ဘာတွေ လိုချင်သလဲ။
၁၆ ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းအပေါ် ဆက်သစ္စာရှိနေသူအားလုံး ကောင်းချီးခံစားရပါလိမ့်မယ်။ ဘိသိက်ခံတွေက ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အုပ်ချုပ်ရမယ်။ (ရော. ၈:၁၆၊ ၁၇) မြေကြီးမှာအသက်ရှင်ဖို့ မျှော်လင့်သူတွေက ပရဒိသုမှာ ထာဝရအသက်ရမယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါရဲ့လူတွေအားလုံးဟာ အဲဒီမျှော်လင့်ချက်အကြောင်း တခြားသူတွေကိုပြောပြဖို့ အခွင့်ထူး ရရှိထားကြတယ်။ (၂ ပေ. ၃:၁၃) ‘စိတ်နူးညံ့သူတွေကတော့ မြေကြီးကို ပိုင်ဆိုင်ရ ပြီး များပြားလှတဲ့ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။’ (ဆာ. ၃၇:၁၁၊ ကဘ) လူတွေမှာ ကျေနပ်စရာအလုပ်အကိုင်တွေ ရှိလာမယ်။ ‘သူတို့က အိမ်တွေကိုဆောက်ပြီး အဲဒီမှာနေထိုင်ကြလိမ့်မယ်။’ (ဟေရှာ. ၆၅:၂၁၊ ၂၂၊ ကဘ) ဖိနှိပ်မှု၊ ဆင်းရဲမှုနဲ့ ဆာလောင်မှုတွေ ရှိတော့မှာမဟုတ်ဘူး။ (ဆာ. ၇၂:၁၃-၁၆) အယူမှားဘာသာ မရှိတော့တဲ့အတွက် ဘုရားသခင်အကြောင်း မဟုတ်မမှန် သင်ပေးတာတွေ ရှိတော့မှာမဟုတ်ဘူး။ (ဗျာ. ၁၈:၈၊ ၂၁) လူသေတွေ ပြန်ရှင်လာပြီး ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်ခွင့် ရရှိကြမှာဖြစ်တယ်။ (ဟေရှာ. ၂၅:၈; တ. ၂၄:၁၅) ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ခိုင်မြဲနေစေပြီး ကိုယ်တော့်အဖွဲ့အစည်းနဲ့အတူ ရှေ့ကို ဆက်တိုးတက်နေမယ်ဆိုရင် ကောင်းမြတ်လှတဲ့ အဲဒီကတိတွေကို ခံစားရပါလိမ့်မယ်။
၁၇။ ယေဟောဝါ၊ ကိုယ်တော့်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘယ်လိုခံစားရသင့်သလဲ။
၁၇ စာတန့်စနစ် မကြာခင် ပျောက်ကွယ်ပါတော့မယ်။ ကပ်ကျော်ကျန်ရစ်ဖို့အတွက် ယုံကြည်ခြင်းခိုင်ခံ့နေရမယ်၊ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့အတူ ကိုယ်တော့်ကို သစ္စာရှိရှိဝတ်ပြုနေရမယ်။ အဲဒါက ဒါဝိဒ်ရဲ့ခံစားချက်နဲ့တူတယ်၊ သူ ဒီလိုသီဆိုခဲ့တယ်– ‘ယေဟောဝါဆီမှာ ငါဆုပန်တာ တစ်ခုပဲရှိတယ်။ ငါသိပ်တောင့်တတဲ့ အဲဒီဆုကတော့ ယေဟောဝါရဲ့အိမ်တော်မှာ တစ်သက်လုံးနေထိုင်ခွင့်ရဖို့၊ ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို မြင်တွေ့ခွင့်ရဖို့၊ ကိုယ်တော့်ဗိမာန်တော်ကို တန်ဖိုးထားလေးမြတ်စိတ်နဲ့ ကြည့်ခွင့်ရဖို့ပါပဲ။’ (ဆာ. ၂၇:၄၊ ကဘ) ကျွန်ုပ်တို့တစ်ယောက်ချင်းစီဟာ ယေဟောဝါနဲ့ ရင်းရင်းနှီးနှီးရှိပြီး ကိုယ်တော့်အဖွဲ့အစည်းနဲ့အတူ ရှေ့ကို တိုးတက်နေနိုင်ပါစေ။